ဝါသနာ
ဝါသနာတဲ့...
ရိုးရှင်းတဲ့ စာလုံးလေးသက်သက်ပါပဲ..။မေးပါရစေ မိတ်ဆွေ ။ သင်ကိုယ်တိုင် ဝါသနာထဲမှာ စီးမျှောဖူးပါသလား။ ခံစားချက်အပေါ်မှာရော သုံးသပ်ဖူးပါသလား..
တကယ်တော့ လူတစ်ယောက်အတွက် ဝါသနာဆိုတာ မျှော်လင့်ချက်တစ်ခုရဲ့ ရေသောက်မြစ်ပါ.။ လူတစ်ယောက်ဟာ ဝါသနာပါရာကိုသာ လုပ်နေရမယ်ဆိုရင် ပင်ပန်းတယ် ညည်းညူတယ် ခက်ခဲတယ်ဆိုတာ သူ့စိတ်ထဲမှာ မရှိတော့ပါဘူး။ ဒါသာ ဝါသနာရဲ့တွန်းအားပါပဲ။ ကိုယ့်ဝါသနာဟာ ကိုယ့်လမ်းကြောင်းဖြစ်ပြီး ကိုယ်တိုင်ပျော်ဝင်စီးမျှောရာလည်း ဖြစ်ပါတယ်။
စာရေးဆရာတစ်ယောက်ဟာ သူရဲ့ဝါသနာဖြစ်တဲ့စာရေးခြင်းအပေါ်မှာ ရူးသွပ်စွာဖက်တွယ်ပြီး သူ့စိတ်တွေဟာ အဲ့ဒီအထဲမှာ ပျော်ဝင်နေမှာပဲ ဖြစ်ပါတယ်။ သူစိတ်နဲ့ တသားထဲကျနေပြီးတဲ့ သူ့ဝါသနာကို သွားပြီးစော်ကားရင် သူ့အသဲကို ဓားနဲ့မွှန်းသလိုခံစားရတာမို့ မခံမရပ်နိုင်ဖြစ်ကြတာပါ။
အဲ့ဒီလိုပဲ ပန်းချီအပေါ်မှာ ရူးသွပ်တဲ့ ပန်းချီဆရာ ၊ ပန်းပုအပေါ်မှာ ရူးသွပ်တဲ့ ပန်းပုဆရာ စသဖြင့်ပေါ့လေ။
အခုခေတ်မှာတော့ ပိုပြီးရွေးချယ်စရာများလာကြသလို ပိုပြီးတော့လည်း ဝါသနာပါတဲ့အရာတွေများလာနေကြပါပြီ။
အဲ့ဒီအထဲမှာ
အခု ပြောချင်တာက ဝါသနာအပေါ် ဘဝကို နစ်မြှုပ်မှုနဲ့ မြန်မာနိုင်ငံက လူငယ်လေးတွေရဲ့ ဝါသနာအပေါ် ရွေးချယ်မှုကိုပါ။
ဝါသနာအပေါ်ဘဝနစ်မြှုပ်မှုကို အရင်ပြောပါရစေ။ ဝါသနာအပေါ်မှာ ဘဝကိုနစ်မြှုပ်ထားသူဟာ တော်ရုံဇွဲမျိုးနဲ့တော့မရနိုင်ပါဘူး.။ အဲ့လိုလူတွေဟာ လူမှုရေးကိုလည်း ဥပက္ခာပြုရနိုင်သလို
ကိုယ့်ပတ်ဝန်းကျင်ကိုလည်း လျစ်လျူရှု့ကောင်း ရှု့ရနိုင်ပါတယ်။
ပီကာဆိုရဲ့မအောင်မြင်ခင်ဘဝကို လေ့လာကြည့်ပါ။ မီးရောင်မှိန် ခပ်ကျဉ်းကျဉ်း အခန်းထဲမှာ ပန်းချီဆေးခွက်ပေါင်းများစွာကြားထဲ ငတ်တလှည့်ပြတ်တလှည့် မြှုပ်နှံခဲ့မဲ့ဘဝ..သူဖြတ်သန်းခဲ့တဲ့ နှစ်သုံးဆယ်ဆိုတဲ့ အချိန်များစွာရဲ့ ပေးဆပ်မှု။ကြည့်ပါအုံး သူ့ရဲ့ဝါသနာအပေါ်ဘဝကို မြှုပ်နှံထားမှုက ဘယ်လောက်အထိများ အရင်းအနှီးကြီးမားခဲ့သလဲ..ဒါပေမဲ့ သူ့ဝါသနာထဲကို သူရောက်သွားပြီးတဲ့အခါ သူ့ဝါသနာဟာ သူ့လိုရာ ဆန္ဒတွေဆီကို ခေါ်ဆောင်သွားခဲ့တော့တာပါပဲ..။ အဲ့ဒီအချိန်မှသာ အောင်မြင်မှုလို့ လူတွေက သတ်မှတ်ခဲ့ကြတာ မဟုတ်လား။
ကျနော်တို့ သိနေကြဆဲ မင်းသားကြီး စတားလုံးရဲ့ အိမ်မက်က သရုပ်ဆောင်ဖြစ်ဖို့ တဲ့။ ဒါပေမဲ့ သူ့မှာ ဖြစ်ချင်တဲ့စိတ် ဝါသနာပါတဲ့ စိတ်ကလွှဲရင် ဘာဆိုဘာမှ မရှိဘူး..။ ဘာဆိုဘာမှမပိုင်ဆိုင်ခဲ့ဘူး။ နောက်ဆုံး သူ့ရဲ့ချစ်လှစွာသော ဇနီးကိုတောင် သူပိုင်ဆိုင်ခွင့်မရခဲ့ဘူး။ ဒါပေမဲ့ သူ့ဝါသနာကိုတော့ သူ ပိုင်ဆိုင်ခဲ့ပါတယ်.
သူ့ဝါသနာအတွက် သူ့ဝမ်းရေးပါခက်ခဲ့တဲ့အခါ သူ့ရဲ့ ချစ်လှစွာသော ရော်ကီလို့ခေါ်တဲ့ ခွေးလေးကိုတောင် ၂၅ဒေါ်လာ နဲ့ ရောင်းစားပစ်လိုက်ရတဲ့အထိ သူ့ဝါသနာအပေါ် သူကိုးစားခဲ့သူပါ ။
ဒါပေမဲ့ သူ့မှာ ခိုင်မာတဲ့ ယုံကြည်ချက် သေချာတဲ့ မျှော်လင့်ချက်ကရှိပြီးသား မဟုတ်လား။ နောက်ဆုံး သူ့ဝါသနာထဲကို သူရောက်ရှိခဲ့ပါတယ်။
ဝါသနာရဲ့ ဆွဲခေါ်မှုအပေါ်မှာ သူ့ဘဝ ကျေနပ်စရာဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ပညာရေးစနစ်အရပဲလား စီးပွားရေးစနစ်အရပဲလားတော့ မပြောတတ်ပါဘူး။ မြန်မာပြည်က ကျောင်းသားလူငယ်လေးတွေက ဆယ်တန်းအောင်ပြီး မေဂျာရွေးတာကအစ ဝါသနာပါရာကို ယူလို့မရပါဘူး။ ငါကကောင်းစေချင်လို့ ခင်းပေးတဲ့လမ်းမှာ မင်းလျှောက်ကို လျှောက်ရမယ်ဆိုတာလိုပါပဲ။
မိဘတွေကလည်း ကလေးကတော်ရင် ဆရာဝန်ဖြစ်ရမယ်ဆိုတဲ့ အစွဲကအတော်ကြီး အရိုးစွဲနေကြပါတယ်။
ဒါဟာ မဖြစ်သင့်တဲ့အကြောင်းတစ်ခုလို့ပဲ ဆိုချင်ပါတယ်.။ သိပ်အများကြီးမပြောတော့ပါဘူး အားလုံးသိကြတဲ့ ဆရာဝန်အဆိုတော် ဖြူဖြူကျော်သိန်းတို့ နီနီခင်ဇော်တို့ ချစ်သုဝေတို့ဟာ ဝါသနာပါရာ အဆိုတော်ဘဝကို မရွေးချယ်ပဲ ဆရာဝန်ဘဝကိုသာ ရွေးချယ်ခဲ့မယ်ဆိုပါစို့ ။သူတို့ကို ကျနော်တို့ သိနိုင်ပါ့မလား။
စာရေးခြင်းကနေ ဝင်ငွေလေးတစ်ပဲခြောက်ပြားကိုမက်မောစွာနဲ့ သောက်သောက်လဲဝင်ငွေရတဲ့ ဆရာဝန်အလုပ်ကို စွန့်လွတ်ရဲကြတဲ့ စာရေးဆရာ ဆရာမကြီးတွေဟာ ဝါသနာရဲ့အရင်းခံကြောင့် လူအချို့မက်မောကြတဲ့ အရာတွေကို ယုံကြည်ရာ ဝါသနာလေးတစ်ချက်နဲ့ လဲလှယ်ပစ်ရဲကြတာပါ။ ဥပမာ ဆရာလင်္ကာရည်ကျော် ဆရာဝန်ဘဝနဲ့သာဆို သူ့ကို လူတွေသိကြပါ့မလား။ ဆရာမဂျူးသာ ဆရာဝန်ပဲလုပ်နေရင် ဆရာမဂျူးဆိုတာ ဖြစ်လာပါ့မလား ။
ဒါဟာ ဝါသနာရဲ့ ရင်းမြစ်တွေပါပဲ။
လူတစ်ယောက်ဟာ ဝါသနာမပါတဲ့အလုပ်ထဲမှာ နစ်မြှုပ်နေရတဲ့အခါ အခက်အခဲတွေကြုံတွေ့လာတဲ့အခါ ရုန်းထွက်ဖို့ မကြိုးစားနိုင်တော့ဘူး မကြိုးစားချင်တော့ဘူး။ နဂိုကတည်းက ကိုယ့်ဝါသနာအရင်းမခံတဲ့အတွက် မပျော်ရွှင်တဲ့ဖြစ်နေတဲ့စိတ်ဟာ အခက်အခဲတွေ ဖိအားတွေ ကြားထဲမှာ ပိုပြီး ကျရှုံးလာကြပါတော့တယ်။
အဲ့ဒီနောက်မှာ ဝါသနာမဲ့လူသားတွေရဲ့ လုပ်ငန်းခွင်ဟာ အဆုံးအရှုံးတွေ အပျက်အစီးတွေဆီကို ဦးတည်လာတော့တာပါပဲ။
ဝါသနာကြောင့်လုပ်တဲ့အလုပ်တစ်ခုဟာ စိတ်ထဲမှာ ဝါသနာအတွက်လုပ်ရလို့ ကျေနပ်တယ် ။ ပျော်ရွှင်နေတယ် ဒါကြောင့် လုပ်ငန်းခွင်ထဲ အခက်အခဲတွေ ရှိလာရင်လည်း မရအရ အဖြေရှာနိုင်တယ် ။ အဖြေရှာတတ်တယ်။ အဖြေကိုတွေ့နိုင်တယ်။ အခက်အခဲတစ်ခုကို ဖြေရှင်လိုက်နိုင်တဲ့အခါ လူဟာ ပိုပြီး တက်ကြွလာတယ်။ အားတက်လာတယ်။ အဲ့ဒီအတွက် ပိုကြိုးစားတယ်။ အဲ့တော့ ပိုအောင်မြင်လာကြတယ်။ အဲ့ဒီနည်းနဲ့ ဝါသနာအပေါ် ပျော်ဝင်မှန်းမသိ ပျော်ဝင်လာပြီး..နှလုံးသားတစ်ခုလုံးဟာ ဝါသနာနဲ့ ထုဆစ်ထားပြီးသား ဖြစ်သွားတော့တာပါပဲ။
လူတစ်ယောက်ရဲ့ဘဝမှာ ဝါသနာကိုအရင်လုပ်ရင်တော့ ပထမဆုံး ဇွဲရှိစိတ်သန် နည်းလမ်းမှန်ပြီး စိတ်ဓာတ်ခိုင်မာဖို့လိုပါမယ်။ ဒါဆိုရင်တော့ နှလုံးသားထဲ ဝါသနာဆိုတဲ့ ယုံကြည်မျှော်လင့်ချက်စမ့်ဝင်ကြီးထွားလာတာနဲ့အမျှ ဝင်ငွေဆိုတာ နောက်က လိုက်လာပါလိမ့်မယ်။
ငွေကြေးဥစ္စာကိုအရင် ရှာမယ်ဆိုရင်တော့ ဝါသနာနဲ့ ဝေးသထက်ဝေးကွာသွားပြီး ငွေနောက်ကိုသာ လိုက်နေရပါလိမ့်မယ်။
ကိုယ်ယုံကြည်ရာကို ကိုယ်ပိုင်ဆိုင်ပြီး ကိုယ့်ဘဝကို ကျေနပ်စွာ ဖြတ်သန်းချင်တယ်ဆိုရင်တော့ ကိုယ့်ဝါသနာကိုသာ ရွေးချယ်သင့်တယ်လို့ ထင်မြင်ယူဆမိပါတယ်။
ကျနော့ အတွေးအမြင်သက်သက်သာဖြစ်လို့ လွတ်လပ်စွာသဘောထား ကွဲလွှဲနိုင်ပါတယ် ခဗျ။
အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျန်းမာကြပါစေ....
Writter Linnthu
Msc 212
Photo from Google
မသိဘူး ဘုတ်တယ် :-)
thz
Good post!
Thz
ဝါသနာကြောင့်စာရေးဆရာဟူသောအိပ်မက်ကိုအကြိမ်ကြိမ်မက်ခဲ့ဖူးပါသည်။
Ok
ဝါသနာနဲ့အလုပ်ထပ်တူကျသူတွေဟာ ကံကောင်းသူတွေပါ 😊
Thz
ဝါသနာနဲ့အလုပ် တထပ်ထဲကျဖို့ကလွယ်ဘူးနော်
ဟုတ်အကို
ဝါသနာနဲ့အသက်မွေးဝမ်းကြောင်း တထပ်တည်းကျရင်ကံအကောင်းဆုံးပါ
ဝါသနာပါတဲ့အလုပ်ကို လုပ်ခွင့်ရပြီဆိုရင် ဘဝမှာကံထူးသူပဲ
ဟုတ်တယ်ဗျ
ဝါသနာ ပါတဲ့ အလုပ်ကိုလဲ လုပ်ရတယ် $ တွေ လဲ ရတယ် ဆိုတော့ steemit သုံးရတာ ပိုပျော်မိပါတယ်
Ok
steemit မှာ ဝါသနာ ကို အသုံးချ လေ
ဟုတ်ဲ့
ဟုတ်ပါတယ်ဗျာ အေုခအနေအရသာလုပ်ရp ဝါသနာမပါရင် စိတ်အရမ်းပင်ပန်းတယ်ဗျ
ဟုတ်ပါတယ်