အကြံပြုစာ

in #myanmar8 years ago

FB_IMG_1462586428039.jpg

မင်္ဂလာပါ မိတ်‌‌ဆွေတို့။ ကျွန်‌‌တော်‌ Steemit မှာ ဝင်‌‌ရောက်‌လုပ်‌ကိုင်‌တာ ၃ လ ပြည့်‌ပါပြီ။ MSC no ရပြီး စည်းလုံးညီညွတ်‌‌သော ၊‌နွေး‌ထွေးစွာ ကြိုဆို‌သော G3 groupထဲ ‌ရောက်‌ရှိခဲ့ပါတယ်‌။ ‌ပျော်‌ရွှင်‌စွာ post‌တွေ‌ရေးပြီး pro ယူခဲ့ပါတယ်။ ကျွန်‌‌တော်‌ G3ကလူ‌တွေ အပြင်‌ MSCက အခြား member များကိုသိတာ မရှိသ‌လောက်‌ဘဲဗျ။ ပွင့်‌ပွင့်‌လင်းလင်း ‌ပြောရရင်‌ MSC MSC လို့ ‌ပြော‌နေတာ G3လူ နည်းစု‌လောက်‌ဘဲ မြင်‌‌နေမိတယ်‌။ ကျွန်‌‌တော့်‌စိတ်‌ထဲ MSCကို အကြီးကြီး မြင်‌ထားတာဗျ။ တစ်‌ခြားmember များနဲ့ ထိ‌တွေ့မှု မရှိသလို မဆိုင်‌သလိုကြီး ဖြစ်‌‌နေသလားလို့။ follow လုပ်‌ထားရင်‌ သိပါတယ်‌လို့ ‌ပြောရင်‌ ‌ဘောင်‌မဝင်‌ပါဘူး။ ခင်‌တာနဲ့ စာ‌ပေ အ‌ရေးအသားကို ကြိုက်‌တာ တစ်‌ကန့်‌စီပါ။ အခု‌ရေးသားခြင်းသည်‌ MSC Adm များကို ‌ဝေဖန်‌ခြင်း မဟုတ်‌‌ကြောင်း ကြို‌ပြောပြပါရ‌စေ။ ‌ဆွေး‌နွေး အကြံပြုချက်‌ သ‌ဘော‌ပြောခြင်းသာ ဖြစ်‌ပါတယ်‌။ ကျွန်‌‌တော်‌ တင်‌ပြတာ ‌ကောင်းမ‌ကောင်း လုပ်‌လို့ရမရ သည်‌ MSC admများသာ ဆုံးဖြတ်‌ပါဗျာ။ စကားကို ဆက်‌‌ပြောရရင်‌ member အချင်းချင်း ထိ‌တွေ့မှု အားနည်းသလားလို့။ G1 က G1 ၊ G2ကG2 ဘဲ သိတာများတယ်‌‌လေ။ အလုပ်‌သ‌ဘောအရလည်း တစ်‌‌ယောက်‌နဲ့တစ်‌‌ယောက်‌ မထိ‌တွေ့ ၊မပက်‌သက်‌သလို ဖြစ်‌‌နေတယ်‌။ MSC chat group ‌လေးလုပ်‌‌ပေးတာ ‌ကျေးဇူးတင်‌တယ်‌ဗျာ။ ယခင်‌ထက်‌စာရင်‌ ‌တွေ့ဖူးမြင်‌ဖူးကြားဘူးတာ‌ပေါ့။တကယ်‌တမ်း လူအင်‌အား ၃၀၀ ဆိုတာ မနည်းပါဘူး။ ဒိထက်‌လည်း member အ‌ရေအတွက်‌များ‌စေချင်‌တယ်‌။ ဒါ‌ပေမယ့်‌ လက်‌ရှိသွားတဲ့ပုံစံက အ‌ရေအတွက်‌များရင်‌ အဆင်‌မ‌ပြေ‌လောက်‌ဘူးထင်‌တယ်‌။pro ကို အ‌ခြေခံပြီး group ခွဲထားတာဆို‌တော့ member များရင်‌ အဆင်‌မ‌ပြေ‌လောက်‌ဘူး။ MSCကို အဖွဲ့အစည်းပုံစံ သွားရင်‌ တစ်‌ခုခု‌တော့ ‌ပေးဆပ်‌သင့်‌တယ်‌ထင်‌တယ်‌။ ဆိုလိုချင်‌တာက proဆိုတဲ့အခွင့်‌အ‌ရေး‌တော့ယူရင်‌ တစ်‌ခုခု‌တော့ ‌ပေးဆပ်‌ချင်‌တယ်‌ဗျာ။ အများအားနဲ့ဆိုရင်‌ အလုပ်‌ကြီးကြီးလုပ်‌လို့ရတယ်‌။ လှူတာဖြစ်‌ဖြစ်‌ ၊ပရဟိတ ဖြစ်‌ဖြစ်‌လုပ်‌လို့ရတယ်‌။ အဖွဲ့အင်‌အားကြီး‌လေ အခွင့်‌အ‌ရေးလည်းကြီးတဲ့ plan ဖြစ်‌‌စေချင်‌တယ်‌။ MSC မှတ်‌ပုံတင်‌ပြီးရင်‌ member ကဒ်‌ ထုတ်‌‌ပေးပြီး အသင်းအတွက်‌ လစဉ်‌‌ကြေး‌လေး‌ကောက်‌‌စေချင်‌တယ်‌။ အသင်းရန်‌ပုံ‌ငွေ‌ပေါ့ဗျာ။ ဝင်‌‌ငွေအင်‌အားရှိ‌တော့ အဖွဲလည်းအင်‌အား‌တောင့်‌တယ်‌။ အခွင့်‌အ‌ရေးယူထားတာဘဲ နည်းနည်း‌တော့ ‌ပေးဆပ်‌ကြမှာပါ။

FB_IMG_1518615104380.jpg

planတစ်‌ခု‌လေးကို တင်‌ပြချင်‌တယ်‌။ လုပ်‌ ရ မရ ဆရာတို့ ဆုံးဖြတ်‌ပါ‌နော်‌။ pro ရှိတဲ့အတွက်‌ group ‌၄ ခုကဒီအတိုင်းဆက်‌သွားပါမယ်‌။pro အတွက်‌ pro ‌နေ့ မတိုင်‌မှီ ၂ ရက်‌ v and cm လုပ်‌ရပါတယ်‌။ ‌နောက်‌pro မ‌ရောက်‌ခင်‌ ၂ရက်‌ အချိန်‌ရပါတယ်‌။ ဒီ‌နေရာမှာ plan တစ်‌ခုထပ်‌ဖြည့်‌ချင်‌ပါတယ်‌။ MSC Pro linkဟာ ည ၇ ၃၀ ဆိုပိတ်‌ပါတယ်‌။ ထိုညနှင့်‌ ‌နောက်‌‌နေ့ ၂ရက်‌ အချိန်‌ရပါတယ်‌။ Link ချပြီး ညမှာ တစ်‌ခြားgroup တစ်‌ခုကို cm ဘဲ‌ပေးပြီး ‌နောက်‌၂ ရက်‌အတွင်းV and cm ‌ပေးလို့ရပါတယ်‌။ ဒီတစ်‌ပတ်‌ G1 ဆို ‌နောက်‌တစ်‌ပတ်‌ G2 ၊ ‌နောက်‌တစ်‌ပတ်‌ G4 ကို ‌ပေးရပါမယ်‌။ G3 အ‌နေနဲ့ ‌ပြောပြခြင်းပါ။ Groupက ‌လေးခုဆို‌တော့ group ၃ ခုဘဲ လှည့်‌ရမှာပါ။ ဒီလိုဘဲ တစ်‌ခြားgroup ‌တွေလည်း ဒီအတိုင်း လှည့်‌‌ပေးရမှာပါ။ ရှင်း‌အောင်‌‌ပြောရရင်‌ daily post ‌နေ့အတွက်‌ အခြားgroup ကို အလှည့်‌ကျ v and cm ‌ပေးခိုင်းခြင်းပါဘဲ။ ဒါဆို member အားလုံး အချင်းချင်းသိကြမယ်‌၊ ထိ‌တွေ့မှုရှိမယ်‌ ၊ စည်းလုံးမှု တိုးလာမယ်‌၊ v and cmတိုးမယ်‌။စု‌ပေါင်းအားသည်‌ အင်‌အားကြီးလာမှာပါ။ pro က‌တော့ ဒီအတိုင်းဆက်‌သွားမှာ‌ပေါ့ဗျာ။ အဓိက ဖြစ်‌ချင်‌တာက စု‌ပေါင်းအားကို လက်‌‌တွေ့အ‌ကောင်‌အထည်‌‌ဖော်‌ချင်‌တာ။ groupတစ်‌ခုတည်းနဲ့ မကျင်‌လည်‌‌စေချင်‌ဘူး။ လူများလာလည်း group 5ထားပြီး အလှည့်‌ကျ လှည့်‌‌ပေးရုံပါဘဲ။ အစ်‌ကိုတို့ အစ်‌မတို့လည်း ဝိုင်းဝန်းအကြံဥာဏ်‌‌ပေးပါဗျာ။ ကိုယ့်‌အဖွဲ့ တိုးတက်‌ရာတိုးတက်‌‌ကြောင်း စဉ်းစား‌ပေးကြပါ။ လုပ်‌ ရမရ ဆရာ‌တွေ ဆုံးဖြတ်‌ပါလိမ့်‌မယ်‌။ အခုလည်း ကျွန်‌‌တော်‌က အကြံ‌ပေးရုံသက်‌သက်‌ပါ။ဆရာကြီးလုပ်‌တယ်‌လို့ မမြင်‌‌စေချင်‌ပါခင်‌ဗျ။ မှားတာရှိရင်‌Yလည်း ‌တောင်းပန်‌ပါတယ်‌ခင်‌ဗျ။
FB_IMG_1518615047547.jpg

‌နောက်‌တစ်‌ခု‌ပြောချင်‌တာက MSC adm ‌တွေက Pro မရဘူး‌လေ။ ကိုယ့်‌ထမင်းကိုယ်‌စားပြီး ကြီး‌တော်‌နွား ‌ကျောင်းရတာ‌တော့ မဟုတ်‌‌သေးဘူး‌ဗျ။ ရှင်းရှင်း‌ပြောရရင်‌ ဘုန်းကြီး‌တွေအတွက်‌ ဝိနည်းနားလည်‌တဲ့ ကပ္ပိယ‌ကောင်းလိုတယ်‌ဗျ။ ဒါဘာကိုဆိုလိုတာ ‌ရောင်းရင်းတို့ နားလည်‌မှာပါ။ MSC ဟာ ‌ရေရှည်‌သွားမယ့်‌ အဖွဲ့အစည်းပါ။ မည်‌သူရှိမှ ၊မည်‌သူမရှိလို့ အဖွဲ့အစည်းမပျက်‌‌အောင်‌ plan ခိုင်‌မာဖို့လိုပါတယ်‌။ ဒီရာထူးရရင်‌ ဒီအခွင့်‌အ‌ရေး‌ပေးကို ‌ပေးရပါမယ်‌။ ‌စေတနာ နဲ့လုပ်‌တယ်‌ဆို‌ပေမယ့်‌ မည်‌သူမဆို သူ့အ‌ကြောင်းနဲ့သူပါ။ တာဝန်‌‌ပေးရင်‌ ၊ရာထူး‌ပေးရင်‌ ခံစားခွင့်‌‌တော့‌ပေးရမှာပါ။ဒါမှ‌ရေရှည်‌သွားမယ့်‌ခရီးမှာ အဆင်‌‌ပြေမှာပါ။ အခု‌လော‌လောဆယ်‌‌တော့ adm များကို pro မဟုတ်‌တဲ့အချင်းချင်း vote ‌ပေးတဲ့အချိန်‌မှာ group 4ခု မှာ ခွဲထည့်‌‌ပေး‌စေချင်‌ပါတယ်‌။ လိုအပ်‌တဲ့ အ‌သေးစိတ်‌စည်းကမ်းကို Sl‌တွေက ထုတ်‌ပြန်‌‌စေချင်‌ပါတယ်‌။ မ‌ကြည်ပြာ ‌တို့က ကျွမ်း‌ပါတယ်‌။မမကြည်‌ကို တစ်‌ခု‌လောက်‌‌တောင်းဆိုပါရ‌စေ။ အခုကျွန်‌‌တော်‌‌တင်‌ပြတာကို အ‌သေးစိတ်‌ Plan ဆွဲပြီး အထက်‌က MSC adm ‌တွေကို အစီရင်‌ခံ‌ပေးပါ‌နော်‌။ ဆရာ‌တွေ ဆုံးဖြတ်‌မှာ‌ပေါ့။ ဒီ plan မရလည်း အခြားplan ဆရာ‌တွေ စဉ်းစားမှာ‌ပေါ့ဗျာ။ အဓိက message ‌ပေးချင်‌တာက စု‌ပေါင်းအင်‌အားကို ဘယ်‌လိုcontrolလုပ်‌ပြီး memberတိုင်းကို အကျိုး ဖြစ်‌‌စေမယ့်‌ planကို ဝိုင်းဝန်းပြီး စဉ်းစား‌စေချင်‌ တာပါ။ လက်ရှိသွား‌နေတာလည်း‌ကောင်းပါတယ်‌။ ‌တစ်‌‌ထွာတစ်‌မိုက်‌ ဥာဏ်‌‌လေးနဲ့ တင်‌ပြတာ မှားတာရှိရင်‌‌တောင်းပန်‌ပါတယ်‌။ မှားခဲ့ရင်‌လည်း ‌စေတနာအမှားပါဗျာ။ MSC တိုးတက်‌ဖို့ member တိုင်းမှာ တာဝန်‌ရှိပါတယ်‌။
အားလုံး ကျန်းမာ ချမ်းသာကြပါ‌စေ။

photo- facebook
MSC-228
@mahaw

Sort:  

အခုလို ဆွေးနွေးတင်ပြတာကို ကြိုဆိုပါတယ်။ ဆွေးနွေးတင်ပြတာလည်း ကောင်းမွန်ပါတယ်။ MSC ကို Group 4 ခု ခွဲလိုက်ရတဲ့ ရည်ရွယ်ချက်က အဖွဲ့ အစည်း အကြီး ကျစ်ကျစ်လစ်လစ် နဲ့ အဖွဲ့ ဝင်တိုင်း Promotion ရနိုင်အောင်ရယ် နောက်ပြီး အဖွဲ့အစည်း စိတ်ဓါတ်ပိုမိုရှိ လာအောင် အခုလို အဖွဲ့ ငယ်လေးတွေ ခွဲပေးလိုက်ရခြင်း ဖြစ်ပါတယ်။

MSC admin တွေရဲ့ ထိန်းကွပ်မှု အောက်မှာပဲ ဆိုရင် ကျန်တဲ့ အဖွဲ့ဝင်များဟာ စည်းကမ်းလိုက်နာမယ် ၊ promotion ရယူမယ်ဆိုတာထက် မပိုပါဘူး ။ ကိုယ်ပိုင် အဖွဲ့ အစည်း ဖြစ်လာတဲ့ အခါ မိမိတို့ အဖွဲ့ အခြားအဖွဲ့ ထက် ပိုကောင်း အောင် ပို စည်းလုံး လာအောင် စသည် စသည် အခြားသော လုပ်ငန်း ဆောင်တာများလည်း ကိုယ့် အဖွဲ့ အလိုက်လုပ်ဆောင်လာနိုင်ပါတယ်။ လုပ်လည်း လုပ်ဆောင်နေကြပါတယ်။

အဖွဲ့ ၄ ဖွဲ့ လုံးဟာ MSC အောက်မှာ ရှိတဲ့ အတွက် သွေးကွဲသွားစရာ အကြောင်းမရှိပါဘူး။ ပြီးတော့ မိမိ တို့ အဖွဲ့ ဝင် မဟုတ်ရင် vote & comment မပေးရဘူးရယ်လို့လည်း စည်းကမ်းမရှိပါဘူး။ မိမိတို့ အဖွဲ့ ဝင် အနေနဲ့ အခြား Group မှ အဖွဲ့ ဝင်များနှင့်လည်း ရင်းနှီးနိုင်ပါတယ်။ MSC promotion ဟာ Steem-myanmar ဆိုတဲ့ အကောင့် အောက်ကနေ link ချပြီး ယူနေကြတာပါ။

MSC members များအနေဖြင့် မိမိတို့ group promotion ရက်မဟုတ်လည်း ထိုထဲတွင် အခြားသော Group များ promotion ယူသောရက် တွင်လည်း ဝင်ရောက် vote & comment ပေးနိုင်ပါတယ်။MSC အနေနဲ့ စည်းကမ်းနဲ့ မဖြစ်မနေလုပ်ပေးရမယ် ဆိုခြင်းထက် မိမိတို့ members ချင်း ကိုယ်ပိုင် အသိစိတ်ဓါတ်နဲ့ အခြားသူ များအား တွဲခ်ါသည်ကို ပို၍ လိုချင်ပါတယ်။

ယခု မိမိတို့ Group promotion ယူသော ရက် မှ လွဲပြီး ကျန်သောရက်များ မိမိနှင့် မဆိုင်သကဲ့သို့ နေကြခြင်းမှာ members တို့၏ စိတ်နေသဘောထားများအား ဖေါ်ပြနေကြခြင်း ဖြစ်ပါတယ်။ မိမိ promotion ရက်မဟုတ်လည်း ခြားသူ ရပါစေတော့ ငါ သွား vote ပေးမယ်ဟူသော စိတ်ရှိ မရှိ ဆိုသည်ကတော့ members တဦး ချင်းစီ စဉ်းစားကြည့်ပါလေ.....

ထို့ကြောင့် plan များစွာ ချပြီး လုပ်ဆောင်ခြင်းထက် member တို့ မိမိ ကိုယ်၌က MSC ၏ အခြားသော member များအား မည်သို့ သဘောထားသည် အပေါ်အများကြီး မှုတည်နေပါတယ်။

MSC admin များအတွက်တော့ စိတ်ပူ ရန် မရှိပါ။ အခြားသူများ ပိုရပါစေတော့ဟူ၍ promotion မယူကြသူများ ဖြစ်ပါတယ်။

အခုလို ‌သေချာရှင်း ပြ‌ပေးတဲ့အတွက်‌ ‌ကျေးဇူးပါအစ်‌ကို။အလုပ်‌တစ်‌ခုကို ကိုယ့်‌အသိစိတ်‌နဲ့ လုပ်‌တဲ့သူရှိသလို ၊ခိုင်းမှ တာဝန်‌‌ပေးမှ လုပ်‌တဲ့သူလည်းရှိလို့ အဖွဲ့‌ကောင်းကျိုး‌မျှော်‌ပြီး ‌ရေးလိုက်‌တာပါ။ကျွန်‌‌တော်‌လို မထင်‌မရှားmemberတစ်‌‌ယောက်‌ရဲ့postကို MSC Founder က လာ‌ရောက်‌ရှင်းပြ‌ပေးတာကို ဝမ်းသာလို့ မဆုံးပါဘူးဆရာ။‌ကျေးဇူးလည်းအများကြီးတင်‌ပါတယ်‌။ကျွန်‌‌တော်‌ဟာ MSC ‌ကောင်းကျိုးအတွက်‌အမြဲစဉ်းစား‌နေမှာပါ။လိုအပ်‌ချက်‌‌တွေ ၊မှားတာရှိရင်‌ ခွင့်ွှတ်‌ပါဆရာ။

ကိုမဟော်ရဲ့ အကြံပြုချက်ကို လေးစားပါတယ် နော်။ ဒီလိုရှိပါတယ် ကိုမဟော်ကြည်တို့ မှာ ရှိတဲ့ power လေးတွေက နဲသေးတယ်ဗျာကြည်တို့ အနေနဲ့က တစ်ရက်ကို ၁၀ယောက်ထက် ပိုပေးလို့ အဆင်မပြေဘူးဗျ ကိုယ်ပေးနိုင်တာမှ 0.03 ရယ် လူတိုင်းအပြည့်ရစေချင်ပါတယ်။ အာ့ဒါကြောင့် ခုကြည် vote ဖို့ လူ ၁၀ယောက်ကျန်နေသေးတာ အချိန်စောင့်နေရပါတယ် ကိုမဟော်ရေ..။ G124တွေနဲ့ အတွေ့ နဲပါတယ် ဘာလို့ ဆို မယ်ကြည်တစ်ယောက် G3 pro daily post တွေမှာပဲ vote ကုန်နေလို့ပါ တစ်ချိန်ချိန်တော့ မယ်ကြည်တို့တစ်တွေ ထင်သလောက် v&m နိုင်ကြမှာပါ သူများကို မvote နိုင်ပဲ မန့်ဖို့ပဲကြ အားနာလို့ပါခုချိန်ထိတော့ မယ်ကြည့် v&m ဟာ G3 တွက် ပဲ ဖြစ်နေပါသေးတယ် အတူတူကြိုးစားကြတာပေါ့ ကိုမဟော်ရေ😍

အတူတူကြိုးစားကြမယ်‌။

You got a 50% upvote from @aungzawhtwe courtesy of @mahaw ! its cool fee free .

‌ကျေးဇူး ပါကို‌ထွေး။

ကောင်းပါတယ်မဟော်
စည်းလုံးခြင်းသည် အင်အားပါ

ကျွန်‌‌တော်‌တို့က အားနည်း‌သေးတယ်‌။အားလုံးကို မ voteနိုင်‌‌သေးဘူး။

planလေးက အရမ်းကောင်းလှပါ၏

အချိန်‌‌ပေးရဦးမယ်‌ ညီ။‌ကျေးဇူးပါ။

အဲတာ အကြောင်း ရေးဖူးတယ်၊ စိတ်ပျက်စရာ့စတီးမစ်ဆိုတဲ့ဆောင်းပါးမှာထင်တယ်

ဦးကို အ‌ကြွေး‌တွေ တင်‌‌နေမိတယ်‌။သိသ‌လောက်‌‌လေး ‌ပြောကြည့်‌တာပါ။အတူတူ ကြိုးစားကြမယ်‌ ဦး‌ရေ။လာ‌ရောက်‌အား‌ပေးလို့ ‌ကျေးဇူးတင်‌ပါတယ်‌ဦး။

You got a 100% upvote from @steempowergroup1 courtesy of @mahaw! It is a cool free !

Plus bonus 100% upvote from @sawlwin !

‌ကျေးဇူးအများကြီးတင်‌ပါတယ်‌ ဆရာ‌စော။

Thank you.

အစ်ကို့ အကြံဥာဏ်လေးကောင်းပါတယ် ပိုရင်းနှီးတော့ ပိုအဆင်ပြေတာပေါ့ဗျ

‌တွေးကြည့်‌တာပါ။အချိန်‌လို‌သေးတယ်‌။‌ကျေးဇူးပါ ညီ။

ဟုတ်ပျါ့န်တော်တောင် မတွေးမိဘူး အကြံပေးတာ ကောင်းပါတယ်ဗျာ😊😊

စု‌ပေါင်းအားကို ပုံ‌ဖော်‌ချင်‌တာပါ။

Group 4ခုစလုံးရင်းနှီး​စေမဲ့အကြံဥာဏ်​​ကောင်းပါတယ်​...

ဒိထက်‌ ပိုရင်းနှီးချင်‌လို့ပါ။‌ကျေးဇူးညီမ။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.087
BTC 60250.37
ETH 1580.64
USDT 1.00
SBD 0.42