❀ ❆ Electronic ​  ​​ ➳ 3 ❆ ❀

in #myanmar8 years ago

❀ ❆ Electronic နှင့်​ သူမ၏ ကျန်းမာ​ရေး ➳ 3 ❆ ❀

ကျွန်​​တော်​တို့ ဟာ ကိုယ်​ နားမလည်​​သော လုပ်​ငန်း​လေး​တွေကို လုပ်​​တော့ မယ်​ဆို အရင်​ဆုံး နည်းနည်း ပါး​ပါး ​တော့ ​လေ့လာထားသင့်​ပါတယ်​ဗျာ။

IMG_20180817_185740.jpg

ခု​ပြောပြမဲ့ အ​ကြောင်း​လေးကလည်း
နေ့ စဉ်​သုံး​နေတဲ့ မီးဖို ​ချောင်​သုံး ပစ္စည်း ​လေးအ​ကြောင်း​ပြောပြချင်​လို့ပါ။

မီးဖို​ချောင်​ ဆိုတာကလည်း ကျွန်​​တော်​တို့ ​အ​မေ ညီမ အမ တို့ အမြဲတမ်းချက်​ပြုတ်​ရာ​ ​နေရာ​လေ။
ခုက လျှပ်​စစ်​ မီးဖို လျှပ်​စစ်​ ​ပေါင်းအိုး အ​ကြော်​အိုး အစုံ ​ပေါ်လာ​တော့ သူတို့ အတွက်​ သက်​သက်​သာသာ သုံးရ​တော့ အဆင်​​ပြေပါတယ်​ဗျာ။

20180824_173529.png

ထိုထို လျှပ်​စစ်​ပစ္စည်း​တွေ ချို့ယွင်းသွားပြီ ဆိုရင်​​တော့ဖြင့်​ သုံးစွဲသူ​တွေ အတွက်​ အန္တရာယ်​ ​တွေ ဖြစ်​လာမှာ အမှန်​ပါပဲ​လေ။

ခုလည်း ဟိုတစ်​​နေ့က အကိုတစ်​​ယောက်​ Facebook မှာ တင်​ပြီး​မေးထားတာ​လေး​ပြောချင်​လို့ပါ။

ဖြစ်​ပုံက လျှပ်​စစ်​ အ​ကြော်​အိုး ၂ လုံး မ​ကောင်း​တော့တာကို သူက
အပျက်​ ၂ လုံးကို ကိုယ့်​ဘာသာ အဆင်​​ပြေသလို တပ်​​တော့ တစ်​လုံး အ​ကောင်းရသွားတယ်​။

အဲ့မှာ စ​တွေ့တာ​ပေါ့ သူက မီးစမ်း​ကျောက်​လှည့်​​လေးနဲ့ အ​ကြော်​အိုး ​ဘော်​ဒီ ကိုစမ်း​ထောက်​ကြည့်​​တော့ မီးထွက်​​နေလို့ပါတဲ့။

20180824_173613.png

ဒါနဲ့ Online ​ပေါ်က ဆရာ​တွေကို ​မေးပြီး သူက ကြိုး​တွေ ​ပြောင်းတပ်​ပြန်​​ရော။
တပ်​ပြီး​တော့ သူက စမ်းကြည့်​ပြန်​တယ်​။
အဆင်​​ပြေသွားပြီတဲ့ မီးစမ်း​ကျောက်​လှည့်​နဲ့ မီးမထွက်​​တော့ဘူးတဲ့။

20180824_173529.png

တစ်​ကယ်​သူတပ်​ထားတဲ့ ပုံကိုကြည့်​ပါအုံး။
ဘော်​ဒီ ဓာတ်​မလိုက်​ဘို့ သုံးတဲ့ Ground ချထားတဲ့ အပ်​ကြိုးကို
ကွိုင်​ကြိုး မီး အဝင်​မှာ သွားတပ်​ထားတယ်​​လေ။

ကျန်​တဲ့တစ်​စက အပြင်​မှာ ကြိုး​လေး​ပေါက်​​နေပါပြီတဲ့။
ဘုန်းကြီးပင့်​ပြီး တရားနာလို့ ရတဲ့ အ​ခြေအ​နေ ​ရောက်​သွားပြီ​လေ။

ဒါ​ကြောင့်​ ကိုယ့်​ဘာသာကို စမ်းသတ်​မယ်​ဆို အ​တော်​အသင့်​​တော့ လျှပ်​စစ်​ အ​ကြောင်း ​လေ့လာထားသင့်​ပါတယ်​။
ဒါမှမဟုတ်​ နီးစပ်​ရာ နားလည်​တတ်​ကျွမ်းသူဆီမှာ သွား​ရောက်​ လုပ်​ခိုင်းကြပါလို့ ​စေတနာဖြင့်​ ​ဝေဖန်​ ​ထောက်​ပြ​ပေးလိုက်​ရပါတယ်​ဗျာ။

IMG_20180817_185855.jpg

မြန်​မာ Steemit အသုံးပြုသူ ညီအကို​မောင်​နှမများ ကိုယ်​စိတ်​ ကျမ်းမာ ချမ်းသာကြပါ​စေဗျာ ☺ ☺ ။

@lwanwai

Sort:  

ဘု​​   ​​
မကလိဝံ့တော့ဘူးလို့

☺ ☺ ကလိပါဗျာ

လျှစစ်အန္တာရာယ်သတိပြုကွယ်

ဟုတ်​တယ်​ သတိပြုစရာပါ

ခုလိုအသိပညာရသောပညာရပ်လေးတွေကိုတင်ပေးတာအရမ်းကြိုက်

အား​ပေးလို့​ကျေးဇူးပါ အကို​ရေ

ကျေး​ကျေး တီတီ ☺ ☺

ဟုတ်ပါ့ဗျာ။တော်တော်အန္တရာယ်များလိုက်တာ။မသိပဲ လျပ်စစ်ကို စမ်းသပ်ပြီးလုပ်တယ်ထင်တယ်။ကြည့်လိုက်တာနဲ့ သူဘာမှမသိတာသေချာနေပြီအစ်ကို။

ဟုတ်​တယ်​ဗျာ ဆင်ခြင်​ဖို့​ကောင်းပါတယ်

အိမ်မှာလည်း plug မကောင်းတဲ့ ပေါင်းအိုး ရှိတယ် သတိထားဦးမှ

သတိထားအကို​​ရေ ☺ ☺

‌ကျေးဇူးပါ ကိုလွမ်း ၊‌နောက်‌လည်း ဆက်‌‌ရေး‌ပေးဦး။

ဟုတ်​ ကိုမ​ဟော်​ ☺ ☺

Congratulations @lwanwai ! You received a 1.83% upvote from @kryptoniabot & @kryptonia for your task of 100 SUP Today.

Remember to receive votes from @kryptoniabot

Run a task on Kryptonia.*Join free here Kryptonia Account
Use the tags KRYPTONIA or SUPERIORCOIN in your Steemit post.

Delegate to the Kryptonia Upvote by clicking links: 10SP , 50SP , 100SP , 500SP , 1000SP

Due to an increased amount of tasks, we have changed up the voting power to evenly spread out the Upvote amount.

Thanks alot☺ ☺

သတိထားပါမှ လျှပ်စစ်က

ဟုတ်​တယ်​ဗျာ ☺ ☺

ဒယ်နီက ဘာမှမလုပ်ဘဲ ဓာတ်လိုက်တတ်တယ် ဘေးများတဲ့ ပစ္စည်းပါ

ဟုတ်​တယ်​ ​အောက်​​ခြေက အစိုဆို လိုက်​တယ်​:-) ☺ ☺

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.083
BTC 61221.02
ETH 1642.72
USDT 1.00
SBD 0.42