:::: မင်းကိုအရမ်းချစ်တယ်။ :::

in #myanmar7 years ago

image
မှတ်ချက် ။ ။ Boy Love Story ဖြစ်တာကြောင့်မို့ အကယ်၍ Boy Love မကြိုက်သူများအနေဖြင့် ဒီနေရာကနေ ဆက်ပြီး မဖတ်ကြပါနဲ့ဗျာ။ ဖတ်ပြီး တစ်ခုခုဖြစ်ရင် စာရေးသူ ကျွန်တော့်တာဝန်မဟုတ် သင်တို့ စာဖတ်သူတာဝန် ဖြစ်ပါတယ်။


" အချစ်ဆိုတာ အချစ်ဆိုတာလေးပဲ ကျေနပ်နေရသူပါ "

" အမေရေ သား ဆယ်တန်းအောင်တယ် "

လင်းပြည့်တစ်ယောက် ခုန်ပေါက်ကာ အိမ်ပေါ်မရောက်ခင် အော်ပြောလိုက်ခြင်း ဖြစ်ပါတယ်။ အိမ်တွင် ဟင်းချက်နေသော အမေ နဲ့ အမ ကလည်း အိမ်ရှေ့ကို ထွက်လာပီး

" ဒါမှ ငါ့သားကွ "
" ဟေး တို့မောင်လေးကတော့ နှစ်ချင်းပေါက်တယ်ဆိုတော့ အမက မောင်လေးကို မောင်လေးသွားချင်တဲ့ ချောင်းသာလိုက်ပို့ပေးမယ် "

ဟု ဝမ်းသာစရာကောင်းသော စကားလုံးများကို ပြောဆိုလိုက်လေတော့တယ်။

ကျွန်တော့်နာမည်က လင်းပြည့်ပါ။ အဖေက ငယ်စဉ်ကတည်းက ဆုံးသွားခဲ့ပါပီ။ အဖေက စစ်သားလေ စစ်ပွဲတစ်ခုမှာ အဖေပြန်မလာခဲ့ဘူး။ အမေက ကျွန်တော် နဲ့ အမကို ပြုစုစောင့်ရှောက်ပေးတယ်။ မိသားစုရဲ့မျိုးရိုးကလည်း ချမ်းသာတော့ သူများ စစ်သားမယားတွေလိုတော့ ဒုက္ခတော့ မရောက်ပါဘူး။ အမေက ဘဝတူစစ်သားမယားတွေကိုတော့ လိုအပ်တဲ့အချိန်တိုင်း ကူညီပေးရှာတယ်။ ကျွန်တော်ကတော့ အဖေရော အမေရော အမရော အချစ်ဆုံးမောင်လေးပေါ့ဗျာ။ ဒီနှစ် ဆယ်တန်းကိုနှစ်ချင်းပေါက် အောင်ခဲ့တာကိုး။ အရင်က အမကို ပူဆာဘူးတာရှိတယ်လေ မောင်လေး စာမေးပွဲအောင်ရင် ချောင်းသာကြီးသွားချင်တယ်ဆိုတာတော့ အခု အမက ချောင်းသာလိုက်ပို့မယ်ဆိုတော့ ပျော်စရာကြီးပေါ့ဗျာ။


" သမီး မောင်လေးကို သေချာဂရုစိုက်လိုက်နော် ရေလည်းအကြာကြီး မကူးခိုင်းနဲ့ ပိုက်ဆံလည်း လုံလုံလောက်လောက် ယူသွားအုန်း "
ဟု အမေက ချောင်းသာမသွားခင် အမှာတော် ခြွေရှာသည်။ အမေက ကျန်းမာရေးမကောင်းသည့်အတွက် နယ်ဝေးခရီးသွားမရဘူးလေ။ အဲ့ဒါကြောင့် ကျွန်တော် နဲ့ အမနဲ့ပဲ ချောင်းသာကို သွားကြမှာပေါ့။ အစကတော့ ဒီအတိုင်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားဖို့ အမက ဆုံးဖြတ်ပေမယ့် အမေက စိတ်မချတော့ ချောင်းသာကို တိုက်ရိုက်သွားတဲ့ ကားတွေကို စုံစမ်းပီး အဲ့ကားနဲ့ပဲ သွားရတော့တာပေါ့။

အဲ့ဒါနဲ့ပဲ ကျွန်တော်တို့ မောင်နှမနှစ်ယောက် ချောင်းသာတိုက်ရိုက်ဘုရားဖူးယာဉ်နဲ့ ထွက်လာခဲ့ကြတယ်။ အမေကတော့ တမှာမှာနဲ့ ရောက်တဲ့နေရာဖုန်းဆက်ဖို့ အကြိမ်ကြိမ်မှာရှာတယ်လေ။ အိမ်မှာလည်း အမေရဲ့ ညီမဖြစ်သူ ကျွန်တော့်ရဲ့ အဒေါ် အပျိုကြီကလည်း ရှိတော့ အမေအတွက် စိတ်ပူစရာမလိုဘူးလေ။ ပီးတော့ အမကလည်း ငယ်တော့တဲ့ အရွယ်မှ မဟုတ်တာကို။ ၂၆ နှစ် ရှိပီဆိုတော့ အမေက စိတ်ချလက်ချလွတ်လိုက်တယ်။ ကျွန်တော်နေတာက ရန်ကုန်ဆိုတော့ ရန်ကုန်ကနေ ပုသိမ် ကို ကားကြီးနဲ့သွားတယ်။

" မမ ချောင်းသာမှာ ငါးကင်စားမယ်နော် "
" အေးပါ အငတ်ပုတ်ရယ် လှည်းတန်းက ငါးကင်လည်း နင်အမြဲစားနေတာ နင့်ရုပ်က ငါးရုပ်ပေါက်နေပီ "
" မောင်လေးက ငါးကြိုက်တာကို မမက သိသားနဲ့ "
ဟု စကားပြောနေစဉ်
" ဝုန်း ဒိုင်း " ဟု သော ကားတိုက်သံ ကို ကြားလိုက်ပီး ကျွန်တော်ဘာမှမသိတော့။ ကျွန်တော်လုံးဝ အမှောင်ကျသွားခဲ့တယ်။

" မမ မေမေ သား မျက်လုံးတွေ မှောင်နေတယ် သားဘာဖြစ်နေတာလဲ သားအခု ဘယ်ရောက်နေတာလဲ "

ဆေးရုံတစ်ခုရဲ့ ကုတင်တစ်ခုပေါ်မှာ ဖြစ်ပါသည်။ ဘေးနားတွင် အမေဖြစ်သူ နဲ့ အမဖြစ်သူက တရွတ်ရွတ် ငိုနေရှာတယ်။ ကျွန်တော်တို့ စီးလာတဲ့ ဘုရားဖူးကားကြီးက အကွေ့တစ်ခုမှာ ကားတစ်စီးကို ရှောင်ရင်းနဲ့ ကားက အရှိန်တစ်ခုမှောက်သွားခဲ့တယ်။ ကားပေါ်က လူသုံးယောက်သေတယ်။ ကျွန်တော်ကတော့ ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်မိပီး မျက်လုံးအာရုံကြောကို သွားထိကာ မျက်လုံးနှစ်လုံး ကွယ်သွားခဲ့တယ်။ ဆရာဝန်ကြီးကတော့ စောင့်ကြည့်ကာလအဖြစ် နောက်တစ်လ ထပ်ချိန်းတယ်။

" ကျွန်တော် လုံးဝ အမှောင်ကျသွားခဲ့ပါပီ။ ကျွန်တော် မြင်နေကျဖြစ်တဲ့ ငှက်ကလေးတွေလည်း ကျွန်တော်မမြင်ရတော့ဘူး။ ကျွန်တော် အမြဲဖက်အိပ်နေကြ မေမေကိုလည်း ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့် စာအုပ်တွေ ဖတ်လို့မရတော့ဘူး။ ကျွန်တော် ဆယ်တန်းကို အမှတ်ကောင်းပီး ရေကြောင်းတက္ကသိုလ်ကို တက်ချင်ခဲ့တာ အခုတော့ အားလုံး ပျက်စီးကုန်ပီ။ ကျွန်တော့်ဘေးမှာ ဘာမှမရှိတော့ဘူး ကျွန်တော်သေချင်တာပဲ သိတယ် အားးးး "

" မောင်လေးရယ် မမတောင်းပန်ပါတယ် မောင်လေး အဲ့ဒီလို မဖြစ်နေပါနဲ့ကွာ ။ မမတို့ မေမေတို့ မောင်လေးကို ကုသပေးနိုင်ဖို့ အကောင်းဆုံး ကြိုးစားပေးမှာပါ။ "

" ဘယ်သူမှ မလာနဲ့ ကျွန်တော် မမြင်ရဘူး ကျွန်တော် မြင်တာ အမှောင်ထုချည်းပဲ ကျွန်တော် ဘာမှ မမြင်ဘူး "

သွေးရူးသွေးတန်း လျှောက်အော်မိလေတော့တယ်လေ။ ကျွန်တော် ရူးသွားချင်ခဲ့တာ ဖြစ်နိုင်ရင် တခါတည်း သေသွားပလိုက်ချင်တာ။

" မတင်ဆန်း ခင်ဗျားရဲ့ သားအခြေအနေက မျက်လုံးတင်မကဘူး စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်သွားတယ်။ ဖြစ်နိုင်ရင် သူ့ကို မသန်စွမ်းဂေဟာတစ်ခုခုမှာ ရှိတဲ့ ဆရာမတွေနဲ့ နှစ်သိမ့်ဆွေးနွေးကြည့်ပါလား။ မျက်မမြင်ကျောင်းတော့ မဟုတ်ဘူးဆိုတော့လေ " ဟု ဆရာဝန်ကြီးက မေမေကို ပြောလိုက်တော့ အမေ နဲ့ အမက တနေရာကို ခေါ်သွားတယ်။ ဘယ်ကို ခေါ်သွားတာလဲ ကျွန်တော်မသိဘူး။

" သား ဒီမှာ ထိုင်အုန်းနော် အမေတို့ ဆရာမကြီး နဲ့ သွားတွေ့လိုက်အုန်းမယ်။ "

အမေတို့ ဘယ်နေရာ ထားခဲ့မှန်းတော့ မသိပါဘူး။ ဒါပေမယ့် ကျွန်တော့်မှ ဘာမှာမှ မမြင်တာ မမြင်တော့လည်း ဘယ်ရောက်နေမှန်းမှ မသိတာပဲကို။

" ဟေ့ တစ်ယောက်ထဲလား "

ဟု ချိုသာသော အသံတစ်ခု ကျွန်တော့်ဘေးနားမှာ ထွက်လာခဲ့တယ်။ အသံကတော့ ယောင်္ကျားလေး အသံပဲ။ ကျွန်တော် ပြန်မဖြေချင်ခဲ့ဘူး။

" ဟေ့ ဘာလဲ့ စကားပြန်မပြောချင်တာလားဟ "
သူအသံကတော့ ကျွန်တော် မျက်လုံးကွယ်ပီးကတည်းက ပထမဆုံးကြားရတဲ့ ကြင်နာတဲ့အသံတစ်မျိုးပါပဲ။

" မဟုတ်ဘူး မေမေ နဲ့ မမ က ဆရာမကြီးဆီ သွားမယ်လို့ ပြောသွားတာပဲ။ "
" အော် ဆရာဝန်မကြီး ဒေါက်တာနန်းကလျာကို ပြောတာထင်တယ်။ သူက ငါ့အမေလေ။ "
" အော် ဟုတ်လား ကျွန်တော် ဘာမှမမြင်တော့ ကျွန်တော်မသိဘူးဗျာ။ ကျွန်တော် အားလုံးကို မြင်ချင်တယ်ဗျာ မေမေတို့ မမတို့ ဘာတွေလုပ်နေတယ်ဆိုတာလည်း မြင်ချင်တယ် ကျွန်တော် ဘယ်ရောက်နေတာလဲဆိုတာလည်း မြင်ချင်တယ်။ ကျွန်တော် ဘာမှ မမြင်ရတော့ဝူး။ ဟင့် ဟင့် "

ကျွန်တော် စကားပြောနေရင်း လုံးဝဝမ်းနည်းသွားတယ်။ ကျွန်တော် လုံးဝသေချင်စိတ် ဖြစ်လာတယ်။ ကျွန်တော့်ခံစားချက်ကို ကျွန်တော်မြင်လည်းမမြင်ဘူး သိလည်းမသိတဲ့ လူတစ်ယောက်ရှေ့မှာ ထွက်မိတာကိုလည်း မုန်းမိတယ်။

" မင်း ဘာမှမဖြစ်ဘူး မင်းအကြောင်းကို မေမေ နဲ့ မင်းအမေတို့ ပြောနေတာ ငါကြားတယ်။ အဲ့ဒါကြောင့် ငါထွက်လာခဲ့တာ အပြင်ဘက်ကို မင်းတစ်ယောက်တည်း ဖြစ်နေမှာဆိုးလို့ ပီးတော့ မင်းကို ငါ မြင်မြင်ချင်း ခင်သွားတယ်။ "

" ခင်တယ်ဟုတ်လား မျက်မမြင်တစ်ယောက်ကို ခင်တော့ ဘာအဓိပ္ပာယ်ရှိမှာလဲ အခုအချိန်ထိ ကျွန်တော့်ဆီကို ဘယ်သူငယ်ချင်းမှ လာလည်းမတွေ့ကြဘူး သူငယ်ချင်းတွေလည်း မရှိဘူး ။ "

" ဟာ ဘယ်သူမှ မရှိရင်တောင် ငါ ရာဇာရှိပေးမယ်။ မင်းမျက်မမြင်ဖြစ်တာဆိုပေမယ့် ငါ့ကလည်း ဆရာဝန်မကြီးရဲ့သားပဲ။ မင်းမျက်လုံး ပြန်ကောင်းအောင်လို့ ငါလည်း ကူညီပီး ကြိုးစားပေးမယ်။ "

" ငါ့ကို သနားတာမကြိုက်ဘူး ဘယ်သူမှလည်း မသနားရဘူး။ "

" အေး မင်းကို သနားနေတာမဟုတ်ဘူး မင်းကို လူတစ်ယောက်အနေနဲ့ တလေးတစားဆက်ဆံပေးနေတာ။ လူတစ်ယောက်ကို လေးစားပေးနေတာကို မင်းက မခံယူချင်ဘူးလား "

သူ့စကားက ကျွန်တော့်ရင်ကို ထိသွားတော့ အမှန်ပဲ။ သူက သနားတာမဟုတ်ဘူး လေးစားပေးနေတဲ့ဆိုတဲ့ စကားက ကျွန်တော်ရင်ကို ပျော့ပျောင်းကြင်နာခြင်းနဲ့ ဝင်ရောက်သွားစေတယ်။

" ငါ့နာမည် ရှိုင်းရာဇာ အသက်က ၁၈ ဒီနှစ်ပဲ ဆယ်တန်းဖြေပီးတယ်။ "

" ငါ့နာမည်က လင်းပြည့် ငါလည်း မင်းလိုပဲ ဆယ်တန်းဖြေပီးတာ "

ဆယ်တန်းဆိုတာ ပြန်တွေးမိရင် ရင်ထဲ အရမ်းနာကျင်လာတယ်။ ရေကြောင်းတက္ကသိုလ်တက်ချင်တဲ့ မျှော်လင့်ချက်ကြောင့် ဆယ်တန်းကို မရမက ကြိုးစားခဲ့တယ်။ အခုတော့ အမှတ်စာရင်းတွေ သိရတော့ ဘာလုပ်ရတော့မှာလဲ့။

" စိတ်မကောင်းဖြစ်နေတာလား စိတ်မကောင်းမဖြစ်ပါနဲ့ကွာ မင်းမျက်လုံး ပြန်ကောင်းမှာပါကွ။ အောင်စာရင်းထွက်တဲ့အချိန်လောက်ဆို မင်းမျက်လုံး ပြန်ကောင်းလောက်ပါပီ။ "

" မင်း ငါ့ကို စိတ်သက်သာရာရောက်အောင် ပြောနေတာမလားကွာ။ "

" မဟုတ်ဘူး စိတ်သက်သာအောင် ပြောတယ်ဆိုတာ မဖြစ်နိုင်တဲ့အရာကို ရည်ညွှန်းပီးပြောတာ မင်းမျက်လုံးက ပြန်ကောင်းနိုင်တယ်။ "

ထိုအချိန်တွင် အမေအသံကြားရတော့တယ်။

" ဆရာမကြီး ကျွန်မတို့ သွားပါအုန်းမယ်နော်။ အခုလု အကြံဥာဏ်ပေးတာ ကျေးဇူးတင်ပါတယ်။ "

" ရပါတယ်ရှင် ကျွန်မက ဆရာဝန်ပဲ ဆရာဝန်ဆိုတာ လူနာတွေကို စောင့်ရှောက်ဖို့အတွက်ပဲလေ။ "

" အယ် သားလေးနဲ့ ကလေးလေးနဲ့ ခင်တောင်ခင်နေကြပီလား "

" ဟုတ် မေမေ လင်းပြည့်က ခင်ဖို့ကောင်းတယ်ဗျ။ "
" ဆရာမ ကျွန်မတို့ ပြန်လိုက်ပါအုန်းမယ်။ သားလေးကို ဆရာမတို့ဆေးရုံမှာ မကြာခင်လာထားပါ့မယ်။ "

အမေက လက်ကိုဆွဲပီး ကားပေါ်တက်ကာ အိမ်ပြန်ခေါ်သွားလေတယ်။ ဘာမဆို မမြင်ရတော့ စိတ်ဝင်တစားဖတ်လေ့ရှိတဲ့ ဆရာဖေမြင့်ရဲ့စာအုပ်ကမ္ဘာဆိုတဲ့ စာအုပ်က ခေါင်းအုံးအနားမှာပဲ။ စာအုပ်ကိုင်ပီး ရင်ထဲနာလာတယ်။ နေ့စဉ်နေ့တိုင်း ဆရာမကြီးရှိတဲ့ ဆေးရုံကို သွားရတယ်။ ဆရာမကြီးက အခြားသူတွေနဲ့ မိတ်ဆက်ပေးတယ်။ ဆရာမကြီးပြောတာကတော့ သူတို့လည်း မျက်မမြင်တွေတဲ့။ အချို့ဆို မွေးရာပါ မျက်လုံးမမြင်တာတဲ့။ အဲ့အခါ ကျွန်တော် အသက် ၁၈ အထိ မျက်လုံး မြင်လာခဲ့တာ ကျွန်တော့်အတွက် ကံကောင်းနေသလိုပါပဲလား။ ကိုယ့်ထက်ဆိုးတဲ့သူတွေ ရှိလာတယ်လို့ စိတ်ထဲ လက်ခံလာတော့ ကျွန်တော်စိတ်ထဲ စိတ်သက်သာရာရလာခဲ့တယ်လေ။

ရှိုင်းရာဇာကလည်း ကျွန်တော်အနား အမြဲနေပေးတယ်။ စာအုပ်တွေဖတ်ပြတယ်။ သံယောဇဉ်တွယ်လာခဲ့တယ်။ တခါတလေ စာအုပ်တွေဖတ်ပြရင်း အသံက ဝင်ပီး တမျိုးပြောင်းပြောင်းသွားတတ်တယ်။ အဲ့ဒါ နေမကောင်းဘူးလားလို့ မေးတဲ့အခါ ညဘက် အအေးမိလို့ပါဆိုတာပဲ ပြောတတ်တယ်။ ကျွန်တော့်စိတ်ထဲတော့ သိပ်တော့ မသင်္ကာဘူး။ ဒါပေမယ့် ကျွန်တော်မှ မမြင်ရတာပဲလေ။

တခါတလေ သူ့ပါးလေးတွေကို လက်နဲ့ စမ်းကြည့်မိတယ်။ တခါတလေ သူ့ရဲ့နှုတ်ခမ်းတွေကို ။ ကျွန်တော်သံယောဇဉ်အရှိဆုံး လူသားတစ်ယောက်ထဲမှာ ရာဇာက နာမည်တစ်ချိတ်သွားခဲ့တယ်လေ။ ဆေးရုံရောက်ပီး တလအကြာမှာ သူ ကျွန်တော့်ကို ချစ်တယ်လို့ ပြောတယ်။ ကျွန်တော်က ချစ်တယ်ဆိုတာကို ဘယ်လိုသတ်မှတ်သလဲ နားမလည်ပေမယ့် သူအနားရှိနေရင်ပဲ အရာရာပြည့်စုံနေပီလို့ ထင်တာကို။ သူက နဖူးလေးကို အမြဲနမ်းပီး

" လင်း မျက်လုံးတွေ ပြန်ကောင်းမှာပါ။ ရာဇာ ကတိပေးတယ်။ လင်း မျက်လုံးပြန်ကောင်းအောင် ရာဇာကုပေးမှာ "

" ရာဇာ မကုပေမယ့် အခု ပြသနာမဟုတ်တော့ပါဘူး ရာဇာရယ် ရာဇာရှိနေတာပဲတင် ကျေနပ်နေပါပီ။ "

ကျွန်တော်တို့အချစ်က မျက်စိမမြင်ပေမယ့် အရမ်းကိုကြင်နာခဲ့တယ်။ တခါတလေ သူက နှုတ်ခမ်းကို အကြာကြီးနမ်းတယ်။ ရာဇာဆိုတာ ဖြူသလား မည်းသလားဆိုတာလည်းမသိ ဘာမှမသိပေမယ့် ရင်ထဲမှာတော့ အချစ်ဆိုတဲ့အလွှာတစ်ခုက ဖြစ်နေတာပဲလေ။

" သားရေ ဒီနေ့ သားမျက်လုံး ခွဲစိတ်ရမယ်။ သားကို မျက်ကြည်လွှာလှူပေးမဲ့သူရှိတယ်။ "

ကျွန်တော်အရမ်းပျော်သွားတယ်။ ရာဇာနဲ့တွေ့တဲ့အခါ သူ့ကို အဲ့သတင်းပြောမိတယ်။ သူလည်း ဝမ်းသာသွားတဲ့ပုံပါပဲ။

" ငါလေး မျက်လုံးနှစ်လုံးမြင်ရရင် ရာဇာကို မြင်ချင်တယ်။ မျက်လုံးခွဲပီး မျက်လုံးဖြည့်တဲ့နေ့ ငါ့အနားရှိနေပေးနော်။ "

သူဘာမှမပြောဘူး။ ငူငူကြီးအသံပိတ်နေတယ်။

" လင်း ဆေးရုံစတက်တဲ့နေ့ကစပီး ရာဇာလည်း ဆေးရုံတက်ရမှာ အမေကတော့ ရာဇာအားနည်းနေလို့တဲ့။ အဲ့ကြောင့် လင်းဘေးနားမှာ မရှိနိုင်ဘူး။ ဒါပေမယ့် စိတ်ချပါ လင်းအနားမှာ အမြဲတမ်းနေထိုင်နေမှာပါ။ "

ဆေးရုံစတက်ရတယ်။ ခွဲစိတ်ကုသမှုအောင်မြင်တယ်လို့ပဲ ဆိုမလားပဲ။

" မျက်လုံးကို တဖြည်းဖြည်းဖွင့်ကြည့် မကြောက်နဲ့ ။ "
" အား ကျွန်တော်မြင်ရပီ ကျွန်တော်မြင်ရပီ "

မျက်လုံးပြန်မြင်ရခဲ့ပါတယ်။ မျက်လုံးပြန်မြင်ရပီးနောက်ပိုင်း ရာဇာကို လိုက်ရှာတယ်။ ရာဇာကို လုံးဝမတွေ့ဘူး။ ဆရာမကြီးဆီသွားတွေ့တော့ ကျွန်တော့်ကို စာတစ်စောင်ပေးခဲ့တယ်။ ရာဇာက ရေးပေးခဲ့တာတဲ့။

ကျွန်တော်စိတ်ထဲ သိပ်ပီး မသင်္ကာတော့ဝူး။

" သို့
ချစ်လှစွာသော လင်း

အခု ရာဇာကိုယ်တိုင်ရေးထားတဲ့ စာလေးကို ဖတ်နေပီမလား။ ရာဇာပြောသားပဲ။ လင်း မျက်လုံးတွေ ပြန်မြင်ရတော့မှာပါဆိုတာကို။ ရာဇာကတော့ လင်းအတွက် လက်ဆောင်တစ်ခုပေးခဲ့တယ်နော်။ လင်းအနားအမြဲရှိနေမဲ့လက်ဆောင်ပေါ့။ လင်းကို အရမ်းချစ်တယ်။ လင်း နေကောင်းအောင်အမြဲနေပါနော်။ လင်းရဲ့မျက်လုံးလေးနဲ့ ကောင်းခြင်းကိုပဲ ကြည့်ပါနော်။

ရာဇာ "

စာလေးက ဒါလေးပဲ။ ကျွန်တော် ဒီစာကို နားမလည်နိုင်ဘူး။ ဆရာမကြီးဆီပြန်သွားတယ်။

" ဆရာမကြီး ရာဇာဘယ်မှာလဲ့။ ကျွန်တော့်ကို ပြောပါ။ ရာဇာနဲ့တွေ့ချင်လို့ပါ။ "
ဆရာမကြီး ထိုအချိန် မျက်ရည်တွေ တောက်တောက်ကျလာတယ်။

" သားလေးက လောကကြီးမှာ မရှိတော့ဝူး။ သားလေးမှာ မွေးရာပါသွေးလျှံတဲ့ရောဂါပါလာတယ်။ သူက သူ့ရဲ့မျက်ကြည်လွှာကို ကလေးရဲ့မျက်လုံးအတွက် လှူဒါန်းခဲ့တယ်။ ကလေး ဆေးရုံစတက်တဲ့နေ့မှာ သားလေးဆုံးသွားတယ်။ "

" အာ မယုံဘူးဗျာ။ ဆရာမကြီးရယ် မနောက်ပါနဲ့ဗျာ။ ကျွန်တော့်ကို ခင်ရင်လေ အဲ့ဒီလို မနောက်ပါနဲ့ဗျာ။ ကျွန်တော်မျက်လုံးမမြင်ခင်က သူ ကျွန်တော်အနားရှိနေမယ်လို့ ကတိပေးထားတယ်။ မယုံဘူး။ မယုံနိုင်ဘူး "

နေ့စဉ်နေ့တိုင်း ငိုတယ်။ သူ့မျက်လုံးတွေနဲ့ ကျွန်တော်ဘဝကြီးရှင်သန်နေရတာ။ ကျွန်တော်သူ့ကို အရမ်းချစ်တယ်။ ကျွန်တော်ရင်ထဲကို သူက ကောင်းမွန်ခြင်းတွေနဲ့ ရောက်လာခဲ့တယ်။ ကျွန်တော် မှန်မှာ ကိုယ့်မျက်လုံးကို ကြည့်ပီး စကားတစ်ခွန်းပြောဖြစ်တယ်။

" အလင်းဖြစ်အောင် အလင်းပေးခဲ့လို့ မင်းကို အရမ်းချစ်တယ်။ ဒါပေမယ့် ငါ့အနားကနေ မင်းငါ့ကို နှုတ်မဆက်တဲ့အတွက် မင်းကို မကျေနပ်ဘူး။ မင်း ငါ့ဆီ ပြန်လာရမယ်။ မင်းကို စောင့်နေမယ်။ မင်းကို အရမ်းချစ်တယ်။ "

#လင်းညို့တာရာ
@linnhyotaryar
MSC -226

Sort:  

အရမ်း​ကောင်းပါတယ်​ဗျာ

ကျေးဇူးပါဗျ

ဖတ်လို့ကောင်းတယ် good post

ဟုတ်ကဲ့ပါဗျာ

အဲလို အချစ်မှာ အပြစ် ရှိမရှိတော့ မသိဗျ
ပေးဆပ်သွားတာတော့ လေးစားစရာပါ

တကယ်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးဗျ။ အပြင်မှာတော့ ဇာတ်ပိုနာတာပေါ့။

ခံစားရတယ်ဗျာ

တကယ်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးဗျ။ အပြင်မှာတော့ ဇာတ်ပိုနာတာပေါ့။

ဇာတ်လမ်းလေးက သနားစရာလေး ဆက်လက်အားပေးနေပါတယ်

တကယ်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးဗျ။ အပြင်မှာတော့ ဇာတ်ပိုနာတာပေါ့။

ကောင်းတယ် bro ဆက်ကြိုးစား

တကယ်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးဗျ။ အပြင်မှာတော့ ဇာတ်ပိုနာတာပေါ့။

ဗြဲ ဝတ္ထုပါဗျာ

အ​ရေးအသား​လေး​တေ​ကောင်းပါတယ်​ညီ

တကယ်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးဗျ။ အပြင်မှာတော့ ဇာတ်ပိုနာတာပေါ့။

ထပ်တူဝမ်းနည်းလိုက်ရတာ

ကျနော့် သူငယ်ချင်းတစ်ယောက်ရဲ့ တကယ့်အဖြစ်အပျက်ဗျ အပြင်ကတော့ ပိုဇာတ်နာတာပေါ့ ဒီထက်ဆိုးပါတယ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64210.52
ETH 2627.33
USDT 1.00
SBD 2.76