"သူမ...(၇)" "She...(7)"
ကျွန်တော် အတန်းဝသို့လှမ်းထွက်လိုက်စဉ် ကျွန်တော့်ရှေ့မှ အပြာရောင်ဝမ်းဆက်ကလေးနှင့် ကြွေရုပ်ကလေးတစ်ရုပ် ဖြတ်လျှောက်သွားသည်။ကျွန်တော်ရုတ်တရက် ကြက်သေ သေသွားရလေပြီ။"ဟင်"..."သူမ"။ "သူမ"...ဒီအချိန်မှကျောင်းကိုဘာလာလုပ်ပါလိမ့်..။ကျောင်းဝတ်စုံနှင့်လည်းမဟုတ်ချေ။ ဆရာမတွေကိုလာတွေ့တာများလား...။ကျွန်တော်ကျောင်းင်းနောက်ကျတာပင် အတော်ဖြစ်သွားသည်ဟု ကျေးဇူးတင်လိုက်မိသည်။
"သူမ"ဖြတ်လျှောက်သွားစဉ်....ကျွန်တော်တွေးလိုက်မိသည်က...သူမ၏နေအိမ်ကို သိရအောင်"သူမ"ပြန်လျှင်နောက်မှလိုက်သွားရန်ဖြစ်သည်။ကျွန်တော် ကျောင်းရှေ့က အုတ်ခုံလေးတွင်ထိုင်စောင့်နေမိသည်။5:00 ထိုးလို့ထွက်မလာသေး....။ကျွန်တော် ဆက်စောင့်နေမိသည်...။တစ်ဖြည်းဖြည်းနှင့် မှောင်ရီပြိုးစပင်ဖြစ်လာသည်။ကျွန်တော် လက်မှနာရီကိုကြည့်မိတော့ 6:18 ပင်ဖြစ်နေချေပြီ။"သူမ" ဘာတွေလုပ်နေပါလိမ့်.....။ဆရာမတွေဆီမှာ ဂိုက်များတက်နေတာလား.....။အဲ့ဒီလိုဆိုရင်တော့ စောင့်ရဦးမှာပေါ့လေ...ဟုတွေးလိုက်မိသည်။ဒီချိန်ထိစောင့်ပြီးမှတော့ မထူးတော့ပြီ။ဆက်စောင့်ဖို့သာ နှလုံးသွင်းရင်း...သူမပြန်ထွက်လာမည့်လမ်း...ကျောင်းတံခါးဝသို့သာမျှော်ကြည့်နေမိသည်။ခြင်တွေကလည်း ကိုက်လာသည်။သို့သော်...ကျွန်တော်အလေးမထားနိုင်ပါ....။
တဖြည်းဖြည်း မှောင်လာသဖြင့် ကျောင်းရှေ့မီးတိုင်မှ...မီးလင်းလာသည်။ကျောင်းအထွက်လမ်းကလေးပေါ်တွင်လည်း မီးရောင်အချို့ဖြာကျနေသည်။နေရာတိုင်းတော့မလင်းချေ။ထိုစဉ်...ကျောင်းဝင်းအတွင်းမှ...လှုပ်ရှားလာနေသော အရိပ်တစ်ခုကိုတွေ့လိုက်ရသည်။ "သူမ"ပဲဖြစ်ရမည်။နာရီကြည့်တော့ 7:36ဖြစ်နေချေပြီ...။ဗိုက်ထဲမှလည်း တစ်ဂွီဂွီနှင့် သံစုံတီးဝိုင်း ဖွဲ့နေကြလေသည်။ကျောင်းဝင်းအတွင်းမှတစ်ရွေ့ရွေ့ထွက်လာသောသူ..မီးရောင်အောက်ရောက်မှ သူမမဟုတ်မှန်း သိလိုက်ရသည်။သွားပြန်ပြီပေါ့...ဒီတစ်ခါ။စောင့်ရချေဦးမည် ဟုတွေးလိုက်မိရင်း...အနည်းငယ်စိတ်ပျက်သွားမိသည်။"ကြာလိုက်တာကွာ..."ဟုပင်မြည်တမ်းမိသည်။ဗိုက်ကလည်း ဆာနေပြီကိုး...။ခြင်ကလည်းကိုက်ပါဘိ။ကျောင်းခန်းများအတွင်း မီးများကလင်းတစ်ချို့ မလင်းတစ်ချို့....။တိတ်ဆိတ်နေသောကျောင်းကြီးက ကျွန်တော့်ကိုအဖော်ပြုပေးနေသလိုလို...။ကျွန်တော် ထိုင်ရာမှထကာလမ်းလျှောက်နေမိသည်။နာရီကလည်း တစ်ရွေ့ရွေ့လည်နေသည်။သေသေချာချာကြည့်မိတော့...9:15။ဟာ...ဒီလောက်ဆိုပြန်သင့်နေချေပြီ။"သူမ" ဆရာမဆီမှာများညအိပ်မလို့လား...။ဒီလိုဆို စောင့်ရကြိုးမနပ်တော့ချေ။
။နောက်ဆုံးတော့ ကျွန်တော်ပဲလက်မြှောက်အရှုံးပေးကာ ပြန်ခဲ့ရတော့သည်။စက်ဘီးကလေးနင်းရင်း မြို့ထဲသို့ပြန်ဝင်ခဲ့သည်။ကျောင်းကမြို့အပြင်မှာကိုး...။ဟူး...စောင့်ရကြိုးမနပ်ဘူးကွာ..ဟုရေရွတ်မိသည်။ကျောင်းမှအပြန်လမ်းကလည်း ဓာတ်တိုင်မီးများပျက်နေသည်ထင်။မှောင်မည်းနေသည်...။စမ်းတဝါးဝါး လရောင်အောက်တွင် စက်ဘီးကိုမနည်းနင်းနေရသည်။လူသွားလူလာ ကလည်းပြတ်လွန်းလှသည်။ဘေးဘက်ကိုကြည့်လိုက်လျှင် လယ်ကွင်းများသာမြင်ရမည်ဖြစ်သည်။နင်းရင်း နင်းရင်းနှင့် မြို့ထဲသို့ပြန်ရောက်လာသည်။အဆောင်သို့ပြန်ကာ..ရေချိုးပြီး လက်ဖက်ရည်ဆိုင်ဘက်ထွက်ခဲ့တော့သည်။လက်ဖက်ရည်ဆိုင်တွင် သူငယ်ချင်းများနှင့်ဆုံတော့ တွေ့တွေ့ချင်းပင် "ဟေ့ကောင် ဘယ်တွေသွားနေတာလဲဟ ...မင်းအဆောင်သွားကြည့်တော့လည်းမတွေ့ဘူး ".."အဆောင်မှူးက ပြန်မလာသေးဘူးပြောလို့"။"အေးကွ...ငါလည်းစက်ဘီးလျှောက်နင်းနေတာ.."ဟုပြန်ပြောလိုက်ရသည်။"မင်းကနေ့ခင်းကတော့ နေမကောင်းဘူးပြောပြီး ဘယ်လိုဖြစ်တာလဲဟ"..။ဟုတ်သား...နေ့လည်ကကျောင်းတွင်နေမကောင်းဘူးပြောထားတာပဲ...။သို့သော် ချက်ချင်းပင် "နေမကောင်းတာမဟုတ်ဘူးကွ...ခေါင်းမကြည်လို့...ခုညနေ လေကောင်းလေသန့်ရှူရင်း စက်ဘီးနင်းတာ"ဟုပြန်ချေပလိုက်သည်။တော်သေးသည် ညဏ်နီညဏ်နက်ကချက်ချင်းထွက်လို့။ကောင်မလေးတစ်ယောက်ကို ထိုင်စောင့်နေတာဟုပြောရင် အပြစ်ဝိုင်းပြောကြမှာသေချာသည်။ဗိုက်ကလည်း ဆာလှပြီဖြစ်သဖြင့် လက်ဖက်ရည်တစ်ခွက်နှင့် ပေါင်မုန့်တို့ အလျှင်အမြန်ပင် ကုန်သွားသည်။လက်ဖက်ရည်ဆိုင်မှအပြန် လမ်းထဲတွင် အပြာရောင်ဝမ်းဆက်ကလေးနှင့် ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသဖြင့် "သူမ"များလားဟု ရင်အတော်ခုန်သွားရသည်။ညဖက်ဖြစ်သဖြင့် ဝိုးတဝါးသာ မြင်ရသည်။နောက်မှအလျှင်အမြန်လိုက်ပြီး ကျော်တက်ကာကြည့်မှ "သူမ"မဟုတ်မှန်းသိရသည်။ဆက်ရန်.....
@linnkhant42
MSC-022
Credit Photo-Google
ပေါ့ပါးရင်ခုန်စွာ လူငယ်ပါ
ငယ်စဉ်အခါကပေါ့....
စောင့်လိုက်ရတဲ့ သူမရေ
ဟုတ်ပဗျာ....ဒီတစ်ပါတ်တော့ အနည်းငယ်ပေါ့သွားတယ်ဗျာ ချက်ချင်းထရေးတာဆိုတော့
good post
Thanks
ပို ပို ကောင်းလာတယ်ဗျာ
ကျေးဇူးပါပဲ အကိုရေ
အခုမှ ပြန်ဖတ်ရတော့တယ် သူမရေ
မအားလို့အမရေ..... ချက်ချင်းရေးချက်ချင်းတင်ဖြစ်သွားလို့.....:-)
good story
Thanks
အရမ်းကောင်းပါတယ်ဗျ အကိုလင်း
ကျေးဇူးပါဗျ
မြင်မြင်သမျှ သူမထင်နေမိတာပေါ့..
အစွဲအလမ်းကြီးတယ်ပဲဆိုမလား...
good post par
Thanks
Good
Thanks