အလုပ်အတွက် ခရီးဆက်ခြင်း....

in #myanmar6 years ago (edited)

ကျန်းမာတော်မူကြပါစ ခင်ဗျာ။(ဆရာကြီး ဦးထွန်းလွင်မဟုတ်ပါ)။မနက်ခင်းစောစောစီးစီး ပြည်မြို့သို့စတင်ထွက်ခွာရန် အောင်မင်္ဂလာအဝေးပြေးသို့ဦးတည်လိုက်သည်။အဝေးပြေးရောက်သည်နှင့် လက်မှတ်ကြိုမမှာထားသောကြောင့် ပြည်ကားလိုင်းတစ်ခုဖြစ်သည့် Asia Expressသို့အပြေးသွားကာ ကားလက်မှတ်မေးလိုက်သည်။လက်မှတ်ရောင်းသောသူကခုံနံပါတ်သာပြောပြီး လက်မှတ်မပေးပါချေ။ထွက်ခွာခါနီးကားပေါ်သို့အပြေးအလွားပြေးတက်ရင်း လက်မှတ်ရောင်းသောသူပြောလိုက်သော ခုံနံပါတ်ကိုရှာလိုက်သည်။တွေ့ပါပြီဗျာ....နောက်ဆုံးတန်း။လက်မှတ်ကြိုမမှာထားလျှင် ဒီလိုဖြစ်မည်ဆိုတာကြိုသိပြီးသား။ဒါတောင်ကိုယ့်နေရာမှာထိုင်နှင့်သူကရှိနေသည်။ဒါနဲ့ ကားစပါယ်ယာ စောင့်ပြီးနေရာပြောင်းထိုင်ရသည်။မကြာမီပင် ကားစတင်ထွက်ခွာတော့သည်။7နာရီခန့် ကားပေါ်တွင်နေရပေဦးမည်။အိပ်လိုက် နိုးလိုက်ဖြင့် ပြည်သို့ရောက်တော့ ညနေ၃နာရီခန့်ရှိချေပြီ။ထိုညနေတစ်ပိုင်းလုံး လုပ်စရာရှိတာလုပ်ကိုင်ပြီး နောက်တစ်နေ့မနက် 10နာရီခန့်တွင် ပြည်မြို့မှပြန်လည်ထွက်ခွာခဲ့သည်။ကားလက်မှတ်ကြိုမမှာထားမိပြန်၍ အပိုထွက်ပေးသောကားအား 8500ပေးကာစီးခဲ့ရသည်။Expressကားကြီးမဟုတ်။၃၅ယောက်ဆန့်သောကားလေးသာဖြစ်သည်။ကားကြီးလိုင်းများဖြစ်သော မျိုးဆက်သစ်၊ဘုန်းမြတ်ပိုင်နှင့် Asiaတို့အားလုံးညအထိခုံပြည့်နေသည်ဆိုတော့ မရ ရသည့်ကားသာဈေးကြီးပေးစီးရပေတော့သည်။အချိန်စောင့်၍လည်းမရ ညတွင် ရန်ကုန်မှတစ်ဆင့် ကရင်ပြည်နယ် ဘားအံသို့သွားရန်ရှိနေသေးသည်။သို့နှင့် ကား7နာရီခန့်စီးပြီး သကာလ အောင်မင်္ဂလာအဝေးပြေးသို့ ဆိုက်ရောက်ပါချေပြီ။YBSတိုးစီးကာ အိမ်သို့အမြန်ပြန်၍ အထုပ်အပိုးများသယ် Taxiငှါးပြီး အောင်မင်္ဂလာသို့တစ်ခေါက်ပြန်ရပြန်သည်။ဒီတစ်ခါတော့ လက်မှတ်ကြိုတင်မှာထားချေပြီ။ကျွန်တော်တော့မဟုတ် ကျွန်တော်နှင့်အတူလိုက်ပါမည့်အထက်လူကြီးကမှာထားခြင်းပင်။ဤသို့နှင့်ည ကိုးနာရီကားစထွက်လေသည်။ကားစထွက်ကတည်းကအိပ်လိုက်သည်မှာ နားသည့်အချိန်တစ်ချိန်နှင့် ဘားအံကားဂိတ်ရောက်သည့်တစ်ချိန် နှစ်ချိန်သာနိုးသည်။ဘားအံကားဂိတ်ရောက်တော့ မနက်၃နာရီခန့်။ဘာမှမရှိပါချေ။ခဏအကြာ Voxyတစ်စီးရောက်လာသဖြင့် ငှါးကာ တည်းခိုခန်းသို့သွားရတော့သည်။မနက်အစောကြီး ဘာမှလုပ်မရ။တည်းခိုခန်းပတ်ရှာရင်း Princess တည်းခိုခန်းသို့ရောက်သွားသည်။အခန်းမှာကာ တစ်မနက်တာကိုဆက်အိပ်ရင်းကုန်ဆုံးလိုက်သည်။မနက်လင်းသည်နှင့် ဘားအံတွင်ထား ထားသောကားကို သွားယူကြသည်။
image
လုပ်ငန်းလုပ်ကိုင်ရန် ပြည်နယ်ကျန်းမာဦးစီးဌာနသို့သွားသည်။ဦးစီးမှူးနှင့်တွေ့ဆုံကာ ဆောက်လုပ်မည့် ကျေးလက်ကျန်းမာရေးဌာနပုံစံကိုအတည်ပြုသည်။ဆောက်လုပ်ရမည့်နေရာက ကော့ကရိတ်မြို့နယ် ကြာအင်းစုကျေးရွာနှင့် တောင်ကြာအင်းကျေးရွာ။ဆောက်လုပ်မည့်နေရာသို့မသွားခင် ဘားအံ၌ တစ်ညအိပ်ကာ ကန်သာယာညဈေးသို့သွားရောက်လည်ပါတ်ခဲ့သည်။
image
ပြည်တက္ကသိုလ်ဆောက်လုပ်ရေး၌ QCရာထူးဖြင့်အလုပ်လုပ်နေသော သူငယ်ချင်းအားခေါ်ကာ အအေးတိုက်ခိုင်းပြီးဂုန်းဆင်းခဲ့သေးသည်။နောက်တစ်နေ့မနက်တွင်တော့ ကော့ကရိတ်မြို့အပိုင် ကြာအင်းစုရွာသို့ရောက်ရှိခဲ့တော့သည်။ဤတွင်ကျွန်တော်၏ ခရီးထွက်ခြင်းတစ်ပိုင်းပြီးဆုံးတော့သည်။
@linnkhant42
MSC 022

image

Sort:  

ဘာစားစား ၅၀၀ ​လေး ​တွေ့တယ်​​ပေါ့ .. ဝင်​မစားခဲ့ဘူးလားအစ်​ကို .. ဒီဘက်​ဆိုရင်​​တော့ အရသာ​လေးတာ​ကောင်းရင်​ လက်​ကိုလည်​မှာ မဟုတ်​ဘူးဗျာ ..

မစားခဲ့ရပါဘူးဗျာ တောထမင်းဆိုင်ဆိုလို့ကြက်ဆင်သားနဲ့ စားကြည့်ခဲ့တယ် 😁😁

ကော့ကရိတ်ဘက်မှာ ဘာတွေ ထူးခြားတာရှိလည်း ကလင်း

ဘားမှမရှိဘူး မဆု။ ကော့ကရိတ်၊မြဝတီ၊လေးကေ့ကော် စုံနေပြီ နယ်မြေအကုန်ငြိမ်းချမ်းတယ်။ရွာလမ်းတွေကအစ ကတ္တရာလမ်းတွေချည်းပဲ။

ဪ ဒူးရင်းသီးပေါတယ် 😁😁

ခရီးများများထွက်ရင် အသက်ရှည်တယ်ဆိုလားပဲ ကလင်း။

ဟုတ်မယ် ခါးတော့နာတယ်ဗျ။

ကလင်းတို့ က အလုပ်နဲ့သွားရတာဆိုတော့ လည်ပတ်ဖို့ ကော အချိန်ကောင်းကောင်းရရဲ့လား

မရပါဘူးဘုရား လမ်းသွားရင်းတွေ့တာလောက်ပဲရှိပါတယ်။ အလုပ်အားရင်တော့ မဲဆောက်တက်ဦးမယ်ဘုရား

ခရီးထွက်ခြင်း အနုပညာပေါ့ဗျာ

ဒါပေါ့ဗျာ

လန်းထှာ
အလုပိလေးများ ပိုနေရင်မျှပါ့

မြဝတီဘက်ကရွာတွေမှာလုပ်ဖို့ F engr လိုတယ်တဲ့ 😁😁

Goodပါ့အကိုရာ
အလုပ်​လုပ်​ရင်း ခရီးလည်းထွက်​ပြီးသားဖြစ်

ဟုတ်တယ် အကိုရေ

ခရီးထွက်ရတာ အရမ်းကို ကြိုက်တယ်broရေ ဗဟုသုတအစုံရတယ်

ဟုတ်ပါ့ဗျာ ဒါပေမယ့် တစ်ခါတစ်လေ အရမ်းပင်ပန်းတယ် ကားပေါ်မှာချည်းပဲ

ကားပဲပတ်စီးနေရတယ် ကလင်းတယောက်။
အစီးချည်းပဲ တကားရိုက်နေတာပေါ့...

နှစ်ကားစာလောက်ရှိပြီ

ခရီးထွက် ရတာ ကောင်းတယ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63498.69
ETH 2645.91
USDT 1.00
SBD 2.80