ကိုယ့်စိတ်ကြိုက်နေရာ သို့ လိုင်းရွေ့နည်း (For Psi HD)

in #myanmar6 years ago (edited)

ဒီတစ်ခေါက် ပြောပြပေးမဲ့ အစီအစဉ်ကတော့ Psi HD စက်ကို
ကိုယ့်စိတ်ကြိုက် နေရာ လိုင်းရွေ့နည်းလေးပဲ ဖြစ်ပါတယ်။

Psi HD စက်တွေမှာ လိုင်းတွေကို ကိုယ့်စိတ်ကြိုက် စီတဲ့ အခါမှာ သူ့မူရင်း နံပတ်တွေပါ ပါလာပါတယ်။ကိုယ့်စိတ်ကြိုက်စီတဲ့ လိုင်းတွေကို ok နိပ်ပြီး အပေါ်အောက် မြှားနဲ့ ရွှေ့ကြည့်နိင်ပါတယ်။

image

လိုင်းစီပုံ လေးကိုပြောပြပါ့မယ် ခင်ဗျာ။
ထုံးစံ အတိုင်းပါပဲ Remote မှ Menu ကိုနိပ်ပါ။
Pass ပေါ်လာပါက သုံည ၄ လုံးဖြင့်ဝင်ပါမယ်။

image

Edit Channel မှာပဲ ok နိပ်ဝင်လိုက်ပါ။

image

ဒီလိုပေါ်လာပါလိမ့်မယ်။
အပေါ်က ဘားလေးမှာ လိုင်းစီဖို့ အတွက် MOVE လို့ အဝါရောင်နဲ့ ဖော်ပြပေးထားပါတယ်။
ဒါကြောင့် Remote မှ အဝါ ရောင် ခလုတ်ကို နိပ်ပေးပါ။

image

Move လို့ရေးထားတဲ့ အဝါရောင်လေးက ဘေးက အရောင်တွေထက်ပိုကြီးသွားတာကို မြင်ရပါလိမ့်မယ်။ ဒါဆိုလိုင်းစီဖို့ အဆင်သင့်ဖြစ်ပါပြီ။

နောက်မှာရောက်နေတဲ့ တရားလိုင်းတွေကို ရှေ့ကိုရွေ့ပြပါ့မယ်။ Psi စက်မှာ စက်စဖွင့်လျှင် Mahar လိုင်းသို့ တန်းရောက်သောကြောင့် ကိုယ့်စိတ်ကြိုက်လိုင်းတွေကို Mahar နား ကပ်ထားမှာပါ။

image

image

ကိုယ်ရွေ့မယ့်လိုင်းကိုရှာပြီးလျှင် ok နိပ်လိုက်ပါ။ မြှား အမှတ်အသားလေး ပေါ်လာပါလိမ့်မည်။ပြီးလျှင် ကိုယ်ထားချင်သည့် နေရာသို့ အပေါ်အောက် ဘယ် ညာ ခလုတ်ဖြင့်ရွေ့ပါ ။ကိုယ်ထားချင်သည့် နေရာသို့ ရောက်လျှင် ok ထပ်နိပ်ပါ ။

image

စိတ်ကြိုက် လိုင်းစီပြီးလျှင်တော့ Remote မှ Exit ခလုတ်ဖြင့်နိပ်ထွက်ပါ။
အဝါ ရောင်ပြထားသော Move မှာ ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။

image

နောက်တစ်ခါ Remote မှ Exit ခလုတ်ကို ထပ်နိပ်လိုက်ပါက YES (OR) NO မေးပါလိမ့်မယ်။
YES ကို ရွေ့ပြီး ok နိပ်ပေးပါ။

image

ပြီးလျှင် လိုင်းတွေကို ok နိပ်ပြီးဖော်ကြည့်ပါက ကိုယ်ရွေ့ထားသည့်အတိုင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

image

ထိုနည်းဖြင့် ကျွန်တော်ကတော့ တရားလိုင်း ဇတ်လမ်း လိုင်း အားကစား လိုင်းတို့ကို တစ်စုတစ်စည်းထဲ ရွေ့ထားပါတယ်။
ဒီလိုဆိုတော့ နောက်ကို ခေါင်းနောက်အောင် လိုင်း လိုက်ရှာနေရခြင်းမှ သက်သာတာပေါ့ဗျာ။

ဒီတစ်ခေါက်ကတော့ ဒီလောက်မှာပဲ နားပါရစေဗျာ။
တစ်ခါလာလဲ ဒီအကြောင်းတွေပဲ ဆိုပြီးတော့ စိတ်မခုကြပါနဲ့ ခင်ဗျာ။ကိုယ်တတ်တာလေးပဲ ပြောပြရလို့ပါဗျာ 😂😂😂
သည်းခံပေးကြပါ 😆😆
အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ😍😍။

@lwanwai
MSC - 045
Photo credit my photo

Sort:  

ကျေးကျေးအစ်ကိုရေ စမ်းကြည့်ဦးမယ်

ဟုတ်ကဲ့ပါ အကိုရေ😊😊😊

အဟေး စမ်းကြည့်ဦးမှပါ ဟိုတစ်ခေါက်ကတော့ အစမ်းကောင်းတာ လိုင်းပါပျောက်သွားလို့....

မှားတဲ့အခါလည်း မှာပေမပေါ့ အကိုရေ 😆😆

အစ်ကိုပြောမှ ရှင်းသွားပါတယ်ဗျ ခေါင်းနောက်သက်သာတာပေါ့နော် အစကတော့ သိပ်အလေးမထားခဲ့ဘူးဗျ

လုပ်ထားလိုက်အုံး ကိုသိန်းဇော်ရေ 😊😊

လုပ်မယ်လေ ခု မမ အဖြစ်က တီဗီနားက ပြက္ခဒိန်မှာကြည့်နေကြတွေ မှတ်ထားရတာ😊

ဟုတ် မမရေ စမ်းကြည့်အုံး 😊😊

လိုင်းစီတဲ့ နည်းလေး သိရပါတယ်အကို
ကျေးဇူးပါ

အားပေးလို့ကျေးဇူးပါ😊😊

မှတ်‌သားထားပါ့မယ်‌ အစ်‌ကို‌ရေ။

ဟုတ်ကဲ့ပါဗျာ 😊😊

အခု လို မျှဝေးပေးလို့ ကျေးဇူးပါအကိုရေ
အရင်က ပြောခဲ့သလိုဘဲ ဝယ်နိုင်မှဘဲစမ်းရတော့မယ်ဗျာ

အဲ့တာ အကောင်းဆုံးပါပဲဗျာ😂😂

တော်တော်သိနေတာပဲ
ကျေးဇူးပါဗျာမျှဝေလို့

ဟုတ် အားပေးလို့ ကျေးဇူးပါဗျာ😊😊

စမ်းကြည့်​ဦးမယ်​ရှင်​။

ဟုဟု စမ်းအုံး မမအိရေ 😊😊

ကောင်းတယ် လိုင်းပြောင်းတာ ခေါင်းမူးသက်သာတယ်
ရှာရတာလွယ်တယ် အမျိုးအစားခွဲထားတော့

ဟုတ်တယ် ရှာရတာ ပိုလွယ်တာပေါ့😄😄

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.031
BTC 61757.83
ETH 2905.75
USDT 1.00
SBD 3.62