Happy Birthday 23-1-2020

in #myanmar4 years ago

Happy Birthday 23-1-2020

ဒီနေ့ဟာ ဆိုရင်ဖြင့် ကျွန့်တော့်ရဲ့ ၃၁ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ကျွန်တော့်ရဲ့ မွေးနေ့ ဖြစ်သလိုပါပဲ ကျွန်တော့် သားလေး မောင် ခန့်ဝေလျှံ ရဲ့ ၃ နှစ်ပြည့်မွေးနေလဲ ဖြစ်ပါတယ်။

howm13yolq.png

3y0dkbaktv.png

i8z3m8ldjc.png

ဒီနေ့မှာတော့ ကျွန်တော်တို့ သားအဖ နှစ်ယောက်ရဲ့ မွေးနေ့မှာ ဇနီးဖြစ်တဲ့ သူရဲ့ တာဝန်ကျရာ အင်ငူရွာ ကျောင်းမှာ မုန့်ကျွေးကြမယ်လို့ တွေးထားခဲ့ပါတယ်။
ဒါနဲ့ မွေးနေ့မရောက်ခင် ရက်ကတည်းက မုန့်ကျွေးဖို့ ပြင်ဆင်နေရတာနဲ့ အလုပ်တွေ ရူပ်ကြရပါတော့တယ်။

lzrgze6kgp.png

ဒီတော့ ကျောင်းမှာ အာပူရှာပူ မုန့်ကျွေးမယ်ဆိုပြီး
ငါးကြင်း ၅ ပိဿာ မုန့် အချိန် ၄၅ ပိဿာ မှာယူ ပြီး
ကျွေးမွေး ခဲ့ကြပါတယ်။
ကျောင်းသားဦးရေကတော့ မူကြို မှ ၈ တန်း အထိ ၂၀၀ ဝန်းကျင် ရှိပါတယ်။ ကျောင်းသားတွေ အကုန်လုံးနှင့်အတူ မွေးနေ့ ကိတ်ခွဲပြီး တစ်ယောက်တစ်ဇွန်းလိုက် ကျွေးရတာ ပျော်စရာ အရမ်းကောင်းပါတယ်။

mnrwf9mkxu.png

ပြီးတော့ ကျောင်းသား ကျောင်းသူတွေကို အာပူရှာပူ မုန့်ကျွေးရတာလည်း လိုက်ပွဲတွေ များများ လက်မလည် အောင်လိုက်ရလွန်းလို့ ပျော်စရာ ကောင်းမိပါတယ်။
ဒီနှစ် မှာ ဒီလို မွေးနေ့ပွဲ ဖြစ်မြောက် အောင် အဖက်ဖက်မှ ကူညီပေးတဲ့ သူအပေါင်းကို တစ်ယောက်ချင်းစီ ကျေးဇူး အထူး တင်မိပါတော့တယ်ဗျာ။

8gfcuel4l8.png

ချစ်ရတဲ့ ဇနီး နှင့်အတူ ချစ်ရတဲ့ သားသား လေးနှင့်
နောက်နှစ်တေွတိုင်းလည်း ဒီလို ကျွေးမွေးချင်ပါသေးတယ်ဗျာ။

MSC 048
@lwanwai

Sort:  

Thanks friend 😀

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63688.35
ETH 3125.30
USDT 1.00
SBD 3.97