📡📡PSI Error ➳ 3 📡📡
📡📡PSI နှင့် Error များ ➳ 3 📡📡
မြန်မာ လိုင်းတွေ ပေါ်မလာတဲ့ ပြစ်ချက်ကို ဖြေရှင်းနည်းဖြစ်ပါတယ်။
အရင်ရက်က ကျွန်တော် ပြောခဲ့သလို
PSI စလောင်းဖမ်းစက်ကို
Factory setting ထဲ ဝင်ပြီး
Default ချ လို့ အဆင်မပြေတာအတွက် ပြောပြမှာ ဖြစ်ပါတယ်။
ရိုးရိုး ပုံမှန် PSI စလောင်းစက်ဆို
Default ချလိုက်သည့် အဆင့်တွင်ပင်
အဆင်ပြေသွားကြပါတယ်။
အဆင်မပြေသည့် စက်တွေအများစုကတော့ Firmware Error တက်နေသောကြောင့်လည်းဖြစ်နိင်ပါတယ်။
ပြီးတော့ ထိုင်းစက် ဖြစ်နေရင်လည်း သိပ်အဆင်မပြေပါဘူးတဲ့။
ထိုင်းစက်လို့ ဆိုလိုတာက
PSI ထုတ်လုပ်တဲ့ စက်ရုံက ကျွန်တော်တို့ မြန်မာပြည်မှာ ကြည့်ဖို့ အတွက် စက် သီးသန့်သွင်းပါတယ်။
ပြီးတော့ သူတို့ နိင်ငံတွင်း ကြည့်ဖို့ စက်ကို သီးသန့် ထားပါတယ် ။
အဲဒါလေးကိုပြောပြတာပါ။
ဒါနဲ့ ခုပြောပြပေးမဲ့ဖြေရှင်းနည်းကတော့
OTA စနစ်ကို ဖွင့်ပေးပြီး နောက်ဆုံး
Update Version. ကို Download. ဆွဲယူခြင်းဖြစ်ပါတယ်။
OTA ဆိုတာ
''Over the air'' ရဲ့အတိုကောက်ဖြစ်တယ်လို့ ကျွန်တော် မှတ်သားမိပါတယ်။
OTA ဆိုတာ Online ပေါ်က ပေးပို့မှုတစ်ခုပါပဲ။ အများဆုံးအသုံးပြုတာက
မိုဘိုင်းတို့ တီဗွီတို့ ရေဒီယို တို့ စတာတွေရဲ့ ဆော့ဖ်ဝဲ အပ်ပဒိတ် အတွက် အသုံးပြုတာများပါတယ်။
ဒီတော့ မိမိစက်ကို နောက်ထပ် စက်ရုံက အသစ် ချပေးတဲ့ ရုပ်သံလိုင်းများ ကြည့်လို့ရဖို့ အတွက် OTA ဆွဲပေးရမှာဖြစ်ပါတယ်။
ကျွန်တော် ဟိုးယခင်ကလည်း OTA ဆွဲတဲ့ အကြောင်းလေးတွေလည်း ရှင်းပြပေးထားခဲ့ဖူးပါတယ်ဗျာ။
မိမိ ကြည့်ရူ့နေတဲ့ စက်မှာ OTA ပိတ်ထားခဲ့မယ်ဆိုရင်တော့
စက်ရုံက အသစ် ထပ်တိုးလွင့်တဲ့ ရုပ်သံ လိုင်းတွေကိုတော့ ကြည့်လို့ရမှာ မဟုတ်ပါဘူး။
နောက်ဆုံး Update ရုပ်သံလိုင်းများကို ကြည့်ချင်တယ်ဆိုရင်တော့
မိမိ စက်ကို OTA ဖွင့်ပေးရမှာ ဖြစ်ပါတယ် ခင်ဗျာ။
စက်ကို OTA ဖွင့်တာကလည်း လွယ်ပါတယ်ဗျာ။
လုပ်ပုံ လုပ်နည်း ၂ နည်းရှိတယ် ခင်ဗျ။
အဲ့တာကို နောက်နေ့ ဆက်ပြောပါအုံးမယ်ဗျာ။
@lwanwai
Msc . 045
စလောင်း အိမ်မှာ ရှိပါဘူးကွယ်
အဲ့တော့ နားအေးတာပေါ့ ဦးထွေးရေ😁😁
PSI ကတော့ ဈေးချိုချိုနဲ့ တောမယ်မှာ အသုံးတည့်နေလေရဲ့
တောကြိုက်ကလေးပေါ့ဗျာ 😊😊
ဒါဆိုထိုင်းကpsiစက်ကိုသူတို့နိုင်ငံသုံးအတွက်သီးသန့်ထုတ်တာပေါ့နော့....ဆက်ပြီးအားပေးပါ့မယ်...
ဟုတ်တယ် မမရေ😊😊
OTA က PSIစက်မှာ အရေးပါတဲ့အရာတစ်ခုပါပဲဗျာ
ဗဟုသုတရပါတယ်
ဟုတ်တယ် ကိုဝင်းကိုရေ 😊😊
Upvoted your beautiful post, visiting from kryptonia @grace234
Thanks my friend
စလောင်းပညာကတော့ ကျွန်တော်တို့လိုက်မမှိတော့ဘူးဗျာ
ဗဟုသုတ ရလို့ကျေးဇူးပါ
ဟုတ် ကိုယုရေ ကြာလေ တိုးတက်လေပါပဲဗျာ😊
ဒါလည်း အသက်မွေး ပညာရပ်တစ်ခုပဲ အဖွင့်အပိတ်လောက်ပဲ လုပ်တတ်တဲ့ ဦးဇင်းတို့ ကတော့ လိုက်မမှီတော့ဘူးကွယ်
လေ့လာရင် ရပါသေးတယ်ဘုရား😊😊
psiက အဲ့လိုကျ ဆိုးဘူးဘဲ နောက်ဆုံး updateလိုင်းတွေလည်း ကြည့်လို့ ရလား
ရတယ် မမစု 😊😊
တော်တော် အသုံးတည့်တဲ့ လိုင်းလေးရယ်ဗျ နော့...။
ဟုတ်တယ်ဗျာ အသုံးတဲ့တယ်😊
Congratulations @lwanwai ! You received a 0.50% upvote from @kryptoniabot & @kryptonia for your task of 10 SUP Today.
Remember to receive votes from @kryptoniabot
Run a task on Kryptonia.*Join free here Kryptonia Account
Use the tags KRYPTONIA or SUPERIORCOIN in your Steemit post.
Delegate to the Kryptonia Upvote by clicking links: 10SP , 50SP , 100SP , 500SP , 1000SP
Due to an increased amount of tasks, we have changed up the voting power to evenly spread out the Upvote amount.
Thanks alot your support.