မြန်မာပြည် အထက်ပိုင်း က ကျိုတ်ထီးရိုး စေတီတော်

in #myanmar7 years ago

ဇလုံတောင် ဆိုတာ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း ကသာခရိုင် ဗန်းမောက် မြို့နယ်မှာ တည်ရှိပါတယ်။ကျွန်တော်တို့ အထက်ပိုင်းအရပ်ဒေသရဲ့ ဒုတိယ ကျိုတ်ထီရိုး လို့ တင်စားလို့ရတဲ့ စေတီတော်ဖြစ်ပါတယ် ။ကျွန်တော်တို့ ကောလင်းမြို့ကနေ သွားမယ်ဆိုရင် တော့ နေ့ချင်းပြန် ခရီးဖြစ်ပါတယ်။Online ပေါ်ကနေတဆင့် နာမည်ကြီးနေတော့ ဘုရားဖူး ဆိုပီး လူစုခေါ်တဲ့ ကားသမားတွေ တွက်ခြေကိုက်ကြသည်။
ူလူ တစ်ယောက်လျှင် ၂၀၀၀၀ နှုန်းနှင့်
ရွာထဲ လှည့် နယ်လှည့် ၍ ဘုရားဖူး လူတွေလိုက်စု အဆင်ကိုပြေလို့ ..ဒီလိုနဲ့ အမေလည်း ဘုရားဖူး ဆိုပီး လိုက်သွားတယ် ရွာကနေ ထွက်ထဲက ကားတွေမူးလို့ ဘုရားရောက်တော့ တောင်ခြေမှာ နားပြီးအဝေး ကနေ ဖူးခဲ့ရတယ်။

image

ဇလုံတောင် ကိုသွားမယ်ဆိုရင်မန္တလေး မြစ်ကြီးနား ကားလမ်း အတိုင်း အင်းတော်မြို့သို့သွားရပါတယ်။ အင်းတော်မြို့မှ အနောက်မြောက်အရပ် 28 မိုင် အကွာတွင် ဗန်းမောက်မြို့ သို့ ဆက်လက် သွားရမှာပါ။ ဗန်းမောက်မြို့မှတဆင့် မြောက်ဖက် ၁၂ မိုင် ခန့် အကွာ သို့ ရောက်လျှင် ဇလုံတောင်သို့ ရောက်ပါပြီ။
ဇလုံတောင်ခြေသို့ရောက်လျှင် ပို့ပေးသောကားမှ ဆင်းကာ တောင်ပေါ်သို့တက်သော ကားကို တစ်ဆင့်စီးရသေးသည်။တောင်ရိုးမှာမတ်စောက်လှပေသည် ထို့ကြောင့် သူတို့ စီစဉ်ပေးသော တောင်ပေါ်တက်သည့် ကားကိုတစ်ဆင့်စီးရခြင်း ဖြစ်ပေသည်။
image

ဖတ်ဖူး မှတ်ဖူး သမျှ သမိုင်းအဆိုမှာ ဗုဒ္ဓမြတ်စွာဘုရား သည် ဝါတော် ( ၂၀ ) အရ သက္ကရာဇ် ( ၁၂၃ ) ခုနှစ်မှာ သိကြားမင်း ဖန်ဆင်းသော နတ်ပန်း ရထားဖြင့် ရဟန္တာ ၅၀၀ ခြံရံကာ ဧရာပထနတ် နဂါး သားအဖ လှူဒါန်းသော ဇလုံတောင် သို့ကြွရောက်သီတင်းသုံးတော်မူခဲ့ပါတယ်။ သက္ကရာဇ် ( ၄၉၂ ) ခုနှစ်မှာလည်း ဇလုံတောင်တော်သို့ အရှင် အရဟံ နဲ့ အရှင် အာစာရ ဘွဲ့အမည် ရသော ရဟန္တာ ၂ ပါးလည်း ကြွရောက်တော်မူခဲ့တယ်လို့ သမိုင်းအဆိုအရ သိရပါတယ်။
image

ဇလုံတောင်သို့ သွားရာ လမ်းတလျှောက်တွင် တောတောင်တို့မှာ စိမ်းလမ်း စိုပြည်ကာ မှိုင်းညို့နေသည်။သစ်ပင်ကြီးတို့မှာ တစ်ပင်နှင့် တစ်ပင် ထပ်လျှက် ပေါက်ရောက်နေရာ နေရောင်ပင်တိုးမပေါက်ချေ။ ဆေးဖက်ဝင် အပင်များလည်း ပေါများစွာ ပေါက်ရောက်နေပေသည်။
ဘုရားတွင် ရောင်းချနေသော ဆေးမြစ် ဆေးဥ ဆေးအဆီ တို့မှာ ဈေးချိုသာလှသလို တကယ်လည်း ကောင်းလှပါပေသည်။

ဇလုံတောင် စေတီတော်ကြီးမှာ ပင်လယ်ရေ ပြင်ထက် အမြင့်ပေ (၃ဝ၉ဝ) အမြင့်ရှိသော သေလာ ပဗ္ဗက
တောင်ထိပ်ပေါ်ဝယ်ထူးတင့်စွာ ဖူးမြော်ခွင့်ရသော စေတီတော်ကြီးဖြစ်ပါသည်။
image

ကျောက်မဏ္ဍပ် ။ကျောက်မဏ္ဍပ် ဆိုသည့် အတိုင်း ကျောက်တုံး ကြီးသည် မဏ္ဍပ်ကြီးတစ်ခုအလား ဝင်ရောက် အနားခိုလို့ရပါသည်။ အောက်တွင် ကျောက်ဆန်အိတ်တို့ စိထားသည်ကိုလည်း မြင်ရပါသည်။ တကယ်လား ပါးစပ် ရာဇဝင်လားတော့မသိပါ ဒါတွေက နောင်ပွင့်မည့် ဗုဒ္ဓ ဘုရားအတွက်ရည်မှန်းလှူဒါန်းထားတာလို့ဆိုပါသည်။ ဒီ ဇလုံတောင်ဘုရားသို့ ရောက်သောသူတို့သည် နောင်ပွင့်တော်မှုမည့် ဘုရားကို ဖူးမျှော်ခွင့် ရမည့်သူများလို့လည်း ဆိုကြပေသည်။
image

image

image

တောင်ပေါ်သို့ တက်ဖို့ ဒီကျောက်တုံး ကြားမှတက်ရသည်။ အကုသိုလ်ကံ ကြီးမားသူများ ဘုရားကို မဖူးထိုက်သူများ တက်လို့မရဟု ဆိုကြသည်။

တောင်ထိပ်သို့ တက်ရဆင်းရသည်မှာ လည်း ကြောက်တတ်သူတို့ အဖို့ အသည်းယားစရာကောင်းလှပေသည်။
image

image

တောင်ထိပ်သို့ ရောက်လျှင် လေးမျက်နှာ ဘုရားလည်းဖူးရမည်။
စေတီပုထိုး တိုကိုလည်း ဖူးရသည်။
image

image

image

အပေါ်စီးမှ မြင်ရသည့် မြင်ကွင်းတွေကလည်း လှပါပေသည်။တခါရောက်ဖူးသူဟာ နောက်တစ်ခါ ထပ်ရောက်ဖူးချင်ပေလိမ့်မည်။
ဘုရားလာဖူးသည့်လူတို့သည်လည်း အနယ်နယ် အရပ်ရပ် မှရောက်အောင် လာကြသည်။ တချို့ဆို ခြေလျှင်လာနေကြပါသည်။ဒီတော့ ကျွန်တော်တို့လည်း တခေါက်တော့ဖြင့် ရောက်အောင် သွားစေချင်သည် ။
ဇလုံတောင်သည် ကျွန်တော့် အတွက်တော့ မြန်မာပြည်၏ ဒုတိယ ကျိုတ်ထီးရိုး ပင်ဖြစ်ပါတော့သည်။ မနက် ၄ နာရီလောက်က ကားဖြင့်အဖွဲ့လိုက်သွားရသော ဇလုံတောင်တော်၏ ခရီးစဉ်သည် ညနေ ၇ နာရီခန့် တွင် အိမ်ပြန်ရောက်၍ ပြီးပါတော့သည်။
မြန်မာ Steemit member အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ။
@lwanwai
Photo:Fb image

Sort:  

တစ်ခေါက်လောက်ထပ်သွားဦးမယ်

ရောက်​ပြီး ​နောက်​တစ်​​ခေါက်​ထပ်​သွားချင်​ပါတယ်

ဟုတ်တယ် bro

ဗန်း​မောက်​မြို့ကို​ရောက်​ခဲ့ပြီး ဇလုံ​တောင်​ကိုမ​ရောက်​ခဲ့ရဘူး

I want to visit

ရောက်မှာပါ bro စိတ်ရှိဖို့ပဲ လိုတာပါ

ကျိုက်ထီးရိုးဘုရားအားကျွန်နော်ရောက်ဖူးချင်ပါသည်

Thz for ur post bro.

သွားချင်နေတဲ့နေတာကြာပါပြီး

Loads of information. Many thanks. Love it. @lwanwai Followed

ခုမှကြားဖူးတာ မသိဘူး ကျေးဇူးပါ

ဟုတ် ကျေးဇူးပါ အကို ခုလို ဖတ်ပေးလို့

သူများတွေ ခရီးသွား post'တွေမြင်ပြီး ကျွှန်တော်တို့မှာ မရိုးမယွ

ဟီးး သွားရင်ရောက်ပါတယ်ဗျာ

ကျိုက်ထီးရိုးသာ၂ခါရောက်ပြီးတာ
အခုမှbro တင်မှဒါကိုသိတယ်
Thz for your sharing

ဟုတ် bro သွား လည်အုံး

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63768.98
ETH 3410.21
USDT 1.00
SBD 2.49