အထ္ထုပ္ပတ္တိ

in myanmar •  last month

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေ အ‌ပေါင်းတို့။ အချိန်‌ဆို‌သော ယန္တရားကြီးတစ်‌ခုဟာ သမိုင်း‌တွေ အထ္ထုပ္ပတ္တိ‌တွေ ‌မြောက်‌များစွာ ‌ဖော်‌ထုတ်‌‌ပေး‌နေပါတယ်‌။ တစ်‌ခု‌လောက်‌ စဉ်းစားကြည့်‌ရ‌အောင်‌။ ‌နောက်‌ထပ်‌နှစ်‌၅၀‌လောက်‌ ကြာရင်‌ ဘာဖြစ်‌မလဲလို့ ‌တွေးကြည့်‌ရ‌အောင်‌။ ‌သေချာတာက‌တော့ ကျွန်‌‌တော်‌တို့ မရှိ‌လောက်‌‌တော့ဘူး။ ထိုအချိန်‌မှာ ကျွန်‌‌တော်‌တို့ သမိုင်းကို ကျွန်‌‌တော်‌တို့ ထိုးပြီး‌နေပြီ။ ‌ကောင်းတာလား ဆိုးတာလား၊ ဘယ်‌လိုအတိုင်းအတာထိ ဘဝမှာ‌နေထိုင်‌သွားလဲ ၊ သာမန်‌မထင်‌မရှားဘဝနဲ့ ‌နေထိုင်‌သွားသလား ၊ ထင်‌ရှား‌ကျော်‌ကြားတဲ့ ပုဂ္ဂိုလ်‌တစ်‌‌ယောက်‌အ‌နေနဲ့လား ၊ လူသားအကျိုးပြုဘယ်‌လုပ်‌ငန်း‌တွေ လုပ်‌သွားသလဲ ၊ ဆင်းရဲ‌သွားလား ချမ်းသားသွားလား ၊ သင့်‌ရဲ့‌နောက်‌ဆုံး‌နေဝင်‌ချိန်‌ဟာ ဘယ်‌လိုဖြစ်‌သွားလည်းဆိုတာ ထိုအချိန်‌‌လောက်‌ဆိုသိ‌လောက်‌ပြီ။

images.jpeg
crd.org.source

ကျွန်‌‌တော်‌တို့က နှစ်‌၅၀ ကို ‌တော်‌‌တော်‌‌ဝေး‌ဝေး ကြီးထင်‌‌နေကြသလို မိမိကိုယ်‌ကို ဘယ်‌‌တော့မှမ‌သေ‌တော့ဘူးပုံစံနဲ့ သွား‌နေကြတယ်‌။ နှစ်‌၅၀ဆိုတာ ရက်‌‌ပေါင်း ၁၈၀၀၀‌လောက်‌ပါဘဲ။ ကျွန်‌‌တော်‌တို့လို ၄၀ဝန်းကျင်‌သမား‌တွေအ‌တွက်‌ ရက်‌‌ပေါင်း ၁၅၀၀၀ ‌ကျော်‌ဟာ အလွန်‌ဆုံးပါဘဲ။ မိမိကိုယ်‌ကိုမိမိ‌တော့ အလုပ်‌လုပ်‌‌နေတယ်‌လို့‌တော့ ထင်‌‌နေကြမှာပါဘဲ။ လူတစ်‌‌ယောက်‌ရဲ့အ‌ကြောင်းကို ‌လေ့လာကြရင်‌ သူ့ရဲ့ဘဝ သူ့ရဲ့‌အောင်‌မြင့်‌မှု ကို ‌နေဝင်‌ချိန်‌မှာ ဘယ်‌အတိုင်းအတာ‌လောက်‌ထိ ‌ရောက်‌ခဲ့လည်းဆိုတာကို ဦးစား‌ပေး ‌လေ့လာကြတာပါ။ မိသားစု စာဝတ်‌‌နေ‌ရေး ၊ မိန်းမဘယ်‌‌နှစ်‌‌ယောက်‌ယူတယ်‌၊ စသဖြင့်‌ ကိစ္စ‌တွေကို သိပ်‌သတိထားမှတ်‌တမ်းမတင်‌ပါဘူး။ ဥပမာ ဟစ်‌တလာကို ‌လေ့လာတယ်‌ဆိုပါစို့။ သူ့ရဲ့ ဘယ်‌အတိုင်းအတာထိ‌အောင်‌မြင်‌ခဲ့တယ်‌၊ ကမ္ဘာကို ဘယ်‌‌လောက်‌ထိကိုင်‌လှုပ်‌ခဲ့တယ်‌၊ သူ့‌ကြောင့်‌ ‌ကောင်းကျိုးဆိုးကျိုး ဖြစ်‌‌စေခဲ့တာကိုဘဲ ဦးစား‌ပေးမှတ်‌တမ်းတင်‌ပါတယ်‌။ သူ့ရဲ့စားဝတ်‌‌နေ‌ရေးကိုဘယ်‌လိုရပ်‌တည်‌တာ‌တွေ၊ သားသမီး ဘယ်‌နှစ်‌‌ယောက်‌ရှိတာ‌တွေ၊ ဘယ်‌လိုမိန်းမ‌တွေယူတာကို သိပ်‌အ‌လေ့ထားပြီး မ‌လေ့လာပါဘူး။ ဆိုလိုချင်‌တာက ကျွန်‌‌တော်‌တို့ဟာ လက်‌တ‌လော စားဝတ်‌‌နေ‌ရေး ပြဿနာ‌လောက်‌ဘဲ ဘဝကြီးထားပြီး ဘဝကိုဖြတ်‌သန်း‌နေကြတယ်‌။ ကိုယ့်‌သမိုင်းကို ကိုယ်‌ပုံ‌ဖော်‌တာကို ‌မေ့‌နေကြသလို ‌ရေးရ‌ကောင်းမှန်းကို မသိကြ‌တော့ဘူး။ ဒီလို‌ပြောလို့ မိသားစု စားဝတ်‌‌နေ‌ရေးကို ဂရုမစိုက်‌ရဘူးလို့ မထင်‌‌စေချင်‌ဘူး။ ဥပမာ‌ပြောမယ်‌ဗျာ ‌ကျောင်းဆရာတစ်‌‌ယောက်‌ ၊ဝန်‌ထမ်းတစ်‌‌ယောက်‌ ဟာ ‌ကျောင်းဖွင့်‌ရင်‌ ‌ကျောင်းသွားမယ်‌။ အလုပ်‌ကို ‌နေ့တိုင်း အလုပ်‌‌ဆင်းမယ်‌။ ၈း၀၀သွား ၅း၀၀ ပြန်‌လာ၊ လကုန်‌ရင်‌ လစာ နှစ်‌ပဲ‌ခြောက်‌ပြား ထုတ်‌ မိန်းမအပ်‌။ ‌နောက်‌လဆန်းရက်‌ကစပြီး အလုပ်‌ဆင်း လစာထုတ်‌၊ မိန်းမအပ်‌။ ‌တော်‌‌တော်‌များများကို သူတို့တာဝန်‌‌ကျေပြီလို့ ယူဆ‌နေကြသလို သူတို့သမိုင်းအတွက်‌လည်း ဘာမှပြင်‌ဆင်‌ခြင်းမရှိဘူး။ ဘာသာ‌ရေးကို ထဲထဲဝင်‌ဝင်‌လုပ်‌မလား၊ စာ‌ရေးမလား စာဖတ်‌မလား၊ တစ်‌ခုခုတီထွင်‌ကြံဆမလား၊ တစ်‌ခုခုကို‌လေ့လာမလား၊ ကိုယ့်‌ အရည်‌အချင်းကို ဘယ်‌လိုupgrade လုပ်‌ရင်‌‌ကောင်းမလဲ ၊ငါကဘယ်‌ဟာအာသန်‌တယ်‌ ဒါကို တစ်‌စိုက်‌မက်‌မက်‌လုပ်‌မယ်‌စသဖြင့်‌ မိမိကိုယ်‌ကို အမြဲသုံးသပ်‌‌နေသင့်‌တယ်‌။
‌နောက်‌ပြီး steemitမှာ စာ‌ရေး‌နေတာက ကိုယ့်‌အတွက်‌မှန်‌၏ မမှန်‌၏ သုံးသပ်‌ပါ။ အချိန်‌‌တွေ အများကြီး‌ပေးဆပ်‌ရတာ တန်‌သလား ၊မတန်‌ဘူးလား။ ‌ငွေ‌ကြေး‌ကြောင့်‌လား ၊ ကိုယ်‌တိုင်‌က စာ‌ရေးတာဝါသနာပါလို့လား။ မိမိကိုယ်‌ကို အားမနာတမ်း‌သေချာ‌မေးပါ။ သူများလုပ်‌လို့ လိုက်‌လုပ်‌တာ‌တော့ မလုပ်‌ပါနဲ့။ ပန်းချီပညာရှင်‌ကိုအားကျလို့ ပန်းချီဝါသနာမပါဘဲ ပန်းချီဆွဲမ‌နေပါနဲ့။ ကိုယ်‌လိုချင်‌တာက ‌ကျော်‌ကြားမှုလား ပန်းချီပညာလားဆိုတာ ခွဲခွဲခြားခြားသိပါ‌စေ။ ကိုယ်‌ဝါသနာပါရင်‌ ဘယ်‌‌လောက်‌ပဲ ‌မျှော်‌လင့်‌ချက်‌မဲ့‌နေပါ‌စေ ၊‌အောင်‌မြင်‌‌အောင်‌လုပ်‌လို့ရပါတယ်‌။

images (1).jpeg
crd.org.source

ကိုယ့်‌သမိုင်းစာအုပ်‌ကို ဖတ်‌ရှူ့လို့ ဝမ်းစာရှာတာရယ်‌၊စားတာရယ်‌၊ အိပ်‌တာရယ်‌၊ မိန်းမယူတာ‌လောက်‌ဘဲဆိုရင်‌‌တော့ သိပ်‌မ‌ကောင်းဘူးထင်‌တယ်‌။ ကျွန်‌‌တော်‌က‌တော့ ဘ
ယ်‌လို‌နေပါဘယ်‌လို‌ရေးပါလို့ ‌ပြောနိုင်‌စွမ်းမရှိပါဘူး။ အဓိက ကကိုယ်‌သာ ကိုယ့်‌သမိုင်းစာအုပ်‌ကို ဖတ်‌ခွင့်‌ရမယ်‌ဆိုရင်‌ ဘယ်‌လိုပုံစံမျိုးဖတ်‌ချင်‌သလဲ‌ပေါ့‌နော်‌။ ထိုအချိန်‌ကျမှ ငါ့ရဲ့စွမ်း‌ဆောင်‌ရည်‌က ဒါဘဲလားလို့ စုပ်‌တသပ်‌သပ်‌မဖြစ်‌‌စေချင်‌ပါဘူး။‌‌နောက်‌ပြီး သမိုင်းဆိုရင်‌ လူ‌တော်‌‌တော်‌များများက အမြင့်‌ကြီး အကြီးကြီး၊ ဘဝနိဂုံးပြီးမှပုံရိပ်‌လို မြင်‌‌နေကြတယ်‌။ ‌နောက်‌ တစ်‌ခုက နယ်‌ပယ်‌။ နိုင်‌ငံ‌ကျော်‌မှကမ္ဘာ‌ကျော်‌မှ သမိုင်းလို့ ထင်‌‌နေကြပြန်‌‌ရော။ ကိုယ့်‌ရဲ့လုပ်‌ငန်းခွင်‌ field အတိုင်းအတာ၊ ‌ကျောင်းသားဆိုရင်‌ ‌ကျောင်းသားအတိုင်‌အတာ‌ပေါ့။ ဥပမာ သချာင်္ကို‌တော့ ‌မောင်‌‌အေးကိုယှဉ်‌လို့မရဘူး‌ဟေ့။‌မောင့်‌မြင့်‌ကတစ်‌‌ကျောင်းလုံးမှာ အင်္ဂလိပ်‌စာအ‌တော်‌ဆုံးဘဲ။တို့ငယ်‌ငယ်‌တုန်းက ပုံဆွဲ‌တော်‌တာ ‌မောင်‌စိုး‌လေ စသဖြင့်‌ သမိုင်းဆိုတာ ‌နေရာတိုင်းမှာရှိပါတယ်‌။ ‌ပေထက်‌အက္ခရာတင်‌မှမဟုတ်‌ပါဘူး။ အခုဆိုရင်‌ ‌တွေ့ဆုံပွဲ‌တွေလုပ်‌ကြပါတယ်‌။ တစ်‌ချို့ဆို နှစ်‌တိုင်းလုပ်‌တယ်‌။ထိုပွဲ‌တွေမှာ ဟိုတုန်းက ငယ်‌တုန်းက မင်းဘာလုပ်‌‌တာ‌လေ ၊ငါ‌ကောပါတယ်‌‌လေစသဖြင့်‌ အတိတ်‌ကလုပ်‌ခဲ့တာကို ပြန်‌သတိရပြီး‌ပြောကြပါတယ်‌။ ထိုဟာကလည်းသမိုင်းပါဘဲ။ ဘာကိုသတိထားမိ‌စေလဲဆို‌တော့ ငယ်‌ငယ်‌တုန်းက‌တော့ လက်‌ရှိအ‌ခြေအ‌နေမှာ အမှုမဲ့အမှတ်‌မဲ့လုပ်‌ခဲ့တာ‌တွေရှိမယ်‌၊ အပြစ်‌မဟုတ်‌‌လောက်‌ပါဘူးဆိုပြီး လုပ်‌ခဲ့တာ‌တွေရှိမယ်‌ ။ထိုအ‌ကြောင်းအရာ‌တွေ ပြန်‌‌တွေးတာဖြစ်‌ဖြစ်‌ ပြန်‌‌ပြောကြတာဖြစ်‌ဖြစ်‌ ကိုယ်‌ပြုလုပ်‌ခဲ့တာ‌တွေက အမှတ်‌တရအဖြစ်‌ကျန်‌‌စေခဲ့တယ်‌။ ထိုဟာလည်းသမိုင်းပါဘဲ။ ဒီမြို့မှာ‌တော့ ဘာဆိုင်‌ကယ်‌လိုချင်‌လိုချင်‌ ကြွက်‌နီကိုသာ‌မေးလိုက်‌ ရ‌စေရမယ်‌၊ ဖုန်းပြင်‌လို့ ဒီဆိုင်‌မှမရရင်‌ ဒီမြို့မှာ တစ်‌ခြားဆိုင်‌မရှာနဲ့ဟ ဒီဆိုင်‌က အ‌ကောင်းဆုံး ။ ထိုထိုအရာ‌တွေကလည်းသမိုင်းမှတ်‌တိုင်‌ထူတာ‌တွေပါဘဲ။
အဓိက က ကိုယ်‌ဘယ်‌လိုသမိုင်းမျိုး‌ရေးချင်‌လဲ ၊ ဘယ်‌လိုစာလုံးနဲ့ ကမ္ဗည်းထိုးချင်‌လဲ။ ‌ငွေစာလုံး ၊ ‌ကြေးစာလုံး ၊‌ရွှေစာလုံး လား။
ကိုင်း မိတ်‌‌ဆွေတို့ ‌နောက်‌ နှစ်‌၅၀ ကျရင်‌ သမိုင်းစာအုပ်‌‌တွေ လဲဖတ်‌ကြည့်‌ရ‌အောင်‌။ သ‌ဘောရှိ‌ရေး‌ပေ‌တော့ မိတ်‌ဆိုတို့။

MSC-228
@mahaw

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကိုယ့်သမိုင်း ကိုယ်ရေးကြရမှာပါ ကိုမဟော်ရေ အဲဒါတွေနဲ့ပတ်သက်ပြီးလည်း ရေးခဲ့ဘူးပါတယ် ခက်တာက လာကို မဖတ်ကြတာပါပဲဗျာ

·

သိသ‌လောက်‌‌တော့ လမ်း ပြရမှာ ကျွန်‌‌တော်‌တို့ တာဝန်‌‌ပေါ့ ဦးစိုးရာ။

I'm hoping one day I will author better posts. wish me luck!

·

Good luck.l believe.

ဥဥမဟော် ခေးမှာ အမှတ်တရ သမိုင်းတွေ အများကြီးပါပဲ့ ဟိဟိ😊😊😊😂

ဥဥ ခေးရေးချင်တဲ့. ခေးရဲ့သမိုင်းက . Go to sp 1000. 2025ဟိဟိ😂😂😂😋😋😋

·

မြန်‌မြန်‌‌ရောက်‌ ပါ‌စေဗျာ။

ကိုယ့်​သမိုင်းကို ကိုယ်​တိုင်​ ​ရေးကြရ​အောင်​ဗျာ

·

ဟုတ်‌ကဲ့ ကိုလွမ်း‌ရေ။

အသက် ၄၀ ဆိုတော့ အသက်သုံးပုံ နှစ်ပုံတန်းတောင် ရောက်နေပြီပေါ့နော် ဒါပေမဲ့ အနောက်တိုင်းကတော့ ၄၀မှ ဘဝကစတာဆိုတော့ သမိုင်းစာမျက်နှာ အသစ်တွေ စရေးလို့ ရပါသေးတယ်

·

ကြိုးစားပါ့မယ်‌ အရှင်‌ဘုရား။

ဝါသနာပါလို့ လေ့ကျင့်တဲ့ အနေနဲ့ steemမှာ စာရေးပါသည်

·

တစ်‌‌နေ့‌တော့ အကျိုးခံစားရမှာပါ ညီမ။

ကိုရေးတာကို့သမိုင်း ကို့အထ္တုပ္ပတိပေါ့ဗျာ

·

ဟုတ်‌ပါတယ်‌ဗျာ။

ကိုမဟော် အသက် ၄၀ ဝန်းကျင် ရောက်ပြီလား...ကိုယ့်ထက် ငယ်သေး မှတ်နေတာ

·

၄၁ ရှိပြီ ကိုဟိန်း။

သမိုင်းတွေ လဲဖတ်တာထက်
သမိုင်းတွေနဲ့ စကားစမြည် ပြောကြတာပေါ့ နောက် gatheringကြရင်။

·

‌တောင်‌ကြီးကို လာချင်‌ပါတယ်‌ကိုဒွန်‌။ လာ ဖြစ်‌‌အောင်‌ လာမှာပါ ။ဒါ‌ပေမယ့်‌ ရန်‌ကုန်‌မှာလုပ်‌ ဖြစ်‌ဘို့ကြိုးစားမှာ‌နော်‌။ ဟားး !အသိ‌ပေးထားတယ်‌‌နော်‌။

plan တွေဆွဲပီး မလုပ်ဖြစ်တာများနေလို့ အကိုရေ

·

အစ်‌ကိုတို့လည်းဒီလိုပါဘဲကွာ။

ဖြုန်းသုံးဖြုန်းကို အကျိုးရှိရှိအသုံးချဖို့လိုတာပေါ့နော်

·

အဓိက က အချိန်‌မဖြုန်း မိဘို့ပါ။

ငယ်ငယ်ကတော့ ဗိုလ်ချုပ်အောင်ဆန်းလို လူသာသေသွားတယ်။နာမည်မသေတဲ့သူမျိုးဖြစ်ချင်ခဲ့တာ တကယ်ဖြစ်လာတော့ လူသေရင်နာမည်တောင်မေ့ ကုန်မယ့်သူမျိုးပဲဖြစ်လာတယ်။

·

အချိန်‌ရှိသ‌ရွေ့ အခွင့်‌အ‌ရေးရှိပါ‌သေးတယ်‌ ဦးမင်းရယ်‌ ။အဲ့ဒလိုကြီးလည်း မဟုတ်‌ပါဘူး။

ကိုယ့်သမိုင်းကိုရေးကြသူများပေါ့နော့
စိတ်ဝင်စားတာကြောင့်အလုပ်လုပ်ရတာဆိုရင်တော့
ဝါသနာအရင်းခံမို့မပင်ပန်းတော့ဘူးပေါ့။ အလုပ်အကိုင်လည်းပိုမိုတိုးတက်လာနိုင်တာပေါ့။ တစ်ခါတလေကျရင်လည်း ဆန့်ကျင်ဘက်တွေဖြစ်နေတက်ပြန်သေးတယ်။

·

လှပ‌သော သမိုင်း ဖြစ်‌ပါ‌စေ။

လျှောက်ခဲ့တဲ့ လမ်းမှာခြေရာတွေ ထင်ကျန်ခဲ့မှာပါ ဘရို

·

ထိတယ်‌ဗျာ။

ငယ်ငယ်က အထ္ထုပ္ပတ္တိတွေ ပြန်လွမ်းမိပါ၏

·

ဖတ်‌‌ကောင်းမယ်‌လို့ ယုံကြည်‌ပါတယ်‌ညီ‌ရေ။

အဓိကနှင့်သာမညကိုခွဲပြီးplanချကာရှေ့ဆက်နိုင်ရပါမည်ပေါ့