ရေရှည်​ကိုသာ ကြည့်​​စေလိုသည်

in #myanmar7 years ago (edited)

Steemitသည်​​ရေတိုအတွက်​ အကျိုးရှိသလို ​ရေရှည်​အတွက်​လည်းအကျိုးရှိ​သော ​platformတစ်​ခုဖြစ်​သည်​။သို့​သော်​ အပင်​​​သေးတုန်းခူးစားပါက တစ်​ဦးတစ်​​ယောက်​သာစား​လောက်​​ပေမည်​။နှစ်​ရှည်​ပင်​ဖြစ်​​သော​ကြောင့်​ အပင်​ကြီး​လေ အသီးသီး​လေ ဖြစ်​သည်​။စိုက်​ပျိုး​ရေးနည်းလမ်းနှင့်​ ​မြေသြဇာများကို ဥယျာဉ်​မှုးကြီး ကိုဟင်​နရီမှ​ပေး​ပြီးဖြစ်​သည်​။ဆက်​လက်​၍လည်း​ပေး​နေဆဲဖြစ်​သည်​။အချိန်​တန်​လျှင်​ထို အပင်​မှအသီးတို့ကို ကျွန်​​တော်​တို့တစ်​မိသားစုလုံး ဝဝလင်​လင်​ အရသာရှိရှိစားနိုင်​​သောက်​နိုင်​ကြ​ပေလိမ့်​မည်​။
image
တစ်​ချို့က အပင်​​ခြေရင်းတွင်​ ​ဂွေး​တောက်​ပင်​ကဲ့သို့​သောအပင်​များစိုက်​ခြင်းဖြင့်​ အရသာပျက်​​စေခဲ့သည်​။ထိုသို့်​သောအပင်​များကို MSC ဥယျာဉ်​အတွင်းမှ အမြစ်​ပြတ်​ခုတ်​ထွင်​ရှင်းလင်းရန်​လိုသည်​။ရှင်းလည်းရှင်း​နေသည်​။အခုမှ MSCဥယျာဉ်​တွင်းတွင်​ အပင်​​ပေါက်​က​လေးများသာရှိ​သေးသည်​။သို့​သော်​ အသီးတစ်​ချို့သီးနှင့်​​နေ​လေပြီ။
image
တစ်​ချို့အပင်​​ပေါက်​က​လေးများသည်​လည်း ကိုယ်​ပိုင်​လွတ်​လပ်​စွာကြီးထွားနိုင်​ရန်​ ဥယျာဉ်​အတွင်းမှ ယူ​ဆောင်​ခြင်းခံရ​လေသည်​။ထိုအပင်​က​လေးများမည်​ကဲ့သို့ဖြစ်​မည်​ကို​တော့မ​တွေးတတ်​ပါ​ချေ။နေပူရှိန်​​ကြောင့်​ပဲ ညိုးနွမ်းမည်​လား၊​ရေ​ပြောင်း ​မြေ​ပြောင်း​ကြောင့်​ပဲ အသက်​ဆက်​နိုင်​ပါ့မလား စိုးရိမ်​မိ​သော်​လည်း မည်​သို့မှမတတ်​နိုင်​ပါ​ချေ။ကျန်​ရှိ​နေ​သောအပင်​က​လေးများသည်​ ဥယျာဉ်​မှူးကြီး၏ လက်​ထဲတွင်​ ​မြေဆီ​မြေသြဇာ အပြည့်​ဖြင့်​ဆက်​လက်​ကြီးထွားကာ ​အကျိုးပြုကြမည်​မှာမလွဲဧကန်​ပင်​ဖြစ်​​လေသည်​။MSC အဖွဲ့သားများအားလုံးရွှင်​လန်းချမ်း​မြေ့ကြပါ​စေခင်​ဗျာ။
image
Credit Photo-Google Image

Sort:  

တချိန်​မှာ အသီးအပွင့်​​တွေေ​ဝဆာဖူးပွင့်​​နေမယ့်​ MSC ဥယျာဉ်​ကြီး ကို စိတ်​ကူးနဲ့ မြင်​​ယောင်​ကြည့်​ရင်း အရမ်းစိတ်​ လှုပ်​ရှားမိပါတယ်​ အစ်​ကို​ရေ ...

စိတ်​ကူး​တွေဟာ လက်​​တွေ့ဖြစ်​လာမှာပါအကို​ရေ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63033.54
ETH 2434.49
USDT 1.00
SBD 2.54