SKY NET စက် SN 8218 HD စက်လိုင်းသွင်းနည်း

in #myanmar6 years ago

SKY NET စက် SN 8218 HD စက်လိုင်းသွင်းနည်း

ဒီတစ်ခါကတော့ PSI ကနေ SKYNET. ကို ခနပြောင်းလိုက်ပါအုံးမယ်။
လိုင်းသွင်းနည်းလေးပါပဲဗျာ။

20180723_205520.png

SKY NET စက် SN 8218 HD စက် ကို တစ်ခြား Free လိုင်းလေးများ ထည့်သွင်းနည်း အခြေခံလေးပေါ့ဗျာ။
ကျန်တာကတော့ လူကြီးမင်းတို့ စိတ်တိုင်းကြ ကလိကြပါလို့ တိုက်တွန်းပါရစေခင်ဗျာ။

ပထမဦးဆုံးအနေနဲ့ကတော့
မိမိ skynet စက်ရဲ့ remote မှ Menu ကိုနိပ်ပေးပါ။
TV မှာ skynet စက်ရဲ့ Function တွေကျလာခဲ့ပါမယ်။

Screenshot_20180723-204436.png

စက်ရဲ့ Function တွေထဲမှာမှ ဒုတိယ အကြောင်းဖြစ်တဲ့ Installation ကို Ok သွားနိပ်ပေးပါ။

နောက်ထပ် ဇယားကျလာတဲ့အခါမှာတော့
ကိုယ်တိုင်ရှာဖွေမည်ကို သွားပြီး Ok နိပ်ပေးပါ။
English လိုမြင်ရတဲ့အခါမှာတော Manual search ပေါ့ဗျာ။

Screenshot_20180723-204441.png

Passwords. တောင်းလာတဲ့အခါမှာတော့ remote မှ 1126 ကိုနိပ်ပေးပါ။

Screenshot_20180723-204453.png

ဒီဇယားကွက်ကျလာတဲ့အခါမှာတော့
Transponder ကို သွားပြီး အသံ အတိုး အကျယ် ခလုတ်ကို တစ်ချက်ချင်း နိပ်ပေးပါ။

Screenshot_20180723-204539.png

ဒီလို သုံည တွေချည်း ရောက်လာတဲ့အခါမှာတော့ အောက်ကို ဆင်းပြီး ကိုယ်ထည့်ချင်သည့် လိုင်းတွေရဲ့ ကုဒ်နံပတ်တွေ ကို ရိုက်ထည့်ပေးပါ။
ပြီးလျှင် အောက်က Signal တက်လား ကြည့်ပါ။
အောက်အကြောင်း Signal မတက်လျှင် ဗန်း မတည့်သောကြောင့် ဗန်းကစားပေးပါ။

Signal တက်ပြီဆိုလျှင် OK နိပ်ပေးပါ။လိုင်းရှာနေပါလိမ့်မည်။
ခနစောင့်ပေးလိုက်ပါ။
ရုပ်သံလိုင်းများ ကျလာလျှင် Ok နိပ်ပြီးရှာကြည့်ပါ လိုင်းသစ်များ တွေ့ပါလိမ့်မည်။

Screenshot_20180723-204547.png

12405 V 45000 မှာတော့

MRTV / 5Plus အုပ်စု Free လိုင်းတော်တော် များများပါ ပါတယ်။

Screenshot_20180723-204630.png

12467 V 45000 မှာတော့

Mrtv 4 HD / Channel 7 HD လိုင်းတွေပါ ပါတယ်။

Screenshot_20180723-204623.png

ဖမ်းလက်စနဲ့ ခုရနေတဲ့ Star 1/2/3/4 လိုင်းတွေလည်းရရင်တော့ဖမ်းကြည့်ပေါ့ဗျာ မရရင် အရင်းပေါ့။

ကုဒ်နံပတ်ကတော့
12563 V 30000 ပါ။

ဒီတစ်ပတ်ကတော့ ဒီလောက်ပါပဲဗျာ အားလုံး ကျေးဇူးပါဗျာ။

@lwanwai
photo me
MSC - 045

Sort:  

အပတ်​စဉ်​နည်းပညာမျှ​ဝေ​ပေး​တော့ဗဟုသုတရပါတယ်​...

ဟုတ် အားပေးလို့ကျေးဇူးပါဗျာ

psiကနေ skynetပြောင်းသွားပြီလား
ပညာစုံပါတယ်ဗျာ

ပြင်းနေကျမှာစိုးလို့ ပြောင်းပေးလိုက်တာ ဟီး

ခုတောမှတ်ပဲထားနိုင်သေးတယ်ရှင့်

ဟုတ်ကဲ့ပါဗျာ

ပညာကို မချွင်းမချန်​ ရှင်းပြလို့​ကျေးဇူးပါ

ဟုတ်ကဲ့ပါဗျာ အားပေးနေလို့ကျေးဇူးပါ

Sky net သမားတော့များမယ်ထင်ပါတယ်။Sky net သမားတွေ လုပ်ထားကြပါ။ဗဟုသုတ ရစေတဲ့အပြင် လက်တွေ့အသုံးပြုနိုင်ပါတယ်။လေးစားလျက်

အားပေးနေလို့ကျေးဇူးပာ ကိုသန့်ဇင်ရေ

အရင်​ဆိုသူများပိုက်​ဆံ​ပေးမှ လိုင်းအသစ်​​တွေရတာ အခု​တော့ နည်းလမ်း​တွေသိ​တော့ကုန်​စရာမလို​တော့ဘူး ​ကျေးဇူးပါ

ဟုတ်​ကဲ့​ကျေးဇူးပါဗျာ

အကိုကတော့ PSI ရော Sky Net မှာပါ ဆရာကျလွန်းပါတယ်ဗျာ

မျှောက်​​နေပြန်​ပါပြီ​လေ ဟိ

အကျိုးရှိတဲ့ ပညာတွေ ဖြန့်ဝေပေးနေတာမို့ အားပေးပါတယ်။

ကျေးဇူးပါဗျာ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 62497.97
ETH 2428.72
USDT 1.00
SBD 2.65