📡📡​​ ​​​​​📡📡

in myanmar •  12 days ago

📡📡စ​လောင်း အ​​ကြောင်း​သိမှတ်​ဖွယ်​ရာ📡📡

ဟို အရင်​ ရက်​​တွေက
တင်​ထားတဲ့ Post ​လေးမှာ ကိုကြီး
@ansoe ​မေးတာ​လေးနဲ့ပတ်​သက်​ပြီး Post ​လေးတစ်​ခု ​ရေးရင်း ရမ်းသမ်း ​ပြောပြပါရ​စေ ခင်​ဗျာ။

ဟုတ်​ ကိုကြီး @ansoe က ဘာ​မေးသလဲဆို​တော့ ခု စ​လောင်းပါပဲ ကြည့်​လို့ရတဲ့ စက်​ ရှိတယ်​ ဆို တဲ့
အသိ တစ်​​ယောက်​က ​ပြောပြလို့ဆိုလို့
သိသ​လောက်​က​လေး​ပြောပြ​ပေးမှာပါ။

ခုချိန်​မှာ ကျွန်​​တော်​တို့ လက်​ရှိသုံး​နေတဲ့ receiver စ​လောင်း လက်​ခံ စက်​​တော်​​တော်​များများဟာ
ဗန်းကို တည့်​မှတ်​စွာ ချိန်​ထားမှ ရုပ်​သံလိုင်း​တွေ ကြည့်​လို့ရတယ်​ဆိုတာ အားလုံးသိပြီးကြမှာပါ။

ဒါ​တောင်​မှ ဗန်း​လေး တစ်​လက်​မ​လောက်​ ​နေရာ​ရွှေ့သွားတာ
ဒါမှမဟုတ်​ ​လေပြင်းပြင်း​လေး တိုက်​ခတ်​​နေရင်​​တောင်​ ရုပ်​သံလိုင်း​တွေ ကြည့်​မရ​တော့ပါဘူး။

ခုချိန်​မှာ အင်​တာနက်​​တွေ ​ခေတ်​စား လာတာနဲ့ အညီ စ​လောင်း​လောက ကလဲ ပိုမိုပြီး တိုးတက်​လာခဲ့ပါတယ်​။

20180912_001242.png

အဲ့တာက ဘာလဲဆို​တော ​နောက်​​ပေါ်လာတဲ့ စ​လောင်းစက်​​တွေဟာ
အင်​တာနက်​သုံးပြီး ပြည်​တွင်း ပြည်​ပ မှ ရုပ်​သံလိုင်းများကို အဖိုးအခ နည်းပါစွာဖြင့်​ ကြည့်​လို့ ရခဲ့တာဖြစ်​ပါတယ်​။
CCCAM စနစ်
MG CAM စနစ်
S CAM စနစ်​တို့မှသည်​ ခုလည်း
စ​လောင်းစက်​​တွေမှာ IP TV စနစ်​ပါ ထည့်​သွင်းလာပါတယ်​။

Cccam တို့ Scam တို့ ဆိုတာက​တော့ စ​လောင်း ဗန်းရှိမှ ကြည့်​လို့ရ​ပေမဲ့ IP TV တို့ က​တော့ စ​လောင်းမပါလဲ ရပါတယ်​။

20180912_001219.png

အဓိက လိုအပ်​တာက​တော့ အင်​တာနက်​ပါပဲ ။
Cccam Scam အတွက်​ အင်​တာနက်​သုံးလျှင်​ တစ်​လ မှ ​ဘေ ​လေး ငါးရာ ဖိုး​လောက်​သာ ကုန်​ပါလိမ့်​မည်​။

IP TV တို့ လို စ​လောင်းမလိုပဲ ကြည့်​သည့်​ ရုပ်​သံလိုင်းတို့ အတွက်​​တော့ ​ဘေ အ​တော်​​လေး ကုန်​ပါလိမ့်​မယ်​။
အဲ့ဒီ​တော့ Wifi ရှိတဲ့အိမ်​မှ အဲ့လို IP TV တို့လို လိုင်းကို ကြည့်​မှ အဆင်​​ပြေပါလိမ့်​မည်​။

20180912_001108.png

သူက​တော့ စ​လောင်း ချိန်​စရာ မလိုပါပဲ ရုပ်​သံလိုင်းများစွာကို ဖမ်းယူကြည့်​ရူ့ နိင်​ပါတယ်​ဗျာ။

20180912_001124.png

နောက်​များမှာ Cccam. အ​ကြောင်းတို့ ကို ​ဖော်​ပြ​ပေးပါအုံးမယ်​။
သိချင်​ကြတယ်​ဆို​ပြောတာပါဗျာ 😁😁။

ဒီ​နေ့​တော့ ဒီ​လောက်​ပါပဲဗျ။ မရှင်းတာရှိရင်​ ​မေးမြန်းနိင်​ပါတယ်​ဗျာ။

IMG_20180817_184520.jpg

@lwanwai
Msc 045
Photo org source facebook

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

PSI တွေရော Internet ချိတ်လို့ရလား

·

ရ​အောင်​လုပ်​ရင်​ ရတယ်​ ကိုမင်း​ရေ 😀😀

ဗဟုသုတရစေပါတဲ့ ပိုလ့်ကောင်းလေးတစ်ခုပါရှင်

·

ဟုတ်​ အား​ပေးလို့ ​ကျေးဇူးပါဗျာ 😊😊

TV တွေ စလောင်းတွေ ဝယ်ချင်လာပြီ

·

မလုပ်​ပါနဲ့အုံး ကိုဟိန်း​ရေ ပိုက်​ပိုက်​ကုန်​တယ်​ 😁😁

စ​လောင်းပညာနဲ့ပတ်​သက်​လို့ က​တော့ဆရာလွမ်းကို​လေးစားတယ်​ဗျ

·

ကိုယု တို့က​တော့ လုပ်​ပီဗျာ 😁😁

စ​လောင်းနဲ့ပတ်​သက်​လို့ပုံမှန်​​ပြောပြ​ပေး​နေလို့ဗဟုသုတရရှိပြီးအသိတိုးပါတယ်​...

·

ခုလို အား​ပေး​တော့ ​ပျော်​တာ​ပေါ့ဗျာ 😊😊

ကိုလွမ်းပညာကို ‌လေးစားတယ်‌ဗျာ။

·

ကိုမ​ဟော်​က​တော့ လုပ်​ပီဗျာ 😊😊

ပညာရပ်postလေးဖြစ်သောကြောင့် အရမ်းလေးစားပါတယ်အကို

·

အား​ပေး​နေလို့ အထူး ​ကျေးဇူးတင်​ပါတယ်​ဗျာ 😊😊

IP TV လေးတော့ ရချင်တာ

·

လိုချင်​လုပ်​လိုက်​​တော့ ဦး​ထွေး 😁😁

အော်အဲ့ဂလို အင်တာနက်နဲ့လဲ ရတယ်လား ခုမှကြားဖူးတယ် မတ်တယ် ။

·

ရတာ ကြာ​ပေါ့ 😁😁

ဟာ အဲဒါပြဿနာပဲ ကိုလွှမ်းရ အိမ်မှာက ဘန်းမရှိတော့ဘူးဟ စကောတွေပဲကျန်တော့တယ် ဘယ်နှယ့်လုပ်ရမလဲ အင်တာနက်ဖိုးလည်းကုန်လို့မဖြစ်ဘူးလေ နို့မို့ အလကားနေရင်းတောင် အော်ပရေတာတွေက ဘတ်နေကြတာ ☺☺☺

·

အဲ့​လောက်​​ဘေ မကုန်​တာရှိပါတယ်​ ☺ ☺

Sky net စလောင်းတောင် မချိန်တတ်သေးဘူးဗျ

·

အာ့ အ​ကောင်းဆုံးပဲ 😁😁

အခုတော့ Free Lineပဲကြည့်လိုက်ဦးမယ်ဗျာ

·

ဟုတ်​ကဲ့ပါဗျာ 😁😁

ရမ်းသမ်းရေးသမျှ ရမ်းသမ်းဖတ်တေလေ😁

·

အား​ပေးသွားလို့ ​ကျေးဇူးပါ မမ😊😊

တန်ဖိုးရှိတဲ့ post လေးတစ်ခုဖြစ်ပါတယ်။ဗဟုသုတ ရှိစေပါတယ်ခင်ဗျာ။