‌တွေးမိ‌တွေးရာ

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌‌သောမိတ်‌‌ဆွေအ‌ပေါင်းတို့။ မျက်‌နှာမြင်‌ချစ်‌ခင်‌ပါ‌စေ၊ အသံကြားသနားပါ‌စေ စကား‌လေးကို ‌တွေးမိလို့ပါ။ ရုပ်‌လက္ခဏာဖတ်‌တဲ့ပညာရှင်‌က ဆိုခရေးတီးကို ‌ဟောတာများရစရာကိုမရှိဘူး။ ယုတ်‌မာရိုင်းစိုင်း‌ကောက်‌ကျစ်‌မယ့်‌ ရုပ်‌မျိုးတဲ့။ သူနာမည်‌ကြီး‌နေတဲ့အချိန်‌‌ဟောတာ‌နော်‌။ မ‌ကောင်းတဲ့စိတ်‌‌တော်‌‌တော်‌များများ ပိုင်‌ဆိုင်‌တဲ့ရုပ်‌မျိုးတဲ့။ ဆိုခ‌ရေးတီးက ဘာပြန်‌‌ပြောလဲဆို‌တော့ အသင်‌‌ဟောတာ‌တွေမှန်‌ပါတယ်‌တဲ့။ ကျွနု‌ပ္ပ်‌မှာ ထိုမ‌ကောင်းတဲ့စိတ်‌‌တွေ ဖြစ်‌‌ပေါ်ပါတယ်‌တဲ့။ ဒါ‌ပေမယ့်‌ ဆင်‌ခြင်‌တုံ‌တရားနဲ့ ထိန်းချုပ်‌နိုင်‌လို့ အပြင်‌မှာမ‌တွေ့ရတာပါတဲ့။ ပညာရှင်‌ကလည်း သူပညာဘဲမှား‌နေလားဆိုပြီး ဇ‌ဝေဇဝါ ဖြစ်‌လို့ ‌မေးတာ‌နေမှာ‌ပေါ့။ စိတ်‌ထိန်းချုပ်‌နိုင်‌တာကတစ်‌ပိုင်း ဒီရုပ်‌လက္ခဏာက ဒီလိုစိတ်‌မျိုးရှိ‌စေတာတစ်‌ပိုင်းဘဲလို မြင်‌မိတယ်‌။

images (8).jpeg
crd.org.source

အရာရာတိုင်းဟာ သူ့အ‌ကြောင်းတရားနဲ့ သူ လာကြတာပါ။ ရုပ်‌လှခြင်း ရုပ်‌ဆိုးခြင်း စိတ်‌လှခြင်း စိတ်‌ဆိုးခြင်း‌တွေဟာ လူမှု‌ပေါင်းသင်းဆက်‌ဆံ‌ရေး‌တွေမှာ အနည်းအများသက်‌‌ရောက်‌‌စေပါတယ်‌။ ရုပ်‌က‌လေးလှသ‌လောက်‌ စိတ်‌ဓာတ်‌က‌အောက်‌တန်းကျလိုက်‌တာ၊ ရုပ်‌က‌လေးသနားကမားနဲ့ သူပုံက မထင်‌ရက်‌စရာ၊ ရုပ်‌ဆိုးသ‌လောက်‌ စိတ်‌ဓာတ်‌ကလည်းဆိုးလိုက်‌တာ၊ ရုပ်‌နဲ့စိတ်‌နဲ့က တ‌ထေရာတည်း‌လို့ စသဖြင့်‌ ‌ပြောဆိုသံ‌တွေ ကြားဖူးကြမှာပါ။ ရုပ်‌က‌တော့ ပြုပြင်‌ဖန်‌တီးလို့မရ‌ပေမယ့်‌ စိတ်‌က‌တော့ ပြုပြင်‌လို့ရပါတယ်‌။ စိတ်‌လှရင်‌ အားလုံးက ချစ်‌ကြတာပါဘဲ။ ‌လေးစားကြတာပါဘဲ။ ရုပ်‌ဆိုးခြင်း ရုပ်‌လှခြင်း‌တွေဟာ အတိတ်‌ဘဝက ကံအ‌ကြောင်းတရား‌တွေပါ။ ကိုယ်‌ရလိုက်‌တဲ့မျက်‌နှာကို ဘယ်‌သူမှငြင်းပိုင်‌ခွင့်‌မရှိပါဘူး။ ဒါ‌ပေမယ့်‌ စိတ်‌ဆိုးစိတ်‌ယုတ်‌‌တွေကို‌တော့ ငြင်းပိုင်‌ခွင့်‌ရှိပါတယ်‌။ လူ့ပတ်‌ဝန်းကျင်‌မှာ စိတ်‌လှဘို့က အဓိကကျသလို့ ပညာရပ်‌တစ်‌ခုခုထူးချွန်‌ရင်‌လည်း လူရာဝင်‌ပါတယ်‌။ အချင်းနဲ့အဆင်းမှာ သူ့‌နေရာနဲ့သူ တန်‌ဘိုးရှိကြပါတယ်‌။ ထိုအချင်းနဲ့ အဆင်းမှာ ပုဂ္ဂိုလ်‌‌ပေါ်မူတည်‌ပြီး တန်‌ဘိုးက ကွာတတ်‌တာ‌တွေရှိပါတယ်‌။ ‌ယောင်္ကျားဆိုရင်‌ အရည်‌အချင်းက အဓိက ၊ မိန်းခ‌လေးဆိုရင်‌ ရုပ်‌ရည်‌အဆင်းက အဓိကကြပါတယ်‌။ အ‌ရေး ကြီးဆုံးက ‌ယောကျာင်္းဖြစ်‌ဖြစ်‌ မိန်းမဖြစ်‌ဖြစ်‌ စိတ်‌လှဘို့က အဓိက အချုပ်‌ပါဘဲ။

download (1).jpeg

crd.org.source

ပုထုဇဉ်‌ဆို‌တော့ စိတ်‌ပိုင်းဆိုင်‌ရာကို လုံးဝထိန်းချုပ်‌နိုင်‌ဘို့ မလွယ်‌ပါဘူး။ ‌စိတ်‌သ‌ဘောထား ကြီးချင်‌‌ပေမယ့်‌လည်း အမြဲ မလုပ်‌နိုင်‌၊ အချိန်‌တိုင်း ‌မေတ္တာတရားထားချင်‌‌ပေမယ့်‌လည်း ‌ဒေါသထွက်‌လာရင်‌ ဘယ်‌‌ရောက်‌သွားမှန်းမသိ‌အောင်‌ ဖြစ်‌ရ၊လူတိုင်းကို အ‌ကောင်းမြင်‌ချင်‌‌ပေမယ့်‌လည်း ကိုယ့်‌ကို‌စော်‌ကားရင်‌ ထိုစိတ်‌‌တွေ‌ပျောက်‌၊ကိုယ့်‌စိတ်‌ကို စိတ်‌တိုင်းကျ မကိုင်‌တွယ်‌နိုင်‌‌သေးဘူး။ ဒါဟာ ပုံမန်‌လူသားတစ်‌‌ယောက်‌ရဲ့ သဘာဝပါ။ ကျွန်‌‌တော်‌တို့လည်း ထိုနည်းလည်း‌ကောင်းပါဘဲ။ ကိုယ့်‌အ‌ပေါ်‌ကောင်းတဲ့သူဆိုပိုခင်‌ပြီး ကိုယ့်‌ကို မ‌ကောင်းတဲ့သူဆို အမြင်‌မကြည်‌ချင်‌‌တော့။ စိတ်‌ မရင့်‌ကျက်‌‌သေးတဲ့ သ‌င်္ကေတ‌ပေါ့ဗျာ။ ဆိုးဆိုး‌ကောင်း‌ကောင်း ‌မေတ္တာထားတက်‌‌အောင်‌ ‌လေ့ကျင့်‌ရမှာဘဲ။ ဘာရယ်‌မဟုတ်‌ပါဘူး အလုပ်‌ထဲမှာ အခန့်‌မသင့်‌တာ‌လေး ‌တွေးမိလို့‌ရေးလိုက်‌မိတာပါ။ ‌ရေးချင်‌တာနဲ့ ‌ရေးလိုက်‌တာ‌တော့ နည်းနည်း‌လေး‌တော့ လွဲ‌နေတယ်‌။ ‌ရှေးလူကြီး‌တွေ ‌ပြောဖူးတယ်‌။ စိတ်‌တို‌နေတုန်း စာမ‌ရေးနဲ့တဲ့။ ကျွန်‌‌တော်‌နား‌ထောင်‌လိုက်‌မယ်‌‌နော်‌။အားလုံးကျန်းမာချမ်းသာပါ‌စေ။

MSC-228
@mahaw

Sort:  

စိတ်ပိုင်းထိန်းချုပ်ဖို့ တစ်ရက်ချင်းအဓိဇာန်နဲ့သွားရပါတယ်ဗျာ၊ (၃)လလောက်ဆိုစွဲသွားပါပြီ။

‌ကျေးဇူးပါဆရာ။

မယ်ကြည်လဲ မရင့်ကျက်သေးဘူး ဟုတ်ပါတယ် ကိုမဟော် ပြောသလို မေတ္တာ ထားတတ်ဖို့ ကြိုးစားပါ့မယ်😊

ကျွန်‌‌တော်‌လည်း မထားတတ်‌‌သေးသလို မထားနိုင်‌‌သေးပါဘူး။‌ကျေးဇူးပါ ညိမ။

ရုပ် နဲ့ စိတ်ကို အပိုင်းနှစ်ပိုင်းခွဲပြီးပြောပြထားတာ ကောင်းလှပါတယ်အစ်ကို။ယောက်ျား မိန်းမ နှစ်မျိုးလုံး စိတ်အလှ စိတ်ထားကောင်းဖို့လိုအပ်တာ အသေအချာပဲပေါ့ခင်ဗျာ။ပိုမိုရင့်ကျက်ပြီး မေတ္တာထားနိုင်ဖို့ ကြိုးစားကြတာပေါ့အစ်ကို။

ဟုတ်‌ကဲ့ ကိုသန့်‌ ၊စိတ်‌‌လေးလှဘို့ ‌မွေး မြူးရမှာဘဲ‌လေ။‌ကျေးဇူးပါ ကိုသန့်‌။

You got a 4.75% upvote from @emperorofnaps courtesy of @mahaw!

Want to promote your posts too? Send 0.05+ SBD or STEEM to @emperorofnaps to receive a share of a full upvote every 2.4 hours...Then go relax and take a nap!

စိတ်ဆိုတာက ဘယ်လောက်တည်ငြမ်ပါပြီဆိုဆို ပုထုဇဉ်ပဲရှိသေးရင် အနုသယဒေါသစိတ်တွေကို ပယ်ဖို့မဖြစ်နိုင်သေးဘူးပေါ့လေ၊အေ ကြာင်းအပေါင်းတိုက်ဆိုင်တွေ့ဆုံလာရင် ဒေါသဆိုတာ ဖြစ်ကိုဖြစ်လာတာပေါ့

ဟုတ်‌ကဲ့ဦးမင်း။‌ကျေးဇူးပါဦး‌ရေ။

ရင့်ကျက်မှုနှင့်ဆက်ခြင်ဉာဏ်က ဘဝမှ အရေးကြီးပါတယ်

မှန်‌လိုက်‌တဲ့စကားဗျာ။‌ကျေးဇူးပါကိုဟိန်း‌ရေ။

ရေးမိရေးရာ ရေကြည့်တာ မရင့်ကျက်သေးပါဘူးဗျာ

ကိုယ့်‌စိတ်‌က မရင့်‌ကျက်‌‌တော့ ထစ်‌ခနဲဆို စိတ်‌ပင်‌ပန်းရတယ်‌ဦး‌ထွေး‌ရေ။ကြိုးစားရမှာဘဲ။‌ကျေးဇူးပါ။

လက်​နက်​​တွေထဲမှာ ​မေတ္တာလက်​နက်​သည်​ အစွမ်းထက်​ဆုံးလက်​နက်​တခုဖြစ်​ပါတယ်​ဗျာ

‌မေတ္တာကို လက်‌နက်‌ကြီးနဲ့ နိုင်းယှဉ်‌ရင်‌ အားနာစရာ။

Allah has created all beautiful men & women, and ugly ones also.If not created ugly then we had couldn't justify, praise beautiful ones. But we shouldn't ignore them.
all island, hill, mountain, forest,ocean everything is made by Allah, seeing it we become fascinate, but very few we ever think who made it? Why made? He is Allah, we have to back again to Him. He is free from all partnership. thank you very much for such a good post.

Posted using Partiko Android

စိတ်ဓာတ်နဲ့ လုပ်ရပ်က လူ့အဆင့်အတန်းဆိုတာ မှန်ပါတယ်

ဟုတ်‌ပါတယ်‌ညီမ‌ကျေးဇူးပါ‌နော်‌။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64160.97
ETH 3145.28
USDT 1.00
SBD 3.86