ဥယျာဉ်ခြံမြေသတ္တဝါများ၏ ထူးဆန်းသော မှော်အတတ်ပညာ (၄)

in #myanmar6 years ago (edited)

image
ဒီအပတ်ကတော့ ပုစဉ်းအကြောင်းပဲ ဖြစ်ပါသည်။
တဖျတ်ဖျတ်အရောင်တောက်ပမှုတွေနဲ့ သတ္တုအရောင်ထနေတဲ့ အရောင်တွေနဲ့ တူတူရှိနေတဲ့ သတ္တဝါတစ်မျိုးဖြစ်ပါတယ်ထို သတ္တဝါကား ထူးခြားသော အလျင်နှင့်ပျံသန်းနိုင်သော သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ ထိုသတ္တဝါမှာကား ပုစဉ်းဆိုရင် မသိသူမရှိသလောက်ပါပဲ။ဒါကြောင့်မို့ ဒီလိုအချင်းအရာတွေနဲ့ ပြည့်စုံသော သတ္တဝါတစ်မျိုးဟာ အရမ်းထူဆန်းပြီး magician ဆန်တယ်ဆိုတာကိုမေ့ပျောက်၍ မရနိုင်ပါဘူး။ ပုစဉ်းတွေဟာ ရှေးဟောင်းသတ္တဝါတစ်မျိုး ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပထမဦးဆုံးရုပ်ကြွင်း အဖြစ်တွေခဲ့သော အစောဆုံးသတ္တဝါ ဖြစ်ပါတယ်။ ပထမဦးဆုံးစတွေ့ခဲ့သောနေရာမှာ အီဂျစ် ဖြစ်ပြီးအခြားနိုင်ငံ တော်တော်များများတွင်လည်းတွေ့ရှိရပါတယ်။

image

ဒဏ္ဍာရီတော်တော်များများ နှင့် ရိုးရာဓလေ့ အမြောက်အများမှာ ပုစဉ်းတွေကို သတ္တိရှိသော သူရဲကောင်းတစ်ယောက်နှင့် ဆက်နွယ်မှု ရှိသည်ဟု ဖော်ပြထားပါတယ်။ ဘာကြောင့်ဆိုသော် သူတို့၏ လျင်မြန်သောအရှိန်၊ သူတို့၏ ဖြတ်လတ်သော ပုံစံ တနေရာမှတနေရာသို့ ရုတ်ခြည်းသွားနိုင်သောအလျင်မြန်ပေါ်ကိုကြည့်၍ ဖော်ပြထားခြင်းဖြစ်ပါတယ်။ ရိုမန်နီးယား ဒဏ္ဍာရီတွေမှာတော့ ပုစဉ်းတွေရဲ့ မူလအရင်းအမြစ်ဟာ Devil လို့ခေါ်တဲ့ နတ်ဆိုးတွေ နဲ့ Black magic လို့ခေါ်တဲ့ အနက်ရောင်မှော်ပညာတွေနဲ့ ဆက်နွယ်မှုရှိသည်ဟု ဖော်ပြထားပါတယ်။

image

Dragon Fly မှာပါဝင်နေသော နာမည်တစ်မျိုးဖြစ်တဲ့အထဲမှာ ရိုမန်နီးယား စကားလုံးဖြစ်တဲ့ Drac သည် Devil ကို ကိုယ်စားပြုပြီး Dragon ကိုလည်း ကိုယ်စားပြုနေပါတယ်။ အခြား ဒဏ္ဍာရီတစ်ခုတွင် Dragon fly ဆိုသော ပုစဉ်းကောင်သည် နတ်ဆိုး၏ စီးနင်းရာ မြင်းတစ်ကောင်ဖြစ်သည်ဟု ဖော်ပြထားပါတယ်။ ပေါ်တူဂီ ဒဏ္ဍာရီနှင့် ပေါ်တူဂီ ပညာရပ်လမ်းစဉ်များတွင်ဆိုရင်တော့ ပုစဉ်းကို စုန်းမများစီးနင်းရာတွင်အသုံးပြုသည်ဟုပြောကြပါသည်။ အီတလီနိုင်ငံတွင်မှာလဲ ပုစဉ်းတွေဟာ စုန်းမများ စုန်းများနှင့်ချိတ်ဆက်မှုရှိသည် ဆက်သွယ်မှုရှိသည်ဟု ယုံကြည်ကြပါသည်။ ရှာမန်အယူဝါဒအရ ပုစဉ်းတွေဟာသူ့ဘာသာသူ ပုံသဏ္ဍာန်အမျိုးမျိုးကိုပြောင်းနိုင်သော သတ္တဝါတမျိုးဟုဖော်ပြထားပါတယ်။

image

ပုစဉ်းတကောင်၏ဘဝ ဖြတ်သန်းမှုတော်တော်များများက ရေထဲမှာရေသူမအဆင်ပုံစံမျိုးဖြင့်ဖြတ်သန်းရပါတယ်။ အချိန်ကျလာသောအခါ ထိုရေသူမ အဆင့်ဖြစ်သော ပုစဉ်းငယ်ဟာ ညအခါ အမှောင်၏ အကာအကွယ်ယူပြီး ရေ၏အပေါ်ကိုထိုးထွက်လာပြီး လေဘုံထဲကို ပထမဦးဆုံး အသွင်ပြောင်းခြင်းစနစ်ကို စတင်ပါတယ်။ ဒါကြောင့်မို့ ပုစဉ်းသည် ရေဘုံရောလေဘုံရောပါ ရှင်သန်ကြီးထွားနိုင်သောသတ္တဝါတမျိုးဟု သိထားနိုင်ပါတယ်။

image

အကယ်၍ သင့်ရဲ့ ပတ်ဝန်းကျင်တွင် ၎င်း သင့်ရဲ့ ခေါင်းအနောက်တွင်၎င်း ပုစဉ်းတကောင်ပျံသန်းနေသည်ကို မြင်ပါက ထိုအရာကိုသေချာစွာ စောင့်ကြည့်ပါ သေချာနားထောင်ကြည့်ပါ ထူးခြားသော အရှိန်အဟုန်ဖြင့် ထူးခြားသော စွမ်းအင်များသည် ကျွန်ုပ်တို့ဆီသို့ ထူးဆန်းထွေလာ အဖြစ်အပျက်များသည် ဝင်ရောက်လာသည်ဟုသင်ခံစားရရှိလာပါမယ်။ထိုသိုအခြေအနေပြီးသွားပါက သင်သည်ထိုမြေကြီးပေါ်တွင် ခဏထိုင်ချလိုက်ပါ ထိုင်ချပြီး သင်၏ စွမ်းအင်များ၏ဗဟိုတည့်တည့် ကိုသင်ခံစားပါ ထိုခံစားရရှိသော အရာကို မူတည်ပြီး သင်၏ အတွေးများ ခံစားချက်များကို တဖြည်းဖြည်းအပြင်လောကမှာစိမ့်၍ ထုတ်ဖော်ပြပါ ထိုအရာမှတစ်ဆင့်သင်သည် ဆုတောင်းပြည့်ချင်းများ မိမိ၏ဆန္ဒသဘောများပြည့်ဝခြင်းများဖြစ်ပေါ်နိုင်ပါတယ်။

image

ပုစဉ်းသည် တရားထိုင်ခြင်းကိုပြုလုပ်သောအခါတွင် များစွာ အထောက်အကူပြုပါတယ်။ အရာတစ်ခုပေါ်မှာ အာရုံစိုက်နေသောအချိန်မျိုးတွင် အမှန်တရားတခုအတွက် လှုပ်ရှားပြီး ပြုလုပ်ရသော အစီအရင်မျိုးတွင် ပုစဉ်းသည် အကူအညီအထောက်အပံ့များစွာ ဖြစ်ပါတယ်။ ပုစဉ်းသည် လျင်လျင်မြန်မြန် ဖြတ်ဖြတ်လတ်လတ် အပြောင်းအလဲများနှင့် မိမိ၏ စိတ်အတွင်သဘောများကို သုံးပြုရသော ကြားခံနယ် နှစ်ခုအား ဆက်သွယ်ပေးသော အရာတခုဖြစ်ပါတယ်။ သူတစ်ပါးနှင့် အနိုင်အရှုံး တိုက်ခိုက်ရသည့် ကိစ္စများတွင်မိမိသည် ပိုမို သတ္တိရှိလိုသောအရာများအတွက် ပုစဉ်းပုံတစ်ပုံ သော်လည်းကောင်း ပုစဉ်းရုပ်သော်လည်းကောင်း ဆောင်ထားနိုင်ပါသည်။

Photo Credit :
1.Pinterest 2.https://www.rawpixel.com/image/404127/hand-drawn-blue-tipped-dragonfly
3.http://scientificillustration.tumblr.com/post/7844645471/damselfly-laying-eggs
4.http://www.photoforum.ru/photo/616236/index.en.html
5.http://www.natur-portrait.de/foto-72770-1.html
6.Instagram

MSC - 226
@လင်းညို့တာရာ
@linnhyotaryar

Sort:  

ငယ်ငယ်ကတော့ ပုဇဉ်းတွေကို ဂရုတစိုက်ကြည့်မိတယ် အခု အသက်ကြီးလာမှ ပုဇဉ်းတွေ မတွေ့ဖူးတော့သလောက်ဘဲ

ပုစဉ်းတွေဆိုလိုက်ဖမ်းတ။

အရမ်း​ကောင်းပါတယ်​တစ်​ပတတစ်​မျိုးမရိုး​အောင်​ကိုတင်​ပြ​ပေးထားတယ်

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်

ပုဇဉ်းဖင်မှာ မြက်ထိုးထဲ့ဖူးတယ်
ငယ်စဉ်ကငရဲမသိတဲ့သိအရွယ်။

အဲ ဦးထွေး ဆိုးတာ

ပုဇဉ်းလေးတွေချစ်လွန်းလို့ လိုက်ဖမ်းပြီး ကြိုးနဲ့ချည်တယ်လေ😂😂

သေကုန်အုန်းမယ်

ပုစဉ်းအ​ကြောင်း​တော်​​တော်​​လေး ဗဟုသုတရပါတယ်​ဗျာ .. တစ်​ခါမှ မကြားဖူးတဲ့ ထူးဆန်းမှု​တွေနဲ့ ပတ်​သက်​​နေတာကို အံ့အားသင့်​ဖွယ်​ ဖတ်​ရှုရပါတယ်​ဗျာ ..

ဟုတ်ကဲ့

ပုစဉ်းလေးဖမ်းပြီး စုန်မလေးနဲ့ဆက်သွယ်မှထင်တယ်

သေကုန်မှာပေါ့လို့

ပုဇဉ်းဖမ်​ကြမယ်​ ငယ်​ငယ်​ကလို

ငယ်ငယ်ကတော့ ဖမ်းပီးဆော့တာပဲ.. :D

ဗဟုသုတရပါတယ် စိတ်ဝင်စားဖို့လည်းကောင်းပါတယ်ဗျာ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 63857.77
ETH 3117.63
USDT 1.00
SBD 3.87