လေပါတယ်
တစ်ကယ်တော့ လေ...
ဘဝဆိုတာ ကိုယ်ဖြစ်ချင်တာချည်းပဲ ရွေးချယ်ခွင့်မရှိသလို အဆိုးတွေလည်း မလာပါစေနဲ့လို့
ဆုတောင်းခွင့်မရှိ ပါ ဘူး....
မဖြစ်ချင်တာတွေဖြစ်လာတဲ့အခါ ခံနိုင်ရည်ရှိဖို့နဲ့. ဖြစ်လာသမျှကို ရင်ဆိုင်ဖြေရှင်းနိုင် ရပါ မယ်.....
လှံထမ်းလာတာ မြင်ရတယ် ကံထမ်းလာတာမမြင်ရ"ဆိုတဲ့အတိုင်း လူတစ်ယောက် ဟာ အမြဲတမ်း ကံမကောင်းနိုင်သလို အမြဲတမ်းလည်း ကံမဆိုးနိုင်ပါဘူး......
အဆိုးတွေဆက်တိုက် ကြုံလာရတဲ့အခါ "ငါမှ ဖြစ်ရတယ်..
ငါ ကိုက ကံဆိုးလိုက်တာ"လို့ ညည်းညူ နေမဲ့အစား..
ဆိုးနေတဲ့ ကံကို ဘယ်လိုကောင်းအောင်ပြင်ရမလဲဆိုတာ နည်းလမ်းရှာ ရပါမယ်..
ဘဝဆိုတာ ပင်လယ်ထဲက လှိုင်းလုံးလိုပဲမြင်ချီတစ်ခါ နိမ့်ချည်တစ်လှည့်နဲ့ အတက်အကျမမှန်ပါဘူး..
ဘဝဆိုတဲ့ လှိုင်းကြမ်းတွေကြောင့် ကမ်းနဲ့ ဝေးကွာရမဲ့အဖြစ်ထက် တစ်နေ့နေ့မှာ ကမ်းကို ရောက်ရမယ်ဆိုတဲ့ အတွေးနဲ့
ကိုယ်ဖြစ်ချင်တာ ဖြစ်ခွင့်ရဖို့ ကိုယ့်ရည်မှန်းချက်မပျောက်ဖို့က ကိုယ့်အပေါ်မှာပဲ အဓိက ကျလှတယ်..
တစ်ချို့တွေက လှေလှော်ရင်း တက်ကျိုးသလိုမျိုး.
ဘဝကိုရေစုန်မျှော ပစ်လိုက်ကြတာ နှမြောဖို့ကောင်းလွန်းတယ်..
တစ်ချို့တွေ တော်နေရက်နဲ့ တလွဲချော်ထွက်သွားကြတာ.
လမ်းမှား ရွေးချယ်သွားကြတာတွေက ရင်နာဖို့ကောင်းတယ်..
ကိုယ့်ဘဝအတွက်မှန်ကန်တဲ့လမ်းပေါ် ရွေးချယ်လျှောက်နိုင်ဖို့ ဆန္ဒပြုရင်း...
အဆင်မပြေတာတွေကို ရင်ဖွင့်မနေပါနဲ့။ သူ့မှာလည်း ကိုယ့်လိုပဲ ဒုက္ခတွေနဲ့မို့ပါ။ ကိုယ့်ဒုက္ခက မိုးလောက်မြင့်သလို သူ့ဒုက္ခကလည်း ပင်လယ်လောက် နက်ရှိုင်းပါတယ်။ ကိုယ့်ဆန်အိုးထဲ ဆန်မရှိဘူး။ အဲ……သူ့ဟင်းအိုးမှာလည်း ဆီမရှိဘူး။ ထုတ်မပြောဖြစ်တဲ့ ရင်ထဲက သောကတွေမှာ တူညီသူအချင်းချင်း ဖေးမရိုင်းပင်းပါ။
သူ ငါ့ကိုမေ့နေပြီလို့ ထင်တတ်ကြပါတယ်။ အမှန်က ဧည့်ဝတ်မကျေမှာစိုးတာကြောင့် ခပ်ခွါခွါလေး နေနေတာပါ။ ကိုယ့်အနားကို မကပ်ချင်ဘူးဆိုတာထက် ကိုယ့်ဆီကို အပူတွေ ကူးမှာစိုးတာကြောင့် အဝေးကနေ အားပေးနေကြတာပါ။ သူလည်း ကိုယ့်လိုပဲ အားတင်းလျှောက်ပြီး မချိတင်ကဲ ပြုံးနေရတာဖြစ်ကြောင်း စာနာနားလည်ပေးပါ။
ကိုယ့်မှာ သောကရှိပေမယ့် သူ့ကို အားပေးဖို့လည်း သတိရပါ။ သံသရာမှာ အားလုံးက ဘဝရောဂါသည်တွေ။ အချင်းချင်း စည်းလုံးပါမှ အဆိုးလောကဓံတွေကို ခံနိုင်ရည်ရှိမှာလေ။ အမှတ်မထင် ဘယ်သူကစပြီး ရင်ဖွင့်မိသည်ဖြစ်စေ စိတ်ဝင်တစား နားထောင်ပါ။ ဒါက သူ့ကို ကိုယ်ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တွေထဲက တစ်ခုပါ။
ကိုယ့်ပျော်ရွှင်မှုကို မျှဝေပါ။ သူ့ပျော်ရွှင်မှုကို ကြည်နူးပါ။ ဘဝဟာ နိစ္စဒူဝကိစ္စတွေနဲ့ နပန်းလုံးနေရတာဖြစ်တဲ့အတွက် ပျော်ရွှင်စရာ နည်းပါးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံချိန်မှာ ဘာမဟုတ်တဲ့ အဆင်မပြေမှုတွေကို ဖလှယ်ရင်း စိတ်ညစ်ညူးစွာ ဖြတ်သန်းရတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။
ကိုယ့်ကိုယ်ကို တန်ဘိုးထားပါ။ ကိုယ့်မိသားစုကို တန်ဘိုးထားပါ။ ကိုယ့်ပတ်ဝန်းကျင်ကို တန်ဘိုးထားပါ။ ကိုယ့်မိတ်ဆွေတွေကို တန်ဘိုးထားပါ။ လောကကြီးကို တန်ဘိုးထားပါ။ အားလုံးက တစ်ချိန်မဟုတ်တစ်ချိန် ကိုယ့်အတွက် အရေးပါသူတွေ ဖြစ်လာပါလိမ့်မယ်။ နောက်ဆုံး ကိုယ်မုန်းနေတဲ့သူကလည်း ကိုယ့်ကိုသင်္ခန်းစာတွေ ပေးနေသူဖြစ်တာကို နားလည်ပေးပါ။
လူ့ဘဝ တစ်ခဏတာအချိန်လေးမှာ တစ်ဦးနဲ့တစ်ဦး ဘာမှမပေးနိုင်ရင်တောင် နားလည်မှုတော့ ပေးနိုင်ပါစေ။ မတော်တဆ ကိုယ်က ပြုမိတဲ့အမှားကို ဝန်ခံပါ။ သူပြုမိတဲ့ အမှားကိုလည်း ခွင့်လွှတ်ကျေအေးပါ။ အချစ်ကို မပေးနိုင်လည်း အမုန်းတော့ မယူမိပါစေနဲ့။ သူလည်း ဒုက္ခသည်၊ ကိုယ်လည်း ဒုက္ခသည် ဒုက္ခသည်အချင်းချင်း မာန်တင်းနေတာဟာ ထပ်ဆောင်းဒုက္ခကို ထပ်ရှာတာပါပဲ။
နောင်နှစ်ပေါင်း(၃၀)အတွင်း သူရောကိုယ်ပါ ပျောက်ကွယ်သွားရမယ့် အငွေ့အသက်လေးတွေပါ။ ဒီကမ္ဘာမြေမှာ ကံတရားကလွဲရင် ကျန်တာမှန်သမျှ ယာယီပိုင်ဆိုင်မှုပါ။ ကံဆီကနေ ငှါးတယ်။ ပြီးတော့ ကံတရားထံ ပြန်လည်အပ်နှံရတယ်။ ကိုယ်မပိုင်တဲ့ အရာတွေကို အကြောင်းပြုပြီး မာနတွေ အတ္တတွေ ပွားနေတာဟာ သူများဓားကို ခိုးပြီး ကိုယ့်ကိုယ်ကို ပြန်ထိုးတာနဲ့ အတူတူပါပဲ။
ဘဝဟာ မွေးဖွားခြင်းက စပြီး သေဆုံးခြင်းမှာ ဆုံးတယ်။ ကြားကာလမှာ အားလုံး ရုန်းကန်ကြရတယ်။ လောကဓံ(၈)ပါးကို ကြုံရတယ်။ သုခ,ဒုက္ခကို ဆုံရတယ်။ မရှိခြင်းကနေ ရှိခြင်းကို ဖန်တီး၊ ပြီးတော့ မရှိခြင်းဆီ ပြန်သွားရမယ့် ခရီးမှာ သူသူငါငါ ပြိုင်မနေဘဲ နားလည်ပေးတတ်တဲ့စိတ်နဲ့ အနိုင်ပေးလိုက်ပါ။ တကယ်တော့ သူလည်း မနိုင်၊ ကိုယ်လည်း မရှုံး၊ နိဂုံးလှရင် အားလုံးကျေပါတယ်။