မြန်မာပြည်အနှံ့ နည်းပညာ နှီးနှောဖလှယ်ပွဲကြီး နှင့် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနား သို့

in #myanmar7 years ago (edited)

မန္တလေးမြို၌ ကျင်းပမည်ဖြစ်သော မြန်မာပြည်အနှံ့ နည်းပညာ နှီးနှောဖလှယ်ပွဲကြီး နှင့် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနား မကြာခင်မှာစတင်ပါတော့မည်။
3 လပိုင်း 25, 26, 27 သုံးရက်တိုင်တိုင်ကျင်းပသွားပါမည်။

image

ဒီပွဲကို တက်ရောက်ဖို့ အတွက် ကျွန်တော် လွန်ခဲ့တဲ့ ၂ လ လောက်ကတည်းက စရင်းပေးခဲ့ပါတယ်။
မြန်မာပြည်အနှံရှိ အီလက်ထရောနစ် နှင့် ပတ်သက်သော ဆရာ များမှ လာရောက် ပေါင်းဆုံပြီး တွေ့ဆုံကြမည့် အခွင့်အရေးအတွက်
ကျွန်တော် ရင်ခုန်မိပါသည်။

image

Online ပေါ်မှာ သင်ကြားနေသော ဆရာများ မြင်တွေ့နေရသော ဆရာများ နှင့် အပြင်မှာ တွေ့ဆုံနိင်ဖို့ အရောက်သွားဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။

image

တွေ့ဆုံပွဲတွင် ပွဲတက်ရောက် လာသူများကို ယူနီဖောင်း ဝတ်စုံ နည်းပညာ အီလက်ထရောနစ်ပစ္စည်း ပြုပြင်နည်း မှတ်တမ်း စာအုပ် DVD ခွေ တို့ ကိုလည်း ဝေ မယ်လို့ သိရပါတယ်။

ယခင်က ပွဲလာဖို့ စရင်းပေးထားတဲ့ အယောက် ၁၅၀ ကျော် အတွက်ပွဲ နေရာထိုင်ခင်း / တွေ့ဆုံပွဲ အတွက် ဘုန်းကြီးကျောင်းမှာပဲ ပြင်ဆင်ထားခဲ့ကြပါတယ်။

image

ခုပွဲနားနီးလာသည်နှင့် အမျှ လာရောက် တက်ချင်ကြတဲ့သူတွေ ထပ်မံ တောင်းဆိုတာကြောင့် ထပ်တိုးစရင်းနှင့်ဆိုတော့ လူဦးရေ များလာတဲ့ အတွက် တွေ့ဆုံပွဲ နေရာကို မန္တလေး စက်မှုဇုံ ရှိ ကနောင် ခန်းမ သို့ ပြောင်းရွေ့ခဲ့တယ်လို့ သိရပါတယ်။

image

image

image

သွားမယ် လို့ ဆုံးဖြတ်ထားကာမှ ညီတော်မောင် က ဘွဲ့သွားယူ ရမယ်တဲ့ ။ ဘယ်နေ့လည်းဆိုတော့
၃ လပိုင်း ၂၅ ရက်နေ့ ကိုယ်ကလည်း ၂၅ ရက်နေ့ စရမယ်ဆိုတော့ စဉ်းစားရပီလေ။
ဘွဲ့သွားယူရင် ညီနှင့်အတူ အဖေ အမေ ပါ လိုက်သွားရတော့မည်။
အိမ်နဲ့ဆိုင် ကို စောင့်ရမည့် သူက ကိုယ်ပဲ ဖြစ်နေတော့သည်။

ဒါပေမယ့် ချစ်ဇနီးချော လေးက သွားချင်သွားပါတဲ့ သူက သူ့ ညီမခေါ်ကာ ဆိုင်စောင့်နေခဲ့မယ်ဆိုလို့ ဝမ်းသာအားရ လက်ခံလိုက်တယ်။
ကိုယ်ကလည်း တွေ့ဆုံပွဲ ကို သွားချင်နေသူ ဆိုတော့လေ …။
သူ့ဟာသူ ဆိုင်နှင့် အိမ် ကို သွန်လိုသွန် မောက်လိုမောက် ထားခဲ့တော့မည်။

သွားမည့်သာ သွားရမည် ညီ ဘွဲ့ယူမည့် ဆီသို့လည်း ကျွန်တော် သွားလို့မရပါ။
မြို့ရောက်တုန်း အဖေ အမေ နှင့် အတူ ဘုရားလှည့်ဖူး ဖို့လည်း အခွင့်အရေးတော့ မရှိတော့ပါဘူး။
ကျွန်တော်က ၂၅ ရက်နေ့ ပွဲ ကို ၂၄ ရက်နေ့ ညနေ အရောက် သွားရမည်။
သူတို့က ၂၂ ရက်နေ့ ညကို ရထားဖြင့် ထွက်ကြမည်။
ကျွန်တော်တို့ တွေ့ဆုံပွဲ သွားမည့် အဖွဲ့က ၂၃ ရက်နေ့ ည ကို ကားဖြင့်သွားရမည်။
အခွင့်အရေး တစ်ခု အတွက် အခွင့်အရေး တစ်ခု လက်လွတ် လိုက်ရမည် ဖြစ်ပါတော့သည်။

image

ဘာပဲဖြစ်ဖြစ် ကျွန်တော် မန္တလေး မြို့သို့ လာရတော့မည်။
မန္တလေးမြို၌ ကျင်းပမည်ဖြစ်သော မြန်မာပြည်အနှံ့ နည်းပညာ နှီးနှောဖလှယ်ပွဲကြီး နှင့် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနား မကြာခင်မှာစတင်ပါတော့မည်။
ဘဝ အတွက် အထောက်အကူပြု နိင်မဲ့ လေးကားထစ် မို့
နည်းပညာ နှီးနှောဖလှယ်ပွဲကြီး ကျွန်တော် လာခဲ့ပါအုံးမည်။

@lwanwai ( kawlin )
msc - 045
Photo - FB Image

Sort:  

အတွေ့အကြုံသစ်လေးတွေလည်း ထပ်shareပါအုံးအစ်ကိုရေ

ဟုတ်ကဲ့ ထပ်မံ ဝေမျှပါ့မယ် အကိုရေ

ကျနော်လည်းအဲလိုပွဲတွေတက်ချင်တယ်ဗျာနောင်ကြုံရင်သွားမယ်ကိုလွမ်း

နောက်ဆို အတူသွားမယ်လေ ကိုသာအေး နော့😃😃

Mandalay ဆိုတော့ မလာနိုင်ဘူးဗျာ ပြန်မျှဝေပါဦး

ဟုတ်ကဲ့ပါ ပြန်ဝေမျှပါ့မယ်😊😊

ကောင်းတယ်​ဗျာ တိုင်းပြည်​တိုးတက်​ဖို့
နည်းပညာကဓိက​လေ

အဲ့တာ အမှန်ပါပဲဗျာ😃😃

ကြီးကြီးကျယ်ကျယ်ဘဲ နော်

ဟုတ်တယ် တီတီရေ😄😄

မှန်ကန်သော ရွေးချယ်မှုကြီးဖြစ်လို့ အောင်မြင်ပါစေ အစ်ကို

ပေးတဲ့ဆုနှင့်ပြည့်ပါစေဗျာ😊😊

အတွေ့ အကြုံသစ်တွေကို ဝေမျှပေးပါအုံး မျှေ
ာ်နေပါ့မယ်😊

ဟုတ်မကြည် 😃😃

ကဲပါ ချစ်ဇနီးလေးကသွားဆိုမှတော့

သွားရတော့မှာပေါ့ဗျာ😄😄

လာနိုင်​မယ်​ မထင်​​တော့ပါဘူး ဆရာ​ရေ။ပြန်​လည်​မျှ​ဝေပါဦးဗျာ။

ဟုတ်ကဲ့ပါ ညီရေ😄😄

ခုလိုအသိပေးတဲ့postလေးရေးပေးတာ အရမ်းကျေးဇူးတင်တယ်

ခုလိုပြောပေ့း ကျေးဇူးပါဗျာ😊😊

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62104.41
ETH 2404.22
USDT 1.00
SBD 2.49