အတွေး

in #myanmar5 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့ ။
သူတစ်ပါးအပေါ် စိတ်ကောင်းလေးမွေးတာတို့  မေတ္တာထားတာတို့ ဟာ တစ်ပါးသူအတွက်လို့ ထင်ရပေမယ့် တကယ်တမ်းတွေးကြည့်ရင် မိမိအတွက်ပါ။ တစ်ပါးသူကို မေတ္တာထားနိုင်တာနဲ့ အမျှ ထားတဲ့သူဟာ စိတ်ချမ်းသာနေပါတယ်။ တစ်ပါးသူကို မနာလိုတာဘဲဖြစ်ဖြစ် စိတ်မကြည် လင် တာဘဲဖြစ်ဖြစ် ထိုသူ့ ကိုမြင်တိုင်း စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ တကယ်တော့ ကာယကံရှင်က ဘာမှမသိသလို ကိုယ့် စိတ်ခံစားမှုက ကိုယ်န့ဲဘဲသက်ဆိုင်ပါတယ်။ ကြိုက်တဲ့မြင်ကွင်းမြင်ရင် စိတ်ချမ်းသာစေပြီး မကြိုက်တဲ့မြင်ကွင်းမြင်ရင် စိတ်ဆင်းရဲစေပါတယ်။ ဒါဟာ ဘာပညာတရားမှမပါတဲ့ လူ့ သဘာဝပါ။ သာမန်လူတိုင်း ဒီလိုဖြစ်နေတာလို့  ယေဘူယျသတ်မှတ်လို့  ရပေမယ့် ကိုယ့်စိတ်ချမ်းသာမှုကို လိုသလို ကိုယ်တိုင်ဖန်တီးနိုင်တဲ့သူဟာ ပညာရှိပါဘဲ။ ကိုယ့်စိတ်ချမ်းသာမှု အေးချမ်းမှုကို ကြိုက်ခြင်း မကြိုက်ခြင်းအပေါ်မှာမထားဘဲ သီးသန့်ထားနိုင်လေ သူ့အဆင့်အတန်းဟာ မြင့်မားလေပါ။

download.jpeg

crd.org.source

လူတော်တော်များများဟာ မိမိရဲ့စိတ်ကို သူတစ်ပါးအပေါ် ရပ်တည်တာများပါတယ်။ ကိုယ့်စိတ်နဲ့ကိုယ်ခန္ဓာ မဖြစ်ကြဘူး။ကိုယ့်ရဲ့စိတ်က သူတစ်ပါးအပေါ်မူတည်ပြီး ပြောင်းလဲနေတော့ စိတ်ချမ်းသာမှုဟာ အာမမခံနိုင်သလို ခိုင်မာမှု မရှိဘူးလို့ လည်း ပြောလို့ ရပါတယ်။ မိမိစိတ်ဟာ သူတစ်ပါးအပေါ်မှာဘဲရောက်နေရင် တစ်ခုခုဒုက္ခပေးတော့မယ်ဆိုတာ သတိထားသင့်ပါတယ်။ကိုယ့်စိတ်ကို ကိုယ်ဘဲ control လုပ်နိုင်အောင် ကြိုးစားရမှာပါ။ သူတစ်ပါးက control လုပ်နိုင်နေသရွေ့  စိတ်မကြည်လင်မှုဟာ ဖြစ်ပေါ်နေနိုင်ပါတယ်။ ဒါကြောင့် ရှေးပညာရှိများက ပြောခဲ့တာ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုဟာ ကိုယ်ထားတဲ့သဘောထားပေါ်မူတည်တယ်လို့  မိန့် ဆိုခဲ့ကြပါတယ်။

images (10).jpeg
crd.org.source

ဥပက္ခာတို့  သည်းခံနိုင်တာတို့ ဟာ အဖိုးတန်ပညာရပ်တွေပါ။ ပြောရမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ skill တစ်ခုပေါ့ဗျာ။သည်းခံနိုင်တဲ့စွမ်းရည်မြင့်လေ တန်ဘိုးမြင့်လေပါ။ ဥပက္ခာလည်း ထိုနည်းအတိုင်းပါဘဲ။ ကိုယ့်သမိုင်း ကိုယ်ရေးတယ် ဆိုပေမယ့် သူတစ်ပါးသမိုင်းတွေ လိုက်ပြုစုသလို ဖြစ်နေကြတယ်။ ကိုယ့်အချိန်တွေကို သူတစ်ပါးအတွက်ပေးနေကြတယ် သူတစ်ပါးအကြောင်းတွေးနေကြတယ်။ ဒါတွေဟာ သူများသမိုင်းရေးနေတာပါဘဲ။ ကိုယ့်စိတ်ကို သူများအရောင်လာဆိုးတာလက်ခံလို့ မဖြစ်ပါဘူး။ ဒါပေမယ် သာမန်လူသားတိုင်းဟာ ဒီလိုဘဲ သူတစ်တစ်ပါးရဲ့လွှမ်းမိုးမှုတွေန့ဲဘဝကို ဖြတ်သန်းနေကြတာပါ။ ကိုယ့်စိတ်န့ဲကိုယ့်ခန္ဓာ ဖြစ်တဲ့ လူတန်းစားက နည်းပါးပါတယ်။ဖြစ်နိုင်ရင် အသေးအဖွဲကိစ္စတွေကို ခေါင်းထဲသိပ်မထည့်ပါန့ဲ။ သူတစ်ပါးကို စိတ်မကြည်လင်တာကိုပြောတာပါ။ နောက်ဆုံးကိုယ့်အပေါ်သူ့ သဘောထားဟာ မကောင်းဘူးဆိုလည်း သူ့ သမိုင်းနဲ့ သူပေါ့။ တစ်စိမ့်စိမ့်တွေးပြီးဒေါသဖြစ်နေရင် ကိုယ်ဘဲထိခိုက်နစ်နာတာပါ။ ကိုယ်စိတ်ဆင်းရဲစေလောက်အောင် မတန်ဘူးလို့ ဘဲ သဘောထားလိုက်ပါ။ အတွေးဆိုတာ တွေးမိလို့  ရောင်ပြန်ဟပ်တာပါ။ မတွေးမိရင် ဘာအကျိုးသက်ရောက်မှုမှမဖြစ်ပေါ်စေပါဘူး။ မိတ်ဆွေတို့ လည်း အတွေးများကို လျှော့ချနိုင်ပါစေလို့  ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

MSC-228
@mahaw

Sort:  

တွေးတော့တွေးတယ်ဗျာ မလုပ်တာက ရှိနေတယ်

Posted using Partiko Android

ဖတ်ပေးလို့ ကျေးဇူးပါကိုစော။

တစိမ့်စိမ့်မတွေးချင်ဘူး တွေးတိုင်း စိမ့်စိမ့်လာသလားလို့

You got a 2.46% upvote from @booster courtesy of @mahaw!

NEW FEATURE:

You can earn a passive income from our service by delegating your stake in SteemPower to @booster. We'll be sharing 100% Liquid tokens automatically between all our delegators every 24 hours.
Quick Delegation: 1000| 2500 | 5000 | 10000 | 20000 | 50000

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64093.86
ETH 3123.80
USDT 1.00
SBD 3.94