♥ ♥ ​ ​ ​​ ♥ ♥

in #myanmar6 years ago

♥ ♥ သားသား​လေး နှင့်​ တစ်​ရက်​တာ ♥ ♥

ဒီ​နေ့​တော့ ခါတိုင်းရက်​​တွေလို အီလက်​ထ​ရောနစ်​နဲ့ ပတ်​သက်​တဲ့ ဗဟုသုတ​လေး​တွေ မတင်​နိင်​​သေးဘူးဗျာ။

20180831_161235.png

ကျွန်​​တော့်​ရဲ့ ချစ်​လှစွာ​သော သားသား​လေး ​နေမ​ကောင်း ဖြစ်​​နေ​သော​ကြောင့်​ ​ရေးဖို့ အာရုံမရဘူးဖြစ်​​နေလို့ပါ။
ခုတစ်​​လော ကိုယ့်​သား​လေး ​နေမ​ကောင်းမှ ​ဘေး အနီးအနားက က​လေး​တွေလည်း ​နေမ​ကောင်းဖြစ်​ကြတယ်​ဆိုသိရတယ်​​လေ။

ခါတိုင်းဆို ဂဂျီဂ​ဂျောင်​ မလုပ်​တဲ့သားသား က ခုဆို ဘာမှမဟုတ်​ပဲ ဂဂျီဂ​ဂျောင်​​လုပ်​ပြီး ​နေမ​ကောင်းဖြစ်​​နေတယ်​​လေ။
သူ့​မေ​မေ ကိုလဲ ချိုချို မစို့ဘူး ဒါနဲ့​သေချာကြည့်​​တော့ သားသား လျှာ မှာ အဖူး​လေး​တွေ ​ပေါက်​​နေတယ်​။

20180831_161124.png

ပြီး​တော့ ပါး​စောင်​​တွေမှာလည်း အဖူး​လေး​တွေ​ပေါက်​​နေတယ်​။
ဒါ​ကြောင့်​ သားသားက ချိုချို စို့ချင်​တိုင်း ​အော်​​အော်​ငို​နေတာ​လေ။

ညဆိုလည်း ​ကောင်း​ကောင်းမအိပ်​ရ ငို​နေတာကို ​ချော့​နေရနဲ့။
ဒါနဲ့ ဒီ​နေ့ မြို့​ပေါ် တက်​ပြီး ဆရာ ဆီ လာပြလာရတယ်​​လေ။

20180831_161147.png

မြို့​ပေါ်က ဆရာဆီ ​ရောက်​​တော့ ​သောက်​​ဆေးနဲ့ လိမ်း​ဆေး ​ပေးလိုက်​တယ်​။
လိုအပ်​တာ​တွေဝယ်​ရင်းနဲ့ ခုချိန်​ထိ အိမ်​မပြန်​ရ​သေးဘူး ခုလည်းနားနား​နေ​နေ ပန်းခြံထဲ ခန ဝင်​နား​နေတာ

သားသားက​တော့ ​ဆော့​နေရ​တော့ ခုချိန်​ ​ရောဂါ​မေ့​နေ​လေရဲ့။

20180831_161209.png

ကျွန့်​​တော်​ မိတ်​​ဆွေ​တွေလည်း ခုချိန်
မိမိ သား​လေး​တွေ တူ​လေး​တွေကို ဂရုစိုက်​ကြပါလို့​ပြောလိုက်​ရပါတယ်​ဗျာ။

@lwanwai
Msc - 045

Sort:  

မြန်​မာဆရာလဲ ပြကြည်​အူး​နော်​ က​လေး​ရောဂါ အများစုက မြန်​မာ့​ဆေးက တည့်​တာများတယ်

ဟုတ်​ ကိုယု ပြကြည့်​တယ်​ အဲ့ဆရာ​တွေနဲ့လည်း ☺

မိုးရာသီခလေးများဂရုစိုက်သင့်ပါသည်

ဟုတ်​ကဲ့ပါ ခင်​ဗျာ ☺ ☺

သားလေးက ချစ်စရာလေး

ဟုတ်​တယ်​ ကိုယ့်​သား​လေးမို့လားပဲ အရမ်းချစ်​စရာ​လေး ♡ ♡ ♥

ခုရာသီဥတုကဖျားနာသူ​ပေါတယ်​...​နေပူတလှည့်​မိုးရွာတလှည့်​နဲ့....

ဟုတ်​တယ်​ဗျာ အဲ့တာ ဂရုစိုက်​​နေရတယ်

ကျောက်ရောဂါနဲ့ သွေးလွန်တုပ်ကွေးဖြစ်နေအုံးမယ်ကိုလွှမ်းရေ ကလေးကို ကောင်းကောင်းဂရုစိုက်ပေးလိုက်ပါ သူတို့ခမျာဘာမှမပြောနိုင်မဆိုနိုင်ပဲ အီပဲနေတတ်တာလေ

ဟုတ်​တယ်​ ကိုစိုး​ရေ သူတို့​တွေ တစ်​အီအီ လုပ်​​နေရင်​ ကိုယ့်​မှာ ဘာလုပ်​လို့ ဘာကိုင်​ရမှန်းကို မသိ​တော့ဘူး
ခုလို ညွန်​ပြ​ပေးလို့ ​ကျေးဇူးပါ ကိုစိုး​ရေ

ဂရုစိုက်အုံး သူ ချိုစို့ချင်တိုင်း ငိုနေမှာရယ် သနားပါတယ်လိမ်းဆေးလေးလိမ်းပေးပြီး ချိုအတင်းစို့ခိုင်း အ မြန်သက်သာပါစေ😞

ဟုတ်​ မမကြည့်​ ခု​ဆေးလဲ တိုက်​ထားတယ်​ လိမ်းလည်းလိမ်း​ပေးထားတယ်​ မမ ☺ ☺

Home Sweet Home လေးပါ့လား
ကြည်နူးစရာလေးပါဗျာ

ဟုတ်​ကဲ့ ​ကျေးဇူးပါဗျာ

ကလေးတွေဖြစ်ရင် လူကြီးက အလိုလိုစိတ်မောရတယ်ဗျာ။ကလေးကို နေမကောင်းတဲ့အချိန်လေး ပိုပြီးဂရုစိုက်ပါအစ်ကို။သားသားလေးမြန်မြန် ကျန်းမာပါစေလို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျာ။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62104.41
ETH 2404.22
USDT 1.00
SBD 2.49