ယနေ့ည အတွက် FIFA World Cup 2018 Russia

in #myanmar6 years ago (edited)

ယနေ့ည အတွက် FIFA World Cup 2018 Russia

ဘာလိုလိုနဲ့ ဒီနေ့ဆို ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နောက်ဆုံး ဗိုလ်လုပွဲကိုရောက်ရှိခဲ့ပါပြီ။

FB_IMG_1531652183001.jpg

Photo-source-org

ဟိုးအရင် ရက်တွေတုန်းက ဒီ ကမ္ဘာ့ဖလားပွဲကြည့်ဖို့ အတွက် PSI စက်သမားတွေ အသည်းအသန် ကြိုးစားခဲ့ရတာ အများလည်း သိရှိပြီးသား ဖြစ်ပါတယ်။

အရင်က psi စက်တွေမှာ Bisskey တစ်ခါရိုက်ထားရင် ပိတ်ထားတဲ့ ရုပ်သံလိုင်းတွေဟာ အနည်းဆုံး တစ်ပတ် ဆယ်ရက်လောက် ကြည့်လို့ရနေတာ ဆိုတော့ မဆိုးပါဘူးဗျာ။

ခုနောက်ပိုင်း ကမ္ဘာ့ဖလားပွဲ ပြီးခါနီးတဲ့ အချိန်မှာတော့ ကမ္ဘာ့ဖလားပွဲ လွင့်တဲ့ ရုပ်သံလိုင်းတွေကို ပွဲ မစခင် တစ်နာရီလောက် အလိုမှာ Bisskey ချိန်းပါတော့တယ်။
ဒီတော့ ဒီည ဘောလုံးပွဲကြည့်လို့ရနေပေမယ့် နောက်နေ့ည ကြည့်လို့ မရတော့ဘူး ကြည့်လို့ရချင်ရင် key ပြန်ထည့်ရပါတော့တယ်။

Screenshot_20180715-190142.png

[Photo-source-org]

ကမ္ဘာ့ဖလားဘောလုံုးပိုင်ပွဲ ကျေးဇူးကြောင့် PSI အသုံးပြုသူ တော်တော်များများဟာ ကိုယ်တိုင် လိုင်းထည့်သွင်းတတ်လာပါပြီ။
Bisskey လည်း ရိုက်တတ်ခဲ့ကြပါပြီ။
ကိုယ်တိုင် User db ဖိုင်ထည့်နည်းလည်း လုပ်တတ်ခဲ့ကြပါပြီ။
ဒါဟာ ကမ္ဘာ့ဖလားဘောလုံးပွဲရဲ့ ကျေးဇူးကြောင့်ပါ။

အရင်ကတည်းက နည်းတွေရှိပေမဲ့ လေ့လာမူနည်းခဲ့တော့ မသိကြပါဘူး။
ခုတော့ ကမ္ဘာ့ဖလား ကျေးဇူးကြောင့် လုပ်နည်းကိုင်နည်းတွေ သိလာခဲ့ကြပါပြီ။

ဘာတွေပဲ ဖြစ်ဖြစ်ပေါ့ဗျာ ဒီနေ့ည 9:30 မှာ ကန်မဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာလည်း PSI ကတော့ Bisskey ချိန်းပြီး ဖျောက်ပါအုံးမယ်။
ဒါကြောင့် ဒီနေ့ည Key လေးတွေရိုက်ဖို့ အဆင်သင့်ပြင်ဆင်ထား ကြပါအုံးလို့ PSI ပရိတ်သတ်ကြီးကို အသိပေးပါတယ်ဗျာ။

Screenshot_20180715-190332.png

[Photo-source-org]

တစ်ခုတော့ရှိသေးတယ်ဗျ
Bisskey မပျောက်တဲ့ လိုင်းတစ်လိုင်းတော့ရှိတယ်။ သူက ပျောက်တဲ့ လိုင်းတွေလောက်တော့ ရုပ်ထွက် ကြည်လင်ပြတ်သားမူ့ မရှိဘူး။
လိုင်း နာမည်ကတော့ RTM 1 ရုပ်သံလိုင်းပါ။

ရုပ်သံကြည်လင်တဲ့ လိုင်းမှာ ကြည့်ချင်ရင်တော့ Bisskey ထည့်ကြည့်ကြပါလို့ အသိပေးရင်း နိဂုံး ချုပ်အပ်ပါတယ်ဗျာ။

ည - 9:00 လောက်ကို Bisskey ချိန်းတာနဲ့ ဒီ post ကို Edit လုပ်ပြီး
Bisskey 16 လုံးကို ရေးပေးပါ့မယ် ခင်ဗျာ။

♥ယနေ့ညအတွက် -BISSKEY♥

♥♥15.7.2018

TV5
49 43 A6 32 B3 2C 81 60

True4u
03 4C 99 E8 90 63 2F 22

Amarin TV
61 A1 69 6B CE 3D 3E 49

TVLAO & 2
49 43 A6 32 B3 2C 81 60
♥♥

ရုရှားနိုင်ငံ 2⚽18 ဖီဖာကမ္ဘာ့ဖလား 🏆
Big Match -
World Cup Russia🇷🇺️ 2018 Final

(15-7-2018)

🇲🇫ပြင်သစ် 🆚 ခရိုအေးရှား🇭🇷

(9:30 pm)

ကမ္ဘာ့ဖလား 🏆 ဗိုလ်လုပွဲစဉ် တိုက်ရိုက်ထုတ်လွှင့်မည့် 📺Channels များ

TRUE 4U, AMARIN HD/SD, Channel TV5 HD/SD, TVLAO HD, RTM-1

Screenshot_20180715-190048.png

[Photo-source-org]

@lwanwai

Sort:  

ကျေးဇူးပါဗျာ ပညာ​တွေ
ဖြန့်​​ပေးလို့

ဟုတ်ကဲ့ပါဗျာ 😊😊

ရိုက်ဖို့ စောင့်မေလေ😁

ဟုတ် မမ 😍😍

ပြင်​သစ်​4 -2 ခရို​အေးရှား
ခုလိုနည်းပညာမျှ​ဝေ​ပေးတာတန်​ဖိုးရှိပါတယ်​😊

ဟုတ်ကဲ့ပါဗျာ ကျေးဇူးပါ 😊😊

ဒီလိုPost​တွေတင်​​ပေးတာ​ကျေးဇူးပါရှင်​။

ဟုတ်ကဲ့ပါ မအိရေ😊

‌နောက်‌ ပြဿနာ ဖြစ်‌လာရင်‌လည်း အလင်း ပြပါဦးကို လွမ်း။

ဟုတ်ကဲ့ပါ ကိုမဟော်ရေ. 😊😊

ဘာပဲဖြစ်ဖြစ် အနှစ်နှစ်ဆယ်မှာ
France က အခုလို ထပ်ရတော့ ဝမ်းသာတယ်ဗျာ

အတူတူပါပဲဗျာ Cheer 😊😊

ဒီညစောင့်ကြည့်မယ်ကွယ်

အတူတူ အားပေးမယ်လေ 😊😊

ရိုက်​ပြီဗျာ

😊😊😊

ကမ္ဘာ့ဖလားလည်းပြီးရော psi သမားတွေလည်း ပညာစုံရောပေါ့ဗျာ။ဘာပဲဖြစ်ဖြစ် ဒီလိုအစ်ကိုတစ်ယောက်ရှိနေရင်တော့ ဒီပညာရပ်လေးတွေ ဗဟုသုတရနေမှာပဲပေါ့။

ဟုတ်ပါ့ဗျာ တစ်ချို့ဆို အတော် ပညာရလိုက်ကြတယ် 😊😊😂😂

WC ကပြီးသွာပြီပေါ့
လူတွေလဲတော်တော်အိပ်ရေးပျက်လောက်ပြီ 😁

ဟုတ်ပ အိပ်ငိုက်ရတာလဲ အမော 😂😂

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60793.50
ETH 2910.51
USDT 1.00
SBD 3.59