Hellibox B1 ဖြင့် PSI စလောင်းချိန်နည်း
စလောင်းဆင်တယ် စလောင်းချိန်တယ် ဆိုတာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ ဟိုတုန်းက ကျွန်တော်တို့ စလောင်း ဆင်ကြပြီဟေ့ ဆိုရင် အကူ အဖော်တစ်ယောက်တော့ ခေါ်ရပါတယ်။ ပြီးတော့မှ ဗန်းကိုင်တဲ့သူက တစ်ယောက် TV ရှေ့ မှာနေသူက တစ်ယောက်နှင့် အချိတ်အဆက်မိမိ အော်ပြောနေရပါတယ်။ တစ်ယောက်ထဲ ဆိုရင်တော့ TV ကို ကိုယ် စလောင်းဗန်း ဆင်မဲ့ နေရာ အနီးကိုရွှေ့ကာ ဆင်ကြရပါတယ် ။
အပင်တွေနှင့်မလွတ်လို့ အိမ်ခေါင်မိုးပေါ်ဆင်ရတဲ့ အခါတွေမှာ ခက်ခဲလှပါတယ်။
ခုတော့ Hellobox B1 Satellite Finder စက်တစ်လုံးရယ် Phone တစ်လုံးရယ် ရှိရင် စလောင်းဗန်းများကို အဆင်ပြေစွာ တစ်ယောက်ထဲလဲ ချိန်နှိုင်ပါပြီ။
Phone ထဲမှာ Hellobox B1 ရဲ့ စလောင်းချိန်တဲ့ Apk ကို ထည့်သွင်းထားရပါတယ်။
ပထမဦးဆုံးအနေနှင့် စလောင်းကို ကွင်းရှင်းတဲနေရာမှာ ရွှေးကာ အရင်ဆင်ရပါတယ်။ အပင်တွေ အဆောက် အဦး တွေနှင့် ကွယ်နေလျှင် လိုင်းဖမ်းအား မမိသောကြောင့်ဖြစ်ပါတယ်။
စလောင်းကို နေရာရွှေးပြီးလျှင် စလောင်းထိပ်ဖူးက ကြိုးကို Hellobox B1 စက်တွင် တပ်ပါတယ်။ Hellobox B1 စက်ကို မီးပေးရန်အတွက် 5 v Power Bank ကို အသုံးပြုပေးရပါတယ်။
အကုန်တပ်ပီးရင်တော့ Phone မှ စလောင်းဆင်တဲ့ Apk ကို ဖွင့်ပေးလိုက်ပါတယ်။
Apk ကိုဖွင့်လိုက်သည်နှင့် bluetooth က အော်တိုပွင့်ကာ Hellobox B1 စက်နှင့် သွားချိတ်ဆက်ပါတယ်။
ချိတ်မိပြီဆိုတာနှင့် ဖုန်းကို ကိုယ့်နားထားကာ ကိုယ်ချိန်သည့် ဂြိုလ်တု ကိုယ်ဖမ်းချင်သည့် channel နံပါတ် ကို ရွေးကာ စလောင်းဗန်းကို လှည့်ကာရှာပါတော့သည်။
Satellite - 78.5E Thaicom 5
ဒါကတော့ ကိုယ်လိုတဲ့ ဂြိုလ်တုရွေးတာပါ
Transponder - 12729 V 30000
ဒါကတော့ ကိုယ်ဖမ်းချင်တဲ့ လိုင်းနံပါတ်ကို ရွေးတာပါ ။
စလောင်းလိုင်းမမိသေးပါက
Strength လိုင်းက အနီရောင် Quality မှ သုံည ပြကာ ဖုန်းမှ တီ တီ တီ ဟု တချက်ခြင်း အချက်ပြနေပါတယ်။
ကိုယ်ရှာတဲ့လိုင်း မိကာနီးပြီ ဆိုရင်တော့ ဖုန်းမှ တီ တီ တီ တီ ဟု အဆက်မပြတ်အော်နေပါတယ်။
ကိုယ်ဖမ်းသည့် လိုင်း မိပြီ ဆိုလျှင်တော့ ဖုန်းမှ တန် တန် တန် ဟု အသံပြောင်းသွားပါတော့တယ်။ နားထောင်ရုံဖြင့် သိသာပါတယ်။
ဖုန်းတွင်လည်း
Strength မှာ အစိမ်းရောင်ပြကာ Quality မှာ အဝါရောင်ဖြင့် တက်နေတာ မြင်ရပါတယ်။
ဒါဆိုလျှင်တော့ စလောင်းဗန်းကို သေချာအောင် ဂွဖြင့် လိုက်ကျပ်ပါ။ပြီးသွားလျှင် Hellobox B1 စက်မှ စလောင်းကြိုးကို ဖြုတ်ကာ PSI စလောင်းစက်တွင်တပ်၍ TV နှင့်တွဲ ဖွင့် ကြည်လိုက်သည်နှင့် ရုပ်သံလိုင်းများ တစ်ခါတည်း ပွင့်လာပါလိမ့်မယ်။
ဒါဆို ကိုယ်ကြိုက်သည့် ရုပ်သံလိုင်းများကို စိတ်ကြိုက် ဖမ်းလို့ရပါပြီ ။
Steemit member အားလုံး
ဗဟုသုတ ရရန် အတွက်သာ တင်ပြခြင်းဖြစ်ပါသည်။
@lwanwai
MSC - 045
PHOTO - Own Creater
Thanks for
Thank
အခုလိုမသိသေးတာဝေမျှပေးတဲ့အတွက် ကျေးဇူးပါဗျ
ဖတ်ပေးတဲ့ အတွက် ကျေးကျေး
ဗဟုသုတတခုတိုးတာပေါ့
ကျေးဇူးတင်ပါတယ်ဗျာ
ဟုတ် ဖတ်ပေးလို့ ကျေးဇူးပါ
It really work?
yeah, it my job.
ကျေးဇူးပါခင်ဗျာ
ဟုတ် ခုလို ဝငရောက်ဖတ်ပေးလို့ ကျေးဇူးပါဗျ
your sharing is good
Thanks for reading
ဗဟုသုတရပါတယ်ဗျာ။ဒါနဲ့ အဲ့ဒီစက် က ဘယ်လောက်လောက်ပေးရလည်းဗျ။
35000 ပါခင်ဗျ
Wow
Amazing
ကျေးဇူးပါ ဗဟုသုတရစေလို့
ဟုတ် ကျေးဇူးပါဗျ
Good Post!
Thanks brother.