ဝူခုန်းဇာတ်လမ်းတွဲထဲမှ နားခြောက်ဖက်မျောက် လျှို့အယ်​မီဟို (六耳獼猴 )

in #myanmar7 years ago

image

နားခြောက်ဖက်မျောက်သည် စကြာဝဠာမျိုးစိတ်ဆယ်မျိုးထဲမှာ အကျုံးမဝင်သည့် လေးမျိုးသော ဓာတ်ဝိညာဉ်လေးမျိုးထဲမှာ တစ်မျိုးဖြစ်ပါသည်။ နာမည်ကြီး စွန်းဝူခုန်း နှင့် ဖွားဘက်တော်ဖြစ်ပြီး မယ်တော်ကြီး နွီဝါး၏ သွေးသားမှ ဖြစ်တည်လာသည့် တန်ခိုးရှင်မျောက်ပဲ ဖြစ်ပါသည်။ အခြားလေးမျိုးသော ဓာတ်ဝိညာဉ်ရှင်လေးပါးကတော့ ကျောက်တုံးမျောက် ၊ မြင်းပုံသဏ္ဍာန် မျောက်ဖင်နီ နှင့် ခြေလက်တံရှည်သည့်မျောက်လွှဲကျော် တို့ပဲ ဖြစ်ပါသည်။ အဲ့အထဲမှာ လူသားတို့၏ဖန်ဆင်းရှင်မယ်တော်ကြီး နွီဝါးမှဖြစ်တည်လာသည့် သတ္တဝါအများကြီးထဲမှာလည်း နားခြောက်ဖက် နှင့် စွန်းဝူခုန်းလည်း အပါဝင်ဖြစ်ပါသည်။ မွေးဖွားသည့် မိဘချင်းအတူတူ အဘယ်ကြောင့် လျှို့အယ်မီဟိုက နေရာမရသလဲဆိုသည့်အချက်ကတော့ စွန်းဝူခုန်းကဲ့သို့ ရဲရင့်မှုမရှိခြင်း နှင့် ကြောက်တတ်ခြင်းတို့ကြောင့် ဖြစ်ပါသည်။ အမှတ်မထင်မွေးဖွားခဲ့သည့်ဖြစ်ရပ်ကြောင့်မို့ လျှို့အယ်မီဟို နှင့် စွန်းဝူခုန်းမှာ တူညီသော တန်ခိုးအစွမ်းအချို့ရှိကြပါသည်။

image

ပြီးတော့ လျို့အယ်မီဟိုက အော့လန်​ရှိန်​နတ်​ရဲ့တပည့်​ဖြစ်ပြီးတော့ စွန်းဝူခုန်း၏ ဆရာက ထိုက်​ရီကျန့်​ရန်​ နတ်​​မင်းပါ။ အော့လန်ရှိန်ဆိုတာက ၀ူခုန်းနတ်​ပြည်​မှာ ​သောင်းကျန်းစဉ်​က ၀ူခုန်းကို တစ်​ကွက်​အသာနဲ့ အနိုင်​တိုက်​ခဲ့တဲ့ နတ်​မင်းပါ။ တတိယမျက်လုံးပါတဲ့ နတ်မင်းပါ။ သူဟာ သိုင်း (၇၃)မျိုး တတ်ကျွမ်းပါတယ်။ မိုးကောင်းကင်မှာ သိုင်း (၇၂)မျိုး တတ်တာ စွန်းဝူခုန်း ၊ ပါကျဲ့ ၊ နီကျား တို့ပဲ ရှိတာပါ။။ အဲ့ကြောင့် ကျောက်စိမ်းဧကရာဇ်နတ်မင်းက နီကျားထက်သာအောင်လို့ နဲကျာကို မရှုံးမိ​စေဖို့ မိုးနတ်​မင်းလက်​​၀ါးသိုင်းကိုပါ သင်​​ပေးလိုက်​တာပါ။ နီကျားတို့ စွန်းဝူခုန်းတို့ထက် တစ်ကွက်သာတယ်ပေါ့။

ပထမအမျိုးအစား​ကျောက်​တုံး​မျောက်​က​တော့စွန်းဝူးခုန်းပါ။ ပုံသဏ္ဍာန်​အမျိုးမျိုး​ပြောင်းနိုင်​တယ်​ သန်​မာတယ်​ ဉာဏ်​များတယ်​။ တိုက်​ရည်​ခိုက်​ရည်​​ကောင်းတယ်​​ ကောင်းကင်​နဲ့​မြေကြီးရဲ့အကျိုးအပြစ်​​တွေကိုသိပြီး​တော့ ကြယ်​​တွေကို​တောင်​​ရွေ့နိုင်​တဲ့အထိအင်​အားကြီးမားပါတယ်​။ယ

ဒုတိယအမျိုးအစား​ မြင်းပုံသဏ္ဍာန် မျောက်ဖင်နီဟာ နွီဝါး၏ အကို ဖူရှီုး၏ ပါကွပညာကို တတ်ကျွမ်းပြီး ယင်​နဲ့ယန်​ကိုထွင်း​ဖောက်​သိရှိပါတယ်။ လူ​တွေ၏ အ​ရေးကိစ္စမှန်​သမျှကိုနားလည်​ကြပါတယ်​။ သူတို့ဟာ ကမ္ဘာကြီးရဲ့ဘယ်​​နေရာကိုမဆိုဝင်​ထွက်​သွားလာနိုင်​တဲ့အပြင်​​သေခြင်းတရားကို​ရှောင်​ကွင်းနိုင်​လို့အသက်​အရမ်းရှည်​တဲ့​မျောက်​​တွေပါ။ တတိယအမျိုးအစား​ ခြေလက်တံရှည် မျောက်လွှဲကျော်တွေကတော့ အချိန်​​တွေ ၏ အရှင်​သခင်​ဖြစ်​ပြီးထိန်းချုပ်​နိုင်​ပါတယ်​ ထို့အပြင်​အကွာအ​ဝေးချုံ့ခြင်း၊​တောင်​​တွေကိုအရွယ်​အစား​သေးခြင်းကြီးခြင်း၊ ဒီ​ရေကိုလိုသလို​စေခိုင်းနိုင်​တဲ့အပြင်​​နေနဲ့လကို​တောင်​ဖမ်းယူနိုင်ပါတယ်။ ကာင်းကင်​နဲ့​မြေကြီး ၏ နိမိတ်​ပုံရိပ်​​တွေကိုသိမြင်​နိုင်​ပြီးအဆိုးနဲ့အ​ကောင်းအကျိုး အ​ပြောင်းအလဲမြန်​တဲ့အန္တရာယ်​ကြီး​မျောက်​အမျိုးအစားဖြစ်​ပါတယ်။ ​နောက်​ဆုံးအမျိုးအစားက​တော့ လျှို့အယ်မီဟို ခေါ် နား​ခြောက်​ဖက်​​မျောက်​ပါ။ ထူးခြားတဲ့အကြားနဲ့အမြင်​ရှိပြီး​တော့အတိတ်​နဲ့အနာဂါတ်​အပြင်​ဖြစ်​​တည်​မှု​တွေအထိပါ သိရှိနိုင်​ပါတယ်
ပုံမှန်​အာရုံစူးစိုက်​မှုမရှိတဲ့အ​နေအထားမှာ​တောင်​ သူဟာ​မိုင်​တစ်​​ထောင်​အတွင်း ဖြစ်​ပျက်​သမျှကို သိရှိနိုင်​ပါတယ်
ဒါ့အပြင်​အထူးအခြားဆုံးအ​နေနဲ့သူဟာအထက်​ပါ​မျောက်​သုံးမျိုးစလုံးကိုပုံသဏ္ဍာန်​အ​ရ​ရောစွမ်းရည်​အရပါတုပနိုင်​ပါတယ်။ အတုခိုးနိုင်စွမ်းရှိပါတယ်။

image

ထိုအကြောင်းမှာ လျှို့အယ်မီဟို က ဆရာတော်ဆီသွား ဆရာတော်က စွန်းဝူခုန်းမှတ်ပြီးတော့ ဆူ အဲ့မှာ တုတ်နဲ့ သတိမေ့အောင် ဆော်ပလော်တီး ပစ္စည်းတွေကိုယူသွား ပြီးတော့ မျောက်တိုင်းပြည်ရှိတဲ့ ဟွာကိုးစန်းတောင်မှာ အေးဆေးနှပ် တကယ် စွန်းဝူခုန်းနဲ့တွေ့တော့ တိုက်ပွဲတွေဖြစ်ကြလေရော အဲ့မှာ စွမ်းအင်ကလည်းတူတော့ သူမသာ ကိုယ်မနိုင်တွေကဖြစ် ပါကျဲနဲ့ဝူကျင့်​လည်း ဝူခုန်းနဲ့အတူတူကြုံ​တွေ့ခဲ့​တာ​တွေ​မေးပြီးစမ်းသပ်​​ပေမဲ့ နား​ခြောက်​ဖက်​​မျောက်​က အတိတ်​နဲ့အနာဂတ်​ကိုသိမြင်​နိုင်​တဲ့အတွက်​သူတို့မခွဲခြားနိုင်​ပါဘူး။ နောက်​ဆုံးဆရာ​တော်​လည်းကွမ်​ရင်​မယ်​​တော်​​ ပေးထားတဲ့ ဂါထာရွတ်​​ပေမဲ့​ မျောက်​နှစ်​​ကောင်​လုံးအ​ပေါ်ထိ​ရောက်​​နေတဲ့အတွက်​ မခွဲခြားနိုင်​ခဲ့ပါဘူး။ ဒါ​ကြောင့်​သူတို့လည်းကွမ်​ရင်​မယ်​​တော်​ဆီမှာအဆုံးအဖြတ်​ခံယူဖို့သွား​ပေမဲ့ ကွမ်​ရင်​မယ်​​တော်​လည်းမခွဲခြားနိုင်​ပါဘူး။ ​နောက်​ဆုံးဗုဒ္ဓဆီ​ရောက်​​တော့မှ ဗုဒ္ဓက​ မျောက်​​လေးမျိုးကိုခွဲခြား​ပြောပြတဲ့အတွက်​ နား​ခြောက်​​ဖက်​​မျောက်​ဟာသူ့မူရင်းဘဝကိုဗုဒ္ဓသိတယ်​ဆိုပြီး​​ ကြောက်​ရွံ့ကာထွက်​​ပြေး​ပေမဲ့ဗုဒ္ဓက ကြီးမားတဲ့ သပိတ်​​တော်​နဲ့​ပြေးမရ​အောင်​အုပ်​ထားလိုက်​ပါတယ်​။ ဇာတ်လမ်းထဲမှာတော့ ဝူခုန်းက တောင်ဝှေးနဲ့ ခုတ်သတ်လိုက်တယ်ဆိုပေမယ့် တကယ့်သမိုင်းစာတွေ နဲ့ တရုတ်လိုရေးထားတဲ့ ကျမ်းအချို့မှာတော့ ဆရာဖြစ်သူ အော့လန်ရှိန်နတ်ဖြင့်အတူ ကောင်းကင်ဘုံမှာရှိနေတယ်လို့ ဆိုထားပါတယ်။ ဗုဒ္ဓကိုယ်တိုင်လွှတ်ပေးလိုက်တာဖြစ်ပြီး ဆရာဖြစ်သူကို ကူညီဖို့ စေခိုင်းထားပါတယ်။ အော့လန်ရှိန်နတ်မင်းက ​ကောင်းကင်​ဘုံ အ​ရှေ့နဂါးမုခ်​ကို ​စောင့်​ကြပ်​ရသူပါ။ နတ်မင်းရာထူးအ​နေနဲ့က ​ကောင်းကင်​ဘုံနန်း​တော်​​အ​ရှေ့တံခါးဝ ကြီးကြပ်​​ရေးရာထူးပါ။ ကြီးကြပ်​​ရေးရာထူးပါ။ အမြဲလိုလို မိစ္ဆာ​တွေကို နန်း​တော်​ထဲ မ၀င်​လာ​အောင်​ တိုက်​ထုတ်​ရတဲ့အ​ရေးဟာ ​တော်​ရုံ အရည်​အချင်းနဲ့မရပါဘူး။ လျှို့အယ်မီဟိုက
အော့လန်ရှိန်နတ်မင်းအနီးတွင် ရှိနေပါကြောင်း ကျမ်းစာအမျိုးရှာဖွေရင်း ဖော်ပြပေးလိုက်ရတယ်ဗျာ။

@လင်းညို့တာရာ
@linnhyotaryar
MSC - 226

Sort:  

အစုံအလင် ဖေါ်ပြထားတာပါလား ဝူခုန်း ဇာတ်လမ်းတွေ တော်တော်များများ ကြည့်ဖူးပါတယ်။ဟိုအရင်တုန်းက အပိုင်း 1,2,3 ဆိုပြီးလာတယ်။ခုနောက်ပိုင်း အဲလို အမဟုတ်တော့ပါ။ ဟုတ်သည်ရှိ ၊ မဟုတ်သည်ရှိ ကြည့်လို့ ကောင်းပါတယ်။ ဖတ်လို့ လဲကောင်းပါ၏

ဟုတ် ကျေဇူး ဝူခုန်ဇာတ်လမ်းက တကယ်ရှိတာလို့လညူ် ယုံလို့ရပါတယ်း

သြော်..ငယ်ငယ်ကဆိုထမင်းတောင်မစားနိုင်ပဲကြည့်ခဲ့ရတဲ့မျောက်။ခုတော့မကြည့်ဖြစ်တာကြာပြီဗျာ။အရင်ဝူခုန်းလောက်မကြိုက်တာလဲပါတယ်။

ဟုတ်တယ် စိတ်ဝင်စားလို့ ရေးလိုက်တာ

ဝူခုန်းဇာတ်​လမ်းတွဲ​တော့ကြည့်​ဖူးတယ်
ကြိုက်​တယ်​ဗျ

အွင်း ကျနော်တော့ စာအုပ်လည်းဖတ်တယ် ဇာတ်လမ်းလည်းကြည့်တယ်

ဝူခုန်းကား ပြန်ကြည့်ဦးမယ်

ပြန်ကြည့်

မျောက်သမိုင်းကြောင်းပေါ့

သူက ကျန်​တဲ့​မျောက်​​တွေနဲ့ တုပနိုင်​တယ်..​ ဆို​တော့ သူ့အရည်​အချင်းကို ကျန်​တဲ့​မျောက်​​တွေက မတုပနိုင်​​တော့ သူက ပိုသာ​နေတာ​ပေါ့ .. အဲ့လိုလားဗျ ...

ပိုသာနေတယ်လို့ ထင်စရာရှိပေမယ့် သူက နတ်အဆင့်ပဲ ကျန်ခဲ့တာ ဝူခနြူ်က တိုက်ခိုက်ရေးဗုဒ္ဓအဆင့်

သူက၀ူခုန်းထက် ပိုသာတာလား..

ဝူခုန်းက ဗုဒ္ဓအဆင့်ရောက်နေပြီ သူက နတ်အဆင့်မှာပဲ ရှိနေတုန်းပဲ

This wukong

Fake Wukong. This is about Six Eared Macaque .

ငယ်​ငယ်​ကအရူးအမူးကြည့်​ခဲ့ဖူးတယ်

ဟဲဟဲ ပြန်ကြည့်အူး

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62804.67
ETH 2444.00
USDT 1.00
SBD 2.71