အ‌ရေးကြီးဆုံး စကား

in #myanmar6 years ago (edited)

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေအ‌ပေါင်းတို့။ မိတ်‌‌ဆွေတို့ကို တစ်‌ခု‌လောက်‌ ‌မေးပါရ‌စေ။ လက်‌ရှိအချိန်‌မှာ မိတ်‌‌ဆွေ၏ အချစ်‌ဆုံးဆိုသူကို ဘဝနဲ့ပက်‌သက်‌တဲ့အသိ ‌ပေးပါဆိုရင်‌ ဘာ‌ပေးမလဲ။ အချစ်‌ဆုံးက သားသမီးလည်းဖြစ်‌နိုင်‌သလို မိဘလည်းဖြစ်‌နိုင်‌ပါတယ်‌။ လူတိုင်းလူတိုင်းဟာ ကိုယ်‌အချစ်‌ဆုံးဆိုသူကို အ‌ကောင်းဆုံး‌တွေ ‌ပေးချင်‌သလို အ‌ကောင်းဆုံး‌တွေ ‌ပြောပြချင်‌မှာပါဘဲ။ အ‌ဖြေက‌တော့ တစ်‌‌ယောက်‌နဲ့တစ်‌‌ယောက်‌ အသိမတူလို့ မတူနိုင်‌‌ပေမယ့်‌ ကိုယ်‌သိသ‌လောက်‌ အ‌ကောင်းဆုံးကို ‌ပြောချင်‌တာ‌တော့ တူမှာပါ။

5-1-1.jpg

crd.org.source

ကိုင်း တစ်‌မိနစ်‌‌လောက်‌ စဉ်းစားကြည့်‌‌ပေးပါ။ ‌သေဆုံး‌တော့မယ့်‌ ထွက်‌ခွာသွား‌တော့မယ်‌ မိဘကို သင်‌‌နောက်‌ဆုံးစကား‌ပြောခွင့်‌ရရင်‌ သင်‌ ဘာ‌ပြောချင်‌ပါသလဲ။ ထို့အတူ ကိုယ့်‌ဘဝရဲ့ ‌နောက်‌ဆုံးထွက်‌သက်‌မှာ ကိုယ်‌ချစ်‌တဲ့သားသမီး‌တွေကို အ‌ရေကြီးဆုံး မှာကြားချင်‌တာက ဘာစကားလဲ။ ‌နောက်‌ဆုံးအချိန်‌နဲ့ အချစ်‌ဆုံးကို ‌ရွေးချယ်‌လိုက်‌တာပါ မိတ်‌‌ဆွေတို့ အဆင်‌‌ပြေသလို ပြန်‌‌တွေးပါ။ ဘာပဲဖြစ်‌ဖြစ်‌ ထိုအချိန်‌မှာ ‌ပြောတဲ့စကားဆို‌တော့ သူ အ‌ကောင်းဆုံးကို ‌ပြောချင်‌မှာပါ။ သူသိတာ‌တွေထဲက အ‌ကောင်းဆုံး‌ပေါ့။
လူ‌တော်‌‌တော်‌များများက အချိန်‌လွန်‌မှ ‌နောင်‌တ‌တွေရကြတယ်‌။ ဘာသိဖာသာ‌နေထိုင်‌ကြီးပြင်းလာကြပြီး ‌နောက်‌ဆုံး လမ်းဆုံး‌တော့မှ ငါ့လို မ‌လျှောက်‌နဲ့လို့ ‌ပြောတတ်‌ကြတယ်‌။ ကိုယ့်‌ခရီးလမ်း ဆုံး‌တော့မှမ‌တွေးပါနဲ့ ။အချိန်‌ရှိတုန်း‌လေး ‌တွေးကြည့်‌‌ပေးပါ။ ငါ‌ပေးတဲ့အသိက သူ့အတွက်‌ ဘယ်‌‌လောက်‌အကျိုးဖြစ်‌ထွန်း‌စေသလဲ။ တကယ်‌‌ကော အ‌ကောင်းဆုံးလား။ဒိထက်‌‌ကောင်းတာရှိ‌သေးလား။ အ‌ရေးကြီးဆုံးအချက်‌က ‌လောကမှာ အ‌ရေးကြီးဆုံး ၊အမှန်‌ကန်‌ဆုံး ၊အလုပ်‌သင့်‌ဆုံးဆိုတာ‌တော့ သိထားသင့်‌တယ်‌။ ကိုယ်‌သိမှ ကိုယ်‌ချစ်‌ခင်‌ရမယ့်‌သူ‌တွေကို ‌ပြောလို့ရမှာ‌လေ။ တစ်‌ဘဝလုံး ကြိုးစား‌လေ့လာ‌ပေမယ့်‌ ‌သေခါနီးကျ ဘာမှအားကိုးလို့ မရဘူးဆိုရင်‌‌တော့ အချိန်‌လွန်‌‌နောင်‌တဘဲဖြစ်‌မယ်‌။ဒီ‌နေရာမှာ ဘာကိုသတိရမိလည်းဆို‌တော့ အသိ‌ခေါက်‌ခက်‌ အဝင်‌နက်‌ ဆိုတာကို ‌တွေးမိတယ်‌။ စာမဖတ်‌တဲ့သူနဲ့ စာဖတ်‌‌လေ့ရှိတဲ့သူ နှစ်‌‌ယောက်‌ကို ‌ပြောဆို ဆုံးမရင်‌ တစ်‌ခါတ‌လေ စာဖတ်‌တဲ့သူက ပိုခက်‌တယ်‌ဗျ။ ဒါ‌တွေသိပြီးသားပါ ၊ဒါ‌တွေဖတ်‌ပြီးသားပါလို့ ‌တွေးတတ်‌ကြတယ်‌။ ‌စောင်းသင်‌‌ပေးတဲ့ ဆရာကြီးလို‌ပေါ့။ လုံးဝမသင်‌ဖူးတဲ့သူက ၅၀၀ ၊သင်‌ဖူးတဲ့သူက ၁၀၀၀ ‌တောင်းသလို‌ပေါ့။ အ‌ကြောင်းအရာတစ်‌ခုကို ထဲထဲဝင်‌ဝင်‌မသိဘဲ အ‌ပေါ်ယံလျှပ်‌သိခြင်းဟာ လုံးဝမသိတဲ့လူထက်‌ ပိုဆိုးကျိုး ဖြစ်‌တာ‌တွေရှိတယ်‌။

images (2).jpeg

crd.org.source

အ‌ဖြေကို‌တော့ မိတ်‌‌ဆွေတို့ ကြိုက်‌သလို ‌ဖြေဆိုနိုင်‌ပါတယ်‌။ ဘယ်‌သူ့ကိုမှရွတ်‌ပြ‌နေစရာမလိုပါဘူး။ ကိုယ့်‌စိတ်‌ထဲ‌ဖြေကြည့်‌ရုံပါ။ လူ့‌လောကမှာ အလုပ်‌သင့်‌ဆုံးဆိုတာဘာလဲ‌ပေါ့ ၊ ဒါမှမဟုတ်‌ ကိုယ်‌အချစ်‌ဆုံးသူ ကိုယ့်‌သားသမီးကို ဘာအ‌ပေးချင်‌ဆုံးလဲဆိုတာ မိမိဘာသာမိမိ ‌ဖြေကြည့်‌ပါ။ဒီ‌နေ့ ‌ဖြေကြည့်‌ ၊‌နောက်‌‌နေ့ စဉ်းစားမိရင်‌ ဒီထက်‌‌ကောင်းတာရှိမရှိ။ ကိုယ့်‌ရဲ့အသိကလည်း တစ်‌‌နေ့ထက်‌တစ်‌‌နေ့ မတူနိုင်‌ဘူး‌လေ။ ‌သေချာတာက‌တော့ ကိုယ်‌သိသ‌လောက်‌ဘဲ ကိုယ်‌မြင်‌သ‌လောက်‌ဘဲ ကိုယ့်‌ရင်‌‌သွေးကို ‌ပြောလို့ရမှာပါ။ မှန်‌၏ မမှန်‌၏၊ ‌ကောင်း၏ မ‌ကောင်း၏ က‌တော့ မိမိတာဝန်‌အရှိဆုံးပါဘဲ။ ကျွန်‌‌တော်‌‌ပေးချင်‌တဲ့ massage ‌လေးက ဒါ‌လေးပါဘဲ။ ကိုယ်‌အချစ်‌ဆုံးသူကို ဘာ‌ပေးချင်‌ပါသလဲ။
‌ကျေးဇူးအထူးတင်‌ရှိပါတယ်‌။ချစ်‌မိတ်‌‌ဆွေအ‌ပေါင်းတို့။

MSC -228
@mahaw

Sort:  

ပင်စင် တော့ပေးခဲ့ရမှာပ

ဟား ! ဦး‌ထွေးက လုပ်‌ပြီ။

ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမည်....

You got a 3.26% upvote from @emperorofnaps courtesy of @mahaw!

Want to promote your posts too? Send 0.05+ SBD or STEEM to @emperorofnaps to receive a share of a full upvote every 2.4 hours...Then go relax and take a nap!

တန်ဖိုးရှိတဲ့ စာစုလေးပါ မဟော်ရေ ခုလိုအတွေးမတွေးမိသေးတာ ဝန်ခံပါတယ် အချစ်ဆုံးဖြစ်တဲ့ မိဘနှစ်ပါးကို တစ်ခုခုပေးခဲ့ဖို့  ဒီစာလေးဖတ်ပြီး တွေးမိသွားပြီ

ဦးတင်‌ပါတယ်‌ဘုရား။အခုလိုကြားရတာ ဝမ်းသာမိပါတယ်‌။

ကိုယ် ကောင်းမွန်စွာ နေထိုင်ပါ့မယ်လို့ ဂတိပေးမယ်။ပြီးရင် သူ့ကို တရား နှလုံးသွင်း ခိုင်းမယ်။ ဘဝကူး ကောင်းအောင်လို့။

ဟုတ်‌ကဲ့ ကိုဒွန်‌၊‌ကောင်းမွန်‌‌သော အ‌တွေး‌လေးပါ။‌ကျေးဇူးပါ အစ်‌ကို‌ရေ။

ဒီပိုစ့်​ဖတ်​ပြီးခုမှ​တွေးမိတယ်​....ကိုယ်​အချစ်​ဆုံးဆိုသူ​တွေကိုဘာအသိ​ပေးမလဲ..?စဉ်းစားတုန်း...

အ‌တွေး‌လေးဝင်‌ရင်‌ကို ‌ရေးရကျိုးနပ်‌ပါတယ်‌ ။‌ကျေးဇူးပါညီမ။

အခုလို တန်​ဘိုးရှိတဲ့စာ​ရေးတပ်​ချင်​တယ်​ဗျာ

ဦးယုကေ ပြာရတယ်‌ ရှိ‌သေး။ ‌ကျေးဇူးပါ ဦး။

နောက်​ဆုံးစကား​လေး တစ်​ခွန်း​တော့ ​ပြောထားခဲ့ရ​အောင်​ လုပ်​ထားမှပါ 😊😊

ဟုတ်‌ကဲ့ပါ ကိုလွမ်း။

ဒီထဲမှာ လေးနက်တဲ့ စဉ်းစားခန်းဖွင့်အောင် ရေးသားထားတာပဲ ကျေးဇူး ကိုမဟော် စဉ်းစားနေပီ။

‌ကျေးဇူးပါ ဆရာညီ၊မ‌တွေ့တာကြာပြီ။‌

ဟုတ်တယ် ကိုမဟော်ရေ မတွေ့ဆို ဖျားနေတာ တပတ်လောက်ရှိဘီ

တွေးရပြီပေါ့ကိုမဟော်ရေ မိဘအနေနဲ့ဘာပြောချင်လဲဆိုတာ ကိုယ်မိဘနေရာရောက်မှသိမယ်ထင်တယ်ဗျ

ကိုယ်‌ချစ်‌တဲ့သူ‌တွေကို တစ်‌ခုခု‌ပေးမယ်‌ဆိုရင်‌‌ကော

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 62971.67
ETH 3050.33
USDT 1.00
SBD 3.96