Steemit နှင့် မြန်မာစာ အမှန်မပေါ်ခြင်း

in #myanmar6 years ago

ကျွန်တော် ဒီတစ်ခါပြောပြချင်တာလေး ကတော့
ကျွန်တော့် ဖုန်းမှာ Steemit link က မြန်မာ စာတွေမမှန်တာကို အဆင်ပြေအောင် လုပ်နည်းလေး ပြောပြပေးမှာ ဖြစ်ပါတယ်။

image

ကျွန်တော် ကိုင်တာကတော့ Snmsung ဖုန်းပါခင်ဗျာ။Steemit link တွေကို တစ်ခါတည်း မြန်မာစာ အမှန်ပေါ်ချင်ရင် ဖုန်းကို Root ဖောက်ရမယ် ဆိုတော့ root မဖောက်တော့ဘူးပေါ့ဗျာ။
Root ဆိုတာကလည်း ဖောက်တိုင်း ကောင်းတာ မဟုတ်ဘူး ခင်ဗျာ့ ဖုန်းမှာ Error လေးတွေ တက်တတ်ပါတယ် ။

အရင်တုန်းကတော့ ကျွန်တော်တို့ Messenger မှ
Pro Link တွေက Steemit link တွေကို ဝင်လိုက်တိုင်းမှာ Browser က Cromr browser ဖြင့် တန်းဝင်သွားသဖြင့် မြန်မာစာ တွေမှာ အမှန် မမြင်ရပါ။

image

မြန်မာစာ အမှန်မြင်အောင် ကြည့် ချင်လျှင် ဖုန်းမှာပါသော Internet ဆိုတဲ့ Browser ဖြင့် ပြန်ပြီး ကြည့်ရပါတယ်။
အဲဒီတော့ ဖုန်းဘေ ၂ ခါ ထပ်ကုန်ရပါတယ်ဗျာ။ ကြာလာတော့လည်း မြန်မာစာ မမှန်တဲ့ စာတွေတောင် ဒီအတိုင်း အမှန်ဖတ်တတ်လာပါတယ်။

ပထမ ဦးဆုံး Messenger ကို ဝင်လိုက်ပါတယ်။
ပြီးရင် မိမိ ပုံလေး ရှိရာ အပေါ် ထောင့်ကို နှိပ်လိုက်ပါတယ်။မိမိ Profile ကိုပေါ့ ခင်ဗျာ။

image

ပြီးရင် Setting စာကြောင်းတွေ ပေါ်လာတဲ့အခါ စာတွေကို အပေါ် ဆွဲတင်လိုက်ပါ။

ပြီးလျှင် Links Open Externally
ဆိုတဲ့ စာကို ON ပေးလိုက်ပါ။

image

ပြီးလျှင် Back key ဖြင့် ထွက်ပြီး Chat group အတွင်းရှိ Steemit Links တွေကို ဝင်ကြည့်လိုက်ပါ။

တစ်ခါထဲ Internet Browser ဖြင့် တန်းဝင်ပြီး မြန်မာစာ အမှန် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

image

ပြီးလျှင်တော့ ဘေးက မြှားလေး ၃ ကြောင်းကိုနှိပ်ပေးပါ။

image

ဒီလို ပေါ်လာခဲ့ရင် Sing In ကို နှိပ်ပေးပြီး မိမိ ရဲ့ Steemit အကောင့်
User Name နှင့် Password ကို ထည့်ပေးပါ။ ပြီးလျှင် Login ဖြင့်ဝင်ပါ။

image

ဝင်လို့ အောင်မြင်သွားရင်တော့ ဒီလိုပြနေမှာပါ။

image

ထို့နောက်မှာတော့ ဘယ်အချိန် Steemit links ကို ဝင်ဝင် post များကို Vote ပေးနိုင် Comment ပေးနိုင် ပြီး မြန်မာစာ အမှန်လည်း ဖတ်နိုင်ပါပြီ။

image

ကျွန်တော့်လို ဒုက္ခ ရောက်သူများကိုသာ ရည်ရွယ်ပါသည် ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

@lwanwai
MSC - 045
Photo - My Photo

Sort:  

ကျနော်လည်း mm မမှန်ဘူးဗျ စမ်းကြည့်အူးမေ

ဟုတ် အကိုရေ စမ်းကြည့်ပါအုံး 😊😊

သူများ​ရေးတဲ့စာက​တော့မှန်​တယ်​​မောင်​​ရေ့
ကို​ယ်​ကရိုက်​ရင်​တချို့စာလုံး​တွေကြ​ရှေ့ရိုက်​ရင်​​နောက်​ကကပ်​ရက်​စာလုံးကပြက်​​တော့တာ
အလုံးတိုင်းလဲ့မဟုပ်​ သီးပြီ စ​ပေ့ဘားတချက်​ချရိုက်​​နေရတာ

အဲ့လိုပဲ သုံးရတာ တစ်ခါတစ်လေ စိတ်ညစ်ပါတယ်😅😅

တို့G3က ဆရာကြီး‌တွေဘဲဗျ။‌ကျေးဇူးပါ ကိုလွမ်း‌ဝေ‌ရေ။

ဟုတ်ကဲ့ပါဗျာ ဆရာတော့ဟုတ်ပါဘူး တော်ကြာ ပြုစားခံနေရပါ့မယ် 😂😂

အသိပညာရတဲ့postလေးတစ်ခုပါ

ဟုတ်ကဲ့ ကျေးဇူးနင်ပါတယ်ဗျာ ခုလိုအားပေးလို့😊😊

ကျနော့် Huawei ကတော့အကုန်မှန်တယ်ဗျာ

အာ့ဖုန်းဘအကောင်းဆုံးပဲ အကုန်မှန်တယ် 😄😄

ကျေးဇူးတင်ပါတယ်
sumsung ကိုင်တဲ့သူတွေလဲကျေးဇူးတင်ကြမှာပါ

ခုလိုဘအားပေးလို့ ကျေးဇူးပါဗျာ 😊😊

အသုံးဝင်​တဲ့နည်း​လေးပါရှင်​။ကျေးဇူးပါရှင့်​။

လာရောက်အားပေးလို့ ကျေးဇူးပါ မအိရေ😊😊

အသစ်တစ်ခုထပ်ရပြန်ပြီ ကျေးဇူးပါဗျ

အသုံးပြုလို့ အဆင်ပြေရင်ပဲ ကျေနပ်ပါတယ်ဗျာ😊😊

အစ်ကိုတင်ထားတဲ့နည်းလေးက လွယ်တယ်ဗျ။ဒီနည်းလေးလည်း မှတ်သားထားသင့်ပါတယ်။အားလုံးအသုံးတဲ့မယ့် နည်းလေးဖြစ်ပါတယ်။ဗဟုသုတတစ်ခုတိုးစေတဲ့ postကောင်းလေးပါ။

ခုလို အားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ဗျာ 😊😊😊

Samsungတွေအဲလို အလုပ်ရှပ်တာအကိုရေ
English(Zawgyi) font build-inမပါရင်rootဖောက်ရမှာတေိာသေးတယိbuilt inပါနေလို့ဟီး😁😁😁

ဟုတ်ပဗျာ တခါတလေ အားကြီးစိတ်ညစ်ရတယ်😂😂

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.030
BTC 63338.07
ETH 2589.58
USDT 1.00
SBD 2.82