‌ပေါင်းသင်းဆက်‌ဆံ‌ရေးအတွက်‌ ကိုယ်‌ချင်းစာတရား

in #myanmar7 years ago

အားလုံး မင်္ဂလာအ‌ပေါင်းနဲ့ ခ‌ညောင်းနိုင်‌ပါ‌စေ။
အခုအချိန်‌မှာ Steemit ညီအစ်‌ကို‌မောင်‌နှမများ အားလုံး ‌ပျော်‌ရွှင်‌‌နေမယ်‌လို့ ယုံကြည်‌ပါတယ်‌။ ကျွန်‌‌တော်‌တို့ရဲ့ steemit အ‌ပေါ် ယုံကြည်‌မှုမှသည်‌ ‌ပျော်‌ရွှင်‌မှုဆီသို့ ကူး‌ပြောင်းလာ‌နေပါပြီ။ ဒိထက်‌လည်း ‌ပျော်‌ရွှင်‌ရဦးမှာပါ။
FB_IMG_1524973561560.jpg

ဒီတစ်‌ပတ်‌postကို ‌ပေါင်းသင်းဆက်‌ဆံ‌ရေးအ‌ကြောင်း အနည်းငယ်‌တင်‌ပြပါရ‌စေ။ ‌ပေါင်းသင်းဆက်‌ဆံ‌ရေးနဲ့ ပက်‌သက်‌ပြီး ကျမ်း‌ပေါင်းများစွာရှိပါတယ်‌။ အ‌နောက်‌တိုင်းစာ‌ပေနဲ့ အ‌ရှေ့တိုင်းစာ‌ပေမှာ‌ကော ရှူ့‌ထောင့်‌အမျိုးမျိုး ၊နည်းလမ်းအဖုံဖုံ ‌ရေးသားထားတာ‌တွေ အများကြီးပါ။ ဘယ်‌‌လောက်‌များများ အနှစ်‌ချုပ်‌လိုက်‌ရင်‌ တစ်‌ခုတည်းပါ။ ဘာလဲဆို‌တော့ ကိုယ်‌ချင်းစာတရားပါ။ သူ့‌နေရာမှာ ငါသာဆိုရင်‌ ဆိုတဲ့စာသားဟာ ‌ကောင်းမွန်‌‌သော ‌ပေါင်းသင်းဆက်‌ဆံ‌ရေးရဲ့ အသက်‌ပါ။ ‌ပြောရမယ်‌ဆိုရင်‌ ကိုယ်‌ချင်းစာတရား ဟာ ‌တော်‌‌တော်‌ကျယ်‌ပြန့်‌ပါတယ်‌။
FB_IMG_1524970217208.jpg

မိတ်‌‌ဆွေတို့ကို ကျွန်‌‌တော်‌တစ်‌ခု‌လောက်‌ ‌မေးပါရ‌စေ။ သီလကို ဘယ်‌လိုမြင်‌လဲ၊ ဘယ်‌လိုခံယူထားလဲ‌။သီလရဲ့အဓိပ္ပာယ်‌ဟာ ကိုယ်‌နဲ့နှုတ်‌ကို ထိန်းသိမ်းတာကို သီလလို့ အဘိဓာန်‌မှာ ဖွင့်‌ဆိုထားပါတယ်‌။ သီလနဲ့ ကိုယ်‌ချင်းစာတရားဟာ တကယ်‌တမ်းအတူတူဘဲဗျ။ ကိုယ့်‌ကို သူတစ်‌ပါးလာသတ်‌ရင်‌ မကြိုက်‌သလို သူတစ်‌ပါးကိုအသက်‌ကို မသတ်‌‌စေချင်‌တာ၊ ကိုယ့်‌ပစ္စည်း သူတစ်‌ပါးခိုးတာ မကြိုက်‌သလို သူတစ်‌ပါးပစ္စည်းကို မခိုး‌စေချင်‌တာ ၊ကိုယ့်‌လင်‌ကိုယ့်‌မယားကို သူတစ်‌ပါးပြစ်‌မှားတာ မကြိုက်‌သလို ကိုယ်‌ကလည်း သူတစ်‌ပါးမယားကို မကျူးလွန်‌‌စေချင်‌တာ ၊ကိုယ့်‌ကိုလိမ်‌တာ မကြိုက်‌သလို သူတစ်‌ပါးကိုလည်း မုသားမသုံး‌စေချင်‌တာပါ။ ယစ်‌မူး‌စေတက်‌‌သောအရက်‌တို့သည်‌ အသိစိတ်‌ ၊ကိုယ်‌ချင်းစာစိတ်‌တို့ကို ‌ပျောက်‌‌စေ‌သောစိတ်‌ရိုင်းတို့ ဝင်‌‌စေ‌သော‌ကြောင့်‌‌ရှောင်‌ခိုင်းတာပါ။ ကိုယ်‌ချင်းစာစိတ်‌‌ပျောက်‌ရင်‌‌တော့ ဘယ်‌အမှားမျိုးမဆို ကျူးလွန်‌ဘို့ ဝန်‌မ‌လေး‌တော့ဘူး‌ပေါ့။ ကိုယ်‌ချင်းစာတရား ပြည့်‌ဝ‌သောသူ၊ ကိုယ်‌ချင်းစာစိတ်‌ရှိတဲ့သူဟာ ‌ပေါင်းသင်းဆက်‌ဆံ‌ရေး ‌ကောင်းမွန်‌သလို ၊သီလလည်း ပြည့်‌ဝပါတယ်‌။

FB_IMG_1524970025624.jpg

ငါသည်‌ ချစ်‌ဖွယ်‌‌သောစကားကို ကြားချင်‌တယ်‌။ ချီးကျူးတာကို ကြိုက်‌တယ်‌။ ငါ့အကျိုးကိုလုပ်‌‌ဆောင်‌‌ပေးသူကို နှစ်‌သက်‌တယ်‌။‌ပြောရမယ်‌ဆိုရင်‌ အများကြီးမလို့ အနှစ်‌ချုပ်‌ဘဲ ‌ပြောပါ့မယ်‌။ ငါ ဆိုတဲ့ အတ္တ‌လေးကို ‌လေရိုက်‌ခံချင်‌တာဗျ။ ဒီစကားလုံးဟာ ‌ဒေးကာနက်‌ဂျီ ‌ပြောခဲ့တဲ့စကားပါ။ ‌ပေါင်းသင်းဆက်‌ဆံ‌ရေး ‌ကောင်းတဲ့သူ‌တွေက ဒီအချက်‌ကို မိမိရရအသုံးချသွားတာ။ ပြုံးပါတို့ ၊နား‌ထောင်‌‌ကောင်းသူဖြစ်‌ပါ‌စေတို့ ၊လူတစ်‌‌ယောက်‌အမှားကို ‌ချောင်‌ပိတ်‌ဖမ်းသလို ‌ထောင့်‌ကျဉ်းကျဉ်းကို ‌ရှောင်‌ပါဆိုတာ‌တွေဟာ ကိုယ်‌ချင်းစာတရား‌ ပါဘဲ။

FB_IMG_1524970016269.jpg

postတင်‌ပြီးရင်‌ ငါ့ကို ဘယ်‌သူcomment လာ‌ရေးမလဲ ‌စောင့်‌ကြည့်‌ချင်‌လို့ replied ကို ဖွင့်‌ရတာအ‌မော။ ဘယ်‌သူလာ vote မလဲ ဆိုပြီး steem nowကို နှိပ်‌လွန်းလို့ ဖုန်းပျက်‌မှာ‌တောင်‌ ‌ကြောက်‌ရတယ်‌။ သူများpost ကြ ဖတ်‌‌တောင်‌မဖတ်‌ချင်‌ကြဘူး၊မန့်‌ချင်‌သလို မန့်‌ကြတယ်‌။ တစ်‌ချို့များ ‌တော်‌‌တော်‌ရီရတယ်‌ဗျ၊ postကို မဖတ်‌ဘဲ ‌အောက်‌ကcomment ‌တွေ လိုက်‌ဖတ်‌ပြီး သူက comment လိုက်‌‌ရေးတယ်‌။‌ရှေ့တစ်‌‌ယောက်‌ အလွဲ‌ရေးပြီး မန့်‌တာကို ‌နောက်‌ကလူ‌တွေ ထိုcommentနှင့်‌အဓိပ္ပာယ်‌ခပ်‌ဆင်‌ဆင်‌လိုက်‌‌ရေးကြတာ ‌တွေ့ဖူးတယ်‌ဗျ။ ကျွန်‌‌တော့Postမှာ မဟုတ်‌ပါဘူး ။ အခြားလူ post မှာပါ။ မ‌ဟော်‌က‌တော့ ‌ပေါင်းသင်းဆက်‌ဆံ‌ရေး ‌ခေါင်းစဉ်‌တပ်‌ပြီး သူက‌တော့ ‌အပြစ်‌တင်‌မှု‌တွေ ‌ရေးချ‌နေတယ်‌လို့ မမြင်‌‌စေချင်‌ပါဘူးဗျာ။ ကိုယ်‌ချင်းစာတရားကို သိသာ‌အောင်‌ ‌ဖော်‌ပြခြင်းသာ ဖြစ်‌ပါတယ်‌။
FB_IMG_1524969996037.jpg

ဒီ‌လောက်‌ဆိုရင်‌ ကိုယ်‌ချင်းစာ‌တရားရဲ့ တန်‌ဘိုးကို သိ‌လောက်‌ပါပြီ။မိဘနဲ့သားသမီး ၊ ညီအစ်‌ကို‌မောင်‌နှမအချင်းချင်း ၊ဆရာနဲ့တပည့်‌ ၊မိတ်‌‌ဆွေအချင်းချင်း ၊အလုပ်‌ရှင်‌နဲ့ အလုပ်‌သမား ၊ ရာထူးကြီး ရာထူးငယ်‌ အစရှိသဖြင့်‌ လူသားအချင်းချင်း ဆက်‌ဆံ‌ရေး‌တွေမှာ ကိုယ်‌ချင်းစာတရား လက်‌ကိုင်‌ထားကြဘို့ တိုက်‌တွန်းလိုပါတယ်‌။ ‌နောက်‌ဆုံး ‌မေတ္တာထားတာ ၊‌မေတ္တာပွားတာဟာလည်း ကိုယ်‌ချင်းစာတရားကို အ‌ခြေခံတာပါဘဲ။ ကိုယ်‌စိတ်‌ချမ်းသာချင်‌သလို သူတစ်‌ပါးကို စိတ်‌ချမ်းသာ‌စေချင်‌တာ ၊ကိုယ်‌ကျန်းမာချင်‌သလို သူတစ်‌ပါးကို ကျန်းမာ‌စေချင်‌တာဟာ ‌မေတ္တာလို့သတ်‌မှတ်‌‌ပေမယ့်‌ ကိုယ်‌ချင်းစာတရားပါဘဲ။
ထို့‌ကြောင့်‌ ကျွန်‌‌တော်‌အပါအဝင်‌ Steemit ညီအစ်‌ကို‌မောင်‌နှမများအားလုံး ကိုယ်‌ချင်းစာတရား လက်‌ကိုင်‌ထားကြပါစို့။

photo- facebook
MSC - 228
@mahaw

Sort:  

လူတိုင်းကို 'သူ့နေရာမှာငါသာဆိုရင်' ဆိုတဲ့စိတ်လေးနဲ့သာလူတိုင်း ခံစားကြည့်တက်မယ်ဆိုရင် ကမ္ဘာလောကကြီးက နိဗ္ဗာန်ဘုံတစ်ခုအလား

မှန်‌တာ‌ပေါ့ အစ်‌ကို ‌တော်‌‌တော်‌ ‌အေးချမ်းကြမှာပါ။

ဟုတ်​ကဲ့...သူ​နေရာမှာငါသာဆို...ဒီလို​လေး​တွေးလိုက်​ရင်​​ပြောချင်​၊ပြုမူချင်​တာ​တွေကကိုယ့်​ဘာသာထိန်းပြီးသားဖြစ်​သွားတာမျိုး​ပေါ့​နော့....ကိုယ်​ချင်းစာတရားထားသင့်​ပါတယ်​...

လူတိုင်း ကိုယ်‌ချင်းစာတရား ရှိကြပါတယ်‌။ နည်းတာ များတာဘဲ ကွာတာပါ။အဓိက က သတိ‌လေးထားပြီး အသိဝင်‌ရင်‌ အတိုင်းအတာတစ်‌ခုထိ ကိုယ်‌ချင်းစာတရားဟာ တိုးတက်‌လာမှာပါ။‌ကျေးဇူးပါညီမ။

အလုပ်ထဲမှာတော့ ကိုယ့်ကိုကိုယ်အထိခိုက်ခံ
အပြောဆိုခံပြီး ကိုယ်ချင်စာတရားထားခဲ့ပါတယ်
ဒါမေမဲ့ ပြန်တုန့်ပြန်တဲ့လူတော်တော်ရှားပါတယ်

ရင်‌ဖွင့်‌ချင်‌ရင်‌ ‌ပြောခဲ့ပါအစ်‌ကို‌ရေ။ဘယ်‌အရာမဆို တူ‌သော အကျိုးခံစားရမှာပါ။

You got a 50% upvote from @aungzawhtwe courtesy of @mahaw ! its cool fee free .

‌ကျေးဇူးပါကို‌ထွေး။

အရမ်းဖတ်လို့ကောင်းပြီး အသိတစ်ခုရင်ထဲတိုးသွားပါတယ်

‌ကျေးဇူးပါ ၊‌ရေးရကျိုးနပ်‌တာ‌ပေါ့ဗျာ။

ကိုယ်ချင်းစာတရားလေးရှိရင် အားလုံးဟာ လှပနေမှာပါ😊😊

သိပ်‌မှန်‌တဲ့ စကား‌ပေါ့ အစ်‌ကို‌ရေ။

သီလ ဆိုတာ ကိုယ်ချင်းစာတရားပဲ ဆိုတာလေးရယ်... မေတ္တာ ထားတာလည်း ကိုယ်ချင်းစာတရားအခြေခံပဲဆိုတာလေး...မှတ်သားရပါတယ်အစ်ကို။

‌စေ့‌စေ့‌တွေးကြည့်‌ရင်‌ ထင်‌ရှားပါတယ်‌။‌ကျေးဇူးပါ bro.

မေတ္တာတရားဟာ အလွန်ချိုမြိန်သော အဟာရတစ်ခုပါဘဲ အစ်ကိုရယ်

အမြဲစားသုံးနိုင်‌ပါ‌စေ။‌ကျေးဇူးပါ ညီ။

လူမှန်​ရင်​ကို​ယ်​ချင်းစာ တရားရှိမှ လူပီသတာ

သူက အဓိကဘဲ‌လေ။‌ကျေးဇူးပါ ကိုယုဇန။

သတိထားပြီး ကိုယ်​ချင်းစာတရား တိုးလာ​အောင်ကျင့်​​ဆောင်​ပါမယ်​အစ်​ကို။

အ‌ကောင်းဆုံး လုပ်‌ရပ်‌ပါညီ။‌ကျေးဇူးပါ။

Coin Marketplace

STEEM 0.16
TRX 0.17
JST 0.029
BTC 69643.76
ETH 2515.47
USDT 1.00
SBD 2.56