📡📡PSI ​ Error  ➳ 5 📡📡

in #myanmar6 years ago

📡📡PSI နှင့်​ Error များ ➳ 5 📡📡

PSI စက်​​တွေမှာ OTA ​ပေးတာက​တော့ အ​တော်​​လေး လွယ်​ပါတယ်​ဗျာ။

20180911_115550.png

ဒါက​တော့ Ota ဆွဲထားပီး ဇယားပါ

20180905_165740.png

ဒါက​တော့ မဆွဲ ခင်​ ဇယားပါ

မိမိစက်​က အရင်​ကတည်းက OTA ပိတ်​ထားခဲ့မယ်​ ဆိုရင်​​တော့ OTA ကိုဖွင့်​​ပေးရမှာ ဖြစ်​ပါတယ်​။
ဘာ​ကြောင့်​မို့
OTA စနစ်​ကို ပိတ်​ထားပြီး ဘာအတွက်​​ကြောင့်​ OTA စနစ်​ကို ဖွင့်​ ကြသလဲ ဆိုတာ​တော့
အရင်​ Post ​တွေမှာ ရှင်းပြခဲ့ပြီးဖြစ်​ပါတယ်​။

ခုကျွန်​​တော်​တို့က လိုင်းအသစ်​​တွေ စက်​ရုံက ချ​ပေးတဲ့အတိုင်းရချင်​တယ်​ဆို​တော့ OTA Upgrade ပြုလုပ်​ကြပါစို့ဗျာ။

ပထမ ဦးဆုံး ကျွန်​​တော်​တို့ PSI Remote မှ Menu ကို နိပ်​​ပေးပါ။
Password. ​တောင်းလာတဲ့ အခါမှာ သုံည ​လေးလုံး ကို နိပ်​​ပေးရမှာ ဖြစ်​ပါတယ်​။

20180905_165821.png

ဒါဆို TV မှာ Psi စက်​ရဲ့ Function လုပ်​​ဆောင်​ချက်​​တွေ ကျလာခဲ့မှာ ဖြစ်​ပါတယ်​။
OTA Upgrade လုပ်​မှာ ဖြစ်​တဲ့ အတွက်​ OTA ရှိရာ Function ရှိတဲ့
Tools ထဲသို့ ဝင်​ရမှာ ဖြစ်​ပါတယ်​။

Tools ထဲသို့ ဝင်​တာနှင့်​ Password. ထပ်​​တောင်းပါလိမ့်​မယ်​ ။
သုံည ​လေးလုံး သာ ထပ်​နိပ်​​ပေးလိုက်​ပါ။ ဒါဆို ​နောက်​ထပ်​လုပ်​​ဆောင်​ ချက်​​တွေ ကျလာမှာ ဖြစ်​ပါတယ်​။

20180905_165800.png

OTA ဆိုတာ ​ပေါ်လာပြီ ဖြစ်​လို့ OTA စနစ်​ထဲသို့ဝင်​ရန်​ ​အ​ပေါ် ​အောက်​မြားဖြင့်​​ရွေ့ပြီး OK နိပ်​​ပေးလိုက်​ပါ။
နောက်​ထပ်​ လုပ်​​ဆောင်​ရမဲ့ လုပ်​​ဆောင်​ချက်​​တွေ ကျလာပါလိမ့်​မယ်​။

20180911_115227.png

အောက်​ကရှိတဲ့
Ota Enable ကို​ရွေ့ပြီး OFF ထားတာကို ON လုပ်ေ​ပးပါ။
ဒါက​တော့ မိမိစက်​ရဲ့ OTA စနစ်​ကို အဖွင့်​ အပိတ်​ ပြုလုပ်​​ပေးတာပါ။

ပြီးရင်​​တော့ ​အောက်​က Start သို့ ​ရွှေ့ ကာ Ok နိပ်​​ပေးလိုက်​ပါ။

20180911_115244.png

မိမိစက်​ဟာ ​နောက်​ဆုံး စက်​ရဲ့ Version ကို Upgrade ပြုလုပ်​​နေပါလိမ့်​မယ်​။
ပြီးလျှင်​​တော့ စက်​က Auto ပိတ်​သွားပြီး ပြန်​ ပွင့်​လာပါလိမ့်​မယ်​။
ဒါဆို OTA လုပ်​​ဆောင်​ခြင်း ပြီးသွားပါပြီ။

လိုင်းအသစ်​များနှင့်​ ​ပျော်​ရွင်​စွာ ကြည့်​ရူ့ နိင်​ကြပါ​စေဗျာ။

IMG_20180817_184520.jpg

@lwanwai
Msc - 045

Sort:  

မီးရမှ စက်ဝယ်ပြီး နားမလည်တာတွေ မေးဦးမယ်ကွာ

နားမလည်​ ​မေးသာ​မေး ကိုဟိန်း

ဆရာစားမချန်အကုန်ဖွင့်ဟ သင်ပေးတဲ့အတွက် ဝါသနာပါသူတွေဖတ်မိရင် အရမ်းအကျိုးရှိစေမဲ့ ပိုလ့်ကောင်းလေးတွေပါဘဲ

ဟုတ်​ မမစု 😀😀

သင်‌ ပြ‌ပေးလို့‌ကျေးဇူးပါ အစ်‌ကို‌ရေ။

ဟုတ်​ ကိုမ​ဟော်​ ​ရေ 😀😀

ကမ္ဘာ့ဖလားကောင်းမူ့ကြောင့် otaဆွဲတတ်ပီ လုပ်ချင်တာရှိရင် သားပိုစ့်တေ ရှာဖတ်တယ်😊

ဟုတ်​ မမ ​နောက်​လည်း လာအား​ပေးအုံး 😁😁

PSI ဆင်ချင်လိုက်တာ

ဟုတ်​ ဆင်​လို့ရပါတယ်​ ဥ​စော 😊😊

မြန်မာလိုင်းတွေ Upgrade လုပ်ပေးရင်တိုးလာသေးလား

လော​လောဇယ်​​တော့ Mizzama. ပဲ တိုး​သေးတယ်​ ကိုမင်း ☺☺

upgrate လုပ်ရင် ဘာတွေပိုထူးတတ်သလဲ ကိုလွမ်းရေ

စက်​ Version ​တော့ မြင့်​သွားတယ်​ ကိုစိုး ​ရေ 😁😁

ကိုလွမ်းဝေစာတွေဖတ်ရတိုင်း
အိမ်က TVလေးအသစ်ဝယ်ရမလား
ဘာပြင်ရမလဲဆိုတာ မေးချင်နေတော့တာ

😁😁😁 လုပ်​ပီဗျာ

တကယ်ပြောတာ

IPMစက်တုန်းကခဏခဏOTA Updateလုပ်ရလို့
PSIကျနပ်သွားပြီ ဟီး

PSI ကသင်​​ပေးလိုက်​တာ​လေ 😁😁

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62952.72
ETH 2429.38
USDT 1.00
SBD 2.56