မြန်မာပြည်အနှံ့ နည်းပညာ နှီးနှောဖလှယ်ပွဲကြီး နှင့် တွေ့ဆုံမိတ်ဆက်ပွဲ သို့ ( အပိုင်း ၃ )

in #myanmar6 years ago (edited)

မြန်မာပြည်အနှံ့ နည်းပညာ နှီးနှောဖလှယ်ပွဲကြီး နှင့် တွေ့ဆုံမိတ်ဆက်ပွဲ ပထမဦးဆုံးရက်မှာပင် MEDA အသင်းကြီး ကို အသက်ဝင်စေခဲ့ပါတယ်။
ဆရာတွေရဲ့ လမ်းညွန်မူ ပြီးတော့ ဆရာတွေရဲ့ စေတနာ အများပြည်သူတွေရဲ့ လိုအပ်နေတဲ့ နည်းပညာတွေကို လက်ဆင့်ကမ်းဖြန့်ဝေပေးနိင်ဖို့ ဒီအသင်းကြီးကို အသက်ဝင်စေခဲ့ကြတာပါ။

image

IE Electronic မှ ဆရာ ကျော်ခိုင်လင်း ပြောပြသွားတာလေးက ကျွန်တော့်ကို အတွေးလေးတွေ ပေးစေခဲ့ပါတယ်။
တစ်ကယ် လက်တွေ့အပြင်မှာ အချင်းချင်း အိမ်သုံးလျှပ်စစ်ပစ္စည်းကို ဘယ်လိုမသုံးနဲ့ ဘယ်လိုသုံး ဆိုပြီး ပြောပြလည်း နားမဝင်ကြပါဘူးတဲ့။
ဒါပေမယ့် ကျွန်တော်တို့ စက်ပြင် ဆရာတွေက ဘယ်လိုသုံးရင် ဘယ်လိုဖြစ်တတ်တယ် အဲ့လို မသုံးနဲ့ဆိုရင် စက်ပိုင်ရှင် များက လိုက်နာတတ်ကြကြောင်း ပြောကြားခဲ့ပါတယ်။

အောက်ဆုံးအဆင့် အနေနဲ့ လျှပ်စစ် ရေနွှေးအိုး လာပြင်လာတဲ့အခါ ပျက်သည့် အပိုင်း လဲပြီးလို့ ပြန်အပ်လျှင် ကိုယ်က ဒီအတိုင်းပြန်ပေးလိုက်လဲရပါတယ်။
ဒါပေမယ့် ကိုယ်က ဘာကြောင့်ပျက်တတ်တယ် ရေနွှေး ဆူလို့ ထည့်ပြီးတဲ့အခါမှာ ဒီတိုင်း မထားသင့်ကြောင်း ရေလေးအနည်းငယ်ချန်ထားသင့်ကြောင်း အဲ့လို အသိပညာလေးတွေပြောပြပေးခြင်းဖြင့် သုံးစွဲသူ တို့ကို တစ်ဖက်တစ်လမ်းမှ ကူညီရာ ရောက်ဖြစ်ပါတယ်။

image

ငွေကြေးမတတ်နိင်သူတွေ အတွက် ကျွန်တော် တို့ပြောပြပေးလို့ သိသွားတဲ့အသိ တစ်ခုကြောင့် သူတို့သုံးစွဲတဲ့လျှပ်စစ်ပစ္စည်း ကို မပျက်အောင် သုံစွဲနိင်ခဲ့ရင် ပြုပြင် စရိတ်တွေဟာ သူ့မိသားစု အတွက် အိမ် အသုံးစရိတ် ကျောင်းစရိတ်တွေ ကာမိမှာဖြစ်ကြောင်းပြောပြပါတယ်။

တစ်ကယ်စဉ်းစားမိတော့ ကျွန်တော်တို့ ပြောပြတဲ့ အသိ တစ်ခုက သူတို့အတွက် အများကြီး ပြောင်းလဲသွားနိင်တယ် ဆိုတာ သိလိုက်ရပါတယ်။
အဲ့ဒီ အတွက် ဒီ MEDA အသင်းကြီးကို နည်းပညာ ကူညီဖို့ လိုအပ်ချက်တွေ ထောက်ပံ့ ပေးဖို့ ဖွဲ့စည်းတည်ထောင်ခဲ့တယ်လို့ သိရတဲ့အတွက်ဝမ်းသာ မိပါတယ်။

image

မနက်ခင်း ဆရာတွေ ဟောပြောမိတ်ဆက် အပြီးမှာတော့ နေ့လည်စာ ကော်ဖီသောက် ခနနား ပြီးတာနဲ့ ထမင်းစား ပြီး ထပ်နားရပါတယ်။ နားချိန်ပြည့် သွားတာနဲ့ သတ်မှတ်နေရာမှာ သွားထိုင်ပြီး နည်းပညာ ပို့ချတဲ့ ဆရာများက သင်တန်းစတင်ပို့ချပါတော့တယ်။
ခုချိန် အသုံးဝင်တဲ့ LCD LED နဲ့ ပတ်သက်တဲ့ နည်းပညာ ဗဟုသုတတွေ ပြုပြင်နည်း တပ်ဆင်နည်းတို့ကို သင်ကြားပြသကြပါတယ်။
တစ်ကယ်လို့ ပျက်လာခဲ့တယ်ဆိုရင်တောင် ဘယ်လိုပြစ်ချက်မျီုးဖြစ်နေရင် ဘာပစ္စည်းက ဖြစ်နိင်တယ် ။ဘယ်နေရာကို စစ်ကြည့်သင့်တယ် စသဖြင့် ဆရာတွေက သင်ကြားပြသပေးတဲ့အတွက် အသိပညာတွေ တအားတိုးခဲ့ရပါတယ်။

image

စက် ပြင်ရင် ဒီတိုင်းပြင်တာတွေထက်စာရင် Diagram ကြည့်ပြီး ပြင်တာကို ပိုလွယ်ကြောင်း Diagram နဲ့ပတ်သက်လို့ လမ်းကြောင်း လိုက်နည်း ပြစ်ချက်ရှာနည်း စသည်တို့ကိုလည်း ဆရာတွေက စေတနာ နှင့် သင်ကြားပြသပေးကြပါတယ်။

image

ဘာပဲဖြစ်ဖြစ် ပထမဆုံးနေမှာ ပင် ကျွန်တော့်အတွက် အတွေ့အကြုံ အသစ်တွေ ဗဟုသုတ အသစ်တွေ သူငယ်ချင်း ဆရာ အသစ်တွေ ရတဲ့ အတွက် ကိုယ့်အတွက် တန်ဖိုးဖြတ်မရတဲ့ပွဲတစ်ပွဲ ဖြစ်ပါတော့တယ် ခင်ဗျာ။

အပိုင်း ( ၄ ) ဆက်ရန်

@lwanwai
MSC - 045
Photo - FB image

Sort:  

မှတ်သားစရာဗဟုသုတတွေနည်းပညာတွေအများကြီးလေ့လာခွင့်ရမှာပေါ့ဗျာအားကျတယ်အားလည်းပေးတယ်ကိုလွှမ်း

ကောင်းပါတယ် မောင်လေးရေ နောက်ဆို အချိန်ကို လေးလေးစားစား တင်စေချင်ပါတယ် မအားတာ သိပေမဲ့ အဖွဲ့လိုက် လုပ်ရတဲ့အလုပ်မလား

အသိပညာတိုးပါတယ်​...​ကျေးဇူးပါ...ဆက်​အား​ပေးပါ့မယ်

နည်းပညာတိုးတက်​မှ တိုင်းပြည်​တိုးတက်​မှာ​လေ

အမှန်ပါပဲ အကိုရေ😁😄😄

ဟုတ်ပါတယ် အစ်ကိုရယ် အစ်ကိုတို့လို စက်ပြင်တတ်တဲ့သူတွေက ပြောပြမှ ကျွန်တော်တို့လို သုံးစွဲသူတွေက အော် ဆိုပြီး လိုက်နာတတ်ကြတာဗျ

ဟုတ်တယ်ညီရေ အဲ့ော အမှန်ပဲ😄😄

Thanks ပါ😃

အစ်‌ကို့ အတွက်‌ အကျိုး ဖြစ်‌ထွန်း‌စေတဲ့ ပွဲ ‌လေး‌ပေါ့ ‌နော်‌။

ဟုတ်တယိဗျာ တန်ဖိုးရှိတဲ့ပွဲလေး😄😄

ကြိုက်​တယ်​ အစ်​ကို အဲ့လိုပွဲ မျိုးကြုံ့ချင်​ပါတယ်​။ ဗဟုသုတ​တွေ နည်းပညာ​တွေ မှတ်​သားရတာ​ပေါ့။

နောက်ဆို အဲ့လိုပွဲ ကိုတက်နော်ညီ😃😃

ဧရာဝတီဖက်​လည်းလာလုပ်​​ပေးပါဦး​ဗျ

ပြောပြပေးမယ်😃😄

ဗဟုသုတရပါတယ် .. ကျေးဇူးပါ

ဟုတ်ကဲ့ တီတီ ကျေးဇူးပါဗျာ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63318.34
ETH 3108.17
USDT 1.00
SBD 3.97