G4 မှစကားသံများ

in #myanmar6 years ago (edited)

တစ်ခုသောညချမ်း၌ ကျွန်ုပ်သည် Mobile Legends Gameကိုဆော့နေစဉ် ကတောင် ကတင်နှင့် Messengerမှ အဝိုင်းလေးကScreenပေါ်တက်လာသည်။ဂိမ်းဆော့နေသဖြင့် Screenအောက်ချေသို့လက်ဖြင့်ဆွဲကာ ပိတ်လိုက်သည်။ချက်ချင်းပင် ပြန်ပေါ်လာသည်။ဂိမ်းထဲတွင် Enemyများနှင့်တိုက်ခိုက်နေချိန်ဖြစ်သောကြောင့် အလျှင်အမြန် ပြန်ဆွဲချသည်။ "ကတောင်" ။ဟော..ချက်ချင်းဆိုသလိုပင်ပြန်တက်လာပြန်သည်။ဤသို့ တက်လာလိုက်ဆွဲချလိုက်ဖြင့် ကျွန်ုပ်Gameမဆော့ရတော့ပဲ တက်ဆွဲ အလုပ်ကိုသာလုပ်နေရတော့သည်။လေးငါးခြောက်ကြိမ်ခန့်လုပ်ပြီးသော် ထပ်မံတက်လာချင်းမရှိတော့ပေ။တော်သေးတာပေါ့....။သို့သော် "ကတောင်" "ကတောင်"နှင့်တော့နောက်ကွယ်မှာတက်လျှက် အသံကိုကြားနေရလေသည်။ဂိမ်းတစ်ပွဲပီးဆုံးသွားသော် "ဒီလောက်တောင် တက်နေတဲ့ "ကတောင်"ဘယ်ကပါလိမ့်"ဟုစူးစမ်းလိုက်သည်။ဟော...ကျွန်ုပ်၏အချစ်တော်များစုဝေးရာ G4ကပေတည်း။ကျွန်ုပ်တို့ G4၌ သိုင်းသမားပေါများသည်။ကျွန်ုပ်သည်ပင် သိုင်းလောကသားတစ်ယောက်ဖြစ်နေချေပြီ တမုံ့။ထို့ပြင် Groupထဲတွင် အချောအလှပေါများလှသည်။မှန်ပင်မကြည့်ရဲကြ။ ကျွန်ုပ်တို့ G4၏ ဂိုဏ်းချုပ်ကြီးသည် "နှင်းဧကရီ မဟူရာမှောင်" ဖြစ်လေတော့သည်။ဂိုဏ်းသား အားလုံးက သူ့အား အသားမည်းသည်ဟုသတ်မှတ်ထားသော်လည်း ထိုအထဲတွင်ကျွန်ုပ် မပါချေ။
image
ဂိုဏ်းချုပ်ကြီးသည် အသားမည်းသည်မဟုတ် အရေပြားမဲခြင်းသာဖြစ်သည်။မယုံ သူ့အား ဓါးဖြင့်ခုတ်ကြည့်ပါလေ။သည်လိုနှင့် စာများဖတ်ကြည့်ရာ 7နာရီအစည်းအဝေးရှိသည်ကိုတွေ့ရသဖြင့် အလျှင်းသင့်စွာ ခုံနေရာယူလိုက်သည်။"ရွှီ........ပတောက်" (လက်မအကြီးကြီးထောင်လိုက်သောအသံ)။အစည်းအဝေးစလျှင် ဂိုဏ်းချုပ်ကြီးမှ လိုအပ်သည်များကိုမှာကြားပြီး အစည်းအဝေးပြီးမြောက်ကြောင်း ကြေငြာသည်။ထို့နောက် ကျွန်ုပ်တို့ G4၏ပုံမှန်စကားဝိုင်းပြန်စရာဝယ် ဂရုထဲတွင်သိုင်းပညာအသုံးပြု၍ စီးပွားရှာနေသူများကိုတွေ့ရလေသည်။ဂိုဏ်းချုပ်ကြီး နှင်းဧကရီသည် သူ၏နှင်းမုန်တိုင်းသိုင်းကိုအသုံးပြုကာ အအေးခန်း အိမ်သာများငှါးစားနေသည်ကိုလည်းကောင်း။
image
။အောင်နက် သိုင်းသမား "ဝမ်းရှောက်ချူ "သည်လည်း သူ၏အတွင်းအားကိုအသုံးပြုကာ စီးပွားရှာနေသည်ကိုလည်းကောင်း တွေ့ရှိရလေသည်။
image
ထိုကဲ့သို့ လုပ်ငန်းကြီးများလုပ်ကိုင်နေသည်ကို အခြားသူများသိသွားမည်စိုးသဖြင့် အချင်းချင်း အတွင်းအားဖြင့်သာ စကားပြောကြတော့သည်။အတွင်းအားသည် မော့စ်ကုတ်နှင့်ပင်တူနေသည်။
image
ဟိမဝန္တာမှ ဆာဒူးကြီးပင် ဝင်ပြောလေသည်။
image
နှင်းဧကရီနှင့် ဝမ်းရှောက်ချူ တို့သည်တစ်ဦးနှင့်တစ်ဦးလွန်စွာ ချစ်ခင်ကြသောစုံတွဲဖြစ်သည်။သို့သော်ကံမကောင်းလှစွာပင် ဝမ်းရှောက်ချု၌ မယားကြီးရှိနေလေသည်။ထိုအကြောင်းကို နှင်းဧကရီသိသော် ဝမ်းရှောက်ချူ အားဖြတ်လေတော့သည်။ဤသို့ဖြင့် ပြတ်သွားကြသည်ဟူသတတ်။
image
ဂိုဏ်ထဲတွင် ထူးထူးဆန်းဆန်း "သေးသောက်သိုင်းသင်သောသူ" လည်းရှိ၏။
image
သူ၏ထူးခြားချက်ကား ပြောင်ခြင်းပင်ဖြစ်လေသည်။ပြောင်သည် ပြောင်တာမှတော်တော်ကိုပြောင်သည်။ပိုးစိုးပက်စက်ပြောင်သည်။ပက်ပက်စက်စက် ပြောင်သည်။နေထိုင်ရာ အရပ်ကိုက ပြောင်ပြောင် ပြောင်ပြောင်နှင့်ဖြစ်နေသည့် သံတောင်ကြီးတွင်။ခောင်းကလည်းပြောင်သည်၊မျက်နှာလည်းပြောင်သည်၊နဖူးလည်းပြောင်သည်၊နောက်စေ့လည်းပြောင်သည်၊.....လည်းပြောင်သည်။ထိုကဲ့သို့ ပြောင်ပေါင်းစုံနှင့်ပြည့်စုံလှသော သူသည် လီအင်းပြောင် ပင်ဖြစ်တော့သည်။သူ၏သေးသောက်သိုင်းကို သူ၏ဂိုဏ်းတူညီမလေး လင်ဖျောင်ပြည့်အားလက်ဆင့်ကမ်းသင်ကြားပေးနေသေးသည်။
image
။ဂိုဏ်းထဲတွင် "လင်"ညီအမနှစ်ယောက်ရှိသည်။"လင်ဖျောင်ပြည့်"နှင့်"လင်ရှောက်စု"။နှင်းဧကရီ သည်လည်း အောင်နက်သိုင်းသမားနှင့်ပြတ်ပြီးနောက် ထိုညီအမနှင့် တစ်ပူးပူး တစ်တွဲတွဲဖစ်နေသည်။"လင်ရှောက်စု"ကား လေပွေသိုင်းသမားဖြစ်သည်။သူ၏သိုင်းနှင့်ပင် ခြိမ်းခြောက်လေ့ရှိသည်။
image
အခုလည်း သိုင်းပြိုင်ပွဲကျင်းပရန် စီစဉ်နေချေပြီဖြစ်သည်။
image
ဟုတ်ကဲ့ ဒီနေ့တော့ ဒီလောက်ပါပဲနော့။လွန်တာရှိလည်း ဝန္တာမိပါလို့ ဒီပိုစ့်လေးကနေပဲ တောင်းပန်လိုက်ရပါတယ် G4အဖွဲ့သားများခင်ဗျာ။
image
@linnkhant42
MSC-022

Sort:  

5 ကြိမ်လျှင် တစ်ကြိမ် free ကလင်း only ပုံ ဝမ်းလျှောက်ချူ

တစ်ဂယ်လား......ပရိုမိုးရှင်းပေးပြီးဈေးကွက်ချဲ့ထွင်မ့ ပေါ့လေ

သိုင်းလောကသားတွေ ဘွဲနဲ့အမည်တွေသိရလို့ကျေးဇူးပါ

အဟင်း.....ဘွဲတွေကလည်းအများသား

ဝမ့်ဆွေ့  ဝမ်ဆွေ့  ဝမ်းဝမ်းဝမ်းဆွေ့  က ဘာလဲ ဟင် သိချင်တာ "မတ်မတ်စု"ပဲသိမယ်ထင်တယ်

လေပွေသခင်မ လင်ရှောင်စုပါ

အရေးသားတွေမိုက်ချက်ကလင်းရေ။အတုယူသွားတယ်ဗျာ။

ဟုတ် အားပေးတာကျေးဇူးပါဗျာ

G4 သိုင်းလောကသားများစုစည်းရာ

မှန်၏ သိုင်းသမားပေါသည်

ယခုတ​လော ​အေးချမ်း​နေ​သော သိုင်း​လောကကြီးမှာ G4 ဂိုဏ်းေ​​ကြာင့်​ မငြိမ်​မသက်​ ဖြစ်​လာ ​လေပြီ ...

စာဖတ်မရ ဖြစ်နေတယ် အကိုရေ

ဂျီဖိုး​ရှောင်​လင်​ သိုင်းအဖွဲ့ချုပ်​ကြီးပါလား

သိုင်းပေါင်းစုံဂိုဏ်းပါ အကိုရေ

နောက်အပိုင်းတွေ ဘယ်လိုတွေလာအုံးမယ်မသိ ဝမ့်ဆွေ့ ဝမ့်ဆွေ့ ဝမ်းဝမ်းဆွေ့

ဝမ့်ဆွေ့ ဝမ့်ဆွေ့ ဝမ့်ဝမ့်ဆွေ့

Gp4သည်​ သိုင်းသမားများစု​ဝေးရာ ​နေရာဖြစ်​သည်​။

မှန်၏

g-4 ပွဲစည် ချက်ကတော့

ဒါမှG4

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 57237.65
ETH 2358.35
USDT 1.00
SBD 2.34