‌တွေးမိတာ‌လေးတစ်‌ခု

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ မိတ်‌‌ဆွေအ‌ပေါင်းတို့။ တစ်‌‌နေ့က သူငယ်‌ချင်းတစ်‌‌ယောက်‌ ကိုယ့်‌ဆီလာလည်‌‌တော့ အ‌တွေးတစ်‌ခု‌တွေး‌မိတာ‌လေးကို တင်‌ပြပါရ‌စေ။ သူငယ်‌ချင်းက ‌လော‌လောဆယ်‌‌ဆောက်‌လုပ်‌‌ရေးကန်‌ထရိုက်‌ လုပ်‌‌နေတယ်‌။ သူငယ်‌ချင်းနဲ့အတူ သူ့သူငယ်‌ချင်းတစ်‌‌ယောက်‌ပါလာတယ်‌။ သူလာတိုင်း‌ခေါ်လာ‌တော့ ကိုယ်‌နဲ့လည်း သူငယ်‌ချင်း ဖြစ်‌‌နေပါပြီ။ သူက ပွတ်‌လုပ်‌ငန်း လုပ်‌တယ်‌။ သူငယ်‌ချင်းနဲ့‌တွေ့ပြီး အိမ်‌‌ရောက်‌‌တော့ ‌တွေးမိတာ‌လေးပါ။

Thinking Man.jpg

crd.org.source

တစ်‌ခါတ‌လေ ကိုယ်‌တစ်‌‌ယောက်‌တည်း‌နေရင်‌ မသိတာ‌ပေမယ့်‌ သူငယ်‌ချင်း‌တွေဆုံရင်‌ မိမိကိုယ်‌ကို ပြန်‌သုံးသပ်‌မိတယ်‌။ ငါဘဲညံ့‌နေပြီးလား၊ ငါအချိန်‌‌တွေ ဖြုန်းမိ‌နေပြီလားဆိုတာ အမြဲ‌တွေးဖြစ်‌တယ်‌။ ရန်‌ကုန်‌က သူငယ်‌ချင်း‌တွေလာရင်‌ ကိုယ်‌ပိုင်‌ကား‌လေး‌တွေနဲ့ လာကြတယ်‌။ ကိုယ်‌ကတစ်‌ခုကံ‌ကောင်းတာက သူငယ်‌ချင်း‌တော်‌‌တော်‌များများက ကိုယ့်‌ကိုချစ်‌ကြတယ်‌။ခင်‌ကြတယ်‌‌ပေါ့။ ‌ကျောင်းပြီးတုန်းက အားလုံးက အတူတူပါဘဲ။ Civil ‌ကျောင်းဆင်း ၊Ep ‌ကျောင်းဆင်း ၊ကိုယ်‌က Mechanical ဆို‌တော့ mechး သူငယ်‌ချင်းပိုများတယ်‌။ တစ်‌ခြားMajorက အ‌ဆောင်‌‌နေသူငယ်‌ချင်းမို့ ရင်းနှီး‌ကြတယ်‌။ ‌ကျောင်းပြီး‌တော့ majorတူ သူငယ်‌ချင်းအားလုံးနီးပါး သ‌ဘောင်္တက်‌ကြသလို စင်္ကာပူသွားကြတယ်‌။ ကိုယ်‌က အစိုးရဝန်‌ထမ်းလုပ်‌ဖြစ်‌တယ်‌။ Civilက သူငယ်‌ချင်း‌တွေက ပိုအဆင်‌‌ပြေကြတယ်‌။ ‌ခေတ်‌‌ကောင်းမှီခဲ့ပြီး ‌စော‌စောစီးစီး ကိုယ်‌ပိုင်‌ကား‌လေး‌တွေ တစ်‌ဝှီဝှီနဲ့‌ပေါ့။ ကိုယ်‌က‌တော့ ရုန်း‌ကောင်းတုန်းဘဲ။ ငါ‌ရွေးချယ်‌ခဲ့တဲ့ လမ်းက မှားသွားပြီလာ‌ပေါ့။ အခုပြင်‌ဆင်‌ချိန်‌ရတုန်း တစ်‌ခြားလမ်း‌ဖောက်‌မလား‌ပေါ့။ အလုပ်‌ထွက်‌မယ်‌ အပြင်‌‌လောကကို ဝင်‌မယ်‌ကြံတိုင်း အိမ်‌ရှင်‌မကတားတယ်‌။ ‌ယောင်္ကျားရယ်‌ အခုဆင်းရဲ‌နေလို့လား၊ မချမ်းသာ‌ပေမယ့်‌ လူတန်း‌စေ့‌တော့ ‌နေနိုင်‌ပါ‌သေးတယ်‌။ အ‌မေ့ကိုလည်း ‌ထောက်‌ပံ့နိုင်‌တာဘဲ။ အလုပ်‌မထွက်‌ပါနဲ့လို့ အမြဲတားရှာတယ်‌။ ‌ဈေးဆိုင်‌‌ရောင်း‌တော့ မချမ်းသာ‌ပေမယ့်‌ ဝန်‌ထမ်းဘဝကို အဆင်‌‌ပြေစွာရပ်‌တည်‌နိုင်‌‌သေးတယ်‌။ ကိုယ့်‌လစာတစ်‌ခုတည်းဆို ဘယ်‌ရပ်‌တည်‌နိုင်‌မလဲ။ တစ်‌ခါတ‌လေ‌တွေးတယ်‌၊ သင်‌တန်း‌တွေတက်‌ပြီး လစာ‌ကောင်းတဲ့အလုပ်‌‌တွေထွက်‌ရှာမလား‌ပေါ့။ မှန်‌တာ‌ပြောရရင်‌ လခစားအလုပ်‌ကို‌တော်‌‌တော်‌မလုပ်‌ချင်‌‌တော့ဘူး။ တစ်‌နိုင်‌တစ်‌ပိုင်‌ ကိုယ်‌ပိုင်‌စီးပွား‌ရေးဘဲလုပ်‌ချင်‌‌တော့တယ်‌။ ၁၀နှစ်‌‌လောက်‌ အိမ်‌ဆိုင်‌‌လေးဖွင့်‌ခဲ့‌တော့ ‌ဈေး‌ရောင်းတာကို အာသန်‌မိတယ်‌။ ‌နောက်‌ဆုံးဒီအလုပ်‌ကထွက်‌ရင်‌‌တော့ ‌ဈေး‌ရောင်းမယ်‌လို့စိတ်‌ကူးထားတယ်‌။ ရန်‌ကုန်‌မှာ လစာ‌ကောင်းတဲ့အလုပ်‌‌ပြောင်းမယ်‌ဆိုလည်း စားအိုးကွဲတာ၊ယခုလစာ± ဆိုင်‌ဝင်‌‌ငွေနဲ့နှိုင်းယှဉ်‌‌တော့ ဘာမှမထူး၊ ခ‌လေး‌တွေ‌ကျောင်းပို့ ‌ကျောင်းကြိုကိစ္စ စသဖြင့်‌ အိမ်‌ရှင်‌မက ရှင်းပြ‌တော့လည်း ဟုတ်‌‌နေတာဘဲ။

l-pi0mrobf.jpg

crd.org.source

ဒီလိုနဲ့ ကျွန်‌‌တော့်‌ ဝန်‌ထမ်းဘဝ‌လေးဟာ အခုချိန်‌ထိ မြဲ‌နေတယ်‌ဆိုပါ‌တော့။ ဒါ‌ပေမယ့်‌ ကိုယ့်‌ကိုယ်‌ကို‌တော့ အားမရ။ အချိန်‌လွန်‌မှ‌နောင်‌တမရချင်‌ဘူး‌လေ။ တစ်‌ခါတရံစဉ်းစားမိတယ်‌ အခု steemitမှာစာ‌ရေး‌နေတာ မှန်‌‌ကောမှန်‌ရဲ့လား‌ပေါ့။ အချိန်‌များစွာ‌ပေးရသလို ကိုယ်‌ကလည်းလုပ်‌ပြီဆို အားထည့်‌တယ်‌။ သန်း‌ခေါင်‌‌ကျော်‌လည်း ထ‌ရေးတယ်‌။ ကျွန်‌‌တော်‌တစ်‌ခု‌တော့ ကံ‌ကောင်းတယ်‌ဗျ။ ကျွန်‌‌တော်‌စာ‌ရေး‌နေရင်‌ ကြည်‌ဖြူစွာအား‌ပေးတယ်‌။ ဘာမှမခိုင်းသလို ငြူစူ‌နှောက်‌ယှက်‌ခြင်း ၊မြည်‌တွန်‌‌တောက်‌တီးခြင်း လုံးဝမလုပ်‌ဘူး။ စာကိုစိတ်‌နှစ်‌ပြီး‌ရေးလို့ရတာ‌ပေါ့ဗျာ။ ကိုယ်‌ဝါသနာပါရာလုပ်‌ရ‌တော့ စိတ်‌လည်းချမ်းသာပါတယ်‌။ သားနဲ့သမီးက ခဲတံချွန်‌‌ပေးတယ်‌။ အစက ဖုန်းနဲ့‌ရေးတာ အားမရလို့ စာအုပ်‌နဲ့‌ရေးတာ။ အခုမှ ဖုန်းနဲ့‌ရေးတတ်‌လာတာ။ ပုဂံသွားချင်‌တယ်‌ဆိုလည်း ချက်‌ချင်းလိုက်‌ပို့‌ပေးတယ်‌။ သူတို့က အားလုံး‌ကောင်း‌တော့ ကိုယ့်‌ဘက်‌က ဖြည့်‌ဆည်းမှု‌တွေ ‌လျော့ပါးမှာကို စိုးရိမ်‌မိတယ်‌။ သူငယ်‌ချင်းမိန်းမ ကားစီးရင်‌ သူလည်းစီးချင်‌မှာဘဲ၊သူငယ်‌ချင်းမိန်းမ လက်‌‌ကောက်‌ဝတ်‌ရင်‌ သူမလည်း မိန်းမသား‌လေ။ ကိုယ်‌က ဒါ‌တွေစဉ်းစားမိ‌လေ ‌‌လျှောက်‌‌တွေး‌လေပါဘဲ။ အိမ်‌ရှင်‌မရဲ့ ခံစားချက်‌က ‌မေတ္တာပြည့်‌ဝတဲ့ မိသားစု‌လေးနဲ့ ‌ပျော်‌‌ပျော်‌ရွှင်‌ရွှင်‌ ဘဝကိုဖြတ်‌သန်းချင်‌တယ်‌။ ကျွန်‌‌တော်‌နိုင်‌ငံခြားသွားလို့ လစာဘယ်‌‌လောက်‌ရရသူ့မလွှတ်‌ဖူးတဲ့။ ကြက်‌သား၊ဝက်‌သားထက်‌ ပိုစားလို့မရဘူးဆိုတာ သူမရဲ့လက်‌သုံးစကား။ အမှန်‌အတိုင်း‌ပြောရရင်‌လက်‌ရှိဘဝ‌လေးကို ‌ကျေနပ်‌‌ပျော်‌ရွှင်‌မိပါတယ်‌။ ဘာသာ‌ရေးလည်းလုပ်‌ဖြစ်‌သလို ၊ကိုယ်‌ဝါသနာပါရာ အလုပ်‌ကိုလည်း လုပ်‌ခွင့်‌ရတယ်‌‌လေ။ ဒါ‌ပေမယ့်‌ က‌လေး‌တွေရဲ့ အနာဂတ်‌အတွက်‌ ကျွန်‌‌တော်‌ ကြိုတင်‌ပြင်‌ဆင်‌မှရမယ်‌။ ‌နောက်‌ဆို ပညာ‌ရေးက ‌ငွေနဲ့ ဝယ်‌ယူရမယ့်‌‌ခေတ်‌။ အချိန်‌မ‌နှောင်းခင်‌ ကြိုးစားထားမှ ဖြစ်‌မယ်‌‌လေ။ ဝန်‌ထမ်းဘဝကို နှုတ်‌ဆက်‌ချိန်‌တန်‌ပါပြီ။ ကိုယ်‌ပိုင်‌စီးပွား‌ရေးကို ‌စောက်‌ချလုပ်‌ကိုလုပ်‌ရ‌တော့မယ်‌။ မ‌ဝေး‌တော့ပါဘူး။ ‌ရေးလို့ရတုန်း အားထည့်‌‌ရေးလိုက်‌ဦးမယ်‌။
steemitမှာ @mahaw ကို သမိုင်းတွင်‌ရစ်‌‌အောင်‌ ကမ္ဗည်းထိုးချင်‌ပါ‌သေးတယ်‌။‌လော‌လောဆယ်‌‌တော့ သည်းခံဖတ်‌‌ပေးပါဦးလို့ ‌ပြောကြားရင်းနိဂုံးချုပ်‌လိုက်‌ပါတယ်‌ မိတ်‌‌ဆွေတို့‌ရေ။
အားလုံးကျန်းမာချမ်းသာကြပါ‌စေ။

MSC-228
@mahaw

Sort:  

ကိုမဟော်ရေ ကျွန်တော်နဲ့အစ်ကိုဟာ အခုပြောပြတဲ့အနေအထားအရ ဘဝတူတွေဖြစ်နေပါရောလားဗျာ။ဝန်ထမ်းဘဝလေးကိုနုတ်ဆက်ချင်နေပါပြီဗျာ။စိတ်ချမ်းသာစွာနေရပေမဲ့ ကျွန်တော်တို့ရဲ့ generation လေးတွေအတွက် ကြိုးစားရုန်းကန်ကြရမှာပါခင်ဗျာ။

ဟုတ်‌တယ်‌ ကိုသန့်‌၊ရုန်းထွက်‌ဖို့က ခက်‌‌နေတယ်‌။ ‌ကျေးဇူးပါကိုသန့်‌။

ကွီး ကံကောင်းသော ဘဝလေးကို ပိုင်ဆိုင်ထားရပါတယ် ထာဝရ ပျော်ွှင်ပါစေ😊

‌ကျေးဇူးပါညီမ‌ရေ။

ကြိုးစားပါအောင်မြင်မှာပါအန်တီလဲကျောင်းဆရာမကနေနားပြီးစီးပွားရေးလောကထဲဝင်တာသားသမီးတွေကိုပညာအမြင့်ကြီးပေးနိုင်သွားပါသည်

ကျွန်‌‌တော်‌လည်းအန်‌တီ့လို ‌အောင်‌မြင်‌ချင်‌ပါတယ်‌ ။ကြိုးစားပါ့မယ်‌ အန်‌တီ။‌ကျေးဇူးပါ။

ကိုယ်လည်း GTI mechnical ပဲ၊ ခုနောက်ပိုင်းဝန်ထမ်းက တော်ပါသေးတယ်၊လစာကနည်းတယ်ဆိုပေမယ့်၊ ချွေတာဖြစ်ညှစ်စားရင်ရနိုင်သေးတယ်၊ ကိုယ်တို့ခေတ်က ဘယ်လိုမှကိုမရတာ ကွမ်းတွေစိုက်၊ ဝက်တွေမွေး၊ကြက်တွေမွေး၊ မုန့်တွေလုပ်ရောင်းနဲ့ဘဝကိုဖြတ်သန်းခဲ့ရတာ မိန်းမကတက်ညီလက်ညီ ဝင်လုပ်လို့ ခုတော့ ကိုယ့်ဘာသာရပ်တည်လာနိုင်ပါပြီ ၊အတူအလုပ်ဝင်တဲ့သူငယ်ချင်း ၈ ယောက် အားလုံးထွက်သွားကြတာကို ကိုယ်သာပေကပ်ပြီးဝန်ထမ်းဖြစ်ကျန်ရစ်ခဲ့တာ

‌နောက်‌ဆိုပညာ‌ရေးကကြိုက်‌တဲ့လိုင်း ဝင်ေ လျှာက်‌ခွင့်‌ရပြီဆို‌တော့ သူတို့တက်‌ချင်‌တာကို ထားနိုင်‌ဘို့ကြိုးစားရမှာ မိဘ‌တွေရဲ့တာဝန်‌‌ပေါ့ဦးရယ်‌။ကျွန်‌‌တော်‌လည်း ဝန်‌ထမ်းဘဝ‌လေးကိုနှစ်‌သက်‌ပါတယ်‌။

မြန်​မာပြည်​မှာ အလုပ်​လုပ်​​နေသူအဖို့က အဆင်​မ​ပြေမူဆိုတာရှိခဲပါတယ်​ ကျွန်​​တော့ညီရဲ့သူငယ်​ချင်း အစ္စ​ရေးက လူက​တော့ ဧရာဝတီမြစ်​ရဲ့​ဘေးမှာထိုင်​ပြီး ​ပြောလိုက်​တဲ့စကား သ​ဘောကြတယ်​ဗျာ
"မြန်​မာနိုင်​ငံမှာ ဒီမြစ်​ကြီးတစင်းလုံးရှိ​နေတာ ကမာ့္ဘအဆင်းရဲဆုံးနိုင်​ငံထဲ​ရောက်​​နေတာ အံသြလို့မဆုံးဘူးတဲ့ အစ္စ​ရေးမှာဒီလိုမြစ်​တစင်းရှိကြည့်​ပါ့လားတဲ့ မြစ်​​စတည်​ရာကစလို့ အဆုံးအထိ မြစ်​​ဘေးမှာ ​မြေလွတ်​ဆိုတာရှိမှာမဟုပ်​ဖူးတဲ့ လူ​တွေဘာလို့အလုပ်​မလုပ်​ကြတာလဲတဲ့"

သိပ်‌‌ကောင်းတဲ့စကားဗျာ။ ကြိုးစားပါမယ်‌ဦးယု။

ကျမလည်း ဝန်ထမ်းအလုပ်ကို မပျော်ပိုက်ပါ မပျော်တဲ့အလုပ်ကို ဇွတ်နစ်လုပ်နေရတော့ စိတ်ပင်ပန်းတဲ့အပြင် အဖားမတက်တော့ လူကြီးက မကြိုက် ဒီတော့ လုပ်ငန်းခွင် မပျော်မရွှင်ဖြစ်ရပါတယ် အခုတော့ ဝါသနာပါရာလေးကို ဆွဲပြီး နည်းနည်းချင်းကြိုးစားနေပါပြီ အသင့်ဖြစ်တဲ့အချိန်တော့ ဝန်ထမ်းဘဝရေ bye byeပါဘဲ

‌အောင်‌ မြင်‌ပါ‌စေညီမ‌ရေ။ေ ပြာင်းလဲချိန်‌တန်‌ပြီဆိုတာတို့ကိုေ ပြာတာ။‌ကျေးဇူးညီမ။

ခေတ်ကာလ အနေအထားအရ ကုန်ဈေးနှုန်းတွေ မြင့်လာလေ သာမာန်ဝင်ငွေသာရှိတဲ့ မိသားစုရဲ့ အခက်အခဲတွေလည်းများလာလေလေပါ ဒါပေမဲ့ စီးပွားရေးလောဘတော့ ရှိတာကောင်းပါတယ် အများကြီးရှိရင် အများကြီးပူပန်ရသေးတယ် ချမ်းသာပါတယ်ဆိုတဲ့ သူတွေလည်း သူ့ အပူတွေနဲ့သူပါပဲ ဒါကြောင့် မိသားစုအတွက်ဆိုလျှင် စည်းစိမ်ဥစ္စာချမ်းသာစွာထားဖို့ ထက် စိတ်ချမ်းသာစွာ ထားနိုင်အောင်ပဲ ကြိုးစားကြည့်ပါလို့  အကြံပြုချင်တယ်

‌ကျေးဇူးအထူးတင်‌ပါတယ်‌ဘုရား။လက်‌ရှိမှာ‌တော့ ‌စိတ်‌ချမ်းသာပါတယ်‌၊ အနာဂတ်‌အတွက်‌စဉ်းစားရင်‌ စိတ်‌ပူမိလို့ပါဘုရား။သားသမီးအတွက်‌ ကြိုစဉ်းစားထား‌နေရတယ်‌ဘုရား ။ဦးခိုက်‌လိုက်‌ပါတယ်‌။

လုပ်ပါ အကို
မိသားစုကံ
သူငယ်ချင်းကံ ကောင်းတဲ့ အကို
စီးပွားရေး ကံလည်း ကောင်းမှာပါလေ
Fighting

ဒီစကားကြားရတာဝမ်းသာတယ်‌ဗျာ ‌ကျေးဇူးကိုဒွန်‌။

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း အောင်မြင်ပြီး ငွေအများကြီး ရှာနိုင်ပါစေ။

‌ပေးတဲ့ဆုနဲ့ ပြည့်‌ပါ‌စေဗျာ။

အင်ဂျင်နီယာကျောင်းဆင်းတွေများငား ကန်ပနီထောင်လိုက်မယ်

တစ်‌ချို့သူငယ်‌ချင်း‌တွေ ‌ထောင်‌‌နေပြီ။

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58097.21
ETH 2581.79
USDT 1.00
SBD 2.41