ဓမ္မ

in #myanmar8 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ မိတ်‌‌ဆွေအ‌ပေါင်းတို့။ ကျွန်‌‌တော့်‌ရဲ့ Page ‌လေးတစ်‌ခုနဲ့ မိတ်‌ဆက်‌‌ပေးပါရ‌စေ။ ဘာသာ‌ရေးစာ‌ပေသီးသန့်‌ ပြုစုထားထားတဲ့ page ဖြစ်‌ပါတယ်‌။ ကျွန်‌‌တော်‌ ‌ရေးထားတာ မဟုတ်‌ပါဘူး။ ဖတ်‌ရှူ‌လေ့လာသမျှကို ပြုစုသိမ်းဆည်‌ထားတာပါ။ကုသိုလ်‌‌ရေးမို့ မျှ‌ဝေ ခြင်းပါ မိတ်‌‌ဆွေတို့။page နာမည်‌က ဓမ္မ ပါ။နာမည်‌တူ များ‌တော့ မ‌တွေ့မှာလည်းစိုးရိမ်‌မိတယ်‌။ ရှားကိုး account မှာ share ထားပါတယ်‌။ မ‌ဟော်‌ကြီး accountနဲ့ page ‌ထောင်‌ထားတာပါ။

Screenshot_2018-05-21-15-57-20.png

facebook မှ ကျွန်‌‌တော်‌ဖတ်‌ထားသမျှ ဘာသာ‌ရေးစာ‌ပေများကို ပြုစုသိမ်းဆည်းထားခြင်းဖြစ်‌ပါတယ်‌။

Screenshot_2018-05-21-15-58-17.png

ကျွန်‌‌တော်‌လည်း steemit စလုပ်‌ကတည်းက page ကို မလုပ်‌ဖြစ်‌တာ ၄ လ ရှိပြီ။ facebookကို မသုံး ဖြစ်‌ဘူး။ မ‌ဟော်‌ကြီးaccount ကို မဖွင့်‌ဖြစ်‌‌တော့ pageလည်း မလုပ်‌ဖြစ်‌ဘူး။ ဓမ္မစာ‌ပေ‌တွေ ပြန်‌လုပ်‌ဖို့ စဉ်းစားရင်း မိတ်‌‌ဆွေတို့ကို မျှ‌ဝေချင်‌လို့ ဒီpost‌ရေးလိုက်‌တာပါ။
တရားကို ဘာ‌ကြောင့်‌‌လေ့လာသင့်‌တယ်‌၊ အားထုတ်‌သင့်‌တယ်‌ဆိုတာကို ‌ဆောင်းပါးရှည်‌ ‌ရေးချင်‌ပါ‌သေးတယ်‌။ ‌လော‌လောဆယ်‌အကြမ်းအားဖြင့်‌ ‌ခေါင်းစဉ်‌ ၃ခု နဲ့ ချဉ်းကပ်‌မယ်‌လို့ စဉ်းစားထားတယ်‌။ ‌နောက်‌ပြီး အကျိုးတရားများကို ချပြရင်း ‌ခေတ်‌အမြင်‌ဖြင့်‌ ‌ဖော်‌ပြချင်‌ပါတယ်‌။ ဆိုလိုချင်‌တာက ဘာသာ‌ရေး style မ‌ပေါက်‌ဘဲ life style ပုံစံမျိုး‌ရေးချင်‌တာပါ။ အ‌နောက်‌တိုင်းသု‌တေသနမှတ်‌တမ်း ‌တွေနဲ့ ‌ဖော်‌ပြပါ့မယ်‌။ ဘဝလွတ်‌‌မြောက်‌မှု ထက်‌ လက်‌တ‌လော အကျိုးဖြစ်‌ထွန်းတာကို လက်‌‌တွေ့ ကျကျ ‌ရေးပြချင်‌ပါတယ်‌။ ကိုယ်‌တိုင်‌‌ရေးတယ်‌ဆိုတာထက်‌ data ‌တွေ အချက်‌အလက်‌‌တွေကို စု‌ဆောင်ြး‌ပေးတာဆိုရင်‌ ပိုမှန်‌ပါတယ်‌။ ဘာသာ‌ရေးအချက်‌အလက်‌ ၊သု‌တေသန မှတ်‌တမ်းအချက်‌အလက်‌များက သူ့အတိုင်းဘဲ‌ရေးတာက ပိုအန္တရာယ်‌ကင်းပါတယ်‌။ ကွန့်‌လို့ မသင့်‌‌တော်‌ဘူး‌လေ။ လုပ်‌ချင်‌စိတ်‌ ‌ပေါ်‌အောင်‌သာ အကျယ်‌တဝင့်‌ ‌ရေးသားလို့ ရတာ။
ကျွန်‌‌တော်‌အဓိက ‌ပေးချင်‌တဲ့ massage က ဆင်းရဲသူဘဲ ဖြစ်‌ဖြစ်‌ ချမ်းသာသူဘဲ ဖြစ်‌ဖြစ်‌ ၊ လူကြီးဘဲဖြစ်‌ဖြစ်‌ လူငယ်‌ဘဲ ဖြစ်‌ဖြစ်‌ ၊ ဗုဒ္ဓဘာသာဝင်‌ ဟုတ်‌သည်‌ဖြစ်‌‌စေ မဟုတ်‌သည်‌ဖြစ်‌‌စေ လူသားတိုင်းကို စိတ်‌နှလုံး‌အေးချမ်း‌စေတဲ့နည်း ‌ပေးချင်‌တာပါ။အမြဲ စိတ်‌နှလုံး‌အေးချမ်းစွာ စိတ်‌ကိုထားတတ်‌ရင်‌ သင်‌လူ့ဘဝကို လာရကျိုးနပ်‌ပါပြီ။ စိတ်‌ချမ်း‌မြေ့ခြင်းရဲ့ အ‌ကြောင်းတရား ၊စိတ်‌ဆင်းရဲခြင်းရဲအ‌ကြောင်းတရားများကို အ‌ခြေခံအ‌နေနဲ့ သိထားသင့်‌‌အောင်‌‌ဖော်‌ပြ‌ပေးပါ့မယ်‌။လူ‌တော်‌‌တော်‌များများဟာ ကိုယ်‌ခန္ဓာကို ဂရုစိုက်‌မှု ‌လေ့ကျင့်‌မှု‌တွေ ရှိ‌ပေမယ့်‌ စိတ်‌နဲ့ပက်‌သက်‌ရင်‌ ကြုံသလို ‌ဖြေရှင်းတဲ့နည်းနဲ့ဘဝကို ဖြတ်‌သန်း‌နေကြတာများပါတယ်‌။ စိတ်‌ချမ်းသာချင်‌ကြ‌ပေမယ့်‌ စိတ်‌ချမ်းသာခြင်းရဲ့ အ‌ကြောင်းတရားကို မသိကြဘူး။ ကျွန်‌‌တော်‌တို့ မြန်‌မာလူမျိုး‌တွေ ကံကို အားကိုးလွန်းတဲ့ပုံစံမျိုးဖြစ်‌‌နေကြတာ။ ပညာတို့ စီးပွားဥစ္စာတို့ မရှာ‌ဖွေဘဲ ကံ‌ပေးသ‌လောက်‌ ရမှာပါလို့ သတ်‌မှတ်‌သလို လူ‌တွေ‌တော်‌‌တော်‌များများဟာလည်း စိတ်‌ခံစားမှုကို ကြုံသလို တုံ့ပြန်‌‌နေကြ‌တော့ စိတ်‌အရည်‌အ‌သွေး‌တွေမတိုးတက်‌ဘဲ စိတ်‌ကြံ့ခိုင်‌မှု မပြည့်‌ဝကြဘူး။ ဒီ‌တော့ ဘာ‌တွေဖြစ်‌လာလည်းဆို‌တော့ ‌သေး‌သေးဖွဲဖွဲ‌လေး‌တွေ‌တောင်‌ သည်းမခံနိုင်‌ကြ‌တော့ဘူး ၊ကိုယ့်‌သားသမီး‌တွေ‌တောင်‌ ဆူလွယ်‌‌ငေါက်‌လွယ်‌ ဖြစ်‌လာကြတယ်‌။ ထစ်‌ခနဲဆို ‌ဒေါသက ထွက်‌ချင်‌ပြီ။ဘာမဟုတ်‌တာ‌လေးလည်း ‌ဒေါသကြီး‌နေတတ်‌တယ်‌။ ‌နောက်‌ပြီး စိုရိမ်‌ပူပန်‌မှု များ‌နေတက်‌တယ်‌။ အထီးကျန်‌‌ဝေဒနာ ၊စိတ်‌ကျ‌ဝေဒနာဆိုတာ စိတ်‌ကိုစနစ်‌တကျ မတည်‌‌ဆောက်‌ခဲ့လို့ပါ။ စနစ်‌တကျတည်‌‌ဆောက်‌တယ်‌ဆိုတာ ခက်‌ခက်‌ခဲခဲကြီးမဟုတ်‌ဘူး။ စိတ်‌တည်‌ငြိမ်‌‌အောင်‌ထားတဲ့ အ‌လေ့အကျင့်‌ နဲ့ နှလုံးသွင်းမှု‌လေး မှန်‌ကန်‌ဘို့ဘဲလိုတာပါ။ စိတ်‌တည်‌ငြိမ်‌‌အောင်‌ထားနိုင်‌လာတာနဲ့အမျှ ခန္ဓာကိုယ်‌က အင်‌‌ဒေါ်ဖင်‌တို့ ၊ စိတ်‌နှလုံးကိုအကျိုးပြုတဲ့ ‌ဟော်‌မုန်းတို့ ထွက်‌ရှိလာပါတယ်‌။ ဒီ‌နေရာမှာ ကျွန်‌‌တော်‌တို့ လိုချင်‌တဲ့ စိတ်‌ရှည်‌သည်းခံမှုတို့ ၊စိတ်‌ကြံ့ခိုင်‌မှုတို့ ၊ စိတ်‌နှလုံး‌အေးချမ်းမှုတို့ ဆင့်‌ကဲဆင့်‌ကဲ ဖြစ်‌‌ပေါ်လာပါတယ်‌။ ဝင်‌‌လေထွက်‌‌လေကို သိမှတ်‌‌နေရုံ ၊သတိထား‌နေရုံနဲ့ ထိုအကျိုးတရား‌တွေ ရပါတယ်‌။ ဒါ‌လေးကို ထိထိမိမိ လူသား‌တွေ သိ‌စေချင်‌တာပါ။ စိတ်‌ထားတတ်‌သွား‌အောင်‌ အသိ‌လေး ‌ပေးချင်‌တာပါ။ဘယ်‌အရာမဆို ဖြည်းဖြည်းချင်းကစရတာပါ။ စိတ်‌ဓာတ်‌ရင့်‌ကြက်‌တည်‌ငြိမ်‌ဖို့ ‌လေ့ကျင့်‌မှုနဲ့တည်‌‌ဆောက်‌ရတာပါ။ အသက်‌ကြီးရင်‌ စိတ်‌ဟာအလိုလို မရင့်‌ကျက်‌လာပါဘူး။ အထက်‌မှာေ ပြာခဲ့သလို သူ့ အလိုလို ဖြစ်‌မလာပါဘူး။ ကြုံသလို‌ဖြေရှင်းရင်‌ ၊ကြုံသလိုစိတ်‌ထားရင်‌ ထိုသူရဲ့စိတ်‌ဟာ ‌အေးချမ်းမှုနဲ့ ‌ဝေးကွာ‌နေမှာပါ။
ယ‌နေ့‌ခေတ်‌လို အခက်‌အခဲ‌ပေါင်း‌မြောက်‌များစွာရှိတဲ့ အ‌ခြေအ‌နေမှာ စိတ်‌တည်‌ငြိမ်‌မှု ၊စိတ်‌‌နှလုံး‌အေးချမ်းမှုဟာ ပိုလိုအပ်‌ပါတယ်‌။ မြို့ပြ‌တွေမှာ ပိုသိသာပါတယ်‌။အခ‌ကြေး‌ငွေမကုန်‌ဘဲ အလွယ်‌တကူ ‌ဖြေရှင်းနိုင်‌တာ ဒီတစ်‌နည်းဘဲရှိပါတယ်‌။ တစ်‌ချို့နိုင်‌ငံ‌တွေမှာ ပညာတက်‌‌တွေဟာ meditation နည်းနဲ့ ဘဝကို ဖြတ်‌သန်း‌နေကြပါပြီ။ အထူးသဖြင့်‌ ဂျာမနီမှာ ‌တော်‌‌တော်‌ကျင့်‌သုံး‌နေပါပြီ။ အကျိုးတရား‌တွေကို လက်‌‌တွေ့ ထုတ်‌‌ဖော်‌ ခံစား‌နေပါပြီ။ တို့မြန်‌မာ‌တွေသာ ဘာသာ‌ရေးဟာ ငါတို့နဲ့မဆိုင်‌ဘူး၊ အများ‌ရှေ့မှာ ဘာသာ‌ရေးဟာတင်‌ပြလို့ မ‌ကောင်းဘူး ဆိုတဲ့ အ‌ကြောင်းပြချက်‌‌ပေါင်းများစွာနဲ့ ခုထိ ‌ဝေးကွာ‌နေကြတုန်းပါ။ ဓမ္မဟာ လူသားတိုင်းနဲ့ သက်‌ဆိုင်‌ပါတယ်‌။ စကားလုံး‌တွေ‌ကြောင့်‌ ၊ ပညက်‌‌တွေ‌ကြောင့်‌ ခွဲခြားသတ်‌မှတ်‌မှု‌တွေ မဖြစ်‌သင့်‌ပါဘူး။ ကျွန်‌‌တော်‌ စကားတစ်‌ခွန်းနဲ့ နိဂုံးချုပ်‌ပါ့မယ်‌။
တန်‌ဘိုးသိမှ တန်‌ဘိုးရှိတာပါ မိတ်‌‌ဆွေတို့။ အားလုံး ကျန်းမာချမ်းသာကြပါ‌စေ။

MSC -228
@mahaw

Sort:  

ကျနော်တို့အနေနဲ့ ကိုယ့်လက်ထဲမှာပိုင်ဆိုင်ထားတဲ့ တန်ဖိုးရှိနေတဲ့အရာကို မပျောက်ပျက်အောင် အားထုတ်ထိန်းသိမ်းသင့်တာ အမှန်ပါဘဲကိုမဟော်ရေ

ပထမ ကိုယ့်‌အတွက်‌ အရင်‌လုပ်‌ပါ။ပြီး‌တော့ ‌‌ဝေမျှပါ။

ဒေါသထွက်လာ ရင်တော်၂ထိန်းရခက်နေတာ
ညီလည် လေ့ကျင့်ရအုံးမှာဘဲ

‌ဒေါသထွက်‌‌နေရင်‌ အာရုံေ ပြာင်းလိုက်‌ပါညီ။ စိတ်‌ဆိုတာ တစ်‌ချိန်‌မှာ တစ်‌စိတ်‌တည်း ဖြစ်‌တာဆို‌တော့ နည်းသိရင်‌ လွယ်‌ပါတယ်‌။

ငါ့pageလည်းမကြည့်ဖြစ်တာကြာပြီ
ဖတ်တဲ့လူတော့တော်တော်များတယ်
notifacationမှာပေါ်တယ်

Share ‌ပေးဦး‌လေ။

ကောင်းလိုက်တဲ့အကြံညဏ်လေးပါ။အစ်ကို့ရဲ့ ဓမ္မဆိုတဲ့ အကြောင်းအရာလေးနဲ့ စိတ်နှလုံးအေးချမ်းစွာနေထိုင်ဖို့ တင်ပြမယ်ဆိုတဲ့ ရည်ရွယ်ချက်ဟာ အရမ်းကောင်းမွန်ပြီး အားလုံးအတွက်အကျိုးရှိစေမယ်လို့ ထင်မိပါတယ်ခင်ဗျာ။အားပေးထောက်ခံလျက်

ကျွန်‌‌တော့်‌ရဲ့ ဓမ္မ Page ‌လေးကို ရှာလိုက်‌ဦး‌နော်‌ အစ်‌ကို။

ကျွန်​မမလည်းအဘိဓမ္မာနဲ့ပတ်​သတ်​တဲ့Pageရှိတယ်​ရှင့်

Share ‌ပေးပါဦးညီမ။စုစည်း‌ပေးထား‌တော့ ဖတ်‌ရတာ ပိုအဆင်‌‌ပြေတယ်‌။

ဝင်ဖတ်ပါ့မယ်

‌ကျေးဇူးပါညီမ။

အာ့ကြောင့် ဘုန်းကြီးဝတ်လိုက်ပါတော့လို့

ဘုန်းကြီးမဝတ်‌ခင်‌ ‌လေ့လာထားရတယ်‌‌လေ။

စိတ်​တည်​ငြိမ်​ဖို့ဆိုတာ​လေ့ကျင့်​ယူရတာ​ပေါ့​နော့..

ကိုယ်‌လုပ်‌‌နေတာ သိ‌နေရင်‌ စိတ်‌တည်‌ငြိမ်‌‌စေပါတယ်‌။‌ကျေးဇူးပါညီမ။

အဲ့ဒီpage မှာ အရင်က. ဖတ်ဖူးတယ် 😊😊
ပြန်ကြည့်အုံးမယ် အကိုရေ😊

အသိ‌လေးတိုးရင်‌ ကျွန်‌‌တော်‌ ကုသိုလ်‌ရတာ‌ပေါ့ အစ်‌ကိုရာ။‌ကျေးဇူးပါ ကိုလွမ်း‌ရေ။

နိင်ငံတကာမှာလည်း တိုင်းတစ်ပါးသားတွေက
ဗုဒ္ဒတရားတော်တွေကို
လက်ခံကျင့်သုံးနေကြပါပြီ

အကျိုးတရားကို ကိုယ်‌တိုင်‌ခံစားသင့်‌ပါပြီ ညီ။တကယ်‌‌ကောင်းလို့ တကယ်‌လုပ်‌‌နေကြတာပါ။

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.082
BTC 65704.64
ETH 1794.49
USDT 1.00
SBD 0.43