Mobile Phone and Network History

in #myanmar7 years ago

ကျွန်​တော်​တို့အသုံးပြု​နေကြတဲ့Mobileဖုန်းနဲ့ Mobile Networkအ​ကြောင်း သိကြမယ်​ထင်​ပါတယ်​။ ​ဖုန်းတစ်​လုံးဝယ်​​တော့မယ်​ဆိုရင်​ ဘာကို​ကြည့်​ပြီး​ရွေးချယ်​ရမလဲ။ဟုတ်​ကဲ့ ​ရွေးချယ်​စရာ​တွေက​တော့အများကြီးပါ။တစ်​​ယောက်​နဲ့တစ်​​ယောက်​အကြိုက်​မတူတဲ့အတွက်​ ​ရွေးချယ်​မှုကလည်းတူကြမှာမဟုတ်​ပါဘူး။ တစ်​ချို့​တွေကြ​တော့ ​ကြော်​ငြာ​ကောင်းလို့ဝယ်​လိုက်​တာ​တွေရှိပါတယ်​။ ကျွန်​​တော်​တို့တယ်​လီဖုန်းဆိုတာနဲ့ Alexander Graham Bellကိုသိကြမှာပါ။A.G Bellဟာ Scottလူမျိုးတစ်​​ယောက်​ဖြစ်​ပါတယ်​။1882မှာ​တော့ U.Sနိုင်​ငံသားဖြစ်​လာခဲ့ပါတယ်​။ 1874မှာ ဖုန်းကိုတီထွင်​ခဲ့တာပါ။ သူ့​ရှေ့မှာစမ်းသပ်​မှုလုပ်​ခဲ့တဲ့သူ​တွေလည်းအများကြီးရှိပါ​သေးတယ်​။ Mobileဖုန်းအ​ကြောင်းကို​ပြောရမယ်​ဆိုရင်​ ပထမဆုံး လက်​ကိုင်​ဖုန်း(Motorola DynaTAC ရဲ့​ရှေ့​ပြေးပုံစံ)ကို Martin Cooperနဲ့ John F. Mitchellတို့က April 4ရက်​​နေ့ 1973ခုနှစ်​မှာ ပွဲထုတ်​ခဲ့ပါတယ်​။အဲ့ဒီ Mobile Phoneဟာ 2Kg​လေးပါသတဲ့။ဈေးနှုန်းကလည်း $4000​ကျော်​တယ်​လို့သိရတယ်​။
DynaTAC 8000xဆိုတဲ့ Modelကို1983ခုနှစ်​မှာ မိတ်​ဆက်​ခဲ့ပြီး အဲ့ဒီModelဟာဆိုရင်​ first-generation(1G) ကိုအသုံးပြုလို့ရပါပြီ။0Gနဲ့1Gဟာ analogစနစ်​ကိုပဲအသုံးပြုနိုင်​ပါ​သေးတယ်​။ Second-Generation(2G) ကို​တော့ Finlandနိုင်​ငံတွင်​ 1991ခုနှစ်​မှာ ထုတ်​လွှင့်​ခဲ့ပြီး Digitalစနစ်​နဲ့စတင်​ခဲ့တာဖြစ်​ပါတယ်​။Third-Generation(3G) စနစ်​ကို​တော့ 2G အသုံးပြုပြီး ၁၀နှစ်​အကြာ2001ခုနှစ်​မှာမှမိတ်​ဆက်​ခဲ့ပါတယ်​။4Gကို​တော့ 2009ခုနှစ်​မှာ မိတ်​ဆက်​ခဲ့တာဖြစ်​ပြီး ကျွန်​​တော်​တို့နိုင်​ငံမှာ​တော့ခုထိတွင်​တွင်​ကျယ်​ကျယ်​ အသုံးမပြုနိုင်​​သေးပါဘူး။
1280px-2007Computex_e21Forum-MartinCooper.jpg
Credit Photo from Wiki
Zero-Generation(0G)ကို Mobile Radio Telephone systemလို့လဲ​ခေါ်ပါတယ်​။အဲ့ဒီ(0G)မှာပဲ Advanced Mobile Telephone System (AMTS), Mobile Telephone System (MTS), MTD (Mobile telephony system D), OLT (Offentlig Landmobile Telefoni or Public Land Mobile Telephony), Push to Talk (PTT) နဲ့ Improved Mobile Telephone Service (IMTS) စတဲ့နည်းပညာ​တွေပါဝင်​ပါတယ်​။သူက ​ကား​တွေမှာပါတဲ့ ​ဝေါ်ကီ​တော်​ကီသ​ဘောမျိုး။အဲ ပြီး​တော့ ARP (Autoradiopuhelin)လို့​ခေါ်တဲ့ 0.5G network ကိုFinlandမှာပဲ မိတ်​ဆက်​ခဲ့တယ်။0.5Gဆိုတာ 0Gကိုအဆင့်​မြှင့်​တင်​ထားတာပဲဖြစ်​ပြီး Analogစနစ်​ကိုပဲအသုံးပြုထားတာပါ။ကျွန်​​တော်​တို့အခု​အသုံးပြု​နေတဲ့Digitalစနစ်​ဟာ 2G network မှာစတင်​အသုံးပြုတာဖြစ်​ပါတယ်​။ဆက်​ရန်​.....
@linnkhant42(Kaung Khant Nyein)
MSC-022
Wikipediaမှ ကိုးကားမှီငြမ်းသည်​။
ရွှင်​လန်းချမ်း​မြေ့ကြပါ​စေခင်​ဗျာ
DynaTAC8000X.jpg
Credit photo from Wiki

Sort:  

Thank for knowledge
Waiting next post
Good

Good post bro followမလုပ်​ရ​သေးလို့followခဲ့တယ်​​နော်

ဟုတ်​ကဲ့ပါ

ဖုန်ဆိုတာနဲ့ပက်သတ်ပြီးသိခွင့်ရလို့ကျေးဇူးတင်ပါတယ်

ဟုတ်​ကဲ့ပါ

ဟုတ်​ကဲ့ပါ

ခုမှပဲဖုန်းအ​ကြောင်း​ကောင်း​ကောင်းသိရ​တော့တယ်

ဟုတ်​ကဲ့ပါ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63626.66
ETH 2640.26
USDT 1.00
SBD 2.75