တစ်နေ့တာ ကြည်နူးမှု မှ စ၍ ....

in #myanmar7 years ago

2018 နှစ်သစ်ရဲ့ နံနက်ခင်းမှာ ကျွန်တော် စောစော အိပ်ယာက ထခဲ့တယ်။ ညတုန်းက Facebook မှာ Friend တွေရဲ့ Happy New Year ဆုတောင်း Post တွေ လိုက်ဖတ်ပြီး မိုးချုပ်မှ အိပ်ခဲ့တယ်လေ။
အိပ်ယာက မထခင် TV မှာ ကြားလိုက်ရတဲ့ တရားသံ တွေက ကျွန်တော် ရဲ့ နံနက်ခင်းကို ပိုပြီး ကျက်သရေ ရှိစေပါတယ်။

မျက်နှာသစ် ပြီးလို့ ခုနက TV ကလာနေတဲ့ အစီအစဉ်ကို ကြည့်မိတော့
SKY NET စက် UP TO DATE Channel က တိုက်ရိုက်ထုတ်လွင့်နေတဲ့ ရွှေတိဂုံ ဘုရားပေါ်မှာ သံဃာ အပါး ၁၈၀၀၀ ကို ဆွမ်းဆန်စိမ်းလောင်းဖို့ လွင့်နေတဲ့ အစီအစဉ် ကို ကြည်နှုးစွာနဲ့ ဖူးတွေ့ လိုက်ရပါတယ် ။
နိုင်ငံတော် သမ္မတ ဦးထင်ကျော် အပါအဝင် အကြီးအကဲ တော်တော်များများ ကိုလည်း မြင်တွေ့ ရပါတယ်။
သံဃာတော် တွေထဲမှာလည်း သီတဂူ ဆရာတော် ဘုရား နှင့် ထေကြီး ဝါကြီး သံဃာတော် အများအပြား ကို ဖူးတွေ့ရပါတယ်။
တစ်ကယ် ကို ကျက်သရေ မင်္ဂလာရှိနေ နှစ်သစ်ရဲ့ နံနက်ခင်းလေးဖြစ်ပါတယ်။

image

ရွှေတိဂုံ ဘုရား ရင်ပြင်တော်က မြင်ကွင်းတွေကို မြင်ရပြန်တော့ ဟိုးအရင်က ကျွန်တော် ရောက်ခဲ့စဉ်က ပုံရိပ်တွေကို ပြန်မြင်ယောင်လာမိပါတယ်။
ဗဟန်း ကြားတောရလမ်းက ဘုန်းကြီးကျောင်းမှာ တစ်နှစ်လောက် နေခဲ့စဉ်က ရွှေတိဂုံ ဘုရားကို ရောက်ဖို့ ၅ မိနစ်လောက်သာ သွားရတာမို့ အားလပ်သည့် အခါတိုင်း အမြဲ တရားထိုင်ရင်း ဘုရားဖူး ရင်း ရောက်ဖြစ်ပါတယ်။
ခုတော့ ပြန်မရနိုင်တဲ့ အချိန်တွေကို မျက်စိထဲ မြင်ယောင်မိရင်း ရွှေတိဂုံ ဘုရားအား စိတ်ထဲမှ ဦးချ ရှစ်ခိုးမိပါတယ်။

image

ဒီနေ့ အလုပ်နှင့် ဈေးသွားစရာ ရှိသည်မို့ ဈေးသွားပြီး လိုအပ်တာတွေ သွားဝယ်ဖြစ်သည်။
TV နှင့် ပတ်သက်သောပစ္စည်းတွေလည်း ဝယ်လို့ မရ Phone နှင့် ပတ်သက်သော ပစ္စည်းတွေလည်းဝယ်လို့ မရ ခဲ့ချေ။
ဒီနေ့ ပြာသို လပြည့်နေ့ ( အမေများနေ့ ) ဈေးပိတ် မှန်းမသိပဲ ဈေးလာမိသည်။
ဒီလိုနှင့် အိမ်က လိုအပ်သော ပစ္စည်းများဝယ်ရင်း နေ့ခင်းရောက်လို့ ဗိုက်ဆာလာတာနှင့် ထမင်းဆိုင် ဝင်ကာ မှားစားလေတော့သည်။

ဗိုက်ဆာဆာ နှင့် ထမင်း ဝင်စားပြီး ဘေးနားတချက် ဝေ့ကာ ကျန်သည့် ထမင်းဝိုင်းတွေကို တချက်ကြည့်မိသည်။
ကျွန်တော့် ဘေးနား စားပွဲ တွင် သံဃာတော် ၂ ပါး ဆွမ်းဘုမ်းပေးနေတာ မြင်မိသည်။
ကျွန်တော်တစ်ချက် စဉ်းစားကြည့်မိသည်

  • ငါ့မှာ ပိုက်ဆံ လောက်သေးရဲ့လား လို့

အင်း ပိုက်ဆံတော့ ကျန်သေးတယ် ဟုတ်ပီ ဒါဆို ဘာလုပ်မှာလဲ ?

ကျွန်တော် ဒီနေ့ 1.1.2018 နှစ်သစ်ကူးပြောင်းတဲ့ ရက်မှာ ကုသိုလ်လည်းဖြစ် အမှတ်တရ လည်းဖြစ် ဘေးနားက သံဃာတော် ၂ ပါးကို ဆွမ်းကပ်မယ် လို့ စိတ်ထဲ တွေးမိသည်။
ဒါနဲ့ သံဃာတော် ၂ ပါး ကို ဆိုင်ကနေပဲ ဆွမ်းကပ် တာလား ဆရာတော်တွေက ပဲ ကိုယ့်ဟာကိုယ် ဝယ်ပြီး ဆွမ်း ဘုမ်းပေးနေတာလား မေးကြည့်မှပဲ သိတော့မည်။

ဆရာတော် ဘုရား , အရှင် ဘုရားတို့ ခုဆွမ်း စားတာ ဝယ်စားတာလား ဘုရား

အေး ဝယ်စားတာကွဲ့

တင့်ပါ့ ဒါဆို တပည့်တော် ဒီဆွမ်း အတွက် အလှူ ဒါနပြု ပါရစေ
အရှင် ဘုရားတို့ လိုအပ်တာ မှန်သမျှ မှာယူ ဘုမ်းပေး သုံးဆောင်ပါ ဘုရား
တပည့်တော် အကုန် ရှင်းပါမယ် ။

သာဓုပါကွယ် ကောင်းပါပြီ

ဒီလိုနှင့် ကျွန်တော် သံဃာတော် ၂ ပါး ကို ဆွမ်းကပ်ခွင့် ရလိုက်ပါတယ်။

image

ဆရာတော် နှစ်ပါးဟာ စစ်ကိုင်းမှ ကြွလာကြတာဖြစ်ပြီး ဒီနေ့ညနေပဲ ရထားဖြင့် ပြန်ကြတောမှာ ဖြစ်ကြောင်း ပြောဆို မိတ်ဆက်ကာ ပြန်ကြွသွားလေတော့သည်။

ကျွန်တော့်မှာတော့ ဒီ ပျော်ရွှင်စရာ နှစ် အသစ် နေ့ အသစ် မှာ ကုသိုလ် အသစ် ပီတိ အသစ်တွေဖြင့် စတင်ရင်း ........။

မြန်မာ Steemit Member အပေါင်း နှစ်သစ် နေ့သစ်မှ စကာ ကိုယ် စိတ် နှလုံး ကျန်းမာ ချမ်းသာ ရစေကြောင်း ဆုမွန် ကောင်း တောင်းလျှက် ....။

@lwanwai
MSC - 045
PHOTO - FB IMAGE

Sort:  

ဒါနမျိုးစေ့လေးချခဲ့တယ်ပေါ့
ဂုဏ်ယူဝမ်းမြောက်မိပါတယ်ဗျာ(သူရ)

သေရင်ပါမှာ ဒါလေးတွေမို့ပါဗျာ ကျေးဇူးပါ

နှစ်သစ်မှာမင်္ဂလာအပေါင်းခညောင်းပါစေဗျာ

မင်္ဂလာ နှစ်သစ်ပါဗျာ

ကြည်​နူးစရာ​ကောင်းလိုက်​တာ

ကျေးဇူးပါ fri

ကြညိနူးစရာကောင်းလိုကိတာဗျာ

ဟုတ် ကျေးဇူးပါဗျာ

သာဓု သာဓု သာဓုပါ​ဗျာ မွန်​မြတ်​​သန့်​စင်​​သောအလှူပါ

ဟုတ် ကျေးဇူးပါဗျာ

ဟုတ်ကဲ့ သာဓုပါခင်ဗျာ

ကျေးဇူးပါုဗျာ

နှစ်​သစ်​မှာ ကြည်​နူးစွာနဲ့စတင်​ရတာ မင်္ဂလာ တစ်​ပါးပါ 😊

မင်္ဂလာရှိသောနေ့ပါဗျာ

နေ့သစ်တိုင်းနေ့သစ်တိုင်းမှာညီလေးတစ်ယောက်စိတ်ချမ်းသာမှုများပိုင်ဆိုရရှိပါစေကွာ

ပေးသောဆုနှင့်ပြည့်ပါရစေ ကိုကြီးရာ

ကောင်းပါတယ်

ဟုတ်ကဲ့ ကျေးဇူးပါ

သာဓု ၃ကြိမ်ခေါ်ပါတယ် bro

ကျေးဇူးတင်ပါတယ် အကို

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 58720.84
ETH 3088.52
USDT 1.00
SBD 2.41