❀ ❀ Electronic ➳ 1 ❀ ❀
❆ ❀ Electronic နှင့် သူမ၏ ကျန်းမာရေး❀ ❆
ကျွန်တော်တို့ တစ်တွေဟာ ဓတ်ကြီး ၄ ပါးနဲ့ ဖွဲ့စည်းထားတဲ့ အတွက်
ကျန်းမာရေး ဟာ ကောင်းတဲ့အခါ ကောင်းမယ် မကောင်းတဲ့အခါမကောင်းနိင်ပါဘူး။
အဲ့လိုပါပဲ မိမိတို့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေဟာ အေးတဲ့အခါအေးမယ် ပူတဲ့အခါ ပူမယ် အစိုးမရပါဘူး။
အဲ့ဒီတော့ ကျွန်တော်တို့ တစ်တွေဟာ ဆေးဝါး တွေဖြင့် မိမိတို့ ကျန်းမာရေး အဆင်ပြေဖို့ စီစဉ်ကျရပါတယ်။
ခေါင်းမူး ခေါင်းကိုက် ဖြစ်နေတဲ့ အခါ
မှာ အညောင်းအညာ ပျောက်တဲ့ဆေး သုံးလို့ မရပါဘူး ခေါင်းကိုက်ပျောက်ဆေး သုံးမှသာ သက်သာ ပျောက်ကင်းနိင်မှာပါ။
ဒီလိုပါပဲ ကျွန်တော်တို့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေဟာ လဲ တစ်ခုခု ချို့ယွင်းနေရင် ဆရာနှင့် သေချာပြမှရပါတယ်။
ကျွန်တော်တို့ အားလုံး ဟာ မြေ ရေ လေ မီး ဓတ်ကြီး ၄ ပါးနဲ့ ဖွဲ့စည်းထားသလို Electronic ပစ္စည်းတွေဟာလဲ
Resister Condiser Transister Diode. စတဲ့ ပစ္စည်းတွေနဲ့ အခြေခံတည်ဆောက်ထားတာ ဖြစ်ပါတယ်။(ရှိရှိ သမျှအရာအားလုံး ဓတ်ကြီး ၄ ပါးနဲ့ ဖွဲ့စည်းထားတာပါ ဒါကတော့ ပုံပမှာ ပေးထားလို့ပါ ☺ )
လူတွေမှာ နားချိန်ဆိုတာ များများ ရှိလေ electronic ပစ္စည်းတွေ မနားရလေ ပေါ့ဗျာ ။
ဥပမာ ဖုန်းတစ်လုံး ဆိုပါစို့ ဘယ်အချိန် အတိုင်းအတာထိ သူ့မှာ နားချိန် ရှိမလဲ။
အားနေပြီဆို ကျွန်တော်တို့ TV ဖွင့်ကြည့်ကြမယ်ဗျာ။
ဇတ်လမ်းလေးကောင်းလို့ ကြည့်နေမိတယ် အချိန်ကြာသွားရော ။ ကိုယ်မကြည့်တော့ဘူး ဆိုပြီး ထွက်ခဲ့တဲ့ အချိန် မိဘ ညီအကိုတို့ ကလည်း ကြိုက်တာ ကြည့်ကြမယ်လေ။
Tv တစ်လုံးအတွက် ရေရှည်ခံဘို့ သူမရဲ့ ကျန်းမာရေးလည်း ကြည့် သင့်ပါတယ်လေ။
TV မှာ ရုပ်တွေ မလာတော့ဘူး ဆိုရင် TV ကလား Satellite Reveiver ကနေလား စစ်ဖို့လိုအပ်ပါတယ်။TV နှင့် Receiver ကိုဆက်သွယ်ထားတဲ့
ကြိုး မကောင်းရင်လည်း ဖြစ်တတ်ပါတယ်။
ထို့အတူ အသံ မလာရင်လည်း TV ကအသံမလာတာလား Receiver က အသံမထွက်တာလား ဆကသွယ်ထားသော ကြိုး မကောင်းတော့တာလားဆို တာ စမ်းသပ် ဖို့ လိုပါတယ်။
TV တွင် Receiver စက် စလောင်းစက် ဒါမှ မဟုတ် DVD EVD စက်ပေါ့ဗျာ
အဲ့စက်တွေက ရုပ်သံ လိုင်းတွေရဖို့ တွဲတဲ့ AV ပေါက်ပါရှိပါတယ်။
အဝါ အဖြူ အနီ ဆိုတဲ့
ကာလာလေးတွေနဲ့ ဖော်ပြထားပါတယ်။
အဝါရောင် သည် Video
အနီရောင် သည် Audio L
အဖြူရောင်သည် Audio R
ကြိုးမှားတပ်လို့ ဘာမှ မဖြစ်ပါဘူး
ရုပ်မပေါ် အသံမကြားရုံပဲ ရှိမှာပါ။
ထို့အတူ စလောင်းစက် EVD စက်တွေမှာလည်း အဝါ အဖြူ အနီ ရောင်ဖြင့် ပြထားတဲ့ အပေါက်ကလေးတွေ ပါပါ တယ်။
ဆက်သွယ့်မည့် ကြိုးကလည်း အဝါ အဖြူ အနီ ရောင် ကြိုးပါ။
စလောင်းစက်နောက်က အဝါရောင် ပေါက်မှာ အဝါ ရောင် ကြိုးကို တပ်ပါ။
ပြီးလျှင် ထိုအဝါရောင် ကြိုးဖြင့် TV နောက်က အဝါ ရောင် ပေါက်မှာ ထိုးပါ။ ကျန်တဲ့ အဖြူ အနီ ကြိုးလဲ ထိုကဲ့ သို့ ထိုးပေးထားလျှင် ကြိုးမှား၍ ရုပ်မလာ အသံမကြားသော ပြဿနာ များကို ဖြေရှင်းပြီးဖြစ်ပါလိမ့်မည်။
ဒီတစ်ပတ်တော့ ဒီလောက်ပါပဲ ခင်ဗျာ ဆက်လက် အားပေးကြရင်ဖြင့် နောက်ထပ် ဆက်လက် ရေးသားပါအုံးမည် ။
ဒီလိုနည်းပညာရေးတဲ့သူရှားတယ်ဗျာ အားပေးနေပါတယ်ဗျ
အားပေးလို့ ကျေးဇူးအထူးပါ အကိုရေ ☺ ☺
ဟုတ်တယ်...ဖုန်းလည်းနားချိန်မရှိဘူး...သူ့ကိုလည်းကျန်းမာရေးအတွက်အနားပေးသင့်တယ်......ဗဟုသုတရစေပါတယ်...ဆက်အားပေးပါ့မယ်.. ..
ဟုတ်ကဲ့ပါဗျာ ကျေးဇူးပါ☺ ☺
အနားယူတာဆိုလို့..... ဘယ်အရာမဆို အနားပေးရပါတယ်။ သက်ရှိလူသားရော သက်မဲ့ လျှပ်စစ်ပစ္စည်းတွေရောပေါ့။
ဟုတ်တယ် အကိုရေ အနားပေးမှ ကြာကြာ ခံမှာလေ ☺ ☺
Electronic installation လေးပေါ့
ဟုတ်ပ ကိုဟိန်းရေ ☺ ☺
အပိုင်းဆက်ရေးပေးနော် ကိုလွမ်း။စောင့်မျှော်နေမယ်။
ဟုတ် ကိုမဟော်ရေ ရေးအုံးမယ်ဗျာ ☺ ☺
အီလက်ထရောနစ်ဆိုတာ မမြင်ရတဲ့တစ္ဆေကို ဖမ်းပြီး ခိုင်းစားနေတာပါ
ဟုတ်တယ် ကိုယုဇနရေ စမ်းတစ်ဝါးဝါးနဲ့ရယ်☺ ☺
ကောင်းပါတယ်။electronic အကြောင်းဗဟုသုတ ရပါတယ်။
ဟုတ်အားပေးလို့ ကျေးဇူးပါဗျာ
ကျမဆို Tvနဲ့အောက်စက်ကို ဟိုရွှေ့ဒီရွှေ့လုပ်ရင် ကြိုးတွေမှားမှားတက်လို့ မဖြုတ်ခင် photoရိုက်ထားရတယ်
အာ့ အသေချာဆုံးပဲ မမစု ရေ ☺ ☺
အနာနဲ့ဆေး တည့်အောင်ပေး လို့ဆိုထားခဲ့ကြတယ် ဒီတော့ စက်ပြင်ဆရာတွေကတော့ အနာကိုအရင်ရှာပီး ဆေးထိုးတယ်ပေါ့လေ ☺☺☺
ဟုတ်တယ် ကိုစိုးရေ ကိုယ်တွေက ဆေးဆရာ ဆိုတော့လေ ☺ ☺
အစ်ကိုပြောမှဘဲ စဉ်းစားမိတယ် လူတွေအနားယူလေ လျှပ်စစ်ပစ္စည်းတွေက အလုပ်လုပ်ရလေဘဲ ဆိုတာ
အမှန်ပါပဲ အကိုရေ ☺ ☺