( ပိုးဖလံ ကောင် လေးများ )

in #myanmar6 years ago

ကျွန်တော် ကြားဖူးသည် ပိုးဖလံ မျိုး မီးသို့တိုးတဲ့ .....။
ဟုတ်ကဲ့ ကျွန်တော် စဉ်းစားကြည့်မိတယ် ဒီ ပိုးဖလံ ကလေးတွေဟာ ဘာကြောင့် မီး ကို ဝင်ဝင် တိုးနေရသလဲ ။
ဒီ မီးကြောင့် ကိုယ် သေကြေ ပျက်စီးမှာကို မသိပါပဲ မီးသို့ တိုးဝင်နေသော ပိုးကောင်လေးများ ကို ကျွန်တော် သနားမိသည်။

FB_IMG_1517400153939.jpg

ထို့ အတူ ကျွန်တော်တို့ လူမူ ပတ်ဝန်းကျင်တွင်လည်း ပိုးဖလံ လိုမျိုး လူများစွာကို စာဖတ်သူတို့ တွေ့မြင်နိုင်ပါလိမ့်မည်။
ဥပမာ အားဖြင့် ကျွန်တော့် ဦးကြီး သည် အရက် အလွန် ကြိုက်သော သူတစ်ဦးဖြစ်ပါသည်။
အရက်မကောင်းတာကို သိသည် သို့ပေမယ့် ဆက်သောက်သည်။
တစ်နေ့ တစ်နေ့ အရက်မသောက်ရလျှင် မနေနိုင်ပေ။

အရက် ကား ကောင်း၏ မကောင်းဟု မပြောပါ။
ကောင်းလို့လည်း တော်တော်များများ သောက်နေတာဖြစ်နိင်ပါသည်။
အရက်သောက်ခြင်းသည် သွေးလေ ညီညွတ်စေသည်။
ိကိုယ်ခန္တာ တွင်း ချမ်းအေးမူများ ကိုပြေပျောက်စေ၍ ကိုယ်တွင်းနွေးထွေးမှု ကိုပေး၏။
အရက်သောက်ခြင်းသည် ကောင်း၏
စကားပြောရတာ နူတ်နှေးနေသူများကို စကားပြောကောင်းသွားအောင် လုပ်ပေးနိင်စွမ်း ရှိလေသည်။
တစ်နေ့တစ်ခွက် လောက်သောက်သည့် လူကြီးများသည် ကျန်းမာရေးကောင်းကြလေသည်။

FB_IMG_1517400078718.jpg

သို့သော် ကောင်းတာတွေ ရှိသလို မကောင်းတာတွေလည်းရှိလေသည်။
ကျွန်တော် ဦးလေးသည် အရက်ကို လိုအပ်တာထက် ပိုသောက်သော အခါ မျက်နှာ မှာ ဖောယောင်ကာ မျက်နှာမြင်သည်နှင့် အရက်ဖော ဖောနေမှန်း သိလေသည်။
ဗိုက်မှာလေ တစ်နေ့တစ်ခြား ပို၍ ပို၍ ပူလာလေသည်။
နောက်ပိုင်းတွင် မခံရပ်နိုင်အောင် နာလာသော အခါ ဆရားများနှင့် ပြသ၍ ဗိုက်ကို ဖောက်ရလေတော့သည်။
ကျွန်တော် တို့ အရပ်ခေါ် ရေဖျင်း ဖြစ်တာပေါ့ဗျာ။

ဒီလိုနှင့် ဗိုက်ကို ဖောက်၍ ရေထုတ်လိုက်မှ သက်သာရာ ရလေသည်။ ဆရာဝန် က အရက် သောက်၍ ဖြစ်ကြောင်း နောက် ကို မသောက်ရန် တားမြစ်လေသည်။
ဆရာဝန်တားမြစ်ထားသောကြောင့် အရက်တော့ မသောက်ဖြစ်တော့ချေ။
ဗိုက်ဖောက်ပြီး ရေထုတ်တာ ၃ ကြိမ်လောက်ရှိ အပြီးမှာတော့ လူလည်း ကျန်းမာရေး အသင့်အတင့် ပြန်ကောင်းလာတော့သည်။

FB_IMG_1517399975607.jpg

လူက နေပြန်ကောင်းလာပြီဆိုတော့ မြိုသိပ်ထားသော စိတ်တို့သည် ထိန်းသိမ်းထားလို့မရတော့ အရက် ကို ပြန်သောက်ချင်လာသည်။
ဒါနှင့် အရက်ကို ဆက်သောက်ပြန်တော့သည်။
ဒီလောက်တားမြစ်ထားသည့် ကြားမှ ဆက်သောက်တော့ ရောဂါက ပြန်ဖြစ်လေပြီ။
ဒီတစ်ခါတော့ ဆရာလည်း မကယ်နိင်ပြီ သူ့ အတွက်တော့ နေဝင်ချိန်တော့ ရောက်လေပြီ။
နောက်ဆုံးမှာတော့ သူရောဂါနှင့် သေသွားလေသည်။

ကျွန်တော်တို့ လူမှု ပတ်ဝန်းကျင်တွင်
ကျွန်တော်တို့ မြင်တွေ့နိင်ပါတယ်။
မကောင်းတာလုပ်ရင် ခံရမှာ သိရဲ့သားနှင့် မြင်ရဲ့သားနှင့် မလုပ်ကြတော့ဘူးလားဆိုတော့ ဆက်လက် လုပ်ကိုင်နေသောသူမျာကို မြင်တွေ့နေရပါသည်။
ထို့ အတူ ကျွန်တော် ကိုယ်တိုင်နှင့် စာဖတ်သူတို့ ကိုယ်တိုင် မကောင်းတဲ့ အရာတစ်ခုအတွက်
မလုပ်တော့ပါဘူး ဟု စိတ်ပိုင်းဖြတ်ကာ ဘယ်နှစ်ခါလောက်
ပြန် လုပ်ပြီးပြီလဲ။

ကျွန်တော် ကြားဖူးသည် ပိုးဖလံ မျိုး မီးသို့တိုးတဲ့ .....။
ဟုတ်ကဲ့ ကျွန်တော် စဉ်းစားကြည့်မိတယ် ဒီ ပိုးဖလံ ကလေးတွေဟာ ဘာကြောင့် မီး ကို ဝင်ဝင် တိုးနေရသလဲ ။
ဒီ မီးကြောင့် ကိုယ်သေကြေ ပျက်စီးမှာကို မသိပါပဲ မီးသို့ တိုးဝင်နေသော ပိုးကောင်လေးများ ကို ကျွန်တော် သနားမိသည်။
ထို့ အတူ ကျွန်တော် တို့သည်လည်း
မီးသို့ တိုးဝင်နေသော ပိုးဖလံ ကလေးများသာ ဖြစ်ပါတယ် လို့ မြင်ယောင်မိပါတော့တယ် ....။

FB_IMG_1517400328967.jpg

စာကို ဆုံးအောင် ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော့်ရဲ့ တင်ပြမှု အရေးအသား မကောင်းမှုတွေရှိရင် နားလည် သည်းခံ ပေးကြပါခင်ဗျာ။
Myanmar Steemit အသင်းဝင်များ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျှက် ....။

received_1810229282610380.gif

Author : @lwanwai
MSC - 045
Photo - Facebook image

Sort:  

V 100% $0.100 V n C done.@sandipoe

အရက်သောက်လျှင် သေးငယ်သောအမှားမှစ ကြီးသောအမှားအကုန်လုပ်နိုင်ခေ ၉၉.၉% ရှိ၏

အဲ့တပါးလုံရင် ကျန်တာတွေ လုံပီတဲ့

Post ကို ဖက်​ပြီး အစ်​ကို ​တွေးသလိုမြင်​မိပါတယ်​ဗျာ။ ကျွန်​​တော်​တို့​တွေ့မီးကို ဘာလို့ တိုး​နေကြတာလဲ။

ဟုတ်ပ ညီရေ ကိုယ်လည်းခုထိဒီတိုင်းပဲ

မတိုးဘူးခုထိတော့ရှောင်တယ်ရှားတယ်

ကောင်းတယ် bro အဲ့တိုင်း ဆက်နေ

designမိုက်တယ်

ကျေးဇူးပါဗျာ

အန္တရာယ်ကို မမြင်ဘဲ တိုးကြတာကိုး

ဟုတ်ပဗျာ

ပုံပမာ ရိုင်းရိုင်း ဥပမာပေးမေ ချီးတွင်းထဲကလောက်က ချီးတွင်းမာပဲ ပျော်တယ်တဲ့🤗🤗ဟိ

လုပ်ပီ

လူတွေကအရာရာကိုမေ့နေကြတာကိုးးးညီရ

ဟုတ်တယ် မကို ရေ

ဗဟုသုတရလို့ ကျေးဇူးပါ

ဟုတ် ကျေးဇူးပါ

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63526.15
ETH 3387.82
USDT 1.00
SBD 2.56