ဈေးရောင်း ခြင်း အတက်ပညာ
ချစ်ခင်ရပါသော steemit ညီအစ်ကိုမောင်နှမများ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါရစေ။ ဈေးရောင်းခြင်းနဲ့ ပက်သက်ပြီး အနည်းငယ်တင်ပြပါရစေ။ ရောင်းဝယ်မှု ပြုတဲ့နေရာမှာ ကျွန်တော်လေ့လာမိသလောက် ဆိုင်နဲ့ ဝယ်ယူ သူကြား ယုံကြည်မှု အရေးကြီးတယ်။ အိမ်ရဲ့ ဟင်းချက်စရာအတွက် ကျွန်တော်ဘဲ ဈေးသွားသလို အိမ်ဆိုင်ဖွင့်ထားတဲ့အတွက် လိုအပ်တာတွေကို ကျွန်တော်ဘဲ ဝယ်ရတာများပါတယ်။ ဆိုင်ပေါင်းစုံဝယ်ယူရတော့ ဆိုင်တွေရဲ့ သဘောသဘာဝ၊ ဆိုင်ရှင်ရဲ့စိတ်နေစိတ်ထားတွေကို တဖြည်းဖြည်းမြင်လာတယ်။ ဘယ်ပစ္စည်းဆို ဘယ်ဆိုင်က ဈေးကြီးပြီး နောက်တစ်မျိုးကြ ဒီဆိုင်က ဈေးချိုတာတွေ တွေ့လာတယ်။ ဝယ်ယူသူအနေနဲ့က ဈေးသက်သာတာကိုဘဲ ဦးစားပေးမှာဘဲလေ။ ဒီနေရာမှာ ဈေးရောင်းနည်းပညာရဲ့ ထူးခြားချက်တစ်ခု သတိထားမိတယ်။ အစကတော့ သတိထားမိရုံပါ။ နောက်သေချာလေ့လာကြည့်တော့ ထိုနည်းနဲ့ စီးပွားရေးမှာ အောင်မြင်သွားတဲ့ဆိုင်ကို ကိုယ်တွေ့တွေ့ရတော့ ပိုသေချာသွားစေတယ်။
ယခုကျွန်တော်တင်ပြမှာက နည်းစနစ်တွေမပါသလို ထူးခြားမှုကိုတွေ့ရတဲ့ အချက်တစ်ချက် နှစ်ချက်လောက် ကို အလွတ်သဘောပြောဆိုခြင်းပါ။ အထက်ကပြောခဲ့သလို အိမ်ဆိုင်ဖွင့်ထားတော့ တစ်နေ့လိုအပ်ချက်နည်းနည်းပါးပါးကို အင်းတကော်မှာရှိတဲ့ ကုန်စုံဆိုင်တွေမှာ ဝယ်ရတာ။ပဲခူးကိုတော့ လကုန်တစ်ခေါက် သွားဝယ်တယ်။ ကြားထဲလိုအပ်တဲ့ပစ္စည်းကိုအင်းတကော်မှာဝယ်တယ်။ ကျွန်တော်လည်းအစက မိန်းမမှာတဲ့အတိုင်း ဝယ်ပေးတာပါ။ list စာရင်းနဲ့ ပိုက်ဆံယူ၊ဈေးဆိုင်သွား ပစ္စည်းယူ မိန်းမပြန်ပေး။ကယ်ရီသဘောမျိုးပါဘဲ။ ပဲခူးဆို အပြန်မှာ ဘီယာလေးဝင်ချ။အင်းတကော်ဆို လက္ဘက်ရည်ဆိုင် ထိုင်ပေါ့။ မိန်းမမှာတဲ့ဈေးပစ္စည်းပါရင်ပြီးတာဘဲလေ။ လူငယ်လည်းဖြစ် ယောကျာင်္းလေးဆိုတော့ သိပ်အလေးမထားမိဘူး။ ဒါပေမယ့် လုပ်ပါများရင် အလုပ်က သင်တယ်ဆိုတာဟုတ်တယ်ဗျ။ မှာတဲ့ ဈေးပစ္စည်းမစုံရင် ဆိုင်ပေါင်းစုံလိုက်ရှာရတာ။ အဲ့ဒီမှာစတွေ့တာဘဲ။ ဥပမာ ကော်ဖီမစ်တစ်ပါကင်ကို 2700 ၊2600၊2550ဆိုပြီး တစ်ဆိုင်နဲ့တစ်ဆိုင်ဈေးမတူတာ သတိထားမိလာတယ်။ နောက်ပြီး တစ်ခြားကုန်ပစ္စည်းရဲ့ဈေးနှုန်းကိုမေးတဲ့အကျင့်ဖြစ်လာတယ်။ ဘယ်ပစ္စည်းဆို ဘယ်ဆိုင် ဆိုတာကို မှတ်သားပြီး ခွဲခြားဝယ်တတ်တဲ့ အကျင့်ဖြစ်လာတယ်။ တစ်နေ့ ကော်ဖီမစ် တစ်မျိုးဝယ်ဘို့ကျန်နေတယ်။ ကော်ဖီမစ်ဆို ဘယ်ဆိုင်က ဈေးသက်သာတာကို မှတ်ထားတာရှိတယ်။ ဒါပေမယ့် ထိုဆိုင်က လောလောဆယ်နေရာနဲ့ပိုဝေးနေတယ်။ နောက်ပြီး တစ်ပါကင်ကို တစ်ရာကွာတယ်။နည်းနည်းဝယ်ရင်သိပ်မထူးဘူးလေ။ သုံးပါကင်ဝယ်မှ သုံးရာဘဲကွာမှာ ။ဒါပေမယ့်ကျွန်တော့်ခေါင်းထဲမှာတော့ တစ်ပါကင် ၂၆၀၀ဆိုင်နဲ့ ၂၇၀၀ဆိုင် ဘယ်လောက်ဝေးဝေး ၂၆၀၀ဆိုင် သွားဝယ်ချင်တယ်။ဒါနဲ့ သွားဝယ်ဖြစ်တယ်။ ပြီးတော့ လက်ဘက်ရည်သောက်ပြီးပြန်လာရင်း အတွေးတစ်ချက်ဝင်မိတယ်။ ဈေးသက်သာလိုက်တာက ၃၀၀ကျပ်တည်း ငါ သောက်လိုက်တာက ၇၀၀ကျပ်။ ဒီဆိုင်ကိုဝယ်ဖြစ်တာ ၄၀၀တောင်ရှုံးသေးလို့ ကိုယ်ဘာသာတွေးရင်းပြုံးမိတယ်။ ဒါဆို ဒီဆိုင်ကိုဘာကြောင့်လာရသလဲဆိုတာ တဖြည်းဖြည်းသတိထားမိလာတယ်။ အပြင်မှာကြိုက်သလောက်သုံးချင်သုံးပေမယ့် ဈေးရောင်းဈေးဝယ်မှာကျတော့ ၅၀ ၁၀၀က အစ မြင်တယ်။ ဈေးမသိရင် ကိစ္စမရှိပေမယ့် ဈေးသိရင် ၅၀လေးကွာတာတောင် မဝယ်ချင်တော့ဘူး။စိတ်ထဲမှာကို မဝယ်ချင်တာ။ စီးပွားတွက် တွက်တာမဟုတ်သလို ၅၀ ၁၀၀ကို မြင်လို့မဟုတ်ဘူး။ နောက်ပိုင်း ဘာဖြစ်လာလဲဆိုတော့ ဈေးသက်သာတဲ့ဆိုင်ကို ယုံကြည်မှုပါတိုးလာတယ်။ ဈေးသက်သာတယ်ဆိုတာလည်း အများကြီးမဟုတ်ပါဘူး။ ပါးပါးလေးကွာတာပါ။ဒါပေသိဝယ်သူအနေနဲ့က ဈေးချိုတာကိုအဓိကမြင်ပြီး နည်းနည်းလေးသက်သာတာကိုသတိမထားပါဘူး။ဒီဆိုင်က ဈေးချိုတယ် ဈေးမှန်တယ်လို့ ဝယ်သူ ခေါင်းထဲရောက်တာနဲ့ ပင်တိုင်ဖောက်သည်ဖြစ်သွားပြီ။ ကျွန်တော့် ကိုယ်တွေ့နဲ့ ပြောပြတာပါ။
ထိုနည်းနဲ့ မျက်စိအောက်မှာဘဲ ကြီးပွားသွားတဲ့ ဆိုင်အကြောင်း ပြောပြဦးမယ်။ထိုဆိုင်ကကွမ်း ကွမ်းသီးနဲ့ ကွမ်းနဲ့ဆက်စပ်ပစ္စည်းတွေရောင်းတယ်။ နေရာက main လမ်းမပေါ်မဟုတ်ဘူး။လမ်းသွယ်မှာ ။ဆိုင်ခန်းကျဉ်းကျဉ်လေးကို ငှားဖွင့်ရတာ။တဖြည်းဖြည်းဆိုင်လေးက အင်းတကော်ရဲ့ကွမ်းဒိုင်ဖြစ်လာတယ်။ ဈေးကို အတက်နိုင်ဆုံးချတယ်။ တစ်ဖြည်းဖြည်းအင်းတကော်ဈေးကွက်ကို သူကိုင်နိုင်လာတယ်။ 92တို့ ကွမ်းယာဆေးဘူးတွေဆိုလည်းပဲခူးဈေးအတိုင်းရောင်းပေးတယ်။ အင်းတကော်ရဲ့ ဈေးဆိုင်တွေအကြောင်း နည်းနည်းရှင်းပြမယ်။ အင်းတကော်ဈေးကွက်ကို ပဲခူးက ဝယ်တာများတယ်။ လှည်းကူးထောက်ကျန်ကလည်း ဝယ်ပါတယ်၊ဒါပေမယ့်ကုန်ပစ္စည်းနည်းပါတယ်။ ပဲခူးရဲ့ဈေးနှုန်းက အဓိက ဆိုပါစို့။ အင်းတကော်မှာရှိတဲ့ ကုန်စုံဆိုင်အကြီးတွေက ပဲခူးကဈေးကားမှာပြီး အမြတ်နည်းနည်းတင်ရောင်တာပေါ့ဗျာ။ တစ်ဆိုင်နဲ့တစ်ဆိုင်သိပ်မကွာပေမယ့်ယောင်ယောင်လေးကွာတာတွေတော့ရှိတယ်။ အစောကတင်ပြခဲ့တဲ့ဆိုင်က ပဲခူးဈေးအတိုင်း ရောင်းပြီး ပါးပါးလေးဘဲ အမြတ်ယူတယ်။နည်းနည်းနဲ့ မျာများရောင်းတဲ့နည်းနဲ့သွားတယ်။ အမြတ်များများယူပြီး နည်းနည်းရောင်းရတဲ့သူတွေ အ ကုန်တော့တာပါဘဲ။ ဖောက်သည်ရဲ့ ယုံကြည်စိတ်ချမှုကိုတည်ဆောက်တယ်။ အမြတ်plan ချထားပြီး ကုန်ပစ္စည်းတိုင်းကို ထိုစနစ်အတိုင်းကျင့်သုံးတယ်။ ကျွန်တော် ဆိုတစ်ခြားကုန်းပစ္စည်းဈေးနှုန်းသိချင်ရင် သူ့ဈေးနှုန်းနဲ့ယှဉ်ကြည့်လိုက်တယ်။ ပဲခူးမှာ ဈေးအတက်အကျကို ချက်ချင်းသိတယ်။ဆိုလိုချင်တာက ဖောက်သည်တစ်ယောက်ဟာ သူယုံကြည်ပြီဆိုရင် ထိုဆိုင်ကိုဘဲဝယ်ချင်တော့တယ်။ ကျွန်တော်ဆို ခဏခဏ ကြုံဖူးလို့ ထိုအချက်ကို ပိုပြီးသတိထားမိတယ်။ ဟောအခုဆိုရင် main လမ်းမမှာမြေကွက်ဝယ်ဆိုင်ဆောက်ပြီး အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းဖြစ်နေပြီ။ နှစ်အပိုင်းအခြားလေးက လက်တစ်ဘက်တောင်မပြည့်တဲ့အချိန်တိုအတွင်း လုပ်ပြသွားတာ အားကျမိတယ်။ အင်းတကော်မြေဈေးက မိုးထိတော့မယ်၊mainလမ်းမဆို ပိုဆိုး။ဒါကိုဝယ်ပြီးလုပ်နိုင်တယ်ဆိုတော့ ကျွန်တော် တော်တော်လေး သဘောကျသွားတယ်။ သူတို့က အညာသားလင်မယား၊နေတာထိုင်တာလည်း ရိုးတယ်၊ဆိုင်သစ်ဖွင့်ပြီးတောင် ဆိုင်ဟောင်းသေးသေးလေးကို ဆက်ငှားပြီး ဆိုင်ဖွင့်ထားတုန်း။ စီးပွားရေးအကွက် မြင်မှုကတော့ လေးစားစရာ။
နောက်တစ်ခုတင်ပြချင်တာက ကျွန်တော်တို့ လူမျိုးတွေက ဈေးရောင်းရင် အဖြစ်ရောင်းတာများတယ်။customerကို သိပ်ဂရုမစိုက်ဘူး။ စိတ်လည်မရှည်ချင်ဘူး။အရောင်းဝန်ထမ်းတွေဆို ပိုဆိုးသေး။ပြီးတော့နာပူးတယ်၊ ဆဲဆိုတာတွေ ညည်းညူတာတွေ ကြားရတော့ ဝယ်ယူသူက အာရုံနောက်တယ်။သူ့ဝန်ထမ်း ၊သူ့မိသားစုဝင်ကို ပြောတာမှန်ပေမယ့် သွားဝယ်တိုင်းဖြစ်နေတော့ မဝယ်ချင်ကြတော့ဘူး။ ကိုယ်တွေ့လေး ပြောပြမယ်။ မနက်ဈေးဝယ်သွားပြီဆို တစ်ခါတလေ နန်းကြီးသုပ်စားဖြစ်တယ်။ စားနေကြ ဆိုင် သွားစားဖြစ်တာပေါ့။ဆိုင်ကအိမ်ဆိုင်ဆိုတော့ အဒေါ်ကြီးနဲ့ သူ့သမီးမိသားစုရှိတယ်။သွားစားတိုင်း အမေနဲ့သမီး ရန်ဖြစ်နေတယ်။ အဲ့ဒါမနက်စောစောနော်၊သူ့သမီးမရှိရင် တစ်ယောက်တည်း တဗြစ်တောက်တောက် ပြောတယ်။ ကြည့်လိုက်ရင်စိတ်ကြည်ကြည်လင်လင်ရောင်းနေတာကိုမတွေ့ဖူးဘူး။ နောက်တော့ ကျွန်တော် ထိုဆိုင်ကိုမသွားတော့ဘူး။ အာရုံနောက်လို့။
ဈေးရောင်းရင်လည်း အထက်မှာကျွန်တော်ပြောခဲ့တဲ့ အချက်တွေကို သတိထားပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
MSC - 228
@mahaw
ဒီပိုလ့်လေးဖတ်ပြီး အထည်စမ်းရောင်းကြည့်အုံးမယ်
လုပ်ကြည့် ညီမ။အသိတစ်ခုတော့ တိုးတာပေါ့။
nice .
Thank for your comment.
ဈေး ရောင်းတာ ဝါသနာပါရင် ကျွန်တော့်ကို ဆက်သွယ်စေချင်...
ကျွန်တော်က ဈေးရောင်းခြင်းဖြင့် အသက်မွေးဝမ်းပြုဘို့ စဉ်းစားထားတာ။ဘယ်လို ဆက်သွယ်ရမလဲ ကိုဟိန်း။
ဟုတ်တယ်နော့...ဈေးရောင်းရာမှာလည်းcoustmerလာချင်အောင်ဆိုင်ရဲ့ဝန်ဆောင်မှုရှိဖို့လိုအပ်တယ်....ဖော်ရွေမှုကအစပေါ့...
မှန်ပါတယ် ညီမ ။ကျေးဇူးပါနော်။
သူများအိတ်ကပ်အတွင်းမှပိုက်ဆံကိုယ့်ဆီရောက်လာဖို့ကြည်ဖြူစွာယူတတ်ဖို့လာပါသည်
ဟုတ်ကဲ့ လေ့လာသင်ယူပါ့မယ်အန်တီ။
အရမ်းကောင်းတဲ့တင်ပြမှုလေးပါ
ကျေးဇူးပါ bro.
ကျော်တို့ကတော့ အဲ့တိုင်းပဲ ဟိဟိ
ဟုတ်လို့လား ကိုကြီးရယ်။
ဈေးရောင်းချင်ပါသော်လည်း အကြွေး မတောင်းချင်သော အခါ😁
ဝန်ထမ်းတွေက အကြွေးတောင်းရတာ မခက်ပါဘူး မတ်မတ်ကြည်ရယ်။
This post has received a 6.29 % upvote from @boomerang.
ဟုတ်တယ်မျက်နှာကြီးစူပုပ်ပြီးဆောင့်ကြီးအောင့်ကြီးရောင်းတတ်တဲ့ဆိုင်ဆိုအားကိုမပေးချင်တော့ဘူး။
ကိုယ့်ဆိုင်ကို တကူးတက လာအားပေးတာ ကျေးဇူးတောင်တင်ရဦးမယ်။