တွေးမိသော အတွေးစများ
အားလုံးဘဲ ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းရင်း နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော့်ခံစားချက်လေး နည်းနည်းပြောပြမယ်နော်။ ကျွန်တော့်စိတ်ထဲ MSC member များ ဟာ တစ်ရိပ်ရိပ်တိုးတက်နေတယ်လို့ ခံစားမိလို့ပါ။ အခုတလော ဈေးပြန်တက်လာတာလည်း အကြောင်းတစ်ခုပါတာပေါ့။ တကယ်တမ်းက ပိုစည်းလုံးလာတာဗျ။ Free pro တွေပေးပြီး လက်တွဲခေါ်တာတွေ တွေ့ရတော့ ပီတိဖြစ်မိတယ်။ အကြောင်းအမျိုးမျိုးကြောင့် ထွက်သွားတဲ့သူတွေလည်းရှိတာပေါ့။ ထွက်သွားတာ အေးအေးဆေးဆေး ထွက်သွားတာရှိသလို ထွက်ကန်ကန်တာတွေလည်းတွေ့ရပါတယ်။ ခွင့်လွှတ်လိုက်ပါ ၊ရှက်သွားလို့ပါ။ တစ်လုပ်စားဖူး သူ့ကျေးဇူးတဲ့။ MSC ရဲ့အကူအညီကို တောက်လျှောက်ယူခဲ့ပြီး ထွက်သွားမှ ၊ထုတ်ပယ်ခံရမှ မကောင်းပြောတာတော့ ရှက်တက်ရင် လဲသေလို့ရပါတယ်။ ဘာမှခွန်းကြီးခွန်းငယ် မပြောဘဲ ဒီတစ်ခွန်းနဲ့တင် လုံလောက်ပါတယ်။ ဘယ်လိုအကြောင်းနဲ့ဘဲထွက်ထွက် ကျွန်တော်ကတော့ စိတ်မကောင်းပါဘူး။ တစ်ချို့ဆို တော်ကြပါတယ်။ နှမြောစရာလည်း ကောင်းပါတယ်။ အရေးကြီးဆုံးစည်းကမ်းကိုမှ သွားညိကြတာကိုး ။
MSC chart group လေးက တော်တော်ကောင်းတယ်ဗျ။ သတင်းစုံသိရတယ်။ ရန်ဖြစ်တာလည်း သိရတယ်။ ဝင်တော့မပြောဖြစ်ဘူး။ လိုက်ဖတ်ဖြစ်ပါတယ်။ စီနီယာလူကြီးတွေလည်း တွေ့ရတယ်။ တစ်ချို့က ဒေါသ ကြီးကြတယ်နော်။ နည်းပညာတွေကလည်း တော်လိုက်ကြတာ ၊တတ်လိုက်ကြတာ အားကျစရာကြီး။ ဖတ်စရာစာအုပ်ရှိရင် ပြောပြကြပါဦး။ လေ့လာချင်လို့ပါ။ အခုက ဘာမှမသိသေးလို့ပါ။ အခြေခံသိသင့်သိထိုက်တာလေးတွေကို postရေးပေးပါ အစ်ကိုတို့ရေ။ ယခင်တုန်း ကရေးဖူးတာရှိရင်လည်း link လေး ညွှန်ပြပေးပါဦး။
အခုတလော copy အကြောင်း ခေတ်စားနေတယ်နော်။ တစ်ယောက်ပြီး တစ်ယောက် ထိနေကြတယ်။ လုပ်နေတဲ့သူကလည်း လုပ်တုန်းတဲ့။ တကယ်တမ်းပြောရရင် Copy ဆိုတဲ့စကားလုံးဟာ ကျယ်ပြန့်ပါတယ်။ နည်းပညာပိုင်းရေးရင် ဂရုစိုက်ကြပါ။ ဖြစ်ပြီးမှ ဘွာခတ်လို့ မရဘူးလေ။ တစ်ချို့ဆို စာအရေးအသားကောင်းရဲ့သားနဲ့ ထိတာ။ ကျွန်တော် copy နဲ့ပက်သက်ပြီး post တင်ဖူးပါတယ်။ သိလို့ဘဲဖြစ်ဖြစ် ၊မသိလို့ဘဲ ဖြစ်ဖြစ် ၊ပျင်းလို့ဘဲဖြစ်ဖြစ် ဘယ်တော့မှ copy မလုပ်မိပါစေနဲ့။ တို့ STEEMIT မိတ်ဆွေတွေ နှုတ်ဆက်ထွက်ခွာတာ မမြင်ရက်လို့ပါ။ပေးဆပ်လိုက်ရတာ မတန်ပါဘူး။ဂုဏ်သိက္ခာပါ ထိခိုက်လို့ ဂရုစိုက်ကြပါလို့ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကျန်းမာချမ်းသာကြပါစေ။
Photo- facebook
@mahaw
ဟုတ်ပါရဲ့ ကိုမဟော်ရေ.ကြာလာတော့ ရေးစရာမရှိ ဖြစ်ကုန်ကြသလား တကယ်ဆို ဖြေးဖြေးချင်း ပေါ့နော့😊
အလွယ်လုပ်မိတာ ထင်ပါတယ်။ကျေးဇူးပါညီမ။
မူပိုင်တွေကို ကြိုးစားပီးရေးပါမယ်ဗျ
ယုံပါတယ် ညီ။
ဟုတ်တယ်အစ်ကို အဓိကအချက်ကိုပဲ ထိသွားကြတာပါ။စည်းကမ်းကိုတော့ ဂရုတစိုက်လုပ်ဆောင်သွားကြရမှာပေါ့ဗျာ
မှန်မှန်လေးကြိုးစားရေးရင် ရပါတယ်။ရေးစရာတွေ အများကြီးပါ။ကျေးဇူးပါbro.
ကိုယ့်မှာရှိတဲ့အရည်အချင်းနှင့်ကြိုးစားအားထုတ်တာဘဲကောင်းပါတယ်...
ကိုယ့်ညီမကတော့ ဘယ်တော့မှ Copy မထိပါဘူး။အုမ်းကျူး လေးတွေပါ။
https://steemit.com/myanmar/@chitsone/ekh-ne-myamthi-hihi
Beep bop, this is @pushbot.
I just received a signal from the Mother Ship that you may require a push.
You just got a 8.85% upvote courtesy of @mahaw!
Message from the Mother Ship:
You can earn daily profit by delegating SP to make @pushbot stronger. Delegators receive a share in 95% of the earnings.
10 SP • 20 SP • 50 SP
100 SP • 200 SP • 500 SP
1000 SP • 2000 SP • 5000 SP
Any Other Amount