Hello steemit
My name is Mahaw win. I live in Bago.I was born on 1th september 1977.I am a service. I work at automobile factory.I have one son and one daughter.They are clever and beautiful children.My hobby is reading.I want to become a famous writer.So I would work steemit.Steemit is for my opportunity.Steemit is very very good biz.
Hello! Steemit
ကျွန်တော့်နာမည်သည် ဦးမဟော်ဝင်း ဖြစ်ပါတယ်။ဝန်ထမ်းတစ်ယောက်ပါ။ဝန်ထမ်းဆိုတော့•••••••••ဝန်ထမ်းပေါ့ဗျာ။မြန်မာပြည်ရဲ့ဝန်ထမ်းတို့ရဲ့ဘဝကို အကျယ်တဝင့်ရှင်း ပြစရာလိုမယ် မထင်ပါဘူးနော်။ဘာကြောင့်Steemitကိုလုပ်ဖြစ်တာလည်းဆိုတာကို ရှင်းပြချင်တယ်။
ရှင်းပြချင်တာထက်ရင်ဖွင့်ချင်တာပါ။ကျွန်တော့်ရဲ့ ဝါသနာကစာဖတ်ခြင်းဗျ။အသက်အရွယ်လိုက်ပြီးစာရွေးဖတ်ဖြစ်တယ်။ငယ်ငယ်တုန်းကတော့တက် ကျမ်းစာပေတွေပေါ့။ငယ်ငယ်ကဖေမြင့်ခရေစီ။နောက်ပိုင်းကျဆောင်းပါးတွေကြိုက်လာတယ်။အခုကျတော့ဘာသာရေးစာပေတွေပိုဖတ်ဖြစ်လာတယ်။
စာများများဖတ်တဲ့သူက ရေးချင်လာတယ်ဗျ။ မြင်မြင်သမျှစာတွေကို ကိုယ့်လောက်မတက်ဘူး ထင်ကုန်ရော။ဖြစ်နေတာ•••ဖြစ်နေတာ။ဝေဖန်ချင်လာတယ်။ကိုယ်လည်းပြောရလောက်အောင်ရေးတက်တာလည်းမဟုတ်ဘူး။မိသားစုအခြေ အနေရ စာပေလိုင်းထဲလည်း မဝင်နိုင်ဘူး။ ရင်ဖွင့်ချင်တာကို သည်းခံပြီးဖတ်ပေးကြပါ။
ကိုယ်ကိုယ်တိုင်လည်း အရေးအသားပိုင်မှာ အလေ့အကျင့်မရှိ၊သူများရေးတာတွေဖတ်ရတာလည်း ပေါ့ရွှတ်ရွှတ်။ စာရေးဆရာတိုင်းကို မပြောပါဘူး။ ဒီလိုနဲ့ဆင်းရဲသား ဝန်ထမ်းဘဝလေးနဲ့ဖြတ်သန်းလာခဲ့တာပါ။
ကျွန်တော်တို့ဝန်ထမ်းတွေက Comfort zone ထဲရောက်နေတာဗျ။နေသာသလိုနေ၊ကြာရင်သံချေးတက်ပြီးအညွှန့်တုံးသွားကော။တစ်ခုခုလုပ်မယ် ဆိုရင်ခလေးတွေ ပညာရေးကြည့်လိုက်၊ မိသားစုနေဖို့ထိုင်ဖို့ တွေးလိုက်နဲ့ဘာမှကိုမလုပ်ရဲ၊ မကိုင်ရဲမစွန့်စားရဲဘူး။
တစ်နေ့ကအလုပ်ထဲမှာ ညီတော်မောင် မြင့်လွင်စိုးက Steemitကို လာမိတ်ဆက်တယ်။ online ပေါ်တက်ပြီးစာတွေ ဖတ်ကြည့် လိုက်တော့ ဒါဟာငါနဲ့အသင့်တော်ဆုံး ၊ ငါ့အတွက်အခွင့်အရေးဘဲလို့ မြင်မိတယ်။
ကျေးဇူးပါညီလေး မြင့်လွင်စိုးရေ။
ကိုဟင်နရီတို့၊ကိုသက်တို့စာတွေက ကျွန်တော်တို့အတွက် ခူးခပ်စားရုံပါဘဲ။ ဆရာတင်လှိုင်ဦးက စွယ်စုံဆရာကြီးဘဲဗျာ၊ စာသားတွေကထိတယ်။ဆရာရဲ့စာသားတွေမှာစေတနာတွေမြင်နေရတယ်။ ဦးရွှေအောင် စကားနဲ့ပြောရရင်သစ်ပင်ရဲ့အပေါ်ပိုင်းနဲ့အောက်ပိုင်းလိုပေါ့ဆရာ။ သစ်ပင်တွင် မြေအောက်ပိုင်းနှင့် မြေပေါ်ပိုင်းဟူ၍ အပိုင်းနှစ်ပိုင်းပါဝင် ပြည့်စုံပါမှ သစ်ပင်ဖြစ်ကောင်းသကဲ့သို့ ထို့အတူ စာတွင်လည်း စာရွက်ပေါ်ကမြင်ရသော စာများ၏ အနက်အဓိပ္ပာယ်နှင့် စာရေးဆရာ၏ နှလုံးသားပွေကမမြင်ရ သော စာများ၏ အနက်အဓိပ္ပာယ် ဟူနှစ်မျိုးလုံးပါဝင်ရပါ၏။(ဦးရွှေအောင်)
အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်။ အချိန်မရတဲ့ကြားက ညွှန်ပြပေးတဲ့ ကိုသက်ရေ ကျေးဇူးပါဗျာ။ ကိုထွေးပိုက်ဆံရတာ တွက်ပြတာဖတ်ပြီး အိပ်တောင်မပျော်ဘူးဗျာ။ ကိုထွေးစကားတွေကကျွန်တော်တို့အတွက်တွန်းအားဖြစ်စေတယ်။Post ရှည်မှာဆိုးလို့ တစ်ခြားဆရာများကို ထည့်မရေးတာခွင့်လွှတ်ပါ။ steemitmyammarအဖွဲ့သားအားလုံးကိုလည်းကျွန်တော်တောင်းဆိုပါတယ်။ကျွန်တော့်ရဲ့အရေးအသားတွေကိုဝေဖန်ပါ၊လိုအပ်ချက်တွေထောက်ပြပေးပါ။ကျွန်တော်တို့အားလုံး အတူတူကြိုးစားကြရအောင်။
Steem/Steemdollor(sbd)/Steem power၃မျိုးမှာsteempowerကိုအရင်စုဆောင်းမယ်လို့စဉ်းစားထားတယ်။ဘာဖြစ်လို့လဲဆိုတော့အားရှိမှ ကိုယ်လုပ်ခြင်ရာလုပ်လို့ရမှာလေ။ ကိုယ်ကြိုက်လို့voteပေးတာတောင် သူ့အတွက် ငွေမမရဘူးဆိုရင်ဘာလုပ်မှာလဲ။လူမလေး ခွေးမခန့်တော့မဖြစ်ချင်ဘူးဗျာ။ပုံမှန်အားဖြစ်တော့ လက်ရှိပေါက်ဈေးမှာsteemကsteemdollorအောက်ရောက်ရင်steemit powerပိုစုသင့်တာ။ ဒါပေမယ့်လက်ရှိပေါက်ဈေးမြင့်လာတာနှင့်အမျှ Steempowerရဖို့မလွယ်တော့ဘူး။spတွက်ရင်ပေါက်ဈေးနဲ့ပြန်စားတာကိုး။ဈေးတက်လေရမယ့်spနည်းလေဘဲ။ဒါ့ကြောင်ကျွန်တော်တို့အတွက်ကspကို ပိုစုဆောင်းသင့်တယ်။
Steemitမိသားစုတွေအားလုံးကျန်းမာပျော်ရွှင် ပြီးအောင်မြင်သောဘဝကိုတည်ဆောက်နိုင်ပါစေ
Hello! Steemit မဟော်လာပြီ
Photo-goggle image
@mahaw
ကြိုဆိုပါတယ်ဗျာ။အရေးသားကောင်းလွန်းပါတယ်။အားပေးနေမယ်အကို
ကျေဇူးပါညီလေး။ကိုကြိုးစားပါ့မယ်။
ကောင်းတယ်ကွာ good
အတူကြိုးစားကြတာပေါ့။
အရမ်းကောင်းတဲ့ intro ပါ စာကောင်းတွေ လိုက်ဖတ်စရာလူ တစ်ယောက်တော့ တိုးပြန်ပြီ အရမ်းဝမ်းသာစွာ ကြိုဆိုပါတယ်ဗျာ
ကမ်းတဲ့လက်တွေရှိတော့်မြန်မြန်ထနိုင်တာပါအစ်ကို ။ကေ
ျး ဇူးပါဗျာ။
တစ်ကယ်ကောင်းတဲ့ Introduce ပါအကို
Followw လုပ်ထားပေးတယ်အကိုမဟော်
ညီလေးကဗျာတွေကို မမှီပါဘူးကွာ။