အ‌ေ ပြာင်းအလဲ

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ မိတ်‌‌ဆွေတို့။ မ‌တွေ့ရတာ ‌တော်‌‌တော်‌ ကြာသလို ခံစားမိတယ်‌။ ကျွန်‌‌တော့်‌မှာ မ‌ကောင်းတဲ့အကျင့်‌တစ်ခုရှိတယ်‌။ ဘာလဲဆို‌တော့ လုပ်‌‌နေကြအလုပ်‌တစ်‌ခု ရပ်‌သွားရင်‌ ၊ ပျက်‌ကွက်‌သွားရင်‌ ထိုအလုပ်‌ကို လုပ်‌ဘို့ အား‌လျော့သွားတဲ့အကျင့်‌ဘဲ။ ဥပမာ မနက်‌တိုင်း ဘုရားထရှိးခိုးတာကို နှစ်‌ရက်‌‌လောက်‌ပျက်‌မိရင်‌ ‌နောက်‌‌နေ့ ထမရှိးခိုးချင်‌‌တော့ဘူး။ မ‌ကောင်းတဲ့အကျင့်‌‌ပေါ့။ ဘယ်‌လိုဘဲဖြစ်‌ဖြစ်‌ ‌ကောင်းတာလုပ်‌ဘို့ ပြင်‌သင့်‌တာ ပြင်‌ရမှာ‌ပေါ့ဗျာ။

20180925_084533.jpg

အဲဒီ‌တော့ ကျွန်‌‌တော်‌‌ပြောခဲ့တဲ့စကားအတိုင်း မီးပြန်‌ထိုး‌ပေးရမှာ‌ပေါ့။ ‌သွေး‌အေး‌နေရင်‌ ‌သွေးပူ‌အောင်‌လုပ်‌ရမှာ‌ပေါ့ မိတ်‌‌ဆွေတို့ရာ။ RC အတွက်‌ စာကို ချုံ့ရမှာလားဆိုတာ‌တော့ သိချင်‌တယ်‌ဗျာ။ ကဗျာ ‌ရေးတင်‌ရင်‌ ‌ကောင်းမလားမသိ။ အဓိက က MSC စည်းကမ်းနဲ့ steemit စည်းကမ်း ‌ဘောင်‌ဝင်‌‌အောင်‌ လုပ်‌ရမှာပါဘဲ။ ဆရာတို့လည်း တစ်‌ချို့စည်းကမ်း‌တွေ ‌ပြောင်းမယ်‌ထင်‌တယ်‌။ ဥပမာ pro အတွက်‌ မဖြစ်‌မ‌နေ vote and comment ကို လုပ်‌ရမှာတို့ ဘာတို့‌ပေါ့။ အမှန်‌အတိုင်း ‌ပြောရရင်‌ ကျွန်‌‌တော်‌လည်းဘာမှမသိဘူး။ အခုမှpost ပြန်‌တင်‌‌တော့ RCကို မသိ‌သေးဘူး။ ‌နောက်‌‌တော့အထိုင်‌ကျသွားမှာပါ။ ‌ကောင်းဘို့ ဖြစ်‌လာတာပါ။ ‌သေချာတာက‌တော့ အဖွဲ့အစည်းနဲ့မလုပ်‌ရင်‌ မလွယ်‌‌လောက်‌ဘူး။ MSCကို ‌ကျေးဇူးတင်‌ရမှာပါ။ MSCသာ မိန်းခ‌လေးဆိုရင်‌ အာဘွား‌တောင်‌‌ပေးလိုက်‌ချင်‌တယ်‌။ ‌ကျေးဇူးတင်‌လွန်းလို့ပါ။ အခုက လူနည်းသွား‌ပေမယ့်‌ MSC ရဲ့တန်‌ဘိုးကို သိလာကြဘို့ အချိန်‌မ‌ဝေး‌တော့ပါဘူး။

20180925_084506.jpg

အခု‌လော‌လောဆယ်‌ proကလည်း ၁၀‌ယောက်‌‌ကျော်‌ဘဲရှိ‌တော့ v and cm အတွက်‌ မထူး‌လောက်‌ပါဘူး။ ကျွန်‌‌တော်‌က‌တော့ ‌တင်‌သမျှအကုန်‌‌ပေးကြည့်‌မယ်‌။ ရသ‌လောက်‌‌ပေါ့ဗျာ။ မ‌နေ့ကဆို ၆ ‌ယောက်‌ဘဲတင်‌တယ်‌။ အင်း ဘယ်‌လို‌ပြောရမှန်း‌တောင်‌ မသိ‌တော့ဘူး။ အ‌ခြေအ‌နေ‌တော့ တိုးတက်‌‌ကောင်းပါရဲ့။ အသစ်‌‌တွေအတွက်‌ ‌တော်‌‌တော်‌ခဲယဉ်းသွား‌စေမယ်‌ထင်‌တယ်‌။ အသင်းအဖွဲ့တစ်‌ခုမှာ ‌ရေရှည်‌ရပ်‌တည်‌နိုင်‌ဘို့ မလွယ်‌ဘူးဆိုတာ မှန်‌ပါတယ်‌။ ဒီ‌နေ့ active ဖြစ်‌နှုန်းနဲ့ ‌နောက်‌‌နေ့ active ဖြစ်‌နှုန်းက မတူကြ‌တော့ အခက်‌အခဲ‌တွေရှိလာတယ်‌။ ဟိုတစ်‌ခါ‌ပြောသလို တို့ ခံတပ်‌အဖွဲ့ကို အားကိုးရမှာဘဲ။ ဘယ်‌သူ မတင်‌တင်‌ တို့အဖွဲတင်‌နိုင်‌‌အောင်‌ ကြိုးစားကြပါစို့လို့ ‌ပြောကြားရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။

MSC -228
@mahaw

Sort:  

စပြီးတင်​စဆို​တော့ဖြစ်​တပ်​ပါတယ်
နောက်​အထိုင်​ကျသွားမှာပါ

ဟုတ်‌ကဲ့ဦးယု။

ချချ ဦးမဟော် နောက်ဆိုရင်လဲ ဦးမဟော်တို့ power အားကိုးရမှာပါဗျာ ။

ကြိုးစား‌နေတယ်‌ကိုဒို‌ရေ ။ဒီ‌နေ့ 9.9 steemကို power upလိုက်‌တယ်‌။ကိုဒိုတို့လို ဖြစ်‌ဖို့ မနည်းကြိုးစားရမှာ။

ကိုဟင်နဲ့နောက်နှစ် gathering မှာဆုံရင် အာဘွားပေးလို့ရမလားမေးထားလိုက်လေ

cheer ‌ပေါ့ ဦးမင်းရယ်‌။

အပြောင်းအလဲက မြောင်းထဲရောက်မသွားဖို့ ကြိုးစားကြရမယ်

Posted using Partiko Android

‌တောင်‌ထိပ်‌ဘဲ ‌ရောက်‌မှာပါ ကိုဟိန်းရယ်‌။

MSC က ယောက်ျားလေးဆိုလည်း အာဘွားပေးလို့မရဘူးလားလို့ ကိုမဟော်ရေ... ဟီးး ။ စတာဘာ မွေးကင်းစ SP ပိုင်ရှင်လေးမို့ ဗွေမယူပါနဲ့နော်...

စိတ်‌မဆိုးပါဘူးဗျာ ။ရင်းရင်းနှီးနှီး‌ပေါ့။

ဟုတ်​ကဲ့...ဒီ​နေ့ကစပုံမှန်​ပိုစ့်​တင်​ပါပြီ...ဆက်​ကြိုးစားကြမယ်​....

Posted using Partiko Android

ok ; together fighting!

အစမို့ပါ နောက်ကျ ok မှာပါ😊

Posted using Partiko Android

မမတို့ vote များများလိုတာ‌ပေါ့ဗျာ။အတူကြိုးစားကြမယ်‌။

ဖြစ်ပေါ်လာတဲ့အခြေအနေကို အကောင်းဆုံးဖြစ်အောင်ကြိုးစားကြတာပေါ့အစ်ကို။

အားမ‌လျော့‌ကြေး‌နော်‌။

အသစ်တွေအတွက်တော်တော်စိတ်ပျက်သွားစေတဲ့ အခြေအနေပါ ကျမတို့တောင် မနည်း ရုန်းနေရတယ်လေ

Posted using Partiko Android

အတူလက်‌တွဲပြီး ရုန်းကြတာ‌ပေါ့ ဗျာ။

အပြောင်းအလဲကတော့ ကောင်းလာလောက်တယ်လို့ ထင်ပါတယ်ကိုမဟော်ရေ ထင်တာပြောတာနော် Post တစ်ခုတင်လို့ Comment တစ်ခုရေးလိုက်လို့ RC ကသိပ်မလျော့တာတွေ့ရတယ် Vote ပေးရင်လည်း $$$ လေးတွေ ပိုရလာတာမြင်ရတယ်ဗျ ကောင်းလာတယ်လို့ထင်ရတာပဲ(ဓာတ်ပုံထဲမှာ အလွန်လှသဗျာ အဲဒီကားမျိုးကြီးတွေ လိုချင်ထာ ဟီး ☺☺☺)

ယုံပါတယ်‌ ဦးစိုး ‌ကောင်းဘို့ပဲ ဖြစ်‌လာမှာပါ။ဦးစိုးလိုချင်‌ရင်‌ တစ်‌‌နေ့ ‌ပေးနိုင်‌‌အောင်‌ကြိုးစား‌နေပါတယ်‌ဗျာ ။ဟားး!

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63459.73
ETH 2599.77
USDT 1.00
SBD 2.78