အားကိုးရှာ ခြင်းလား ၊တွဲ‌ခေါ် ခြင်းလားဆိုတာကြည့်‌တတ်‌ရင်‌ မြင်‌သာပါသည်‌။

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေအ‌ပေါင်းတို့။ MSC meeting ပြီး‌တော့ ကိုဟင်‌နဲ့တကွ adminsများ ၊ MSC memberများကို ပို‌လေးစားသွားတယ်‌။ အထူးသဖြင့်‌ ကိုဟင်‌‌ပေါ့။ မ‌ဟော်‌တို့က လမ်း‌ဟောင်းကြီးကိုလုပ်‌‌နေပြီလို့ မထင်‌လိုက်‌ပါနဲ့ဗျာ။ မ‌နော ‌ပြောသလို မဟုတ်‌ရပါဘူးဗျာလို့ဘဲ ‌ပြောပါရ‌စေ။ ညက ကိုဟင်‌ရဲ့စိတ်‌သ‌ဘောထားဘယ်‌‌လောက်‌‌ပျော့‌ပြောင်းတယ်‌ အားလုံးအမြင်‌ပါ။ ကျွန်‌‌တော်‌သာသူ့‌နေရာမှာဆို ဒီ‌လောက်‌ထိ လိုက်‌‌လျော‌ပေးနိုင်‌မယ်‌‌တောင်‌မထင်‌ဘူး။ ‌ပေးချင်‌ရင်‌‌တောင်‌ တဖြည်းဖြည်းဘဲ‌လိုက်‌‌လျောမိမှာ ။ ညကဆုံးဖြတ်‌ချက်‌‌တွေ‌တွေ့ရ‌တော့ ကိုယ့်‌leader ကို ပို‌လေးစားသွားမိတယ်‌။

images.jpeg

crd.org.source

လူတစ်‌‌ယောက်‌အတွက်‌ အခက်‌အခဲဆုံး လုပ်‌ရပ်‌ဟာ ကိုယ်‌လုပ်‌ပြီးသား ၊ကိုယ်‌ဆုံးဖြတ်‌ပြီးသား၊ ကိုယ်‌‌ပြောပြီးသားကို ပြန်‌ပြင်‌ရတာ အခက်‌ဆုံးပါ။ မိတ်‌‌ဆွေတို့ စဉ်းစားကြည့်‌‌လေ copy သမားကလွဲရင်‌ တစ်‌ခြားသူ‌တွေကို ပြန်‌စဉ်းစား‌ပေးမယ်‌ဆိုတာ နည်းတဲ့ပြုပြင်‌‌ပြောင်းလဲမှုမဟုတ်‌ပါဘူး။ အဆိုတင်‌သွင်းတဲ့ကျွန်‌‌တော်‌ကိုယ်‌တိုင်‌‌တောင်‌ ဒီ‌လောက်‌ထိလိုက်‌‌လျော‌ပေးမယ်‌ မထင်‌ဘူး။ ကျွန်‌‌တော်‌ဘယ်‌‌လောက်‌ထိ ဝမ်းသာသလဲဆို ထိုင်‌‌တောင်‌ ရှိခိုးချင်‌စိတ်‌‌ပေါက်‌တယ်‌။ဒီ‌နေရာမှာတစ်‌ခု‌ပြောစရာရှိတာက ကျွန်‌‌တော်‌တို့ရဲ့ပြုပြင်‌‌ပြောင်းလဲမှုသည်‌ အ‌ကောင်းဆုံးကိုရည်‌ရွယ်‌ပြီး ‌ဖြေ‌လျော့မှု‌တွေလုပ်‌‌ပေးတာဟာ MSCကြီး အားကိုးရှာ‌နေပြီဆိုရင်‌‌တော့ သင်‌တို့အထင်‌ အမှားကြီး မှား‌နေပါပြီ။ အခုအချိန်‌ထိ MSCဟာ very very strong ပါ။ MSC က ‌ပေးနိုင်‌တဲ့အခွင့်‌အ‌ရေး မြန်‌မာပြည်‌မှာ မရှိ‌သေးပါဘူး။ အခုထိ အကျိုးဖြစ်‌ထွန်းစွာ ‌ပေး‌ဆောင်‌နိုင်‌တဲ့ အဖွဲ့အစည်းပါ။ အညာသားစကားနဲ့ပွင့်‌ပွင့်‌လင်းလင်း‌ပြောရရင်‌ အခုလက်‌ရှိအတိုင်းက ကျွန်‌‌တော်‌တို့အတွက်‌ ပိုလို့‌တောင်‌ အကျိုးရှိ‌စေတယ်‌။ လူများလာရင်‌ မုန့်‌ခွဲတမ်း‌လျော့မှာ သဘာဝပါ။ ‌နေ့စဉ်‌proဆိုတဲ့ အခွင့်‌‌ရေးဟာ နည်းသလားဗျာ။ ဒီအခွင့်‌အ‌ရေးဟာ ဘယ်‌‌လောက်‌အဖိုးတန်‌တယ်‌ဆိုတာ မြန်‌မာပြည်‌က Steemit လုပ်‌တဲ့သူတိုင်းသိပါတယ်‌။ အထူးတလည်‌ လိုက်‌ကြွား‌နေစရာမလိုပါဘူး။ ဘာ‌ကြောင့်‌ ဒီလို‌ပြောရသလဲဆိုရင်‌ MSCကစည်းကမ်း‌တွေ‌ဖြေ‌လျော့‌ပေးတာ ၊လူ‌ဟောင်း‌တွေပြန်‌စီစစ်‌လက်‌ခံ‌ပေးလုပ်‌‌ဆောင်‌‌နေခြင်းဟာ အားကိုးရှာခြင်းလား တွဲ‌ခေါ်ခြင်းလားဆိုတာ ရှင်း‌အောင်‌‌ပြောခြင်းပါ။ အိပ်‌‌နေတဲ့စီနီယာ အစ်‌ကိုအစ်‌မများကို လှုပ်‌နှိုးလိုက်‌တဲ့သ‌ဘောပါ။ ‌နောက်‌ကျမှထလာရင်‌ သားတို့က မုန့်‌များများစားရတာ‌ပေါ့ဗျာ။ ကိုယ့်‌အတွက်‌ကြည့်‌မယ်‌ဆိုရင်‌ ဒီအစီအစဉ်‌ကို အ‌ကောင်‌ထည်‌‌ဖော်‌စရာမလိုပါဘူး။

images (1).jpeg
crd.org.source

‌စောင့်‌ကြည့်‌‌နေပါ။ အခုချက်‌ချင်းမဟုတ်‌‌တောင်‌ စီနီယာအစ်‌ကိုအစ်‌မ‌တွေ ပြန်‌လာကြ‌တော့မှာပါ။ စည်းလုံးခြင်းရဲ့အင်းအားဟာ ဘယ်‌‌လောက်‌ထိတိုးတက်‌‌စေတာကို သက်‌‌သေပြပါလိမ့်‌မယ်‌။ အချိန်‌အနည်းငယ်‌ဘဲ‌စောင့်‌‌ပေးပါ။ တစ်‌ချို့က ပြန်‌လာလို့ မရဘူးလို့ကို ထင်‌‌နေကြတာ။ သူတို့လည်း ဝမ်းသာ‌‌နေရှာပါပြီ။ အိပ်‌‌နေတဲ့ ‌နောင်‌‌တော်‌ အစ်‌မ‌တော်‌များကလည်း MSC ရဲ့‌ခေါင်း‌လောင်းသံကို ကြားနိုင်‌ပါ‌စေလို့ ‌ပြောကြားရင်းနိဂုံးချုပ်‌လိုက်‌ပါတယ်‌။

MSC-228
@mahaw

Sort:  

Steemit နဲ့ အဆက်အသွယ်ပြတ်သွားတာ တော်တော်ကြာသွားပြီ အစ်ကိုရယ် စာလည်းမရေးဖြစ်ဘူး

ညီတို့ကို ‌မျှော်‌‌နေတာ ။မမကြည်‌ စာထွက်‌လိမ့်‌မယ်‌ညီ။ ပြန်‌လာခဲ့‌တော့ ၊နိုင်‌သ‌လောက်‌‌ရေးပါ။

အစီအစဉ်ကောင်းပါဘဲ ဦးမဟော်ရေ

ဝိုင်းဝန်းကြိုးစားကြတာ‌ပေါ့ မစု‌ရေ။‌ကျေးဇူးပါ။

ကိုယ်မတော့ တော်ပါပေရဲ့ အကလေးတွေရဲ့ မိခင်ကို တွေးကြည့်ရင် ဆိုသလို....စားဝတ်နေရေးအတွက် လုံးပမ်းရဦးမယ်ဗျာ

Posted using Partiko Android

ဟင်‌ နားဦးမလို့လား။ အဆင်‌‌ပြေသလိုလုပ်‌ပါကိုဟိန်း။

ဟုတ်​ပါတယ်​...စည်းလုံးစွာနှင့်​စည်​စည်​ကားကားဖြစ်​လာ​တော့မှာပါ....​ကောင်းပါတယ်​...

Posted using Partiko Android

အတူကြိုးစားကြတာ‌ပေါ့ညီမ။‌ကျေးဇူးပါ‌နော်‌။

အခုလို MSC တိုးတက်ရေး ခွန်အားပေးဆောင်းပါးတွေကို
တောက်လျှောက်ရေးပေးနေတဲ့ Admin ကြီးကို လေးစားပါတယ်ဗျ
တစ်ကယ်ပြောတာပါ နော် ကိုမဟော်ရေ

ဖြည်းဖြည်းလုပ်‌ပါ ကိုဝင်းကိုရယ်‌။

အ​ကောင်းဆုံးဖြစ်​ဖို့ ​မျှော်​လင်းလျှက်​ပါ ကိုမ​ဟော်​ ​ရေ 😊

Posted using Partiko Android

ဖြစ်‌မှာပါကိုလွမ်း‌ရေ။

ဟုတ်​ ကိုမ​ဟော်​😊

Posted using Partiko Android

ခေါင်းလောင်းက အက်သံပါနေလို့ မကြားတာပါ ကိုမဟော်ရာ ☺

ဘုန်းကြီးက ဝိနည်းလွတ်‌ တုံး‌ခေါက်‌‌နေတာမဟုတ်‌ပါဘူး ဦးရယ်‌ ။ကြားလို့ လာဘို့ စိုင်းပြင်း‌နေကြပါပြီ ။

ရှေး​ရှေးတုန်းက အဖိုးအိုနဲ့​မြေးသုံး​ယောက်​ပုံ ပြင်​လို​ပေါ့

စည်းလုံး ခြင်းက ထင်‌သ‌လောက်‌မလွယ်‌ဘူးဦး‌ရေ။

ကောင်းမွန်မင်္ဂလာရှိတဲ့သတင်းလေးပါအစ်ကို။တစ်ချို့လည်း ပြန်လည်ဝင်ရောက်လာမယ်လို့ ထင်မိပါတယ်။MSC အဖွဲ့ကြီး ပိုမိုတိုးတက်အောင်မြင်စေရန် အားလုံး ဝိုင်းဝန်းကူညီ ထိန်းသိမ်းစောင့်ရှောက်ကြပါစို့

အတူကြိုးစားရင်‌ ဖြစ်‌လာမှာပါ ကိုသန့်‌‌ရေ ။ပဲခူး ကို ‌ရောက်‌ရင်‌ ‌တွေ့မယ်‌‌နော်‌။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64534.17
ETH 3150.15
USDT 1.00
SBD 4.01