PSI စက်ကို BISS KEY ရိုက်နည်း

in #myanmar7 years ago

image
PSI စက် အဟောင်းမှာ မြန်မာလိုင်း တွေကြည့်ကြမယ်

ခုပြောပြပေးမဲ့ အကြောင်းကတော့ PSI စလောင်းဖမ်းစက် MODEL အဟောင်း တွေမှာ BISS KEY ဘယ်လိုရိုက်ရမလဲဆိုတာလေးပါ။
စလောင်း စက်တွေမှာ ကြည့်လို့ မရအောင် ပိတ်ထားတဲ့ စနစ်တွေ ထဲမှာ BISS KEY လည်းတခုအပါအဝင်ဖြစ်ပါတယ် ။
စလောင်းစက် PSI အဟောင်းတွေမှာ မြန်မာလိုင်း တွေ ကြည့်လို့မရတော့ပါဘူး PSI S2 AEC ဆိုတဲ့ စက်အသစ်မှာပဲရတော့တာပါ ဒါတွေကို ကြည့်လို့ရဖို့ အတွက် BISS KEY ရိုက်ဖို့ လိုလာပါပီ...။

တခုတော့ ထပ်ပြောပါရစေအုံး....
Satellite .. THAICOM 7 KU ဆိုတာ ခု PSI စလောင်းစက်တွေ ဖမ်းနေတဲ့ ဂြိုလ်တု တစ်ခုပါ။PSI စလောင်းစက်ဆိုတာ သိရင် IPM စလောင်းစက်ဆိုတာလည်း သိလိမ့်မယ်လို့ထင်ပါတယ် ။ IPM စလောင်းစက် မှာ မြန်မာလိုင်းတွေကို BISS KEY နဲ့ လွင့်နေပါတယ် ။ PSI စလောင်းစက် အဟောင်းမှာ ကြည့်မယ့် မြန်မာလိုင်းတွေဟာ IPM ရဲ့ စက်ထဲက စလောင်း BISS KEY တွေကို ရိုက်ထည့်ရခြင်းဖြစ်ပါတယ် ။
IPM စလောင်းစက်မှာ ကြည့်နေတဲ့ မြန်မာလိုင်းတွေရဲ့ ကုဒ်နံပတ်တွေ ကတော့
12604 V 30000 ပါ
ပြန်ပြောပြရမယ်ဆို
ဂြိုလ်တုက # THAICOM 7 KU
လိုင်းကတော့ # 12604 V 30000
ရုပ်သံကတော့ မြန်မာ လိုင်းတွေပေါ့ဗျာ။
ဘာလို့ဒါတွေ ပြောနေရလည်းဆို ဘာမှ နားမလည်တဲ့သူတွေပါခဲ့ရင် အတော်အသင့် သိရှိဖို့ အတွက်ပြောနေရခြင်း ဖြစ်ပါတယ်။
ဆိုင်တွေမှာ လုပ်ခိုင်းမယ်ဆို စက် တစ်လုံးကို 1000 / 2000 / 3000 ဆိုပီး နေရာဒေသ အလိုက် တောင်းယူပါတယ် ခင်ဗျာ ။

ကဲ လုပ်ငန်းလေး စလိုက်ကြရအောင်ဗျာ
BISS KEY မှာ နံပတ် 16 လုံးရှိပါတယ်
မြန်မာ လိုင်းတွေ အတွက် BISS KEY နံပတ်ကတော့

23A4122223A41222 ဖြစ်ပါတယ်။

နိုင်ငံခြား ဇတ်လမ်း လိုင်းတွေအတွက် BISS KEY နံပတ် ကတော့

1709284817092848 ဖြစ်ပါတယ်။

image
image
ပထမ ဦးဆုံး ရီမု ကွန်ထိုးမှ SATEMAIL ကို 5 စက္ကန့်လောက်ဖိပီးနှိပ်ပါ ။
image

PASSWORD တောင်းလျှင် ( 0000 ) သုံည လေးလုံး နှိပ်ပေးပါ။
image

BISS KEY နှိပ်ဖို့ အတန်းကို ရောက်လာပါလိမ့်မယ်
image

အပေါ်မှာ ဖော်ပြထားတဲ့ သက်ဆိုင်ရာ ကီး ကိုရိုက်ထည့်ပါ ပီးလျှင် OK ကိုနှိပ်ပါ

image

ပိတ်ထားတဲ လိုင်းများ ပွင့်လာပါပီ
image
image
နောက်ထပ် နိုင်ငံခြား ဇတ်လမ်းလိုင်း ထည့်ခြင်လျှင်လည်း အပေါ်က နည်းတွေ အတိုင်းဝင်ပီး BISS KEY ထည့်တဲ့ အတန်း ရောက်လျှင် နိုင်ငံခြား ဇတ်လမ်း လိုင်း အတွက်
BISS KEY ကို ရိုက်ထည့်ပေးပါ။

image
image
image

ယခုနည်း အတိုင်း လိုက်လုပ် လေ့လာမယ်ဆို သင်ဟာ တကယ် လုပ်တတ်လာပါလိမ့်မယ်။ နားမလည် သဘော မပေါက်ခဲ့ဘူးဆိုရင်ဖြင့် ရှင်းပြပေးတဲ့ ကျွန်တော် ညံ့လို့ပဲဖြစ်ပါလိမ့်မယ်။
နားမလည်ပါက ကျွန်တော့် FACEBOOK LINK ကနေပီး မေးမြန်းနိုင်ပါတယ်။
https://www.facebook.com/kaw.lin.31

မြန်မာ STEEMIT အဖွဲ့ကြီး ဒီထက် ပိုမိုတိုးတက်ပါစေ လို့ ဆန္ဒ ပြုရင်း.....။
@LWANWAI

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.030
BTC 69156.99
ETH 3771.05
USDT 1.00
SBD 3.44