ဘ၀မ၀င်ခင်

in #myanmar8 years ago


Images Credit - Original Source
ဗိုက်ထဲဟာတာတာနဲ့
စားစရာမရှိတဲ့အခါမှသာ
ကိုယ့်ကိုယ်ကို ဆင်းရဲတွင်းနက်မှန်းအသိ
အကြွေးတွေ တပုံတပင်းနဲ့--။

ဒီကြားထဲ
ကလေးတွဲလောင်းနဲ့
ဆန်နှစ်ပြည်လာတောင်းတဲ့ လယ်သမား။
အိမ်ခေါင်မိုးယိုလို့ဆိုပြီး
ဓနိလာတောင်းတဲ့ လက်သမား။
စားစရာမရှိလို့တဲ့
ဟင်းရွက်ခူးဆွတ်ခွင့်တောင်းတဲ့ ကိုင်းသမား။
စားမကောင်းလို့ဆိုပြီး
ငါးတခွက်လာတောင်းတဲ့ ပိုက်သမား။
ထိုတယောက် ဒီတယောက်နဲ့
ဒုက္ခရောက်လိုက်ကြပုံများ
ကြုံတဲ့လူတိုင်းသိတယ်…။

ဒီလိုနဲ့ပဲ
ကိုယ့်အပူနဲ့ ကိုယ်လို့ပြောပြောယင်း
မိုးလင်းက နေ၀င်ထိ
ဒုက္ခကို လွှတ်ထားမိကြတ်တာ…။
ဖောင်စီးယင်း ရေငတ်ယင်းနဲ့
ကုဋေ သျှစ်ဆယ်သူဌေးသားလို
လပ်ယားလပ်ယားနေခဲ့ပြီးတဲ့ဘဝ
ထည်ကြီးပျက် နာမည်ခံလျှက်
င်္သခါရတွင်းနက်ထဲက အဖပြည်
ဘယ်လိုဖြေသာမလဲလေ…။

အတိတ်က ကြွယ်ဝခဲ့တဲ့တိုင်းပြည်
အတိတ်က ပေါများခဲ့တဲ့ တိုင်းပြည်
အတိတ်က ထိတ်ဆုံးဖြစ်တဲ့ တိုင်းပြည်
အခု... နှိုင်းလေတိုင်း ဘိတ်ကျ
အိပ်စက်ခြင်းက မထနိုင်တော့ဘူးလားလို့
လက်မှိုင်ချတွေးတောနေမဲ့အစား
ထထိုင်လျှက်
သွေးစကားပြောပါလား သူငယ်ချင်း
ဘ၀လေး နေ၀င်မသွားခင်…။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.078
BTC 62855.11
ETH 1657.95
USDT 1.00
SBD 0.41