မီးထိုး‌ပေးဖို့လိုတယ်‌

in #myanmar6 years ago (edited)

FB_IMG_1524973561560.jpg

မင်္ဂလာပါ မိတ်‌‌ဆွေအ‌ပေါင်းတို့။
‌နေ့ရက်‌‌တွေဟာ တစ်‌‌နေ့ပြီးတစ်‌‌နေ့ ကုန်‌ဆုံး‌နေတာ မသိတာ‌ပေမယ့်‌ ‌မွေး‌နေ့ဆိုတဲ့ အချိန်‌သတ်‌မှတ်‌ချက်‌‌လေးက ကုန်‌လွန်‌ခဲ့တာ‌တွေကို သတိ‌ပေး‌နေသလိုပါဘဲ။ ‌သြော်‌ လာမည့်‌ စက်‌တင်‌ဘာ (၁) ရက်‌‌နေ့ဆို ‌မွေး‌နေ့‌ရောက်‌ပြန်‌ပြီ။ ‌မွေး‌နေ့‌ရောက်‌ပြီဆိုရင်‌ ဖြစ်‌တတ်‌တာ‌လေးတစ်‌ခုရှိတယ်‌။ ဒီနှစ်‌‌တော့ ငါ ဘုရားတရား‌လေးလုပ်‌ဦးမှ၊ ပြီးခဲ့တဲ့တစ်‌နှစ်‌လုံး ဘာမှထိထိ‌ရောက်‌‌ရောက်‌ မလုပ်‌ဖြစ်‌ဘူး။ ‌နေ့တိုင်း တရားထိုင်‌ဖို့ plan ချရမယ်‌။ ငါလုပ်‌မှဖြစ်‌‌တော့မယ်‌ဆိုတဲ့ အ‌တွေးက ‌မွေး‌နေ့‌ရောက်‌တိုင်း ‌တွေးဖြစ်‌တယ်‌။ ပထမ‌တော့ မှန်‌မှန်‌‌လေး လုပ်‌ဖြစ်‌‌ပေမယ့်‌ ကြာရင်‌ ပျက်‌တာချည်‌ပါဘဲ။ ဟိုအ‌ကြောင်းပြ ဒီအ‌ကြောင်းပြနဲ့ ဆက်‌မလုပ်‌ဖြစ်‌‌တော့ဘူး။ ဒီလိုဘဲ ‌မွေး‌နေ့‌ရောက်‌ရင်‌ လုပ်‌ပြန်‌ပြီ ။ကိုယ့်‌ကိုကိုယ်‌လည်း အားမရပါဘူး။ ပြီးမှကုန်‌ခဲ့တဲ့ အချိန်‌‌တွေကို နှ‌မြော‌နေမိတယ်‌။ ငါသာ ခုချိန်‌ထိ ပုံမှန်‌လုပ်‌ဖြစ်‌ရင်‌ ‌တော်‌‌တော်‌အကျိုးရှိ‌နေပြီလို့ ‌နောင်‌တ‌တွေရ။လုပ်‌လားဆို‌တော့လည်း မလုပ်‌။ ကျွန်‌‌တော်‌ အဖြစ်‌က ရယ်‌စရာချည်‌‌နော်‌။

download (1).jpeg
crd.org.source
ဒီနှစ်‌လည်း ကြိမ်းထား‌သေးတယ်‌။ တစ်‌ခါတ‌လေ စဉ်းစားကြည့်‌မိတယ်‌ ၊ လုပ်‌သင့်‌မှန်းလည်းသိတယ်‌၊လုပ်‌လည်းလုပ်‌ချင်‌တယ်‌ ဒါ‌ပေမယ့်‌ ဘာ‌ကြောင့်‌ ပျက်‌ပျက်‌သွားတာကို ပါ။တစ်‌ခုပိုသတိထားမိတာက ရက်‌ပျက်‌တာနဲ့ ‌နောက်‌‌နေ့ဆက်‌ပျက်‌ဖို့ ရာခိုင်‌နှုန်းများ‌စေတယ်‌။ သုံး‌လေးရက်‌‌လောက်‌ ဆက်‌ပျက်‌ပြီဆိုရင်‌‌တော့ မလုပ်‌ဖြစ်‌ဖို့ များသွားပြီ။ ဒီလို‌နေရင်းနဲ့ တရားစာအုပ်‌ဖြစ်‌‌စေ ၊ တရား‌တော်‌နား‌ထောင်‌မိတယ်‌ဖြစ်‌‌စေ ၊ တရားအလုပ်‌လုပ်‌သူနဲ့ ‌ဆွေး‌နွေးဖြစ်‌တယ်‌ ဖြစ်‌‌စေ စသဖြင့်‌ ထိုအချိန်‌မျိုး‌တွေကျ တရားထိုင်‌ချင်‌စိတ်‌ ပြန်‌ဖြစ်‌လာ‌ရော။ ထိထိမိမိမလုပ်‌ဖြစ်‌တာပါသလို တင်းတင်းရင်းရင်းမလုပ်‌နိုင်‌တာလည်းပါ ပါတယ်‌။ အကျင့်‌ကနည်းပါး‌တော့ ဘာမှဖြစ်‌ဖြစ်‌‌မြောက်‌‌မြောက်‌မရှိဘူးဖြစ်‌‌နေတယ်‌။ လူတစ်‌‌ယောက်‌မှာ ‌စေ့‌ဆော်‌စိတ်‌ဟာ အလွန်‌‌အ‌ရေးကြီးပါတယ်‌။ မပျက်‌မီးထိုးနိုင်‌မှ တန်‌ကာကြတယ်‌။ ကျွန်‌‌တော်‌ဖြစ်‌‌နေတာ‌တွေက ‌စေ့‌ဆော်‌မှုအားနည်းလို့ ပျက်‌‌တောင်းပျက်‌‌တောင်းဖြစ်‌‌နေတာ။ ‌နောင်‌တဆိုတာ လုပ်‌ခွင့်‌ရတုန်းဘဲ ‌ကောင်းတယ်‌၊ လုပ်‌ခွင့်‌မရမှ ပြုပြင်‌လို့မရမှဆိုရင်‌ စိတ်‌ဆင်းရဲတာဘဲအဖတ်‌တင်‌မယ်‌။ တစ်‌ခါတ‌လေ Steemit မှာ ဘာသာ‌ရေးpost ‌ရေးတယ်‌ဆိုတာ ကိုယ့်‌စိတ်‌ကို ကိုယ်‌မီးထိုး‌ပေး‌နေတာပါ။ ထိုအ‌ကြောင်း‌တွေကို ‌တွေး‌နေခြင်း ‌ရေး‌နေခြင်းအားဖြင့်‌ စိတ်‌ကို‌စေ့‌ဆော်‌တာလည်းဖြစ်‌‌စေတယ်‌။ ‌နောက်‌ပြီး တစ်‌ချက်‌ခုတ်‌ နှစ်‌ချက်‌ပြတ်‌ လည်းဖြစ်‌တာ‌ပေါ့။ steemit အတွက်‌ post လည်းဖြစ်‌တယ်‌ မိမိအတွက်‌လည်းဘာသာ‌ရေးလုပ်‌ဖြစ်‌ဘို့ တွန်းအားလည်းရ‌စေတယ်‌။ ဒါ‌ကြောင့်‌ ကျွန်‌‌တော်‌ ဘာသာ‌ရေးpost မကြာမကြာ‌ရေးခြင်းဖြစ်‌ပါတယ်‌။ ကြွားဝါလိုစိတ်‌ မရှိသလို ဆရာကြီး သ‌ဘောမျိုး‌ရေးသားခြင်းမဟုတ်‌ပါဘူး။ ဒီအရာ‌လေးက ဟင်း‌ကောင်းတစ်‌ခွက်‌လို့ ယူဆရင်‌ မိတ်‌‌ဆွေတို့ကိုလည်း‌ကျွေးချင်‌တဲ့ ‌စေတနာနဲ့ ‌ရေးသားခြင်းပါ။ မိတ်‌‌ဆွေတို့အတွက်‌ ‌ကောင်းကျိုးဖြစ်‌‌ပေါ်‌စေနိုင်‌သလို ကျွန်‌‌တော့်‌အတွက်‌လည်း အကျိုးတရား‌တွေဖြစ်‌‌ပေါ်‌စေပါတယ်‌။
အထက်‌ပါစကားကို ပြန်‌‌ကောက်‌ရရင်‌ ‌စေ့‌ဆော်‌ခြင်းကို ဆက်‌‌ဆွေး‌နွေးချင်‌ပါတယ်‌။ အလုပ်‌တစ်‌ခုကို ‌အောင်‌မြင်‌‌အောင်‌ ပြုလုပ်‌ချင်‌တယ်‌ဆိုရင်‌ ထိုအရာနဲ့ပက်‌သက်‌တဲ့‌စေ့‌ဆော်‌ခြင်း‌တွေ မပျက်‌လုပ်‌‌နေဖို့ လိုပါတယ်‌။ အမြဲactive ဖြစ်‌‌အောင်‌‌ပေါ့။ ‌စေ့‌ဆော်‌တဲ့‌နေရာမှာ သက်‌ရှိဖြစ်‌‌နိုင်‌သလို သက်‌မဲ့လည်းဖြစ်‌နိုင်‌ပါတယ်‌။ ပတ်‌ဝန်းကျင်‌ဟာလည်း‌စေ့‌ဆော်‌မှု တစ်‌ခုပါဘဲ။ MSC chat groupမှာ ဝင်‌ဖတ်‌ခြင်းအားဖြင့်‌ ကိုဟင်‌ရဲ့ အား‌ပေးစကားတစ်‌ခွန်းဟာ steemitကို တက်‌တက်‌ကြွကြွ‌ရေးသားနိုင်‌‌စေသလို‌ပေါ့။ စကားတစ်‌ခွန်း အ‌ကြောင်းအရာတစ်‌ခုဟာ ‌စေ့‌ဆော်‌မှု ဖြစ်‌သွားပြီဆိုရင်‌ ဘဝတစ်‌ခုလုံး‌တောင်‌ ‌ပြောင်းသွားနိုင်‌ပါတယ်‌။ ဒါကိုအကျယ်‌ချဲ့ပြီး ဥပမာပြစရာ‌တောင်‌လိုမယ်‌မထင်‌ပါဘူး။
ကျွန်‌‌တော်‌ဆိုလိုချင်‌တာ ၊အဓိက‌ပြောချင်‌တာဘာလဲဆို‌တော့ မိတ်‌‌ဆွေတို့ ဖြစ်‌ချင်‌တဲ့ ရည်းမှန်းချက်‌‌တွေ ပန်းတိုင်‌‌တွေ ‌အောင်‌မြင်‌‌စေဖို့ ထိုအရာနဲ့ ပက်‌သက်‌တဲ့ ‌စေ့‌ဆော်‌‌သောအရာ‌တွေကို ဖန်‌တီးထားသင့်‌ပါတယ်‌။ ‌စေ့‌ဆော်‌ခြင်းဟာ ဝီရိယကိုတိုး‌စေသလို လုပ်‌သင့်‌လုပ်‌ထိုက်‌တာကို ပြုလုပ်‌နိုင်‌‌စေပါတယ်‌။လမ်းမ‌ပျောက်‌‌အောင်‌ ‌နောက်‌က မီးထိုး‌ပေး‌နေသလိုပါဘဲ။‌လျော့ရဲတဲ့စိတ်‌ကို ရှင်‌သန်‌‌စေနိုင်‌သလို အမြဲတက်‌ကြွမှုဖြစ်‌‌စေပါတယ်‌။comment ‌လေးတစ်‌ချက်‌ဟာ စာကိုကြိုးစား‌ရေးချင်‌စိတ်‌‌ပေါက်‌‌အောင်‌ လုပ်‌‌ဆောင်‌နိုင်‌ပါတယ်‌။

download (2).jpeg
crd.org.source

ဖြစ်‌နိုင်‌ရင်‌ comment‌တွေကို အဖြစ်‌မ‌ရေး‌စေချင်‌ဘူး။ စာ‌ရေးသူရဲ့အတ္တကို‌လေရိုက်‌‌ပေးလိုက်‌ပါ။ သူတစ်‌ရှိန်‌ထိုး တိုးတက်‌သွား‌စေနိုင်‌ပါတယ်‌။ ‌မြှောက်‌ပင့်‌‌ရေးခိုင်းခြင်းမဟုတ်‌ပါ၊ချီးကျူးတတ်‌ဖို့ ‌ပြောတာပါ။ တိုက်‌ရိုက်‌ချီးကျူးတာထက်‌ သွယ်‌ဝိုက်‌ချီးကျူးတာ ပို‌ကောင်းတယ်‌။ မိတ်‌‌ဆွေတို့ ကိုယ့်‌ကိုကိုယ်‌ ပြန်‌သုံးသပ်‌ကြည့်‌ပါ။ မိမိ postတစ်‌ခုတင်‌ပြီးရင်‌ ဘာကိုဦးစား‌ပေးကြည့်‌မိလဲ။voteထက်‌ commentကို ပိုဂရုစိုက်‌ကြည့်‌ကြပါတယ်‌။ ကိုယ်‌လည်းဒီလိုဆိုရင်‌ သူတစ်‌ပါးလည်းဒီလိုဘဲ‌ပေါ့။နည်းသိရင်‌ လူချစ်‌ခင်‌‌အောင်‌လုပ်‌တာ လွယ်‌လွယ်‌‌လေးပါ။ ကိုယ့်‌ဘက်‌က စစ်‌မှန်‌တဲ့ ‌စေတနာ‌ပေးဖို့ဘဲ လိုတယ်‌။ ‌စေ့‌ဆော်‌ခြင်း ‌ပြောရင်းနဲ့ commentအ‌ကြောင်းယိုင်‌သွားတယ်‌။ ဒါကလည်း‌ပြောစရာရှိလို့ပါ။ ချစ်‌ခင်‌တဲ့စိတ်‌နဲ့ ‌ရေးတယ်‌လို့ သ‌ဘောထား‌ပေးပါ။ ဘာလဲဆို‌တော့ ဟိုတစ်‌‌နေ့က post တစ်‌ခုမှာ cm‌တွေက ‌လှောင်‌သလိုဖြစ်‌‌စေတယ်‌။ ကိုယ်‌မကြိုက်‌ရင်‌ ‌ရှောင်‌‌ပေးလိုက်‌၊မ‌ရေးဘဲ‌နေပါ။ စာ‌ရေးသားသူ Active ဖြစ်‌‌နေတဲ့ အ‌ကြောင်းအရာကို ကိုယ့်‌cmက ရိုက်‌ချိုး‌သလိုဖြစ်‌စေရင်‌ မ‌ကောင်းဘူး‌လေ။‌ လူတိုင်းဟာ သူ့ဝါသနာနဲ့ သူ‌ပေါ့ဗျာ။ ကျွန်‌‌တော်‌ခုလို‌ရေးလို့လည်း စိတ်‌မကွက်‌ကြနဲ့‌နော်‌။‌နောက်‌တစ်‌ခုရယ်‌စရာ‌ပြောမယ်‌‌နော်‌။ ကျွန်‌‌တော်‌လည်း ဖြစ်‌တတ်‌ပါတယ်‌လို့ ကြိုပြီး ဝန်‌ခံထားဦးမှ။ postတစ်‌ခုကိုမန့်‌ကြတဲ့‌နေရာမှာ ဘာကိုကြည့်‌ပြီး ဦးစား‌ပေးမန့်‌သလဲဆို‌တော့
၁။postရဲ့‌ခေါင်းစဉ်ကိုကြည့်‌ပြီးမန့်‌ခြင်း‌
၂။နိဂုံးအပိတ်‌စာ‌ကြောင်းကိုကြည့်‌ပြီးမန့်‌ခြင်း
၃။comment‌တွေကိုဖတ်‌ပြီးမန့်‌ခြင်း‌တွေကို ‌တွေ့ရတယ်‌။
အ‌ပေါ်တစ်‌‌ယောက်‌မှားပြီးမန့်‌မိတာနဲ့ ‌နောက်‌မန့်‌‌တွေ တစ်‌စည်‌တစ်‌တန်းကြီး postနဲ့မဆိုင်‌တာကိုလိုက်‌မန့်‌ကြတာ။ရယ်‌စရာအဖြစ်‌‌ပြောတာပါ။ ကျွန်‌‌တော်‌ဖြစ်‌ဖူးပါတယ်‌။ အချိန်‌မရ‌တော့ အမြန်‌မန့်‌ရတာ‌တွေရှိတယ်‌‌လေ။ လာမန့်‌တာဘဲ ‌ကျေးဇူးတင့်‌သင့်‌ပါတယ်‌။ ‌ရယ်‌စရာသ‌ဘောမျိုး‌ပြောတာပါလို့‌ပြောကြားရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။

MSC- 228
@mahaw

Sort:  

ကျွန်တော်တို့ ပုထုဇဉ် လူသားတွေဟာ ကောင်းမှု နဲ့ မကောင်းမှု ဆိုရင် မကောင်းမှုကိုဘက်ကိုသာ အလေးသာနေတာပါ။ဒါကြောင့် ဒီနေ့တော့ အလုပ်အရမ်းများတယ် ပင်ပန်းတယ် စသဖြင့် အကြောင်းပြချက်တွေနဲ့ အချိန်တွေကို ကုန်လွန်နေကြတာပါ။ကျွန်တော်ကိုယ်တိုင်လည်း တရားထိုင်တာကို ကောင်းမှန်းသိသော်လည်း နာရီဝက်..ဆယ့်ငါးမိနစ် စသည်ဖြင့် တက်မလာပဲ အချိန်တောင်လျော့ဆင်းနေတာ ယနေ့အထိ ဖြစ်နေတုန်းပါပဲအစ်ကို။အစ်ကိုမဟော်ပြောချင်တာနဲ့ တစ်ထပ်တည်းပါပဲခင်ဗျာ။
နောက်တစ်ခုက comment လေးပဲဆိုပြီး ပေါ့ပေါ့တန်တန် မထားသင့်တာ သိပ်မှန်ပါတယ်။အသေးအဖွဲ လေးတစ်ခုက အများကြီးပြောင်းလဲ သွားနိုင်တဲ့ သာဓကတွေရှိပါတယ်။ဒါအသေးအဖွဲလေးပါဆိုပြီး ပေါ့ပေါ့တန်တန်လုပ်မိတဲ့ အကျင့် တစ်ခါနှစ်ခါကနေ အကျင့်ဖြစ်ပြီး ပြင်လို့မလွယ်တဲ့အထိ အကျင့်ဖြစ်သွားတာပါ။ကိုမဟော်ရဲ့ postက စေ့ဆော်တိုက်တွန်းထားတာ ကောင်းလွန်းလို့ comment ပေးတဲ့သူတွေ ရေးတာ စာတွေအများကြီးဖြစ်နေပါပြီ။ဒီလောက်နဲ့ပဲ post လေးကို ဂုဏ်ပြုလိုက်ပါတယ်ခင်ဗျာ။လေးစားလျက်။

ကျွန်‌‌တော်‌ cm ကိစ္စအ‌တွေးကို ‌တွေး ဖြစ်‌တာကကိုသန့်‌‌ကျေးဇူးပါ ။ကိုသန့်‌cmတိုင်းက ‌ရေးသားသူကို တန်‌ဘိုးထားမှန်းသိသာ‌စေပါတယ်‌။‌နောက်‌တစ်‌ခုထူး ခြားတာက ကိုသန့်‌cmဟာPostတစ်‌ခုလုံးရဲ့ အနှစ်‌ချုပ်‌ ဖတ်‌ရသလို‌ရေးထားတာ။ကျွန်‌‌တော်‌အားတက်‌တာ အစ်‌ကို့‌တွန်းအား‌တွေ များစွာပါဝင်‌ပါတယ်‌။ကျွန်‌‌တော်‌ကလည်း‌လေးစားလျက်‌ပါ ကိုသန့်‌။

ကိုမဟော်ကတော့ လူတော်တော်များများရဲ့ မနောကိုသိနေသလိုပဲ
ဟုတ်တော့ဟုတ်တယ်ဗျ ကျွန်တော်လည်း တစ်ခါတစ်လေ Post တစ်ခုလုံး အကွက်စေ့ အောင်တော့မဖတ်ဖြစ်ဘူး ဒါပေမယ့် ဆိုလိုတာနားလည်သလောက် ပြန် မန့်တာ
ဒါပေမယ့်သူများမန့် ကြည့်ပြီးတော့ မမန့် တတ်ဘူး😁

အခု post ကို မန့် ရရင် အလုပ်တစ်ခုကို စပြီဆို ဆက်တိုက်လုပ်သွားသင့်တယ်
ရက်ပျက်သွားရင် ကိုမဟော်ပြောသလို လုပ်ဖို့  တော်တန်ဖြစ်မလာ တော့ဘူး
မနည်းပြန်စနေရတယ် ဒါပေမယ့်အကျိုးမရှိတဲ့အလုပ်ဆို ရပ်သင့်တာပေါ့
အဓိက ကတော့ post တင်သူရဲ့ စာကို အလေးထား မန့် ပေးဖို့ ပါပဲ
သူ့ အတွက် ပြီးစလွယ်မန့် တစ်ခု မရစေချင်ဘူးဆိုတဲ့သဘောပေါ့

ကိုမဟော့် post တွေက သင်ကြားရေးနဲ့  ပြုပြင်ရေးပုံစံမျိုးလေးတွေဖြစ်လို့
ဖတ်ရတာ တစ်ချို့ သူတွေအတွက် ကိုးလို့ ကန့် လန့် နိုင်ပေမယ့် သဘာဝကျတဲ့ စကားတွေအများကြီးပါတာမို့ 
ကျွန်တော်တော့ကြိုက်တယ် တော်တန်လူကတော့ ကြိုက်ချင်မှကြိုက်မှာလေ
ဘာပဲဖြစ်ဖြစ် Steemit ညီအကိုမောင်နှမတွေပါပဲဗျာ

အယ်လဲ့ ပိုစ့်တစ်ခုနီးပါးဖဲ😁

ကျွန်တော့်ကို "လျော့ မတွက်ပါနဲ့  လျော့ မတွက်ပါနဲ့ "လို့  မပြောခဲ့ဘူးလား
😁😁😁အယ့်လယ်

ဒီလိုဘဲ‌ပေါ့ ညီရာ၊အားလုံးက ညီအစ်‌ကို‌မောင်‌နှမ‌တွေပါ ။ချစ်‌ချစ်‌ခင်‌ခင်‌ ‌ထောက်‌ ပြရုံပါ။ရယ်‌စရာသ‌ဘောလည်းပါ ပါတယ်‌။ကိုယ်‌လည်း ဖြစ်‌ဖူးပါတယ်‌။

မယ်ကြညိကတော့ ဖတ်ပီးမှပဲ မ့န်ပါတယ် စိတ်ချပါလို့😁

ယုံပါတယ်‌ဗျာ။‌ရေး‌ပေးတာဘဲ ‌ကျေးဇူးအထူးတင်‌ဖို့ ‌ကောင်းပါတယ်‌။

This post has received a 4.15 % upvote from @booster thanks to: @mahaw.

ကျမကတော့ ပိုစ်တစ်ခုတွေ့ရင် ရေးထားတဲ့စာကို လေးစားသမှုနဲ့ပြီးအောင်ဖတ်ပြီးမှ မန့်တာပါ။
ပညာရပ်တစ်ခုကို လေ့လာရင်လဲ စေ့ဆောှ်ုက အရေးကြီးတယ်။ ကိုယ့်ရဲ့သိချင်စိတ်က တွန်းအားဖြစ်စေတယ်လေ

မှန်‌ပါတယ်‌ ညီမ ။‌စေ့‌ဆော်‌စိတ်‌က ထက်‌သန်‌ခြင်းကို ဖြစ်‌‌စေပါတယ်‌။‌ကျေးဇူးပါ‌နော်‌။

Comment တွေကို အဖြစ် မရေးချင်ပါဘူး
အဖြစ် ရေးထားတဲ့ comment တွေကိုလည်း reply မပြန်ချင်ပါဘူး။
တကယ်တော့ ကြိုက်မှပေး ဆိုရင်တော့ ....
မကြိုက်လည်းပေး ကြိုက်လည်းပေးက အချိန် မလုံလောက်မှုမှာ
စာ သေချာ မဖတ်ဘဲ အဖြစ် ပေးမိကြတော့တာပါပဲ
ဘယ်သူ့ ဘယ်သူ အပစ်တင်လို့လည်း မကောင်းပါဘူး
စည်းကမ်း က အဖြစ် ပေးဖို့လောက်ပဲ သတ်မှတ်နိုင်တာကိုး
Quality ကွာလတီ ဘာလဲ ကွာလတီရယ်...
မူက အရေးမကြီးဘဲ လူက အရေးပါသကိုး...
လူခင်ရင် ပြီးပြီ ဆိုတဲ့သဘော ...
ပုဂ္ဂိုလ်ခင်ရင် တရားမင်တဲ့ သဘော...
ကောင်းသည် ဆိုးသည် ဤနှစ်လီ လူခင်ရင် ကျေနပ်သလော...

တကူးတက ‌ရေးသွားတာကို အ ပြစ်‌တင်‌စရာမရှိပါဘူး။အဓိကေ ပြာချင်‌တာက Cmတစ်‌ချက်‌ဟာ စိတ်‌ခွန်‌အားတိုး‌စေတယ်‌ဆိုတာပါဘဲ ။အထက်‌မန့်‌ကိုကြပြီး မန့်‌တယ်‌ဆိုတာက ရယ်‌စရာသ‌ဘော ‌ပြောတာပါ။‌ကျေးဇူးပါ ကိုဟိန်း။

ခုချိန်ထိတော့ လုံးစေ့ပတ်စေ့ဖတ်ပြီးမှပဲ သေသေချာချာမန့်ဖြစ်ခဲ့တာချည်းမို့ ကိုယ်ကိုယ်တော့ ကျေနပ်မိသား...။ အားထုတ်ရေးထားတဲ့ပို့စ်တွေဆိုတာ ဖြစ်ပေါ်လာလို့ လွယ်တဲ့ကိစ္စမှမဟုတ်ဘဲလေ...။ တချို့အပြုအမှုတွေဆိုရင် အကျင့်လေးဖြစ်လာတဲ့အထိ စေ့ဆော်မှုလေးထားပြီး ကျင့်ယူဖို့လိုတယ်ဆိုတဲ့ message လေးရလိုက်တယ်..။

‌ကျေးဇူးပါညီမ။အ ပြစ်‌တင်‌ခြင်း မဟုတ်‌ပါဘူး။တစ်‌ခါ‌တ‌လေကျ အချိန်‌မအားတာရှိ‌သေးတယ်‌‌လေ။အကြံပြုစကား‌ပြောဆို ခြင်းသက်‌ကသက်‌ပါ။

ပညာသားပါတဲ့မန့် တွေဖတ်ရင်း " ဟင်း " ကနဲသက်ပြင်းချပြီး ငါအများကြီးသင်စရာတွေရှိပါသေးလားလို့  ကိုယ့်ကိုယ်ကိုမှတ်ချက်ချ ကုတ်ကုတ်လေးပြန်ထွက်ခဲ့ပါတယ် ။

ဟားးး! ‌ရေးတတ်‌ပါ‌ပေ့။ဟုတ်‌ပါပြီ‌ဗျာ။‌ကျေးဇူး ‌ကျေးဇူးပါ။

comment ‌‌‌ ‌‌‌‌‌‌‌ ‌‌‌‌‌
ဟုတ်တယ်ဗျ

ဟုတ်‌ပါတယ်‌ ဦး‌ရေ၊အား‌ပေးစကားဟာ ခွန်‌အား‌တွေ ဖြစ်‌‌စေပါတယ်‌။

ဟုတ်​ပါတယ်​...commentဖတ်​ရတာလည်းကိုယ့်​အတွက်​အင်​အားဖြစ်​​စေပါတယ်​...

စိတ်‌ခွန်‌အား‌တွေ ဖြစ်‌‌စေလို့ပါ။‌ကျေး ဇူး ညီမ။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63630.04
ETH 2656.44
USDT 1.00
SBD 2.81