ရှာမင်လောကီပညာဆိုသည်မှာ -------

in #myanmar7 years ago

image

ရှာမင်ပညာသည် လောကီပညာဟု ဆိုသော်လည်း အထက်လမ်း ၊ အောက်လမ်း ၊ စုန်းကဝေ ၊ မှော်ပညာ ၊ ၀ိညာဉ်စသည်တို့ သက်ဆိုင်သောကိစ္စများအတွက် လိုအပ်သောအခါ စိတ်၏စွမ်းအားကို အသုံးချပြီး အသုံးပြုသော ပညာမျိုးဖြစ်သည်။ ရှေးနှစ်ပေါင်းများစွာကတည်းက လူသားတို့ နည်းအမျိုးမျိုးဖြင့် အသုံးပြုခဲ့သော ရှေးဟောင်းပညာရပ်မျိုးလည်း ဖြစ်ပေသည်။ လူသားတို့သည် ဆေးပညာနှင့်ပတ်သက်ပြီး မည်သည့်အရာမှ မပေါ်ပေါက်သေးခင်ကပင် ရောဂါဝေဒနာများ ထိခိုက်ဒဏ်ရာများရကြသည်။ ဆေးဝါးမပေါ်ခင်က ရှာမင်လောကီပညာဟု နောက်ပိုင်းအမည်ပေးခဲ့သော စိတ်ကိုပြောင်းလဲစေသော ကုထုံးတို့နှင့်ရောဂါသက်သာအောင် ကုသပေးခဲ့ကြသည်။ နောက်ပိုင်းကာလကြာသောအခါ ၀ိညာဉ်တို့နှင့်သော်လည်းကောင်း ၊ စုန်းကဝေ ၊ မှော်ပညာများဖြင့် ရောထွေးသွားပီး မူလအခြေအနေမှာ တိမ်မြုပ်ပျောက်ကွယ်ခဲ့ရပေပြီ။ (၁၉၆၀)ပြည့်လွန်နှစ်များတွင် ဆေးဝါးမပါဘဲ ရောဂါကုသပေးနိုင်သော ရှေးဟောင်းပညာများ တစ်ကျော့ပြန်လာလေသည်။ ထိုအထဲတွင် ရှာမင်လောကီပညာလည်း အပါအ၀င်လည်း ဖြစ်သည်။
image
ရှာမင်ဆိုသော ဝေါဟာရသည် ဆိုက်ဗေရီးယားရှေးဟောင်းစကားဖြစ်သည်။ ဆေးဆရာ ၊ ဆေးကုသပေးသောသမား ဟု အဓိပ္ပာယ်ရသည်။ တိုင်းပြည်အများအပြားတွင် ရှိနေကြသည့် ရှေးခေတ်ဆရာများကိုလည်း ရှာမင်လို့ခေါ်ကြသည်။ စစ်စစ်အားဖြင့် တိုင်းပြည်အသီးသီးရှိ ဆေးဆရာရှာမင်များကို သက်ဆိုင်ရာတိုင်းပြည်နှင့်လူမျိုးတို့၏ဝေါဟာရများဖြင့်လည်း တိုင်းပြည်အလိုက်ခေါ်ဆိုကြသည်။ ဆိုက်ဗေးရီးယားရှိ လူမျိုးစုများအနက် တန်ဂါလူမျိုးစုက ဆာမင်ဟုခေါ်သည်။ ယင်းဆာမင်မှာ ရှာမင်ပြန်လာခြင်း ဖြစ်သည်။ ယာကွက်လူမျိုးစုက ရှာမင်ကို အိုယုနာ ဟုခေါ်သည်။ မွန်ဂိုလီးယားကဘာဂါ ဟုလည်းကောင်း ၊ ကာမိ ဟုလည်းကောင်း ၊ အူဒါဂန်ဟုလည်းကောင်းခေါ်ကြသည်။ သားယက်လူမျိုးစုကတော့ အူဒါဟန် ဟု ခေါ်သည်။ တူရကီတာတာတို့က ကမ် ဟုလည်းကောင်း ၊ ဟန်ဂေရီကတဲ(လ)တော့ ဟုလည်းကောင်း ၊ ဘော်နီယိုကျွန်းစုက မနုန်ဟုလည်းကောင်း ၊ မလေးနီဂရမ်တို့က ဟာလာ ဟုလည်းကောင်း ၊ ဆုမတြားတို့က နိယာဆန် ၊ ဆီဘဆို ၊ ဒန်ကန် ဟုလည်းကောင်း ၊ အန်ဒမန်နှင့်နီကိုဘာကျွန်းစုကက အိုကိုဂျုမု ဟုလည်းကောင်း ၊ မလေးရှားလူပုမျိုးစုက အာလီယန် ဟုလည်းကောင်း ၊ မလေးရှေးဟောင်းလူမျိုးစုက ပိုယန် ဟုလည်းကောင်း ၊ ပိုလီနီရှန်က တော်လာ ဟုလည်းကောင်း ၊ ဟာဝိုင်ယီက ကဟူ ၊ ကဟူနား ဟုလည်းကောင်း၊ ပါးရှား(အီရန်)က မာဂ ဟုလည်းကောင်း ၊ ရှေးဟောင်း အိန္ဒိယလူမျိုးစုများက မုနိ ဟုလည်းကောင်း၊ တိဗက်က ဘွန် ၊မူ ဟုလည်းကောင်း ၊ တရုတ်က ၀ူ ဟုလည်းကောင်း၊ ဂျပန်က ရှင်နိကူချိ ၊ကာမိကူချိ ဟုလည်းကောင်း ၊ ကိုးရီးယားက မူဒန် ဟုလည်းကောင်း တိုင်းရင်းဘာသာစကား အသီးသီးဖြင့် ခေါ်ကြသည်။
image
ရှေးအခါက တိုင်းပြည်အသီးသီးတွင် ရှိခဲ့သော ရှာမင်ယဉ်ကျေးမှု နှင့် ရှာမင်လောကီပညာကို သူတို့၏တိုင်းရင်းသားဘာသာစကားဖြင့် ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ယင်းအချက်ကို ထောက်၍ ရှေးခေတ် ၊ ကျောက်ခေတ်မှ စတင်ပြီး တိုင်းပြည်အသီးသီးတွင် ကျောက်ခေတ်ယဉ်ကျေးမှုဟု ခေါ်ဆိုနိုင်သော ရှာမင်ယဉ်ကျေးမှု ၊ ရှာမင်လောကီပညာတို့သည် အနှံ့အပြားတွင် တစ်ပြိုက်နက်လိုလို ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ရှာမင်လောကီပညာလေ့လာရေးသည် ရှေးကျောက်ခေတ်လူ့ဘောင်ကြီး၏ ယဉ်ကျေးမှုကြီးကို လေ့လာခြင်းဖြစ်သွားသည်။ ယနေ့ခေတ်တွင် ရှာမင်လောကီပညာရှင်တို့အား ကဝေများ ၊ မှော်ဆရာများ ၊ အောက်လမ်းဆရာများဟု ထင်မြင်ကြသည်။ ကျောက်ခတ်လူများက နတ်မိစ္ဆာတို့ ၊ နာနာဘာဝတို့က ပြုစား၍ ကုသမည်ဆိုလျှင် ပြုစားထားသော နတ်မိစ္ဆာနှင့် နာနာဘာဝများကို နှိမ်နင်းရန်လိုသည်။ ရှာမင်တို့က နတ်မိစ္ဆာတို့ကို ဆက်သွယ်သည်။ နှိမ်နင်းသည်ဆိုလျှင် ရှာမင်တို့ကို ခေတ်မျက်စိနှင့် ကြည့်မည်ဆိုပါက ပယောဂကုဆရာ ၊ အောက်လမ်းဆရာ ၊ အထက်ဂိုဏ်းဆရာလိုလို မြင်ကြမည်ဖြစ်သည်။ သို့သော် နတ်မိစ္ဆာများ ၊ နာနာဘာဝများသည် လူပြည်၏အလွန်တွင်ရှိသော ပရလောကတွင်နေကြသူများဖြစ်ရာ သူတို့ကို ရှာဖွေနှိမ်နင်းမည်ဆိုပါက ပရလောကသို့ သွားရောက်ရှာဖွေရန်ဖြစ်သည်။
image
ပရလောကသို့ သာမန်စိတ်ဖြင့် မရောက်နိုင်။ နစ်မြောစိတ် ၊ ဘ၀င်စိတ်ဖြင့်သာ သွားနိုင်သည်ဖြစ်ရာ ရှာမင်တစ်ဦးသည် နစ်မြောစိတ် ၊ ဘ၀င်စိတ်ကို ပိုင်နိုင်ရန် လိုအပ်ပါသည်။ ထို့ကြောင့် ရှာမင်လောကီပညာရှင်များသည် သာမန်စိတ်မှ နစ်မြောစိတ် ၊ ဘ၀င်စိတ် ၊ အိမ်မက်စိတ်ကို လိုသည့်အချိန်တွင် ကူးပြောင်းရန်အတွက် စိတ်ကိုလေ့ကျင့်ထားရမည် ဖြစ်ပေသည်။ ဤသို့စိတ်ကို လေ့ကျင့်ခြင်းကို ရှာမင်လောကီပညာကျင့်စဉ် ဟု ခေါ်ပါသည်။ ထိုသို့ လေ့ကျင့်မှုပြုရာတွင် စိတ်ကို နစ်မြောစိတ် ၊ ဘ၀င်စိတ်သို့ အလျင်အမြန် စိတ်တိုင်းကျ ကူးပြောင်းနိုင်ရန် နှင့် ပရလောက တမလွန်လောကတွင် စိတ်ကြိုက်လှုပ်ရှားနိုင်ရန် လက်တွေ့ လေ့ကျင့်ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် စိတ်ပညာရှင်များ နှင့် ပရစိတ်ပညာရှင်များက ရှာမင်လောကီပညာရှင်သည် ရုပ်လောကမှာ အသုံးပြုသည့် စိတ်နှင့် တမလွန်ပရလောကမှာ အသုံးပြုသည့် စိတ် (၂)မျိုးလုံးကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ပိုင်နိုင်သူများ ဖြစ်သည်ဟု ဆိုကြခြင်း ဖြစ်သည်။ ရှာမင်လောကီပညာတွင် ကုသရာမှာသုံးသော နည်းလမ်းနှစ်သွယ်ရှိသည်။
image
ပထမနည်းမှာ ဆေးဝါးမပါပဲ ဗုံတီး၍ သီချင်းဆိုပြီး ကုသရသောနည်းဖြစ်သည်။

နောက်တစ်နည်းမှာ ဆေးပင် (၂)မျိုး ၊ (၃)မျိုးကို အသုံးပြုပြီး ပရလောကသားတို့၏အကူအညီဖြင့် ကုသရသောနည်းဖြစ်သည်။ ထိုဆေးပင်များသည် ကုသမှု ခံယူသူ၏စိတ်ကို ပြောင်းလဲစေနိုင်သည်။ အမေရိကန်ပြည် အနောက်တောင်ပိုင်းနှင့် မက္ကစီကိုပြည်နယ်များရှိ ယာကီလူမျိုးစုများနေထိုင်ရာ ကျေးလက်ဒေသတွင် ရှာမင်လောကီပညာ၌ အသုံးပြုသော အဓိကဆေးပင်များကို လေ့လာနိုင်ပါသည်။ အဆိုပါ ဆေးပင်များကို လက်တွေ့ကြည့်ရှုလေ့လာခြင်း ၊ ဆေးပင်မှရသော ဆေးရည်ကို သောက်ခြင်း ၊ လိမ်းခြင်း ၊ ရှုခြင်းတို့ ပြုကာ ရှာမင်လောကီပညာနယ်အတွင်းသို့ တဖြည်းဖြည်း လေ့လာမှုပြုနိုင်ပါသည်။ ရှာမင်လောကီပညာတွင် အဓိကအားဖြင့် အသုံးပြုသောဆေးပင်များမှာ ပီရုမ်ပင် (Peyote) ၊ ဂျီမွန်နွယ်ပင် (Jimon) ၊ ဟူမီတိုပင် (Humito) နှင့် မှိုတစ်မျိုးတို့ ဖြစ်သည်။ ထိုအပင်များတွင် လူ၏စိတ်ကို ပြောင်းလဲစေသော သတ္တိများ ပါဝင်သည်။ မြန်မာပြည်တွင် ပဒိုင်းသီးသည် လူကို ခေတ္တမျှ စိတ်ပြောင်းလဲစေသည်။ ရူးစေသည်။ ဆီမီးတောက်ဥသည်လည်း လူနှင့်ခွေးကို ရူးစေသည်။ အဆိုပါအပင်များသည် လူ၏စိတ်ကို နဂိုနေမှ ပြောင်းလဲစေသောကြောင့် ဆိုင်ခီဒီလစ် (Psychedelic) မူးယစ်ဆေးကဲ့သို့ စိတ်ကိုပြောင်းလဲစေသော အပင်များဖြစ်သည်ဟု ယူဆကြသည်။ ဘိန်းပင် နှင့် ဆေးခြောက်ပင်တို့သည် လူ့စိတ်ကို ပြောင်းလဲစေနိုင်ကြောင်းကို လူအများကတော့ သိရှိပြီး ဖြစ်ပေလိမ့်မည်။ ပညာရှင်တို့၏လေ့လာချက်များအရ ပီရုတ်ပင်ကို အသုံးပြုလျှင် သာမန်အသိစိတ်ပျောက်ကွယ်သွားပီး ကမ္မဋ္ဌာန်းထိုင်သောအခါမှ တွေ့ရှိရတတ်သော ဘ၀င်စိတ် (သို့) တစ်ဖြစ်လဲစိတ်ဟု ခေါ်သော စိတ်အခြေအနေသို့ ရောက်သွားကာ ပရလောကအတွင်းသို့ ရောက်သွားသည်။
image
အခြားကမ္ဘာဟုခေါ်သော ပရလောကတွင် မိမိအား ကူညီပေးမည့်သူ ၊ ပညာသင်ပေးမည့်ပုဂ္ဂိုလ်များကို တွေ့ဆုံရသည်။ ထိုပရလောကသား၏အကူအညီဖြင့် လောကီပညာများသိရှိလာခြင်း ၊ ပရလောကသား အကူအညီဖြင့် ရောဂါကုသခြင်းတို့ကို ဆောင်ရွက်လာနိုင်သည်။ အဆိုပါ ပရလောကသားသည် ဘ၀င်စိတ်ဖြင့် ပရလောကသို့ ရောက်လာသူများအား ဆေးပင်အကြောင်း ၊ လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ နှင့် လောကီပညာများကို လက်တွေ့သင်ကြား ပြသပေးသည်။ ထိုကဲ့သို့ သင်ကြားပြသပေးသည်။ ထိုကဲ့သို့ သင်ကြားပြသပေးသူကို ပရလောကမှ ပညာသင်ပေးသောဆရာ ဖြစ်သည်ဟု ဆိုနိုင်သည်။ အများအားဖြင့် ရှာမင်လောကီပညာရှင်များသည် ပရလောကတွင် တိရစ္ဆာန်ပုံသဏ္ဍာန်ဆောင်ထားသော ဆရာများကို တွေ့ရစမြဲဖြစ်သည်။ ထို့ကြောင့် ရှာမင်လောကီပညာရှင်များသည် ညှို့စိတ်မိပြီး တစ်ဖြစ်လဲစိတ်ပေါ်ထွက်အောင် (သို့) ဘ၀င်စိတ်ဖြစ်လာအောင် ဗုံတီး၍ ၀ိုင်းပတ်ကကြသည်။ ဤသို့ ကရာတွင် တိရစ္ဆာန်မျက်နှာဖုံးများ ၊ တိရစ္ဆာန်နဲ့ တူသော အ၀တ်အစားများကို ၀တ်ဆင်ပြီး ယင်းတိရစ္ဆာန်တို့၏လှုပ်ရှားမှုကို အတုယူ၍ ကခုန်ကြလေသည်။ ရှာမင်လောကီပညာ စာအုပ်တစ်အုပ်ကို ဆရာကြီးမောင်ကျောက်တိုင် ရေးထားတာ ရှိပါသည်။ ဆရာကြီးရဲ့ အသုံးအနှုန်းကတော့ နားလည်ရခက်တယ်ပေါ့ဗျာ။

@လင်းညို့တာရာ
@linnhyotaryar
MSC - 226

Sort:  

ရှာမင် အကြောင်းရေးသားထားတာ ပြည့်စုံတယ် BROရေ ၊ ဗဟုသုတလဲ ရပါတယ်။ကျွန်တော်တော့ ရှာမင်အကြောင်း အခုမှ ဖတ်ဖူးတယ် ကျေးဇူးပါ။

ကျေးဇူး

မသိ​သေးတာ​တွေသိရတယ်​ဗျာ .. အရမ်းစိတ်​ဝင်​စားဖို့​ကောင်းတယ်​ဗျ .. တကယ်​ပါဗျာ ..စုံပါ​ပေတယ်​ .. ​လေးစားပါတယ်​ဗျာ ..

ဟုတ်ပါပီ

ဗဟုသုတစုံလင်လှပါတယ်ဗျာ ကျေးဇူးပါပဲ့ ခုလိုသိခွင့်ရလို့
ဗဟုသုတရပါတယ်

ဟုတ်ကဲ့ပါဗျို့

ဘီလိုပြောရမဲတောင့်သိတော့ဘူး

ဘီလိုမှမပြောတော့နဲ့ ဟီး

ပုံတွေရော စာတွေရော မိုက်။
ရှယ်မိုက်။

ဟုတ် ဟုတ်

သရဲ နဲ့ များ သူငယ်ချင်းဖြစ်နေတာလား
အဲ့လိုတောင် တွေးမိတယ်

တိန် ဘာဖြစ်လို့လား

ကျေးဇူးပါပဲဗျာ ပြည့်​ပြည့်​စုံစုံ သိခွင့်​ရလို့

ကျေးဇူး

အားပေးလျှက်ပါ ဗဟုသုတဖြစ်စေပါတယ်

ဟုဟု ပါဗျ

ပုံတွေကြိုက်လို့ထင်တယ် angelol လာ vote သွားတယ်။ဟုတ်တယ် လန်းတယ်နော်အစ်ကို။ဗဟုသုတရတယ်ဗျာ။

angelol ရော Good-karma ရောပဲ လာ Vote သွားဒေ ဟဲဟဲ

ပီရုတ်ပင်ဆိုတာကို စိတ်ဝင်စားသွားပီ.....
နောက်..အချိန်ရရင် ရှာမင်လောကီပညာကျင့်စဉ်
လည်းရေးပေးပါအုံး ဆရာလင်းရေ...

ဟု ရေးပေးပါ့မယ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62702.02
ETH 2572.25
USDT 1.00
SBD 2.75