(စပ်မိစပ်ရာ အတွေးလေးများ )

in #myanmar7 years ago (edited)

(စပ်မိစပ်ရာ အတွေးလေးများ )

ကျွန်တော် ခုရက်ပိုင်း လပိုင်းအတွင်းမှာ Chat Group အတွင်း အရင်လို သိပ်ပြီး မဝင်ရောက်ဖြစ်ပါဘူး။
ဘာကြောင့်မို့လည်းဆိုတော့ Shwe bank ဖြစ်ဖို့အတွက် လျှောက်လွာတွေ ရန်ကုန် ရုံးချုပ်ကိုတောင်းလိုက် ဖြည့်ရမည့် စာတွေဖြည့်ပြီး ပို့လိုက်နဲ့ အလုပ်တွေရူတ်နေခဲ့လို့ပါ။

20180522_151635.jpg

ကိုယ် GP အတွင်း Active ဖြစ်မူ့ နည်းပါးနေတဲ့ အချိန်မှာပဲ MSC အတွင်းမှာ Active ဖြစ်မူ့ သိပ်မရှိသည့် ညီ အကို မောင်နှမ များက အဖွဲ့ ထဲက ထွက်ခွာသွားကြတော့ ကိုယ်တောင်စိတ်မကောင်းဖြစ်မိပါတယ်။
ကိုယ်လည်း အိမ်လုပ်ငန်းတွေက တစ်ဖက် အလုပ်တွေက တစ်ဖက် လုပ်ချင်သည့်လုပ်ငန်းတွေက တစ်ဖက်နှင့် MSC မှာ စာရေးရတဲ့ အချိန်ကို မနည်းလုရေးနေရတော့ ဒီ Steemit ကို စွန့်လွတ်လိုက်ရတော့မလားလို့ တွေးတွေးမိပါတယ်။

Screenshot_20180712-160631.png

တစ်ခါတစ်လေဆို ကိုယ်က Pro နေ့အတွက် စာကရေးနေပါတယ်ဆို
TV လာပြင်လာလို့ ပြင်ပေးပါအုံး
ပတ်စပိုလ့် ပုံရိုက်ပေးပါအုံး
မိထ္ထူကူးပေးပါအုံး
သီချင်း ဇတ်လမ်းလေး ကူးပေးပါအုံးနဲ့ ဘယ်မှာ စာရေးလို့ ရတော့မှာလည်းလေ 😂😂။
ဒါကြောင့်မို့ သူတို့မသိအောင် အိမ်ကနေ တိတ်တိတ် ထွက် ဖုန်းကို
Flight mode ထားပြီး စာရေးရတာ အကြိမ်ကြိမ်ပေါ့ဗျာ။

ဒီ စာရေးတဲ့အလုပ်ကို ကိုယ်က ဝါသနာပါလို့ လျှောက်ရေးနေခြင်းဖြစ်ပါတယ်။
ပိုက်ဆံရဖို့ အတွက်သီးသန့်ရေးနေခြင်းလည်းမဟုတ်ရပါဘူးဗျာ။
ခုချန်ထိ Steemit နဲ့ ရတဲ့ ပိုက်ဆံဆိုလို့ မြင်ကိုမမြင်ဘူးသေးပါဘူးဗျာ 😂😂။

ကိုယ်က ဒီအခြေအနေထိရောက်အောင် လုပ်ခဲ့ပြီးမှတော့ ဇွဲမလျှော့ချင်ဘူး ဆက်ကြိုးစားမယ်ဗျာ။
ခုလည်း ကျွန်တော် ရဖို့အတွက် ကြိုးစားခဲ့တဲ့ SHWE BANK AGENT အဖြစ်လည်းရခဲ့ပါပြီ။
အလုပ်ဆိုတာလည်း ကိုယ့် နောက်ဆုံး အချိန်ထိ ကြိုးစားလုပ်ရမှာပဲလေ ။

Screenshot_20180712-094817.png

ခုဆို ကျွန်တော့်ဆီမှာ Shwe ATM ကဒ်တွေကို ချက်ချင်း လျှောက် ချက်ချင်းယူလို့လည်းရနေပါပြီ။
Shwe mobile banking ကိုလည်း လျှောက်ပေးလို့ရပါပြီ။
နီးစပ်ရင်လည်း ငွေလွဲလေးတွေလည်း လာလွဲလို့ရပါပြီလို့။

Screenshot_20180712-094801.png

received_638923733126410.jpeg

နောက်ကိုလည်း ရေးစရာမရှိလဲ Shwe bank ရဲ့ အသုံးပြုနည်းလေးတွေ ရေးအုံးမယ်
မငြီးမညူ အားပေးကြပါအုံးဗျာလို့ ပြောရင်း နားပါရစေအုံး ခင်ဗျာ 😊😊😊။

@lwanwai
Photo by my phone
MSC 045

Sort:  

တို့အစ်ကို ကြိုးစားနေတာ အားကျစရာကောင်းလိုက်တာဗျာ။အောင်မြင်တိုးတက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ

ပေးတဲ့ဆုနင့်ပြည့်ပါစေ ကိုသန့်ဇင်ရေ 😊😊

ကြိုက်ပီလေ 😁😁

ဟုတ် ဟုတ် မမ 😍😍

မညည်းညူ ဘဲ အားပေးနေတာပါ😁

အားပေးကြမ်းနေလို့ ကျေးဇူးပါဗျာ ☺☺☺

shwe bank agent ဖြစ်နေတော့
စိတ်ကြီးဝင်နေပြီပေါ့ 😁
steemit မှာစာဆက်ရေးပါဗျာ

ဟုတ်ကဲ့ပါဗျာ 😊😊😊

ဝိုး......​အား​ပေး​နေပါ့မယ်​ shwe bank agent ကြီး​ရေ့

😊😊😊 အားပေးနေလို့ ကျေးဇူးပါဗျာ 😁

ဆက်​​ရေးပါ...အား​ပေးပါ့မယ်
အလုပ်​​တွေလည်းစုံ​နေတာဘဲ...ခု​ခေတ်​ဒီလိုလုပ်​မှ​တော်​ကာကျတာ...good👍

အားပေးနေလို့ကျေးဇူးပါဗျာ 😊😊

ကိုလွမ်းက One man of two life မကဘူးOne man of three life ဖြစ်‌‌နေပါပြီ။‌ကောင်းတယ်‌ ကိုလွမ်း‌ရေ။

အခွင့်သာတုန်းလေး လုပ်နေရတာ ကိုမဟော်ရေ 😊😊

ကြော်ငြာဖြတ်ဝင်ပုံကgoodတယ်
နောက်postအတွက်တောင် ထပ်ကြော်ညာသွားသေးတယ် good idea

ဟီးဟီး ဆရာကတော့ မြောက်နေပြန်ပါပီ 😆😆

ok အဲ့ shwe bank အကြောင်းသိချင်နေတာ လုပ်စမ်းပါဦး ကိုလွမ်း

ဟုတ် ကိုပြုံးရေ ပြောပြပေးပါ့မယ် 😊😊

ထူးပါဘူးညီရာ အကိုတို့လဲဒီလိုပါဘဲ

ဟုတ် အကိုရေ တူတူပါပဲ 😊😊

Coin Marketplace

STEEM 0.09
TRX 0.32
JST 0.032
BTC 108805.97
ETH 3998.53
USDT 1.00
SBD 0.61