ပန်းတိုင်ရောက်ဖို့ အဓိက အကြောင်းအရင်း
Take what you want pay the price .
" သင်လိုချင်တာယူပါ ။ သို့သော် ထိုက်တန်သောကြိုးစားပေးဆပ်မူတော့
ပြုပါ ။
ခက်ခဲတယ်ဆိုပြီး ရှေ့ဆက်မကြိုးစားပဲ နောက်ကို တစ်လှမ်းပြီးတစ်လှမ်း
အမြဲတမ်းနောက်ကို ဆုတ်နေမယ်ဆိုရင် ကိုယ့်ရဲ့ဘဝ ဒီထက်
နိမ့်ကျသထက်နိမ့်ကျလာဖို့ပဲ ရှိပါတယ် ။
မဖြစ်နိုင်ဘူးဆိုပြီး ရှေ့ဆက်မကြိုးစားပဲအမြဲတမ်း ငြီးတွားနေခဲ့မယ်ဆိုရင်လဲ
ကိုယ့်ရဲ့အရည်အချင်း ကိုယ့်ရဲ့အရည်အသွေးတွေ တဖြေးဖြေးကျဆင်းလာဖို့ပဲ ရှိပါတယ် ။ ကြာလာရင် လူကြားထဲ စကားပြောဖို့တောင် မဝံမရဲအဖြစ်ကို ရောက်ချင်မသိ ရောက်သွားနိုင်ပါတယ် ။
ဘယ်သူမှ မွေးလာကတည်းက တတ်မြောက်လာကြသူမရှိပါဘူး
သင်ယူပြီးတတ်မြောက်လို့ ကိုယ်သင်ယူထား တတ်မြောက်ထားတဲ့
အသိပညာ ဗဟုသုတတွေနဲ့ပဲ အကောင်းအဆိုးကို ခွဲခြားဆုံးဖြတ်လို့
ဘဝကို နိမ့်ကျနေရင်မြင့်မားလာအောင် မြင့်မားနေတဲ့ဘဝကို ဒီထက်
ပိုပြီးမြင့်သထက်မြင့်မားလာအောင် ကြိုးစားအားထုတ်ကြရတာပါ ။
ခက်ခဲတယ် ထင်ပြီးတော့လဲ လက်မလျော့လိုက်ပါနဲ့
မဖြစ်နိုင်ဘူးဆိုပြီးတော့လဲ ငြီးတွားလို့ ရပ်တန်မနေပါနဲ့
ကြိုးစားအားထုတ်ခြင်း၏ ရလဒ်ဟာ ဘယ်သောအခါမှ
အချည်းနှီးဖြစ်လာမှာ မဟုတ်ပါဘူး ။
ကိုယ့်ဘဝကိုမြင့်မား အဆင်ပြေလာဖို့ဆိုရင် ကိုယ်လုပ်နေတဲ့အလုပ်ကို
ကြိုးစားအားထုတ်ဖို့လိုအပ်တာက အခြေခံကြတဲ့ ရေသောက်
အုဋ်မြစ်တစ်ခုပါ ။
@ letwethondara
photo from google
good
ရေးအသာကောင်းပါတယ်
စာသားတွေကောင်းတယ်ဘုန်းဘုန်း
Good post လေးပါ
Nice post
good
အသိပညာတေအများကြီးရပါတယ်ဂျာ
Right bro.
ကောင်းပါတယ် ကြိုးစားပါဗျ
အားပေးပါတယ်