မူးယစ်

in #myanmar6 years ago

နံနက်ခင်းအိပ်ရာနိုးသည်​​​​​နှင့်​ ​ခေါင်​မိုး​ပေါ်မှ​ကျေးငှက်​က​လေးများ လမ်း​လျောက်​သံ တစ်​ဂျစ်​ဂျစ်​ကိုစတင်​ကြားရ​လေသည်​။ထိုအသံ​လေးများသည်​ပင်​ သာယာနာ​ပျော်​ဖွယ်​​ကောင်း​နေ​ချေသည်​ တမှုံ့။နံနက်​ခင်းတစ်​ခုတွင်​ ကြည်​လင်​စွာနိုးထရခြင်းသည်​လည်း မင်္ဂလာတစ်​ပါးပင်​ဖြစ်​မည်​ထင်​ပါသည်​။ယ​နေ့သည်​ အပြည်​ပြည်​ဆိုင်​ရာမူးယစ်​​ဆေးဝါးတိုက်​ဖျက်​​ရေး​နေ့ဖြစ်​သည်​နှင့်​အညီ အနယ်​နယ်​အရပ်​ရပ်​တွင်​ ​မူးယစ်​​ဆေးဝါးတိုက်​ဖျက်​​ရေး​ဟော​ပြောပွဲများ၊ ပြပွဲများ၊ သရုပ်​ပြဖျက်​စီးပွဲများ ကျင်းပ​ကြမည်​ဖြစ်​သည်​။ကျွနု​ပ်​​နေထိုင်​ရာ မြို့နယ်​တွင်​လည်း သည်က​​နေ့တွင်​ မူးယစ်​​ဆေးဝါးတိုက်​ဖျက်​​ရေး ​ဟော​ပြောပွဲကျင်းပမည်​ဖြစ်​သဖြင့်​ အခမ်း​အနားကို မြို့နယ်​ခန်းမ၌ ယမန်​​နေ့ကတည်းကပြင်​ဆင်​ထားပြီးဖြစ်​​လေသည်​။
images (29).jpeg
အခမ်းအနားပြင်​ဆင်​ပြီးဖြစ်​​သော်​လည်း လိုအပ်​သည်​များကို ထပ်​မံဖြည့်​စွက်​ရန်​အတွက်​ မနက်​​စော​စောမြို့နယ်​ခန်းမဆီသို့ ​လျှောက်​လှမ်းခဲ့​တော့သည်​။မြို့နယ်​ခန်းမဆီသို့​လျှောက်​ရာ လမ်းတစ်​​လျှောက်​တွင်​ အသိမိတ်​​ဆွေများအားနှုတ်​ဆက်​ရင်း ဤမြို့၌ကြား​နေကျဖြစ်​​သော ဆိုင်​ကယ်​​ပျောက်​မှုသတင်းကို စိတ်​မ​ကောင်းစွာကြားရပြန်​​လေသည်​။ဟုတ်​ပါသည်​။ကျွန်ုပ်​တို့မြို့တွင်​ ဆိုင်​ကယ်​များ​ပျောက်​​နေသည်​မှာ ​နေ့စဉ်​ရက်​ဆက်​ဆိုသလိုပင်​ဖြစ်​​နေ​ချေ​လေပြီ။နယ်​မြို့​လေးပင်​ ဖြစ်​​သော်​ငြားလည်း အနယ်​နယ်​အရပ်​ရပ်​မှ ခရီးသည်​များ ကားများဖြတ်​သန်းသွားလာရာ လမ်းဆုံမြို့ဖြစ်​သဖြင့်​ အ​တော်​အတန်​ပင်​စည်​ကားလှသည်​။ထိုသို့စည်​ကားမှုနှင့်​အညီ ​ကောင်းမှုမ​ကောင်းမှုမျိုးစုံပါ တွဲဖက်​လိုက်​ပါလာ​လေသည်​။မြို့​နေ လူငယ်​က​လေး​တော်​​တော်​များများသည်​ မူးယစ်​​ဆေး၏ သား​ကောင်​ဖြစ်​မှန်းမသိ ဖြစ်​​နေ​ချေ​ပြီဖြစ်​သည်​။ ထိုသို့မူးယစ်​​ဆေးစွဲခြင်း၏ အကျိုးဆက်​အဖြစ်​ ဆိုင်​ကယ်​များ​ပျောက်​ဆုံးမှုဖြစ်​​ပေါ်လာ​လေသည်​။မိသည့်အခါလည်း မိသည်​။မမိသည့်​ အခါလည်းရှိသည်​။ညအခါ၌ ​တော်​ရုံကိစ္စ​ကြောင့်​ဆိုလျှင်​ တစ်​​ယောက်​တည်းအပြင်​မထွက်​ရဲသည်​ အထိဆိုးရွားလာသည်​။ထို့​ကြောင့်​ ယ​နေ့​ဟော​ပြောပွဲကို ကျွန်ုပ်​နှင့်​ သူငယ်​ချင်းတစ်​စုဦး​ဆောင်​ကာ အထ​မြောက်​​အောင်​ကြိုးစားစီစဉ်​ ခဲ့ကြခြင်းဖြစ်​သည်​။ဤပွဲသည်​ လူငယ်​များအတွက်​နည်း​ပေးလမ်းပြ​ကောင်းများ ညွှန်​ပြနိုင်​လျှင်​ ကျွနု​ပ်​တို့အပင်​ပန်းခံစီစဉ်​ရကျိုးနပ်​​ပြီဟု ခံယူထားသည်​။အ​တွေးစများ အမျှင်​တန်းလျှက်​နှင့်​ပင်​ မြို့​နယ်​ခန်းမသို့​ရောက်​မှန်းမသိ​ရောက်​လာ​လေသည်​။အဝင်​ဝ၌ မုဒ်​ဦး "မူးယစ်​​ဆေးဝါးတိုက်​ဖျက်​​ရေး​နေ့အထိမ်းအမှတ်​​ဟော​ပြောပွဲ" ဟူ​သော​ဖောင်းကြွစာလုံးကြီးများကို ကျွနု​ပ်​အတွက်​ ဂုဏ်​ယူဖွယ်​ရာ ​တွေ့မြင်​ရပါသည်​။
161017153328-dea-schedule-1-drugs-peyote-super-169.jpg
ကိုယ်​တိုင်​​ဖော့ပြားများကိုညှပ်​ ​ဆေးသုတ်​ကာ ပြုလုပ်​ထားသည်​ဖြစ်​​သော​ကြောင့်​ ကျွနု​ပ်​အတွက်​ပိုမိုလှပ​နေသ​ယောင်​ထင်​မိသည်​။အဝင်​ဝ ကတည်းကပီတိကိုစားသုံးကာ ခန်းမအတွင်းသို့လှမ်းဝင်​လိုက်​ချိန်​ဝယ်​ ခုံများကိုအကျအန စီစီရီရီ စီ​နေကြ​သော သူငယ်​ချင်းများကို​တွေ့လိုက်​ရ​သည်​။ကျွနု​ပ်​ထက်​ပင်​ ဝိရိယ​ကောင်း​နေကြ​သော သူများ​ပေတကားဟု မှတ်​ချက်​ချမိသည်​။စိတ်​ပါလက်​ပါတက်​ကြွစွာ ပါဝင်​လုပ်​​ဆောင်​​နေကြသည်​ကို​တွေ့ရ​သော​ကြောင့်​လည်း ပိုမိုအားတက်​မိသည်​။ကျွနု​ပ်​လည်း သူငယ်​ချင်းများကိုနှုတ်​ဆက်​လိုက်​ပြီး စင်​​ပေါ်သို့တက်​ကာ မိုက်​အား စမ်းသပ်​ခြင်း၊ ခုံအ​နေအထားပြင်​ဆင်​ခြင်းနှင့်​ ​ဟော​ပြောရန်​အတွက်​ စာရွက်​စာတန်းများပြင်​ဆင်​ခြင်းတို့ကိုပြုလုပ်​​​တော့သည်​။ယ​နေ့ပွဲတွင်​ဖတ်​မည့်​စာရွက်​စာတန်းများအား အဆင်​​ချော​စေရန်​ တစ်​​ခေါက်​မျှ​နောက်​ဆုံးအ​နေဖြင့်​ ဖတ်​ကြည့်​လိုက်​သည်။.........ဆက်ရန်
@linnkhant42
MSC022
Credit photo .google
images (30).jpeg

Sort:  

နှစ်သစ်မှာပျော်ရွှင်ပါစေ @linkhant42

ကျေးဇူးပါအမရေ အမလည်းပျော်ရွှင်ပါစေဗျာ...

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

ဒီကောင်က ကြောာက် ဖို့ သိပ်ကောင်းတယ်ဗျ

ဒါပေါ့ဗျာ

ဟော​ပြောပွဲတွက်​ပြင်​ဆင်​​နေကြတာ​ပေါ့ bro

ဟုတ်တယ်အကိုရေ

မူးယစ် ဆေးကတော့ ကြောက်ဖို့ အကောင်းဆုံးပါပဲ အဆက်လေးမျှော်

ဟုတ်တယ်ဗျာ ...

ဆေးခြောက်တွေမီးရှို့မယ်ဆိုတော့ ထိပ်ဆုံးကနေရာသွားဦးတာပေါ့လေ...:P

ငှဲငှဲ ကွက်ကျော် မြင်တတ်တာပါ

မူးယစ်ဟူသမျှ တိုက်​ထုတ်​ကြပါစို့လား အစ်​​​ကို
ရေ ..

မှန်တာပေါ့ဗျာ

များများရေးနိုင်ပါစေ

ဟုတ်ကဲ့ပါဗျာ

အဲ့လို ဟောပြောပွဲမျိုးတေ များများ လုပ်ပြီး လူငယ်လေးတွေကို ပါ တက်ရောက်အောင် စည်းရုံးသင့် ပညာပေးသင့်ပါတယ်

မှန်ပါတယ်အမရေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by linnkhant42 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thank you so much

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61219.98
ETH 2927.64
USDT 1.00
SBD 3.66