‌လေ့လာခြင်း

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ မိတ်‌‌ဆွေအ‌ပေါင်းတို့။ တရားရှူမှတ်‌ရာမှာ ပင်‌တိုင်‌ကမ္မဌာန်းနဲ့ ပက်‌သက်‌ပြီး ‌ဆွေး‌နွေးတင်‌ပြပါရ‌စေ။ ဝိပဿနာရှူတဲ့‌နေရာမှာ သမထလို အာရုံတစ်‌ခုတည်း ငြိမ်‌‌အောင်‌ထားတာမဟုတ်‌ဘဲ ‌ပေါ်ရာထင်‌ရှားရာသိမှတ်‌ရတာပါ။ဒါ‌ပေမယ့်‌ ကိုယ်‌အာသန်‌ရာကို ပိုပြီး‌စောင့်‌ကြည့်‌‌လေ့ရှိပါတယ်‌။ အာသန်‌ရာဆိုတာ ကိုယ်‌မှတ်‌ရတာ အဆင်‌‌ပြေတာ ၊ထိုအာရုံ‌ပေါ်ကို အချိန်‌မ‌ရွေးထားကြည့်‌ရှူနိုင်‌တာကို ဆိုလိုတာပါ။ လုပ်‌ပြီးသိမှတ်‌၊စာထဲကအတိုင်းလိုက်‌သိမှတ်‌‌နေရင်‌ လိုရင်းသ‌ဘောကို ထိမိနိုင်‌မှာမဟုတ်‌ပါဘူး။
‌‌ဒေသနာ‌တော်‌နဲ့ လုပ်‌ငန်းပိုင်း ကွာဟချက်‌မရှိ‌ပေမယ့်‌ ‌ဒေသနာ‌တော်‌ဟာစာလို‌ရေးရတဲ့အတွက်‌ တစ်‌ခုပြီးမှတစ်‌ခု‌ရေးရ‌တော့ တစ်‌ဆင့်‌ပြီးမှတစ်‌ဆင့်‌လို့ ထင်‌‌နေကြတယ်‌။ ‌နောက်‌ပြီး စာသ‌ဘောမှာသီလ သမာဓိ ပညာလို့ ‌ရေးထား‌ပေမယ့်‌ လုပ်‌ငန်းခွင်‌မှာကြ သမ္မာဒိဌိကို ‌ရှေ့ဆုံးမှာထားရပါတယ်‌။ပထမဦးဆုံး အမြင်‌မှန်‌ အသိမှန်‌ဘို့ အရင်‌လုပ်‌ရပါတယ်‌။အာရုံ‌တွေကို လက်‌ရှိ‌စောင်‌ကြည့်‌‌နေတဲ့အတွက်‌ စိတ်‌ဟာဘယ်‌မှမ‌ရောက်‌ဘဲ သီလလုံခြုံ‌နေပါတယ်‌။ ‌စောင့်‌ကြည့်‌တာများလာရင်‌ ဥပမာစာရတို့အပ္ပနာတို့လို သမာဓိမရ‌တောင်‌ ဝိပဿနာကိုရှူလို့ရတဲ့ခဏိကသမာဓိ‌တော့ရပါတယ်‌။
77.jpg

crd.org.source

ပင်‌တိုင်‌အာရုံ၊ပင်‌တိုင်‌ကမ္မဌာန်းအာရုံအ‌ကြောင်းကို ပြန်‌‌ကောက်‌ရရင်‌တစ်‌ချို့က စိတ်‌ကိုမှတ်‌ရတာအာသန်‌တယ်‌၊တစ်‌ချို့က ခံစားမှုကိုအာသန်‌တယ်‌။မှတ်‌တယ်‌၊‌စောင့်‌ကြည့်‌တယ်‌၊ရှူမှတ်‌တယ်‌၊သတိထားတယ်‌ ၊သိတယ်‌ စသဖြင့်‌ အ‌ခေါ်အ‌ဝေါ်ကွဲ‌ပေမယ့်‌ လိုရင်းကအတူတူပါဘဲ။ ကျွန်‌‌တော်‌က ဝင်‌‌လေထွက်‌‌လေ မှတ်‌ရတာအာသန်‌တယ်‌။ဒီလို‌ပြောလို့လည်း ကျွန်‌‌တော့်‌ကို အမြဲအားထုတ်‌‌နေတယ်‌လို့ မထင်‌ပါနဲ့။ မဖြစ်‌မ‌နေ လုပ်‌ရမယ့်‌အရာလို့ သိထား‌ပေမယ့်‌ ‌လေ့လာဆဲပါ။ စရဏပိုင်းအားနည်း‌နေပါ‌သေးတယ်‌။ဘာသာ‌ရေးအသိကို အရမ်းလိုချင်‌‌ပေမယ့်‌ ဘာသာ‌ရေးစာအုပ်‌တစ်‌အုပ်‌ပြီး‌အောင်‌ဖတ်‌ဖြစ်‌ဘို့ မလွယ်‌ဘူး။ ပွင့်‌လင်းစွာ‌ပြောရရင်‌ ဘာသာ‌ရေးစာအုပ်‌တစ်‌အုပ်‌ပြီး‌အောင်‌ မဖတ်‌နိုင်‌‌သေးဘူး။ ဖတ်‌ရင်းဖတ်‌ရင်း‌ခေါင်း‌တွေမူးလာတယ်‌။ ဉာဏ်‌မမှီ‌တော့နားမလည်‌ ၊နားမလည်‌ဘဲဖတ်‌‌တော့ ပျင်းလာတာ‌ပေါ့။ဘယ်‌‌လောက်‌ဘဲခက်‌ခဲသိမ်‌‌မွေ့ပါ‌စေ နားလည်‌‌အောင်‌‌တော့ ကြိုးစား‌လေ့လာမယ်‌လို့ ဆုံးဖြတ်‌ထားတယ်‌။ မြတ်‌စွာဘုရားက ဘာကို‌ပြောချင်‌တာလဲဆိုတာ အရိတ်‌အမြွတ်‌‌လောက်‌‌တော့ သိထားသင့်‌တယ်‌။
ဝင်‌‌လေထွက်‌‌လေလို့ ‌ပြောလိုက်‌ရင်‌ သမထပါလို့ ‌ပြောချင်‌‌ပြောကြပါလိမ့်‌မယ်‌။အာနာပါနဟာ သမထ‌ရောဝိပဿနာ‌ရော ဖြစ်‌တယ်‌ဆိုတာ ‌နောက်‌အလျင်းသင့်‌မှဘဲရှင်းပြပါရ‌စေ။‌လော‌လောဆယ်‌ကျွန်‌‌တော်‌လိုချင်‌တာ ၊မိတ်‌‌ဆွေတို့ကို‌ပေးချင်‌တာက ပထမအဆင့်‌အ‌နေနဲ့ Mindfullness‌ခေါ် စိတ်‌နှလုံး‌အေးချမ်းမှု ၊ချမ်း‌မြေ့မှု၊စိုးရိမ်‌ပူပန်‌ခြင်းကင်းမှု၊ စိတ်‌‌သောက‌တွေပယ်‌‌ဖျောက်‌မှုစသဖြင့်‌ စိတ်‌ချမ်းသာစွာနဲ့ ဘဝကို ‌လျှောက်‌လှမ်း‌စေချင်‌တာပါ။အထက်‌ပါအ‌ကြောင်းအရာ‌တွေလိုချင်‌ရုံ‌လောက်‌ဆို သမထနည်း‌လောက်‌ဘဲကျင့်‌ ကြံရင်‌ရပါတယ်‌။ သမထ‌ခေါ်အာရုံတစ်‌ခုတည်းတည်‌ငြိမ်‌‌အောင်‌ထားနိုင်‌ရင်‌ နိဝရဏ‌တွေအနည်‌ထိုင်‌‌စေလို့ပါဘဲ။နီဝရဏဆိုတာ စိတ်‌ညစ်‌ညူး‌ကြောင်းတရား‌တွေပါဘဲ။ ဒါဆို ဝိပဿနာအ‌ကြောင်းဘာလို့‌ပြောလဲဆိုရင်‌ တဖြည်းဖြည်းနားရည်‌ဝ‌အောင်‌‌ပြောဆို‌နေခြင်းဖြစ်‌ပါတယ်‌။နီဝရဏကိုပယ်‌သတ်‌နိုင်‌တာက ဝိပဿနာဘဲရှိပါတယ်‌။ ‌နောက်‌ပြီး အမြင်‌မှန်‌သွားရင်‌ နှလုံးသွင်းမှုအပိုင်းမှန်‌သွား‌တော့ ‌တော်‌‌တော်‌တန်‌တန်‌‌လောကဓံ‌လောက်‌‌တော့ ရင်‌ဆိုင်‌‌ကျော်‌လွှားနိုင်‌တာ‌ပေါ့ဗျာ။ အကျင့်‌ပါ‌သောအသိဖြစ်‌ဘို့ အသိပါ‌သောအကျင့်‌တရားပိုင်းကို နားရည်‌ဝ‌အောင်‌‌ပြောဆို‌နေခြင်းဖြစ်‌ပါတယ်‌။
ပင်‌တိုင်‌ဆိုတဲ့ ‌ဝေါဟာရအတိုင်း အ‌နေများရင်‌ ထားပါမျာရင်‌ ပင်‌တိုင်‌လိုချည်‌တိုင်‌လို ဖြစ်‌လာပါတယ်‌။ထုံ‌နေ‌အောင်‌လုပ်‌ဘို့လိုပါတယ်‌။ ‌နောက်‌ဆို ကိုယ်‌ကအားမစိုက်‌ရဘဲ သတိထားတတ်‌တဲ့စိတ်‌‌လေးဖြစ်‌လာမှာပါ။

FB_IMG_1504290530686.jpg
crd.org.source

ဝိပဿနာအ‌ကြောင်းက ‌ပြောရရင်‌ အရမ်းသိမ်‌‌မွေ့တယ်‌။ အလွယ်‌နားလည်‌‌အောင်‌‌ပြောရရင်‌ အရာဝတ္ထုတစ်‌ခု ‌စောင့်‌ကြည့်‌‌နေတယ်‌ဆိုပါစို့။ ကြည့်‌ရှူသူအ‌နေနဲ့လည်းဘာမှမ‌ဝေဖန်‌မသုံးသပ်‌ပါနဲ့။ထိုအရာဝတ္ထုတစ်‌ဖြည်းဖြည်း‌ပြောင်းလဲသွားတာကိုဘဲ ‌စောင့်‌ကြည့်‌‌နေပါ။ ‌ပြောင်းလဲ‌တော့မယ်‌စိတ်‌နဲ့လည်းကြိုမကြည့်‌ပါနဲ့။ ‌ပြောင်းလဲမှာဘဲအသိစိတ်‌နဲ့‌စောင့်‌ကြည့်‌‌တော့ ‌ပြောင်းလဲသွားတဲ့သ‌ဘော‌လေးကို မမြင်‌လိုက်‌ကြဘူး‌လေ။ကြွတယ်‌လှမ်းတယ်‌ချတယ်‌ မှတ်‌တဲ့‌နေရာမှာ ကြွတယ်‌လှမ်းတယ်‌ချတယ်‌ဆိုတဲ့စကားလုံးကိုအာရုံ‌ရောက်‌‌နေရင်‌ ကြွတာကလှမ်းတာ‌ပြောင်းလဲသွားပုံသ‌ဘော ၊လှမ်းတာက‌နေ ချတာ‌ပြောင်းလဲပုံသ‌ဘောကို မြင်‌ဘို့ ခဲယဉ်းတယ်‌။၊‌ပြောင်းလဲသွားတဲ့ သ‌ဘော၊‌ဖောက်‌ပြန်‌သွားတဲ့သ‌ဘောကို သိဘို့လိုရင်းပါ။ ခ‌လေး‌တွေစာစသင်‌‌တော့ ဖား‌အောက်‌‌တောရကို ဖဝထုပ်‌‌ရေးချာ ဝတ်‌ဆံနှစ်‌လုံး‌ပေါက်‌ဖား ၊သ‌ဝေထိုးအ‌ရေးချာ‌ကသတ်‌‌အောက်‌ ဖား‌အောက်‌လို့ဖတ်‌ခဲ့သင်‌ခဲ့‌ပေမယ့်‌ ‌နောက်‌ပိုင်းစာဖတ်‌တတ်‌လာရင်‌ ကြီးလာရင်‌ အဲ့ဒလိုမဖတ်‌‌တော့ပါဘူး။ ဖား‌အောက်‌လို့ တန်းဖတ်‌လိုက်‌တာပါဘဲ။ ဒီလိုဘဲ ကမ္မဌာန်းဆရာက အစပထမ နားလည်‌လွယ်‌‌အောင်‌ သင်‌‌ပေးတဲ့ စကားလုံး‌တွေကို လိုက်‌ရွတ်‌‌နေရင်‌ လိုရင်းကိုထိမှာမဟုတ်‌ဘူး‌လေ။၊ဝင်‌တယ်‌၊ထွက်‌တယ်‌၊ဝင်‌တယ်‌ထွက်‌တယ်‌လို့ လိုက်‌ရွတ်‌ဆို လိုက်‌‌တွေး‌နေရင်‌ ရုပ်‌တရား‌တွေရဲ့ ‌ဖောက်‌ပြန်‌ပုံသ‌ဘောကို မြင်‌ဘို့ခဲယဉ်းတာ‌ပေါ့။အထက်‌ကစာသင်‌ခဲ့တဲ့ဥပမာအတိုင်းဘဲဝင်‌တယ်‌ ထွက်‌တယ်‌ဆိုတာထက်‌ ဝင်‌သ‌ဘော ထွက်‌သ‌ဘောကို အာရုံပိုစိုက်‌ပါမိတ်‌‌ဆွေ။‌စောင့်‌ကြည့်‌နည်းမှန်‌ရင်‌ပွတ်‌တိုက်‌တာများလာရင်‌‌ပြောင်‌လက်‌လာသလိုရုပ်‌သ‌ဘောနာမ်‌သ‌ဘော‌တွေကို ကိုယ်‌ပိုင်‌သိ‌တွေဖြစ်‌‌ပေါ်လာမှာပါ။ကျွန်‌‌တော်‌ဆိုလိုတာ ကမှားတယ်‌လို့‌ပြောခြင်းမဟုတ်‌ပါဘူး။အခုမှစအားထုတ်‌သူ‌တွေ စိတ်‌ထဲကရွတ်‌ဆိုသင့်‌‌ပေမယ့်‌သမာဓိအား‌ကောင်းလာရင်‌ မဆိုတာ‌ကောင်းပါတယ်‌။ သူငယ်‌တန်းစာဖတ်‌နည်းကို အထက်‌တန်း‌ရောက်‌တဲ့အထိမဖတ်‌ကြဘို့ပါ။မြတ်‌စွာဘုရားသိ‌စေချင်‌တဲ့ လိုရင်းသ‌ဘောကို သိ‌စေဘို့ အဓိကပါ။သူငယ်‌တန်းကို ဆရာ‌တွေက သူငယ်‌တန်းလိုဘဲသင်‌ရမှာဘဲ‌လေ။ ယခု‌ခေတ်‌အ‌ခေါ်အ‌ဝေါ်နဲ့ဆိုရင်‌ ကျွန်‌‌တော်‌တို့က KGအဆင့်‌ဘဲရှိပါ‌သေးတယ်‌။ တဖြည်းဖြည်း သိလာအာင်‌ ကြိုးစားကြရ‌အောင်‌လို့ ‌ပြော ကြားရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။မိတ်‌‌ဆွေများအားလုံး ကျန်းမာချမ်းသာကြပါ‌စေ။

MSC -228
@mahaw

Sort:  

အကျိုးရှိတဲ့ အကျိုးပြု ရေးသားမှုတွေပါ
အောင်မြင်ပါစေဗျာ

‌ကျေးဇူးပါအစ်‌ကို‌ရေ။အစ်‌ကို‌တွေကအား‌ပေး‌တော့ ဝမ်းသာတာ‌ပေါ့ဗျာ။

ကျနော်လည်း မူကြို အဆင့်ပဲရှိသေးတယ် 😆

အတူတူပါဘဲကိုလွမ်းရာ။‌ကျေးဇူးအစ်‌‌ကို။

အမှန်အတိုင်းပြောရရင် မန့် ဖို့ ကို မမန့် တတ်တော့ဘူးအကို
ဥာဏ်မမီတာလည်း ပါပါတယ်

အဓိက စိတ်ကို တည်ငြိမ်အောင် ဆောက်တည်ပြီးကျင့်ကြံရမယ်လို့ ထင်မိပါတယ်

အစ်‌ကိုလည်း ဘယ်‌လို ပြန်‌‌ပြောရမှန်း မသိ‌တော့ဘူးညီ။တ ဖြည်းဖြည်း ခြင်း ‌လေ့လာကြတာ‌ပေါ့။အခု အစ်‌ကို‌ရေးထားတာက ဘာမှမဟုတ်‌‌သေးပါဘူး။

စိတ်ကို သတိကပ်ပြီး အလုပ်လုပ်တာတောင် တချက်တချက်လွတ်ထွက်သွားတယ်

လွတ်‌ထွက်‌တာသိရင်‌ကို ဟုတ်‌‌နေပါပြီ။

ဝိပဿနာ အတွက် အရာဝတ္တုတစ်ခုကို ဥပမာပေးပြီး ရှု့မှတ်ခိုင်းထားတာလေးကို ရှင်းပြထားတာ အရမ်းကောင်းတာတွေ့ရပါတယ်။ဝတ္တုအပေါ်မှာ ဝေဖန်လိုက်တာနဲ့ တဏှာကပ်ပါလာပြီး အမှားဘက်ဦးတည်သွားမှာကိုလည်းထောက်ပြထားတာတွေ့ရပါတယ်။အမှန်တစ်ကယ် ရှု့မှတ်ရမယ့် ပြောင်းလဲသွားတဲ့ သဘောကို သတိနဲ့ကပ်ပြီး သိနေဖို့ကျင့်ကြံရမယ်ဆိုတာကို ထိရောက်ပေါ်လွင်အောင် ရှင်းပြထားတာ အားလုံးအတွက် အကျိုးရှိစေပါတယ်။ကောင်းမွန်လှသော post တစ်ခုပဲဖြစ်ပါတော့တယ်အစ်ကို။လေးစားလျက်

‌ကျေးဇူးပါကိုသန့်‌။သူ့သ‌ဘောကို‌သေချာ‌စောင့်‌
ကြည့်‌တာများလာရင်‌ အရာအားလုံးနဲ့ မလွတ်‌တဲ့ လက္ခဏာ၃ပါးကို မြင်‌လာပါတယ်‌။တစ်‌ခု မြင်‌ရင်‌ ၃ ခုလုံး မြင်‌လာပါတယ်‌။ဝိပဿနာရဲ့လိုရင်းက လက္ခ ဏာ၃ ရပ်‌ မြင်‌ဘို့ဘဲ။‌လေးစားလျက်‌

ပထမမှာ​တော့စိတ်​တည်​ငြိမ်​​အောင်​အ​လေ့အကျင့်​လုပ်​ပြီး​နောက်​ပိုင်းအလိုလိုတည်​ငြိမ်​သွားတဲ့သ​ဘော​ပေါ့​နော့....

သမာဓိ‌ကောင်းရင်‌‌ကောင်းသလို စိတ်‌တည်‌ငြိမ်‌လာမှာပါ။အရှိန်‌ရ‌အောင်‌မြဲလုပ်‌ဖြစ်‌ဘို့လိုတယ်‌။

သိပ်ကောင်းပါတယ်
သာဓု သာဓု သာဓုပါ
နေ့ရက်တိုင်းမှာချမ်းမြေ့ပါစေ သားလေး

‌ကျေးဇူးပါအန်‌တီ။

စိတ်ဆိုတာ အရမ်းကိုပြန့်လွင့်လွယ်ပါတယ်
မူလကမ္မဌာမ်းမှာစိတ်လေးတည်နေဖို့ အလေ့အကျင့်အများကြီးလိုပါတယ်

ဟုတ်‌ကဲ့အစ်‌ကို။

မှန်​ပါတယ်​ ဥပမာ​လေး​တွေ​ပေးသွားတာ သိတ်​​ကောင်းတဲ့အ​ရေးအသားပါ။

‌ကျေးဇူးပါအစ်‌ကိုယု။

စိတ်​ကို ထိန်းနိုင်​ဖို့က ခက်​ခဲ​တော့ မလွယ်​ဘူးဖြစ်​​နေတယ်​ကျမတို့​တော့

အစက‌တော့ ဘယ်‌အလုပ်‌မဆို မလွယ်‌ပါဘူး ။တစ်‌ ဖြည်းဖြည်း အဆင်‌‌ပြေလာမှာပါ။

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 62497.97
ETH 2428.72
USDT 1.00
SBD 2.65