Valentine's Day 2018.2.14 အများအခေါ် ချစ်သူများနေ့

in #myanmar7 years ago

Valentine's Day

image

image

image

Valentine's Day လို့ဆိုလိုက်တာနဲ့ ချစ်သူများရဲ့ လွတ်လပ်ခွင့် ရတဲ့နေ့လို့ သတ်မှတ်ကြတာပါပဲ ။ မြန်မာနိုင်ငံအနေနဲ့ လက်သင့်မခံနိုင်သေးတဲ့ နေ့တစ်နေ့ပါပဲ ။ ယနေ့ခေတ်မိဘတွေ ခေါင်းခဲရတယ်ဆိုလည်း မမှားပါဘူး ။ တကယ်တော့ ငယ်ရွယ်သူတွေ အတွက် ဒီလိုနေ့ဟာ လွတ်လပ်ခွင့်ရတဲ့နေ့ဆိုတော့လည်း မှားတယ် မှန်တယ် ပြောလို့မရပြန်ဘူးပေါ့ ။ ချစ်တဲ့သူရဲ့ Valentine's day present
လိုချင် ကြတာပဲပေါ့ ။ ခေတ်ကလည်း ပွင့်လင်းမြင်သာတဲ့ခေတ်ဆိုတော့ပေါ့လေ
living together ရဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ကြတာအရမ်းမြန်တာပဲ ။
image
ကျွန်မတို့တောင် လိုက်မမှီတော့လောက်အောင်ပါပဲ။ ကျွန်မ အနေနဲ့ကတော့ ဘယ်ဘက်ကိုမှ ထောက်ခံမှု့မပြုသလို အားပေးခြင်း အားမပေးခြင်းဆိုတဲ့ အစွန်း၂ ဖက်မှာလည်း မရပ်တည်ပါဘူး ။ ဘာကြောင့်လဲဆိုတော့ တားလို့ မရတဲ့ ခေတ်အနေအထားနဲ့ ပြန့်နှံ့လာတဲ့အတွက် နည်းစနစ်မှန်စွာ မိမိကိုယ်ကို စောင့်ထိန်းကြဖို့သာ အကြံပေးလိုပါတယ် ။ ဘာကြောင့်လဲဆိုတော့ ခေတ်ကို ဘယ်အရာမှ တားဆီးလို့မရပါဘူး ။ မျက်ကွယ်ရာ များပြားသလောက် တည်ခိုခန်း ဟော်တည် စတဲ့ အချိန်ပိုင်း အခကြေးငွေးနဲ့ နေရာတွေ အရံသင့် ရှိနေတာကြောင့် ယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် မိမိကိုယ်သာ စောင့်ထိန်းရုံသာ ရှိကြတာပါပဲ ။ အကာအကွယ်တွေ တားဆေးတွေကလည်း လက်လှမ်းမှီနေကြတာဆိုတော့
အတုမြင်အတတ်သင်ဆိုသလို sexy videoတွေ ကလည်း ပေါမှပေါ ။
image
Condom ဆိုတာကလည်း တချို့ ယောကျာ်းလေးတွေဆိုရင် အမြဲတမ်း အသင့်ဆောင်ထားတဲ့ အနေအထား ခေတ်ဆိုတော့ လိင်ကိစ္စမှာ သန်လို့ဆောင်ထားတာလား ဆေးပညာဗဟုသုတ ပြည့်စုံလို့လား ဆိုတာတောင် ခွဲခြားမရအောင်ပါပဲ ။ အရင်ကဆို လိင်နဲ့ပတ်သတ်ရင် ဖိုမ စိတ်ပညာတို့ ဖိုမ သဘာဝတို့ ဒေါက်တာတွေ ရေးတဲ့ ပညာပေးစာအုပ်တွေပဲ ဖတ်ခဲ့ အသိရှိခဲ့ ရာကနေ ခုခေတ်မှာတော့ ပလူပျံနေအောင် လိင်စိတ်ကို နိုးဆွပေးတဲ့ အရေးအသား အပြာစာအုပ်တွေ sexy books, အပြာဓါတ်ပုံ sexy photos , အပြာဗွီဒီယိုတွေ sexy videos ပေါမှပေါပါပဲ ။ လူသားတွေရဲ့ စိတ်ဆန္ဒကို စက်ရုပ်တွေနဲ့ အစားထိုးလာတဲ့ ထိပါပဲ ။ ခုဆို အာသာဖြေနည်း ကိရိယာ တန်ဆာပလာတွေ ပုံစံအမျိုးမျိုးတွေက ဈေးကွက်ထဲကို ဝင်လာနေပါပြီး တချို့အရာတွေဆို မသိဟန် မမြင်ဟန် ဆောင်ထားပြီးနေရပါတယ် ။ ကောင်းခြင်းလား ဆိုးခြင်းလာဆိုတာ ကျွန်မ ဦးနှောက်နဲ့ လိုက်မမှီပါဘူး ။ ဟန်ဆောင်မညာတမ်း ပြောရရင် သတ္တဝါတိုင်းမှာ sexy လို့ခေါ်တဲ့ မျိုးဆက် ပြန့်ပွားခြင်းဟာ သဘာဝက လုပ်ဆောင်စေဖို့ တွန်းပို့ထားတဲ့ တွန်းအားဖြစ်နေတာကြောင့် ကျွန်မလည်း မရှောင်နိုင်ပါဘူး။ ဒါပေမဲ့ သိက္ခာနဲ့ အကျင့်ကို ရှေ့တန်းတင်ထားရတဲ့ မိန်းမသားတွေမို့  ယောက်ျားပဲ ဖြစ်ဖြစ် မိန်းမပဲ ဖြစ်ဖြစ် သဘာဝကို လွန်ဆန်လို့ မရဘူးဆိုတာ တင်ပြချင်တာပါပဲ ။ တကယ်လို့ 2018 February 14 Valentine's Dayကို မဖြစ်မနေ အတူနေကြတော့မယ်ဆိုရင်တော့ 98%အကာအကွယ်ပြုပေးမဲ့ Condom ကို ဆောင်ထားကြဖို့နဲ့ တစ်ခါသုံးဆေး အရေးပေါ်တားဆေးတွေဟာ ထိရောက်မှု့နဲ့ အကျိုးသက်ရောက်မှု့မှာ အားနည်းချက်ရှိတယ်ဆိုတာ တင်ပြရင်း Valentine's Day ကို ပျော်ရွင်စွာ ဖြတ်သန်း နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည် ။
image
လေ့လာဆန်းစစ်ချက်အရ sex ဖြစ်မဲ့ ချစ်သူအတွဲ 32%
sexy မလုပ်ဖြစ်မဲ့ ချစ်သူအတွဲ အရေအတွက် 45% ဒါကလည်း လတ်တလော noဆိုတဲ့ အဆိုပြုထားတဲ့ အရေအတွက်ပဲ ဖြစ်ပါတယ်
မသေချာ မရေရာသေးတဲ့ အတွဲကတော့ 23%
image
All friend's Valentine's day me too.
Write by @maeiei
Photo by Google image

Sort:  

ခေတ်ကာလရဲ့ တွန်းပို့မှု့ဆိုတော့လည်း ဒါတွေက ရှောင်လွဲဖို့ မလွယ်တာ အမှန်ပဲ

Yes, ပွင့်လင်းတဲ့ခေတ်ဆိုတော့ ရေးသားထားတာ မမှားပါဘူးနော်

အင်း မမှားပါဘူးဗျာ အင်တာနက်ခေတ်မှာ ကြည့်တဲ့ ရှု့ထောင့်ပေါ် မူတည်တာပါပဲ

အားပေးသွားပါသည်

Thank you! ကျေးဇူးပါရှင့်

I think that a myanmar must keep culture and tradition.Living together is opposite of myanmar's culture and tradition.

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58994.66
ETH 2596.74
USDT 1.00
SBD 2.43