‌ဝေါဟာရကြွယ်‌ဝခြင်းနဲ့ ‌အောင်‌မြင်‌မှု

in #myanmar6 years ago

FB_IMG_1524973561560.jpg

ချစ်‌ခင်‌‌လေးစားအပ်‌ပါ‌သော steemit ညီအစ်‌ကို‌မောင်‌နှမများ အားလုံး ကျန်းမာချမ်းသာပါ‌စေလို့ ဆု‌တောင်းလိုက်‌ပါတယ်‌။ စကား‌ပြော‌ကောင်းဘို့ ၊စာအ‌ရေးအသား ‌ကောင်းဘို့ ၊thinking ‌ကောင်းဘို့ ၊ ‌ပေါင်းသင်းဆက်‌ဆံ‌ရေး‌ကောင်းဘို့ ၊အ‌ဟောအ‌ပြော‌ကောင်းဘို့ အဓိ‌ကလိုအပ်‌ချက်‌တစ်‌ခုရှိတယ်‌။ ဘာလဲဆို‌တော့ ‌ဝေါဟာရ ကြွယ်‌ဝဘို့ပဲ။

koyq8j9k66.jpg
crd.org.source

ကျွန်‌‌တော်‌တို့ ပုံမုန်‌သုံး‌နေတဲ့စကာလုံးအ‌ရေအတွက်‌က ၂၀၀ ၃၀၀ ‌လောက်‌ဘဲရှိတယ်‌။ထိုအ‌ရေအတွက်‌ဟာ နည်းပါးလွန်းပါတယ်‌။ ‌‌ဝေါဟာရ များများသိမှ များများ ‌ပြောလို့ ‌ရေးလို့ ‌တွေးလို့ ရမှာပါ။အလွယ်‌ကူဆုံး ဥပမာပြရရင်‌ English speaking ‌ပြောတဲ့‌နေရာမှာ ‌ဝေါဟာရ များများသိ‌လေ ပို‌ပြောနိုင်‌‌လေပါ။ဦး‌နှောက်‌က ကွန်‌ပျူတာ လိုပါဘဲ။ သူ့ထဲမှာရှိတဲ့ အချက်‌အလက်‌နဲ့ဘဲ လုပ်‌ကိုင်‌နိုင်‌စွမ်းရှိတာပါ။ data အချက်‌အလက်‌များများထည့်‌နိုင်‌‌လေ လုပ်‌ကိုင်‌နိုင်‌တဲ့ စွမ်းရည်‌ပိုမြင့်‌မား‌လေပါ။

download (1).jpeg
crd.org.source

‌နောက်‌ ဥပမာတစ်‌ခု ‌ပြောပြချင်‌ပါ‌သေးတယ်‌။ အမြင်‌ကျယ်‌တယ်‌ အမြင်‌ကျယ်‌တယ်‌လို့ ‌ပြောကြတာ ရှိပါတယ်‌။ ‌တောမှာ‌နေရင်‌ တစ်‌မျိုး၊ မြို့ကြီးပြကြီးမှာ‌နေရင်‌ တစ်‌မျိုး၊တိုးတက်‌‌နေတဲ့ နိုင်‌ငံရပ်‌ခြားမှာ‌နေရင်‌ တစ်‌မျိုး အမြင်‌ကျယ်‌ခြင်းဟာ ‌ပြောင်းလဲ‌နေပါတယ်‌။ကျွန်‌‌တော်‌ဆိုလိုတာက ‌တောသားနဲ့ မြို့သား ခွဲခြားတာမဟုတ်‌ဘူး‌နော်‌။အမြင်‌ကျယ်‌ခြင်းကို သိသာ‌အောင်‌ ‌ဖော်‌ပြခြင်းသာဖြစ်‌ပါတယ်‌။ မြို့သားက ‌တောသားထက်‌ သာတယ်‌လို့ ဆိုလိုခြင်းမဟုတ်‌ပါဘူး။ ကျွန်‌‌တော်‌ကိုယ်‌တိုင်‌လည်း‌တောသားပါဘဲ။အမြင်‌ကျယ်‌ခြင်းဟာ data အချက်‌အလက်‌ထည့်‌ခြင်းပါဘဲ။
‌ဝေါဟာရကြွယ်‌ဝဘို့ နည်းလမ်း‌တွေရှိ‌ပေမယ့်‌ စာဖတ်‌ခြင်းဟာ အ‌ကောင်းဆုံးနည်းပါ။ စာများများဖတ်‌‌လေ ဦး‌နှောက်‌ထဲကို data‌တွေ များများထည့်‌‌လေပါဘဲ။ စာဖတ်‌ခြင်းဟာ တစ်‌ခုတစ်‌‌လေဘဲ တိုးတက်‌တာမဟုတ်‌ပါဘူး။ ကိုယ့်‌ဘဝကို အလုံးစုံတိုးတက်‌‌စေပါတယ်‌။ ‌နောက်‌ပြီး စကား‌ပြော‌ကောင်းချင်‌ရင်‌ အ‌ဟောအ‌ပြော‌ကောင်းချင်‌ရင်‌ စာကို အသံထွက်‌ဖတ်‌ပြီး ‌လေ့ကျင့်‌ပါတဲ့။‌ဖြေး‌ဖြေးမှန်‌မှန်‌‌လေး ရွတ်‌ဆိုသင့်‌ပါတယ်‌။ အသံထွက်‌ဖတ်‌‌နေရင်း ကိုယ့်‌ အသံရဲ့ အဖြတ်‌အ‌တောက်‌ကို သတိထားလိုက်‌ပါ။ နား‌ထောင်‌လို့ ‌ကောင်း၏ မ‌ကောင်း၏ ‌ပေါ့။‌ဘေးကလူ နားလည်‌‌လောက်‌တဲ့ ‌လေယူ‌လေသိမ်းကို ရ‌အောင်‌ အဖြတ်‌အ‌တောက်‌ဂရုစိုက်‌ပါ။ စကား‌ပြော‌ကောင်းတဲ့သူများများကို သတိထားမိတယ်‌။ ဘယ်‌‌တော့မှ အ‌လောတကြီး မ‌ပြောကြဘူး။ ‌‌အေး‌ဆေးစွာ တစ်‌လုံးချင်း နာလည်‌‌အောင်‌‌ပြောတယ်‌။ ကိုယ့်‌ကိုယ်‌ကို ယုံ ကြည်‌မှု ရှိတဲ့ အသံနဲ့ ‌ပြောတယ်‌။ စကား‌ပြော‌ကောင်း‌အောင်‌ ‌လေ့ကျင့်‌ယူလို့ရပါတယ်‌။ စာကို အသံထွက်‌ဖတ်‌ပြီး ကိုယ်‌ နှစ်‌သက်‌တဲ့‌လေသံမျိုးနဲ့ ရွတ်‌ဆိုပါ။ ‌နောက်‌‌တော့ မိမိကိုယ်‌ကို ယုံကြည်‌မှုလည်းတိုးလာပါတယ်‌။ဝတ္ထု‌တွေဖတ်‌ရင်‌ ဇာတ်‌ဝင်‌ခန်းအတိုင်း အသံထွက်‌ဖတ်‌ရင်‌ ပို‌ကောင်းပါတယ်‌။‌လေယူ‌လေသိမ်း‌ကော ‌လေ့ကျင့်‌ပြီးသား ဖြစ်‌တာ‌ပေါ့။
IMG_488271115873137.jpeg

crd.org.source

အသိတစ်‌ချက်‌ဟာ ကိုယ့်‌ဘဝကို ‌ပြောင်းလဲနိုင်‌‌စေပါတယ်‌။ ယခင်‌တုန်းက သတိမထားမိတာဖြစ်‌ဖြစ်‌ ၊မသိခဲ့တာဖြစ်‌ဖြစ်‌ ၊သိလိုက်‌တဲ့ အချိန်‌မှာလုပ်‌ရင်‌ သင်‌ ‌မ‌နောက်‌ကျ‌သေးပါဘူး။ လက်‌‌တွေ့ တကယ်‌လုပ်‌ဖြစ်‌ဘို့ ဘဲ အ‌ရေး ကြီးပါတယ်‌။ လူသားတစ်‌‌ယောက်‌အ‌နေနဲ့ ဘဝမှာ အလိုအပ်‌ဆုံး အရာက လူအချင်းချင်းဆက်‌ဆံတဲ့အရာပါဘဲ။ ‌ပေါင်းသင်းဆက်‌ဆံ‌ရေးမှာ နှစ်‌ပိုင်းခွဲထွက်‌လို့ရတ
ယ်‌။ စိတ်‌‌နေစိတ်‌ထားနဲ့ စကား‌ပြောဆိုမှု။ စိတ်‌‌နေစိတ်‌ထား မ‌ကောင်းဘဲ စကား‌ပြော‌ကောင်းရင်‌လည်း အလကားပါ။ ထို့အတူ စိတ်‌‌နေစိတ်‌ထား ‌ကောင်းပြီး စကားမ‌ပြောတတ်‌ မဆိုတတ်‌ဆိုရင်‌လည်း သူဟာ‌အောင်‌မြင်‌ဘို့ခဲယဉ်းပါတယ်‌။လူအချင်းချင်း ဆက်‌ဆံတဲ့ ‌နေရာမှာ ထိုနှစ်‌ချက်‌လုံး လိုအပ်‌ပါတယ်‌။ စိတ်‌‌နေစိတ်‌ထား‌လေးလည်း‌ကောင်းတယ်‌ ၊စကား‌ပြောတာလည်း‌ကောင်းတယ်‌ဆိုရင်‌ သင်‌နဲ့ ပက်‌သက်‌ဆက်‌ဆံတဲ့သူမှန်‌သမျှ မိတ်‌‌ဆွေကို ချစ်‌ခင်‌ကြမှာပါ။ ‌‌နောက်‌တစ်‌ခုတင်‌ပြချင်‌တာက ပေါင်းသင်းဆက်‌ဆံ‌ရေးမှာ အဓိက အ‌ရေးကြီးဆုံးက ကိုယ်‌ချင်းစာတရားဘဲ။တစ်‌ဘက်‌လူကို နားလည်‌မှု ‌ပေးနိုင်‌တာနဲ့ ကိုယ့်‌ရဲ့သည်းခံနိုင်‌မှု စွမ်းရည်‌လည်း တိုးတက်‌လာပါတယ်‌။ ဖြည့်‌‌တွေး လိုက်‌ပါဆိုတဲ့ စကားလုံးဟာ အရမ်းအဓိပ္ပာယ်‌ရှိပါတယ်‌။ သူ့ရဲ့လိုအပ်‌ချက်‌ကို ဖြည့်‌‌တွေးဘို့ဆိုတာ ကိုယ်‌က ဖြည့်‌‌ပေးနိုင်‌တဲ့ ပမာဏရှိဘို့လိုတယ်‌။ ကိုယ့်‌ရဲ့ သ‌ဘောထားကြီးမှု ၊‌မေတ္တတရား၊ကိုယ်‌ချင်းစာတရား၊ နာလည်‌‌ပေးနိုင်‌မှု ပမာဏ၊ သည်းခံနိုင်‌တဲ့ ပမာဏ အစရှိတဲ့ စိတ်‌ပိုင်းဆိုင်‌ အရည်းအချင်း‌တွေဟာ မြင့်‌‌နေဘို့‌တော့လိုတယ်‌။ ဒါမှ ဖြည့်‌‌တွေး‌ပေးနိုင်‌မှာ‌လေ။ လူတိုင်း ဖြည့်‌မ‌တွေး ‌ပေးနိုင်‌တာ ထိုအချက်‌‌တွေ‌ကြောင့်‌ပါ။ လူတိုင်းလူတိုင်းဟာ လုပ်‌သင့်‌တာ ‌ပြောသင့်‌တာ သည်းခံသင့်‌တာ နားလည်‌‌ပေးသင့်‌တာ ‌ဒေါသမကြီးသင့်‌တာ သိ‌ပေမယ့်‌ လိုက်‌မလုပ်‌နိုင်‌ကြဘူး။ဒါဟာ အီမိုးရှင်းလို့‌ခေါ်တဲ့ စိတ်‌စွမ်းရည်‌‌တွေ ‌လျော့နည်းလို့ပါ။ ကိုယ့်‌ကို လာ‌ကျောရင်‌‌တော့ ပတ်‌ခနဲ ပြန်‌‌ပြောလိုက်‌မှာပါ။ ‌နောက်‌မှ ငါမ‌ပြောသင့်‌ဘူးဆိုတာ ‌တွေးချင်‌‌တွေးမယ်‌။ အချိန်‌နဲ့ တစ်‌‌ပြေညီ ကိုယ့်‌စိတ်‌ကို ထိန်းနိုင်‌ရင်‌ မ‌ပြောသင့်‌တာမ‌ပြော‌တော့သလိုမလုပ်‌သင့်‌တာလည်း မလုပ်‌ဖြစ်‌‌တော့ဘူး‌ပေါ့။သူငယ်‌ချင်း မိတ်‌‌ဆွေ‌တွေကို ဖြည့်‌‌တွေး‌ပေးနိုင်‌ဘို့ ကိုယ်‌က စိတ်‌ပိုင်းဆိုင်‌ရာ အရည်းအချင်း မြင့်‌မား‌အောင်‌ ကြိုးစားကြပါဆို့လို့ ‌ပြောကြားရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။
အားလုံးကို ‌ကျေးဇူးတင်‌ပါတယ်‌ ခင်‌ဗျ။

MSC - 228
@mahaw

Sort:  

မှန်ပါတယ်အစ်ကို စကားပြောကောင်းဖို့ ဝေါဟာရကြွယ်ဝဖို့လိုအပ်ပါတယ်။အောင်မြင်မှုတွေရရှိဖို့ စိတ်ဓါတ်ကောင်းဖို့ နဲ့ စကားပြောကောင်းဖို့ နှစ်ခုလုံးရှိရမယ်ဆိုတာလေးထောက်ပြထားတာတွေ့ရပါတယ်။ပေါင်းသင်းဆက်ဆံရေးအတွက် အရေးကြီးသောအချက်တွေနဲ့တကွ စုံစုံလင်လင်ပြောပြပေးထားတာ ကောင်းမွန်လှပါတယ်ခင်ဗျာ။ကြိုးစားလိုက်နာဆောင်ရွက်ပါ့မယ်အစ်ကိုမဟော်။

‌ကျေးဇူးပါ ကိုသန့်‌။postကို note‌လေးနဲ့ cmလုပ်‌‌‌ပေး‌တော့ အ ခြားသူ‌တွေ မြင်‌လွယ်‌ပါတယ်‌။‌လေးစားလျက်‌

You got a 6.60% upvote from @joeparys! Thank you for your support of our services. To continue your support, please follow and delegate Steem power to @joeparys for daily steem and steem dollar payouts!

Than for your support.

တိုးတတ်ဖွံဖြိုးရေး နည်းလမ်းလေးတွေပါ

‌ကျေးဇူးပါ ကိုဟိန်း။

ဘဝတွေ အတွေအခေါ်တွေမကွာဖို့အတွေးအခေါ်ရှိတဲ့စာပေတွေဖတ်ကာ လိုင်နာကျင့်သုံးကြပါစို့

ဟုတ်‌ကဲ့ပါ အစ်‌ကိုကြိုးစားကြမယ်‌။

အရေးကြီးဆုးံမှာစိတ်ပိုင်းဆိုင်ရာပါ

ဟုတ်‌ကဲ့ အန်‌တီ ၊‌ကျေးဇူးပါ။

This post has received a 6.32 % upvote from @boomerang.

Thank for your support.

You just received a 12.59% upvote from @honestbot, courtesy of @mahaw!
WaveSmall.gif

အမှန်လမ်း ကောင်းတဲ့လမ်း လျောက်တာ နောက်ကျတယ်မရှိပါဘူးဗျာ

ဟုတ်‌ကဲ့ပါ ဦးစိုး။

ဒီလိုလေးတွေ မျှဝေလို့ ကျေးဇူးပါဗျာ

ဟုတ်‌ ‌ကျေးဇူးပါဗျ။

စကားပြောကောင်းဖို့ ကြိုးစားရအုံးမယ်ဗျာ။
လိုအပ်တဲ့အရာတွေ တင်ပေလို့ ကျေးဇူးပါ ကိုမဟော်။

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63597.74
ETH 2476.06
USDT 1.00
SBD 2.53